[Zawgyi]
Coutinho
Coutinho
REF: ESPN
Ko Kyue(Akhayar)
www.akhayar.com
[Unicode]
ရာသီသစ်မှာ ကျောနံပါတ်(၇)ကို ပြောင်းလဲဝတ်ဆင်မယ့် ကော်တင်ဟို Coutinho
ဘာစီလိုနာအသင်းရဲ့ ဘရာဇီးလ်ကွင်းလယ်တိုက်စစ်ကစားသမား ကေ်ာတင်ဟို Coutinho ဟာ ဘာစီလိုနာအသင်းမှာ ကျောနံပါတ်ပြောင်းလဲဝတ်ဆင်တော့မှာ ဖြစ်ပါတယ်။ ကော်တင်ဟို Coutinho ဟာ ဘာစီလိုနာအသင်းမှာ ကျောနံပါတ်(၇)ကို ပြောင်းလဲ ဝတ်ဆင်သွားမှာပါ။ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ကော်တင်ဟို Coutinho ဟာ လီဗာပူးလ်အသင်းကနေ ဘာစီလိုနာအသင်းကို ကလပ်အသင်းရဲ့စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာခဲ့သူပါ။ ဘာစီလိုနာအသင်းကို စရောက်ခြင်းမှာ ကျောနံပါတ်(၁၄)ကိုဝတ်ဆင်ကစားခဲ့တဲ့ ကော်တင်ဟို Coutinho ဟာ လက်ရှိအချိန်မှာ ကျောနံပါတ်(၇)ကို ပြောင်းလဲဝတ်ဆင်သွားမှာဖြစ်တယ်လို့ ပြီးခဲ့တဲ့ ကြာသပတေးနေ့က ကလပ်အသင်းဘက် ကအတည်ပြုခဲ့ကြေညာခဲ့ပါတယ်။
Coutinho
Coutinho
ဘာစီလိုနာအသင်းရဲ့ ကျောနံပါတ်(၇)ကို နာမည်ကျော်ကစားသမားတွေဖြစ်ကြတဲ့ ပတ်ဒရို Pedro (၂၀၁၃ – ၂၀၁၅) ၊ ဒေးဗစ်ဗီလာ David Villa (၂၀၁၀ – ၂၀၁၃) ၊ ဂူဂျွန်ဆင် Gudjohnsen (၂၀၀၆ – ၂၀၁၀) ၊ လာဆင် Larsson (၂၀၀၄ – ၂၀၀၆) ၊ ဆာဗီယိုလာ Saviola (၂၀၀၁ – ၂၀၀၄) ၊ အယ်ဖွန်ဆို ပီရက်ဇ် Alfonso Perez (၂၀၀၀ – ၂၀၀၁) ၊ ဇီဂို Figo (၁၉၉၅ – ၂၀၀၀) စတဲ့ ကစားသမားတွေကဝတ်ဆင်ခဲ့ကြပါတယ်။အသက်(၂၆)နှစ် အရွယ်ရှိပြီဖြစ်သူ ကော်တင်ဟို Coutinho ဟာ လက်ရှိအချိန်ထိ ဘာစီလိုနာအသင်းအတွက် ပွဲပေါင်း(၂၂)ပွဲကစားခဲ့ပြီး သွင်းဂိုး(၁၀)ဂိုးသွင်းယူခဲ့ကာ အသင်းနဲ့အတူ လာလီဂါနဲ့ စပိန်ဘုရင့်ဖလား ချန်ပီယံဆုတွေကို (၁)ကြိမ်စီရရှိထားပါတယ်။
REF: ESPN
Photo: besthqwallpapers.com , Coutinho Twitter  
Ko Kyue(Akhayar)
www.akhayar.com