ဒီနှစ်ဘောလုံးရာသီကုန်မှာ ဘာစီလိုနာအသင်းကနေ ထွက်ခွာတော့မယ်လို့ သတင်းတွေထွက်နေတဲ့ ကော်တင်ဟို Coutinho ဟာ ဘာစီလိုနာအသင်းမှာပဲ ဆက်ရှိနေတော့မှာဖြစ်ပါတယ်။ ဒီအေနအထားကိုတော့ ဘာစီလိုနာအသင်း ဥက္ကဌ ဘာတိုမြူ Bartomeu က အတည်ပြုခဲ့တာဖြစ်ပြီး ကော်တင်ဟို ဟာ လာမယ့်ရာသီမှာ ဘာစီလိုနာအသင်းရဲ့ ကစားသမားအဖြစ် ရှိနေလိမ့်မယ်လို့ ပြောကြားခဲ့တာပါ။ ကော်တင်ဟို ဟာ ဘာစီလိုနာအသင်းကို ၂၀၁၇ – ၂၀၁၈ ဇန်န၀ါရီအပြောင်းအရွှေ့ကာလက ရောက်ရှိလာသူဖြစ်ပြီး အသင်းမှာ အတိုင်းအတာတစ်ခုထိ ခြေစွမ်းပြကစားနေသူလည်း ဖြစ်ပါတယ်။

ဘာတိုမြူ က ” သူက ကောင်းမွန်တဲ့ ကစားသမားတစ်ဦးပါ။ ပြီးတော့ သူက အချိန်တိုင်း ပိုကောင်းအောင် ကစားနေပါတယ်။ သူကို ကျွန်တော်တို့က ကမ္ဘာ့အဆင့်ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ထားပြီး အဲ့အတွက် ဘာသံသယဖြစ်စရာမှ မရှိပါဘူး။ သူ ဘာစီလိုနာအသင်းမှာပဲ ဆက်ရှိနေပါလိမ့်မယ် ” လို့ ပြောကြားခဲ့ပါတယ်။ ဒီနှစ်ဘောလုံးဂာသီမှာတော့ ကော်တင်ဟို ဟာ ဘာစီလိုနာအသင်းအတွက် လက်ရှိအချိန်ထိ ပွဲပေါင်း(၄၆)ပွဲကစား (၁၀)ဂိုးသွင်းယူထားပါတယ်။

Ref: Goal.com
Photo: Sky News , Calculatedbet
Ko Kyue(Akhayar)
www.akhayar.com