[Zawgyi]

ပရီးမီးယားလိဂ္ကေန ဘာေနဗ်ဴးေျမကို ေျခခ်ခဲ့တဲ့ ၾကယ္ပြင့္မ်ား

ခ်ယ္လ္ဆီးအသင္းကေန ရီးယဲလ္မက္ဒရစ္အသင္းကို ေျပာင္းေရႊ႕ခဲ႔တဲ႔ ဂိုးသမား ေကာ္တိုအာ Courtois ဟာ ပရီးမီးယားလိဂ္ကေန ရီးယဲလ္မက္ဒရစ္အသင္းကို ေျပာင္းေရႊ႕ခဲ႔တဲ႔ (၂၃)ေယာက္ေျမာက္ကစားသမား အျဖစ္မွတ္တမ္း၀င္ခဲ႔ပါတယ္။ ပရီးမီးယားလိဂ္ကေန ရီးယဲလ္မက္ဒရစ္အသင္းကို ေျပာင္းေရႊ႕ျပီး ေအာင္ျမင္ခဲ႔တဲ႔ ကစားသမားေတြရိွသလို ရုန္းကန္ခဲ႔ရတဲ႔ ကစားသမားေတြလည္းရိွခဲ႔ပါတယ္။ ဒီကစားသမားေတြရဲ႕ စြမ္းေဆာင္ရည္ေပၚမူတည္ျပီး ရမွတ္ေတြတြက္ခ်က္ခဲ႔သလို ဒီအထဲမွာ ရမွတ္မ်ားမ်ားရရိွခဲ႔တဲ႔ ကစားသမားေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

(၁) စီေရာ္နယ္လ္ဒို Cristiano Ronaldo 10/10

Cristiano-Ronaldo

Cristiano-Ronaldo

၂၀၀၉ ခုႏွစ္က မန္ယူအသင္းကေန ရီးယဲလ္အသင္းကို ကမၻာ႔စံခ််ိန္တင္ေျပာင္းေရႊ႕ေၾကးေပါင္သန္း(၈၀)နဲ႔ ေရာက္ရိွလာခဲ႔တဲ႔ စီေရာ္နယ္လ္ဒို Cristiano Ronaldo ဟာ ေပးမွတ္(၁၀)မွတ္မွာ (၁၀)မွတ္လံုးရရိွခဲ႔သူပါ။ ဒီလိုမ်ိဳးရရိွေအာင္လည္း စီေရာ္နယ္လ္ဒို Cristiano Ronaldo ရဲ႕စြမ္းေဆာင္ရည္ေတြဟာ အေကာင္းဆံုးအေနအထားမွာ ရိွခဲ႔တာပါ။ စီေရာ္နယ္လ္ဒို Cristiano Ronaldo ဟာ ရီးယဲလ္အသင္းမွာ(၉)ႏွစ္ၾကာကစားခဲ႔ျပီး ပြဲေပါင္း(၄၃၈)ပြဲကစားခဲ႔သလို သြင္းဂိုး(၄၅၀)သြင္းယူခဲ႔ပါတယ္။ စီေရာ္နယ္လ္ဒို Cristiano Ronaldo ဟာ ကစားခဲ႔တဲ႔ ပြဲအေရအတြက္ထက္ သြင္းဂိုးအေရအတြက္ကမ်ားေနျပီး အံအားသင္႔စရာ စြမ္းေဆာင္ရည္ေတြကိုျပသခဲ႔သူပါ။ စီေရာ္နယ္လ္ဒို Cristiano Ronaldo ဟာ ရီးယဲလ္အသင္းသမိုင္းတစ္ေလွ်ာက္ဂိုးသြင္းအမ်ားဆံုးကစားသမားအျဖစ္လည္း ရပ္တည္ေနသူျဖစ္ျပီး အသင္းနဲ႔အတူ လာလီဂါခ်န္ပီယံဆုကို (၂)ၾကိမ္ ၊ ခ်န္ပီယံလိဂ္ခ်န္ပီယံဆု(၄)ၾကိမ္အပါအ၀င္ ဆုဖလားေပါင္းမ်ားစြာရရိွခဲ႔သူ ျဖစ္ပါတယ္။

