[Zawgyi]

ျပည္ေတာ္ျပန္ရင္ ေထာင္နန္းစံရဖြယ္ရွိတဲ့ ‘Crazy Rich Asians’ ဖန္တီးရွင္ Kevin Kwan

Crazy Rich Asians ဆိုတာ ျပီးခဲ့တဲ့ ၾသဂုတ္လ ၁၅ ရက္ေန႔ကမွ ထြက္ရွိခဲ့တဲ့ အေမရိကန္ Romantic Comedy-drama အမ်ိဳးအစား ဇာတ္ကားတစ္ကားျဖစ္ျပီး ဒါရိုက္တာ Jon M. Chu က ရိုက္ကူးထားတာ ျဖစ္ပါတယ္။

Crazy Rich Asians

Crazy Rich Asians

ဒီဇာတ္ကားမွာ အာရွသားသရုပ္ေဆာင္ေတြျဖစ္တဲ့ Constance Wu ၊ Henry Golding ၊ Gemma Chan ၊ Awkwafina ၊ Nico Santos ၊ Lisa Lu ၊ Ken Jeong နဲ႔ Michelle Yeoh တို႔က ပါဝင္သရုပ္ေဆာင္ထားၾကပါတယ္။

Crazy Rich Asians

Crazy Rich Asians

ဒီဇာတ္ကားရဲ႕ မူရင္းစာအုပ္ကို ေရးသားတဲ့သူကေတာ့ စင္ကာပူ-အေမရိကန္တစ္ေယာက္ျဖစ္တဲ့ Kevin Kwan ျဖစ္ျပီး သူ႔ရဲ႕ သေရာ္စာစြက္တဲ့ အေရးအသားနဲ႔ Crazy Rich Asians ၊ China Rich Girlfriend နဲ႔ Rich People Problems တို႔လို စာအုပ္ေတြေၾကာင့္ လူသိမ်ားပါတယ္။ ၂၀၁၈ ခုႏွစ္မွာလည္း Time Magazine ရဲ႕ ၾသဇာလႊမ္းမိုးမႈအရွိဆံုး လူ အေယာက္ ၁၀၀ စာရင္းမွာလည္း Kevin Kwan ပါဝင္ခဲ့ပါတယ္။

Kevin Kwan

Kevin Kwan

ဒီလိုေတြ ေအာင္ျမင္မႈရရွိခဲ့ေပမယ့္ စင္ကာပူမွာ ေမြးဖြားခဲ့ျပီး လက္ရွိ US မွာ ေနထိုင္ေနတဲ့ Kevin Kwan ဟာ ေမြးရပ္ေျမစင္ကာပူကုိ ျပန္ရင္ေတာ့ ေထာင္သံုးႏွစ္ေလာက္က်ရမယ့္ အေျခအေနနဲ႔႔ ေတြ႔ၾကံဳေနရပါတယ္။ ဘာလို႔လဲဆုိေတာ့ စင္ကာပူႏုိင္ငံမွာရွိတဲ့ အမ်ိဳးသားေတြ အားလံုးဟာ အသက္ ၁၈ ႏွစ္ျပည့္ျပီဆိုတာနဲ႔ စင္ကာပူစစ္တပ္၊ ရဲနဲ႔ ျပည္သူ႔ကာကြယ္ေရး တပ္ဖြဲ႔ စတဲ့ အဖြဲ႔အစည္းေတြမွာ ၂ ႏွစ္တာဝန္ထမ္းေဆာင္ၾကရပါတယ္။ ဒါေပမယ့္ Kevin Kwan ကေတာ့ ဒီလို တာဝန္ထမ္းေဆာင္ဖို႔ ပ်က္ကြက္ခဲ့တယ္လို႔ စြဲဆုိထားတာပါ။

