[Zawgyi]

ေဘာလုံးေလာကမွာ စံခ်ိန္တင္ပမာဏ ေပါင္(၂)ဘီလီယံ တန္ေၾကးနဲ႔ ၀ယ္ယူဖုိ႔ ကမ္းလွမ္းမႈကုိ ပယ္ခ်ခဲ့တဲ့ လီဗာပူးလ္

မန္စီးတီးအသင္းပုိင္ရွင္ ရွိတ္မန္ေဆာ္ Sheik Mansour ရဲ႕ ညီအစ္ကုိ တစ္၀မ္းကဲြက လီဗာပူးလ္အသငး္ကုိ ေဘာလုံးေလာကမွာ စံခ်ိန္တင္ပမာဏျဖစ္တဲ့ ေပါင္(၂)ဘီလီယံအထိ ေပးၿပီး ၀ယ္ယူဖုိ႔ ကမ္းလွမ္းခဲ့ေပမယ့္လည္း လီဗာပူးလ္အသင္းက ျငင္းဆန္ခဲ့ပါတယ္။ မန္စီးတီးအသင္းပုိင္ရွင္ အဘူဒါဘီ သန္းၾကြယ္မိသားစု ထဲက သားခ်င္းတစ္ဦးျဖစ္တဲ့ ရွိတ္ခါလတ္ဘင္ဇာယက္အယ္လ္နီဟာယန္း Sheik Khaled Bin Zayed Al Nehayan က လီဗာပူးလ္အသင္းကုိ ၀ယ္ယူမယ့္ကိစၥနဲ႔ ပတ္သက္ၿပီး လီဗာပူးလ္ပုိင္ရွင္ေတြရဲ႕ ကုိယ္စားလွယ္ေတြနဲ႔ ၂၀၁၇ ကေန ၂၀၁၈ခုႏွစ္အတြင္း ေတြ႕ဆုံေဆြးေႏြးခဲ့တာျဖစ္ပါတယ္။

Manchester-City-owner-Sheik-Mansour

Manchester-City-owner-Sheik-Mansour

အယ္လ္နီဟာယန္းဟာ ရွိတ္မန္ေဆာ္လုိ အရမ္းႀကီး ေငြေၾကးခ်မး္သာမႈ မရွိေပမယ့္ ပယ္လယ္ေကြ႕ေဒသမွာ ထင္ရွားတဲ့ သန္းၾကြယ္သူေဌးေတြမွာ တစ္ဦးအပါအ၀င္ျဖစ္ၿပီး Bin Zayed စီးပြားေရးကုမၸဏီကုိ ၁၉၈၈ ခုႏွစ္မွာ တည္ေထာက္ခဲ့သူပါ။ အယ္လ္နီဟာယန္းက မက္ေမာေလာက္တဲ့ ေငြေၾကးနဲ႔ ကမ္းလွမ္းခဲ့ေပမယ့္ လီဗာပူးလ္အသင္းဘက္က လက္မခံခဲ့တာေၾကာင့္ နာမည္ႀကီး ေဘာလုံးအသင္းတစ္သင္းကုိ ၀ယ္ယူဖုိ႔ ပစ္မွတ္ထားခဲ့တဲ့ အယ္လ္နီဟာယန္းရဲ႕ အိပ္မက္က ပ်က္စီးခဲ့ရပါတယ္။

Premier-League-Clubs-Ownership

Premier-League-Clubs-Ownership

ပရီးမီးယားလိဂ္အသင္းကုိ ပုိင္ဆုိင္ထားတဲ့အဖဲြ႕အစည္းနဲ႔ ၀ယ္ယူခဲ့တဲ့ ေငြပမာဏ
မန္ယူ -ဂေလဇာမိသား(အေမရိကန္)-၂၀၀၅ – ေပါင္(၇၉၀)သန္း
လီဗာပူးလ္ – FENWAY Sports Group (အေမရိကန္) – ေပါင္(၂၈၀)သန္း
မန္စီးတီး – ရွိတ္မန္ေဆာ္ (UAE) -၂၀၀၈- ေပါင္(၂၁၀)သန္း
ဖူလ္ဟမ္ – ဆာဟစ္ဒ္ခန္ (ပါကစၥတန္/အေမရိကန္) – ၂၀၁၃- ေပါင္သန္း (၂၀၀)
ခ်ယ္လ္ဆီး – ေအဘရာမုိဗစ္ခ်္ (႐ုရွား) – ၂၀၀၃ – ေပါင္ (၁၄၀)သန္း
၀က္စ္ဟမ္း – ေဒးဗစ္ဆူလီဗန္/ေဒးဗစ္ဂုိးလ္ (ၿဗိတိန္) – ၂၀၁၀ – ေပါင္ (၅၂.၅)သန္း

