[Zawgyi]

နည္းျပ ကြန္တီ Conte ကို ဂိုးသမားေကာ္တိုအာ Courtois ျပင္းျပင္းထန္ထန္ေ၀ဖန္

ခ်ယ္လ္ဆီးအသင္းဂိုးသမား ေကာ္တိုအာ Courtois က နည္းျပကြန္တီကို ျပင္းျပင္းထန္ထန္ေ၀ဖန္လုိက္ပါတယ္။ ၿပီးခဲ့တဲ့မန္ခ်က္စတာယူႏုိက္တက္နဲ႔ပြဲမွာ ဟာဇက္ Hazard ကိုဘာလို႔လဲခဲ့လဲဆိုတာ ေကာ္တိုအာ နားမလည္ႏုိင္ဘူးျဖစ္ေနတယ္။ ကြန္တီဟာ ဘယ္လိုအေတြးအေခၚမ်ဳိးနဲ႔ ဟာဇက္ကို လူလဲခဲ့တာလဲလို႔ ေ၀ဖန္ခဲ့တာပါပဲ။ ဟာဇက္မရွိေတာ့ခ်ိန္မွာ ခ်ယ္လ္ဆီးဟာ ဘာမွမဟုတ္ေတာ့ပါဘူး။ ကြင္းလယ္နဲ႔တုိက္စစ္ကစားပံုယိမ္းယုိင္သြားၿပီး မန္ခ်က္စတာယူႏုိက္တက္ဘက္ကို ဂိုးေပးလိုက္ရတာပါပဲ။ ဒီအတြက္ ေကာ္တိုအာ ေဒါသေပါက္ကြဲေနပါတယ္။

” ပြဲႀကီးေတြမွာ အမွားေသးေသးေလး လုပ္ရင္လည္း ႐ႈံးတတ္ပါတယ္။ ဟာဇက္ကို ဘာလို႔လူစားလဲခဲ့လဲဆုိတာ ေတြးလို႔မရဘူး။ သူ႕ကိုလူစားလဲမယ္လို႔ ကၽြန္ေတာ္လံုး၀မေမွ်ာ္လင့္ထားဘူး။ ဒါေပမဲ့ ဒါကနည္းျပရဲ႕ လုပ္ပိုင္ခြင့္ပဲေလ။ ေျဖရွင္းခ်က္ေပးရမယ္။ သူဘယ္လိုအေတြးမ်ဳိးနဲ႔ ဟာဇက္ကိုလဲခဲ့လဲဆိုတာ ကၽြန္ေတာ္ စဥ္းစားလို႔မရဘူး” လို႔ ေကာ္တုိအာက ဆိုခဲ့ပါတယ္။

ဟာဇက္လိုကစားသမားမ်ဳိးဟာ ဒီလိုပြဲမ်ဳိးမွာ မိနစ္ (၉၀)ျပည့္ကစားသင့္တယ္လို႔ ေကာ္တိုအာက ဆိုခဲ့ပါေသးတယ္။ ဟာဇက္ဆိုတာ ေဘာလံုးသုေတသနအဖြဲ႕ CIESရဲ႕ လိမ္လည္ျဖတ္ေက်ာ္မႈစြမ္းေဆာင္ရည္အေကာင္းဆံုးကစားသမားအျဖစ္ သတ္မွတ္ခံထားရသူ၊ ဒီလုိကစားသမားမ်ဳိးကို အေရးပါတဲ့ပြဲမ်ဳိးမွာ ပြဲခ်ိန္ျပည့္မသံုးဘဲ လူစားလဲခဲ့တဲ့ကြန္တီရဲ႕ လုပ္ရပ္က တကယ့္ကိုအံ့အားသင့္စရာပါပဲ။

August(Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

နည်းပြ ကွန်တီ Conte ကို ဂိုးသမားကော်တိုအာ Courtois ပြင်းပြင်းထန်ထန်ဝေဖန်

ချယ်လ်ဆီးအသင်းဂိုးသမား ကော်တိုအာ Courtois က နည်းပြကွန်တီကို ပြင်းပြင်းထန်ထန်ဝေဖန်လိုက်ပါတယ်။ ပြီးခဲ့တဲ့မန်ချက်စတာယူနိုက်တက်နဲ့ပွဲမှာ ဟာဇက် Hazard ကိုဘာလို့လဲခဲ့လဲဆိုတာ ကော်တိုအာ နားမလည်နိုင်ဘူးဖြစ်နေတယ်။ ကွန်တီဟာ ဘယ်လိုအတွေးအခေါ်မျိုးနဲ့ ဟာဇက်ကို လူလဲခဲ့တာလဲလို့ ဝေဖန်ခဲ့တာပါပဲ။ ဟာဇက်မရှိတော့ချိန်မှာ ချယ်လ်ဆီးဟာ ဘာမှမဟုတ်တော့ပါဘူး။ ကွင်းလယ်နဲ့တိုက်စစ်ကစားပုံယိမ်းယိုင်သွားပြီး မန်ချက်စတာယူနိုက်တက်ဘက်ကို ဂိုးပေးလိုက်ရတာပါပဲ။ ဒီအတွက် ကော်တိုအာ ဒေါသပေါက်ကွဲနေပါတယ်။

” ပွဲကြီးတွေမှာ အမှားသေးသေးလေး လုပ်ရင်လည်း ရှုံးတတ်ပါတယ်။ ဟာဇက်ကို ဘာလို့လူစားလဲခဲ့လဲဆိုတာ တွေးလို့မရဘူး။ သူ့ကိုလူစားလဲမယ်လို့ ကျွန်တော်လုံးဝမမျှော်လင့်ထားဘူး။ ဒါပေမဲ့ ဒါကနည်းပြရဲ့ လုပ်ပိုင်ခွင့်ပဲလေ။ ဖြေရှင်းချက်ပေးရမယ်။ သူဘယ်လိုအတွေးမျိုးနဲ့ ဟာဇက်ကိုလဲခဲ့လဲဆိုတာ ကျွန်တော် စဉ်းစားလို့မရဘူး” လို့ ကော်တိုအာက ဆိုခဲ့ပါတယ်။

ဟာဇက်လိုကစားသမားမျိုးဟာ ဒီလိုပွဲမျိုးမှာ မိနစ် (၉၀)ပြည့်ကစားသင့်တယ်လို့ ကော်တိုအာက ဆိုခဲ့ပါသေးတယ်။ ဟာဇက်ဆိုတာ ဘောလုံးသုတေသနအဖွဲ့ CIESရဲ့ လိမ်လည်ဖြတ်ကျော်မှုစွမ်းဆောင်ရည်အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခံထားရသူ၊ ဒီလိုကစားသမားမျိုးကို အရေးပါတဲ့ပွဲမျိုးမှာ ပွဲချိန်ပြည့်မသုံးဘဲ လူစားလဲခဲ့တဲ့ကွန်တီရဲ့ လုပ်ရပ်က တကယ့်ကိုအံ့အားသင့်စရာပါပဲ။

August(Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။