Kevin Kwan and Crazy Rich Asians Actor and Actress

Kevin Kwan and Crazy Rich Asians Actor and Actress

ဒီကိစၥအတြက္ ၾသဂုတ္လ ၂၂ ရက္ေန႔က စင္ကာပူကာကြယ္ေရးဝန္ၾကီးဌာနက ထုတ္ျပန္ခ်က္တစ္ေစာင္ ထုတ္ျပန္ခဲ့ျပီး Mr. Kevin Kwan ဟာ National Service မွာ ထမ္းေဆာင္ဖို႔အတြက္ သူ႔ရဲ႕ ႏုိင္ငံျခားလိပ္စာဆီကို ႏုိ႔တစ္စာေတြ ပို႔ခဲ့တာေတာင္ မွတ္ပံုတင္ဖို႔ ပ်က္ကြက္ခဲ့ေၾကာင္း၊ ဒ့ါအျပင္ ႏုိင္ငံက  ခုိင္လံုတဲ့ ထြက္ခြာခြင့္ပါမစ္မရွိဘဲနဲ႔လည္း ႏုိင္ငံျခားမွာ ေနထိုင္ခဲ့ေၾကာင္း၊ ဒါေၾကာင့္ Mr. Kwan ကို စစ္မႈထမ္းရန္ ေရွာင္လႊဲမႈနဲ႔ အလိုရွိေနေၾကာင္းနဲ႔ Enlistment Act အရ သူ႔ဟာ ဒဏ္ေၾကး ေဒၚလာ တစ္ေသာင္းနဲ႔ ေထာင္ဒဏ္ ၃ ႏွစ္အထိ ၊ဒါမွမဟုတ္ ဒဏ္ေၾကးေဒၚလာ ၁ေသာင္း (သို႔) ေထာင္ဒဏ္ ၃ ႏွစ္အထိ က်ခံရမွာ ျဖစ္တယ္လို႔ ေဖာ္ျပထားပါတယ္။

ဒီလိုေတြ ျဖစ္ေနေပမယ့္ Kwan တို႔ မိသားစုဟာ စင္ကာပူမွာ ၾသဇာအရွိန္အဝါၾကီးတဲ့ မိသားစုျဖစ္ျပီး သူ႔ရဲ႕ အဘုိးဟာ ဆုိရင္ Singapore ရဲ႕ အေစာဆံံုးဘဏ္တစ္ခုျဖစ္တဲ့ Overseas-Chinese Banking Operation ရဲ႕ တည္ေထာင္သူဒါရုိက္တာအဖြဲ႔ဝင္တစ္ဦး ျဖစ္ပါတယ္။ Kwan အေဖနဲ႔ အေမ၊ Kwan တို႔ မိသားစုဟာ Kwan အသက္ ၁၁ ႏွစ္မွာ အေမရိကန္ျပည္ေထာင္စုကို မိသားစုလိုက္ေျပာင္းေရႊ႕ခဲ့ၾကတာလည္း ျဖစ္ပါတယ္။

ဒါေၾကာင့္ပဲ ျပီးခဲ့တဲ့ အဂါၤေန႔က စင္ကာပူႏိုင္ငံမွာ လုပ္ခဲ့တဲ့ ပြဲဦးထြက္ Premiere Show မွာ Kevin Kwan တစ္ေယာက္ တက္ေရာက္လာျခင္းမရွိခဲ့ပါဘူး။

www.akhayar.com

Source : Business Insider
[Unicode]

ပြည်တော်ပြန်ရင် ထောင်နန်းစံရဖွယ်ရှိတဲ့ ‘Crazy Rich Asians’ ဖန်တီးရှင် Kevin Kwan

Crazy Rich Asians ဆိုတာ ပြီးခဲ့တဲ့ သြဂုတ်လ ၁၅ ရက်နေ့ကမှ ထွက်ရှိခဲ့တဲ့ အမေရိကန် Romantic Comedy-drama အမျိုးအစား ဇာတ်ကားတစ်ကားဖြစ်ပြီး ဒါရိုက်တာ Jon M. Chu က ရိုက်ကူးထားတာ ဖြစ်ပါတယ်။

Crazy Rich Asians

Crazy Rich Asians

ဒီဇာတ်ကားမှာ အာရှသားသရုပ်ဆောင်တွေဖြစ်တဲ့ Constance Wu ၊ Henry Golding ၊ Gemma Chan ၊ Awkwafina ၊ Nico Santos ၊ Lisa Lu ၊ Ken Jeong နဲ့ Michelle Yeoh တို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

Crazy Rich Asians

Crazy Rich Asians

ဒီဇာတ်ကားရဲ့ မူရင်းစာအုပ်ကို ရေးသားတဲ့သူကတော့ စင်ကာပူ-အမေရိကန်တစ်ယောက်ဖြစ်တဲ့ Kevin Kwan ဖြစ်ပြီး သူ့ရဲ့ သရော်စာစွက်တဲ့ အရေးအသားနဲ့ Crazy Rich Asians ၊ China Rich Girlfriend နဲ့ Rich People Problems တို့လို စာအုပ်တွေကြောင့် လူသိများပါတယ်။ ၂၀၁၈ ခုနှစ်မှာလည်း Time Magazine ရဲ့ သြဇာလွှမ်းမိုးမှုအရှိဆုံး လူ အယောက် ၁၀၀ စာရင်းမှာလည်း Kevin Kwan ပါဝင်ခဲ့ပါတယ်။

