အကြိုက်ဆုံး အဆိုတော်
အကြိုက်ဆုံးဂီတ
www.akhayar.com
Unicode
အဆိုတော် D Phyo ကဂီတဖန်တီးသူတစ်ယောက် အဆိုတော်တစ်ယောက်အနေနဲ့ သူသဘောအကျဆုံး Music ပုံစံကိုပြောပြထားပါတယ်။
အကြိုက်ဆုံး အဆိုတော်
အကြိုက်ဆုံးအဆိုတော်ရယ်လို့မရှိပါဘူး။ အကုန်လုံးကိုကြိုက်တယ်။ အကုန်လုံးကိုနားထောင်ဖြစ်တယ်။ သီချင်းနဲ့ပတ်သက်ရင် Rock သီချင်းတော်တော်များများကို ကြိုက်တယ်။ သီချင်းအနေနဲ့ လည်းအကြိုက်ဆုံးသီချင်းဆိုတာထက် သီချင်းကိုအစုံနားထောင်ပါတယ်။
အကြိုက်ဆုံးဂီတ
Rock သီချင်းတွေနဲ့ သီချင်းမြုူးမြူးလေးတွေကိုသဘောကျတယ်။ ကိုယ်ဆိုတဲ့ပုံစံနဲ့ နည်းနည်းတော့ဆန့်ကျင်ဘက်ကျနေတာပေါ့။ ပရိသတ်ကကျ ကျွန်တော့်ကိုသီချင်းအေးအေးလေးတွေနဲ့လက်ခံကြတယ်။ ကျွန်တော့်အနေနဲ့ကျ တော့လူငယ်ဖြစ်တဲ့အတွက် သီချင်းအမြူးလေးတွေကိုပိုသဘောကျတယ်။
ကိုယ်သဘောကျတဲ့ Music ပုံစံနဲ့ဖန်တီးမှု
လက်ရှိအနေနဲ့ အကြိုက်ဆုံး Music နဲ့လုပ်ဖြစ်နေတာက Rock ပဲပေါ့။ နောက်ပိုင်းမှာတော့အခွင့်သာရင် သာသလို ကိုယ်ကြိုက်တဲ့သီချင်းမျိုးလေးတွေ ထည့်သွားဖို့ဆိုသွားဖို့ အစီအစဉ်ရှိပါတယ်။ အခုချိန်ထိတော့ ကိုယ်လုပ်ချင်တာလေးတွေရော ပရိသတ်သဘောကျမယ့်ပုံစံတွေရော မျှပြီးလုပ်ဖို့ပြင်ဆင်နေတုန်းပါပဲ။
www.akhayar.com