REF:Daily Mail,Mirror
Photo:injazalarab.org,peoplespostmedia.com
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ဘောလုံးလောကမှာ စံချိန်တင်ပမာဏ ပေါင်(၂)ဘီလီယံ တန်ကြေးနဲ့ ဝယ်ယူဖို့ ကမ်းလှမ်းမှုကို ပယ်ချခဲ့တဲ့ လီဗာပူးလ်

မန်စီးတီးအသင်းပိုင်ရှင် ရှိတ်မန်ဆော် Sheik Mansour ရဲ့ ညီအစ်ကို တစ်ဝမ်းကွဲက လီဗာပူးလ်အသင်းကို ဘောလုံးလောကမှာ စံချိန်တင်ပမာဏဖြစ်တဲ့ ပေါင်(၂)ဘီလီယံအထိ ပေးပြီး ဝယ်ယူဖို့ ကမ်းလှမ်းခဲ့ပေမယ့်လည်း လီဗာပူးလ်အသင်းက ငြင်းဆန်ခဲ့ပါတယ်။ မန်စီးတီးအသင်းပိုင်ရှင် အဘူဒါဘီ သန်းကြွယ်မိသားစု ထဲက သားချင်းတစ်ဦးဖြစ်တဲ့ ရှိတ်ခါလတ်ဘင်ဇာယက်အယ်လ်နီဟာယန်း Sheik Khaled Bin Zayed Al Nehayan က လီဗာပူးလ်အသင်းကို ဝယ်ယူမယ့်ကိစ္စနဲ့ ပတ်သက်ပြီး လီဗာပူးလ်ပိုင်ရှင်တွေရဲ့ ကိုယ်စားလှယ်တွေနဲ့ ၂၀၁၇ ကနေ ၂၀၁၈ခုနှစ်အတွင်း တွေ့ဆုံဆွေးနွေးခဲ့တာဖြစ်ပါတယ်။

Manchester-City-owner-Sheik-Mansour

Manchester-City-owner-Sheik-Mansour

အယ်လ်နီဟာယန်းဟာ ရှိတ်မန်ဆော်လို အရမ်းကြီး ငွေကြေးချမ်းသာမှု မရှိပေမယ့် ပယ်လယ်ကွေ့ဒေသမှာ ထင်ရှားတဲ့ သန်းကြွယ်သူဌေးတွေမှာ တစ်ဦးအပါအဝင်ဖြစ်ပြီး Bin Zayed စီးပွားရေးကုမ္ပဏီကို ၁၉၈၈ ခုနှစ်မှာ တည်ထောက်ခဲ့သူပါ။ အယ်လ်နီဟာယန်းက မက်မောလောက်တဲ့ ငွေကြေးနဲ့ ကမ်းလှမ်းခဲ့ပေမယ့် လီဗာပူးလ်အသင်းဘက်က လက်မခံခဲ့တာကြောင့် နာမည်ကြီး ဘောလုံးအသင်းတစ်သင်းကို ဝယ်ယူဖို့ ပစ်မှတ်ထားခဲ့တဲ့ အယ်လ်နီဟာယန်းရဲ့ အိပ်မက်က ပျက်စီးခဲ့ရပါတယ်။

Premier-League-Clubs-Ownership

Premier-League-Clubs-Ownership

ပရီးမီးယားလိဂ်အသင်းကို ပိုင်ဆိုင်ထားတဲ့အဖွဲ့အစည်းနဲ့ ဝယ်ယူခဲ့တဲ့ ငွေပမာဏ
မန်ယူ -ဂလေဇာမိသား(အမေရိကန်)-၂၀၀၅ – ပေါင်(၇၉၀)သန်း
လီဗာပူးလ် – FENWAY Sports Group (အမေရိကန်) – ပေါင်(၂၈၀)သန်း
မန်စီးတီး – ရှိတ်မန်ဆော် (UAE) -၂၀၀၈- ပေါင်(၂၁၀)သန်း
ဖူလ်ဟမ် – ဆာဟစ်ဒ်ခန် (ပါကစ္စတန်/အမေရိကန်) – ၂၀၁၃- ပေါင်သန်း (၂၀၀)
ချယ်လ်ဆီး – အေဘရာမိုဗစ်ချ် (ရုရှား) – ၂၀၀၃ – ပေါင် (၁၄၀)သန်း
ဝက်စ်ဟမ်း – ဒေးဗစ်ဆူလီဗန်/ဒေးဗစ်ဂိုးလ် (ဗြိတိန်) – ၂၀၁၀ – ပေါင် (၅၂.၅)သန်း

REF:Daily Mail,Mirror
Photo:injazalarab.org,peoplespostmedia.com
Naing Linn(Akhayar)
www.akhayar.com