Kevin Kwan

Kevin Kwan

ဒီလိုတွေ အောင်မြင်မှုရရှိခဲ့ပေမယ့် စင်ကာပူမှာ မွေးဖွားခဲ့ပြီး လက်ရှိ US မှာ နေထိုင်နေတဲ့ Kevin Kwan ဟာ မွေးရပ်မြေစင်ကာပူကို ပြန်ရင်တော့ ထောင်သုံးနှစ်လောက်ကျရမယ့် အခြေအနေနဲ့ တွေ့ကြုံနေရပါတယ်။ ဘာလို့လဲဆိုတော့ စင်ကာပူနိုင်ငံမှာရှိတဲ့ အမျိုးသားတွေ အားလုံးဟာ အသက် ၁၈ နှစ်ပြည့်ပြီဆိုတာနဲ့ စင်ကာပူစစ်တပ်၊ ရဲနဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ စတဲ့ အဖွဲ့အစည်းတွေမှာ ၂ နှစ်တာဝန်ထမ်းဆောင်ကြရပါတယ်။ ဒါပေမယ့် Kevin Kwan ကတော့ ဒီလို တာဝန်ထမ်းဆောင်ဖို့ ပျက်ကွက်ခဲ့တယ်လို့ စွဲဆိုထားတာပါ။

Kevin Kwan and Crazy Rich Asians Actor and Actress

Kevin Kwan and Crazy Rich Asians Actor and Actress

ဒီကိစ္စအတွက် သြဂုတ်လ ၂၂ ရက်နေ့က စင်ကာပူကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး Mr. Kevin Kwan ဟာ National Service မှာ ထမ်းဆောင်ဖို့အတွက် သူ့ရဲ့ နိုင်ငံခြားလိပ်စာဆီကို နို့တစ်စာတွေ ပို့ခဲ့တာတောင် မှတ်ပုံတင်ဖို့ ပျက်ကွက်ခဲ့ကြောင်း၊ ဒ့ါအပြင် နိုင်ငံက  ခိုင်လုံတဲ့ ထွက်ခွာခွင့်ပါမစ်မရှိဘဲနဲ့လည်း နိုင်ငံခြားမှာ နေထိုင်ခဲ့ကြောင်း၊ ဒါကြောင့် Mr. Kwan ကို စစ်မှုထမ်းရန် ရှောင်လွှဲမှုနဲ့ အလိုရှိနေကြောင်းနဲ့ Enlistment Act အရ သူ့ဟာ ဒဏ်ကြေး ဒေါ်လာ တစ်သောင်းနဲ့ ထောင်ဒဏ် ၃ နှစ်အထိ ၊ဒါမှမဟုတ် ဒဏ်ကြေးဒေါ်လာ ၁သောင်း (သို့) ထောင်ဒဏ် ၃ နှစ်အထိ ကျခံရမှာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဒီလိုတွေ ဖြစ်နေပေမယ့် Kwan တို့ မိသားစုဟာ စင်ကာပူမှာ သြဇာအရှိန်အဝါကြီးတဲ့ မိသားစုဖြစ်ပြီး သူ့ရဲ့ အဘိုးဟာ ဆိုရင် Singapore ရဲ့ အစောဆံုံးဘဏ်တစ်ခုဖြစ်တဲ့ Overseas-Chinese Banking Operation ရဲ့ တည်ထောင်သူဒါရိုက်တာအဖွဲ့ဝင်တစ်ဦး ဖြစ်ပါတယ်။ Kwan အဖေနဲ့ အမေ၊ Kwan တို့ မိသားစုဟာ Kwan အသက် ၁၁ နှစ်မှာ အမေရိကန်ပြည်ထောင်စုကို မိသားစုလိုက်ပြောင်းရွှေ့ခဲ့ကြတာလည်း ဖြစ်ပါတယ်။

ဒါကြောင့်ပဲ ပြီးခဲ့တဲ့ အဂါၤနေ့က စင်ကာပူနိုင်ငံမှာ လုပ်ခဲ့တဲ့ ပွဲဦးထွက် Premiere Show မှာ Kevin Kwan တစ်ယောက် တက်ရောက်လာခြင်းမရှိခဲ့ပါဘူး။

www.akhayar.com

Source : Business Insider