(၂) မက္မန္နာမန္ McManaman 9/10

McManaman

McManaman

၁၉၉၉ ခုႏွစ္က လီဗာပူးလ္အသင္းကေန ရီးယဲလ္အသင္းကို အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ေရာက္ရိွလာခဲ႔တဲ႔ မက္မန္နာမန္ McManaman ဟာ ေပးမွတ္(၁၀)မွတ္မွာ ရမွတ္(၉)မွတ္ထိရရိွခဲ႔ပါတယ္။ အဂၤလန္ကစားသမားအမ်ားစုဟာ ျပည္ပထြက္ကစားရင္ က်ရံႈးၾကတာမ်ားေပမယ္႔ မက္မန္နာမန္ McManaman ကေတာ႔ ရီးယဲလ္အသင္းမွာ ေအာင္ျမင္ခဲ႔ပါတယ္။ ရီးယဲလ္ကစားသမားဘ၀ ပထမရာသီမွာပဲ ခ်န္ပီယံလိဂ္ရရိွခဲ႔ျပီး ခ်န္ပီယံလိဂ္ဗိုလ္လုပြဲ ဗလင္စီယာအသင္းနဲ႔ ပြဲစဥ္မွာအသင္းအတြက္ volley ကန္ခ်က္ကေနသြင္းဂိုးတစ္ဂိုးသြင္းယူေပးခဲ႔သလို ခ်န္ပီယံလိဂ္ဗိုလ္လုပြဲရဲ႕ အေကာင္းဆံုးကစားသမားဆုကိုလည္း ရရိွခဲ႔ပါတယ္။ မက္မန္နာမန္ McManaman ဟာ ရီးယဲလ္အသင္းမွာအဓိက ကစားသမားအျဖစ္ရပ္တည္ႏိုင္ခဲ႔ျပီး အသင္းမွာ(၄)ႏွစ္ၾကာကစားခဲ႔ပါတယ္။ ရီးယဲလ္အသင္းနဲ႔အတူ မက္မန္နာမန္ McManaman ဟာ လာလီဂါနဲ႔ ခ်န္ပီယံလိဂ္ခ်န္ပီယံဆု(၂)ၾကိမ္စီအပါအ၀င္ တျခားဆုဖလားေတြကိုလည္း ရရိွခဲ႔ပါတယ္။

(၃) အလြန္ဆို Alonso 9/10

Alonso

Alonso

၂၀၀၉ ခုႏွစ္က လီဗာပူးလ္အသင္းကေန ရီးယဲလ္အသင္းကိုေျပာင္းေရႊ႕ေၾကးေပါင္သန္း(၃၀)နဲ႔ေရာက္ရိွခဲ႔တဲ႔ အလြန္ဆို Alonso ဟာ ေပးမွတ္(၁၀)မွတ္မွာ ရမွတ္(၉)မွတ္ထိရရိွခဲ႔ပါတယ္။ အလြန္ဆို Alonso ဟာ ရီးယဲလ္အသင္းအတြက္ ျပီးျပည္႕စံုတဲ႔ ကြင္းလယ္ကစားသမားတစ္ဦးျဖစ္ခဲ႔ပါတယ္။ ရီးယဲလ္အသင္းမွာ အလြန္ဆို Alonso ဟာနည္းျပအဆက္ဆက္ အေကာင္းဆံုးအသံုးေတာ္ခံခဲ႔ျပီး အသင္းရဲ႕ကြင္းလယ္ကို ဦးေဆာင္ေမာင္းႏွင္ခဲ႔ပါတယ္။ အလြန္ဆို Alonso ဟာ ရီးယဲလ္အသင္းမွာ(၅)ႏွစ္ၾကာ ကစားခဲ႔ျပီး အသင္းနဲ႔အတူ လာလီဂါနဲ႔ ခ်န္ပီယံလိဂ္ခ်န္ပီယံဆုတို႔ကို (၁)ၾကိမ္စီရရိွခဲ႔သလို တျခားဆုဖလားေတြကိုလည္း ရရိွခဲ႔ပါတယ္။

(၄) မိုဒရစ္ Modric 9/10

Modric

Modric

၂၀၁၂ ခုႏွစ္က စပါးအသင္းကေန ရီးယဲလ္အသင္းကိုေျပာင္းေရႊ႕ေၾကးေပါင္သန္း(၃၀)နဲ႔ေရာက္ရိွခဲ႔တဲ႕ မိုဒရစ္ Modric ဟာ ေပးမွတ္(၁၀)မွတ္မွာ ရမွတ္(၉)မွတ္ထိရရိွခဲ႔ပါတယ္။ မိုဒရစ္ Modric ကို လက္ရိွမန္ယူအသင္းနည္းျပ ေမာ္ရင္ဟို Mourinho ရီးယဲလ္အသင္းကို ကိုင္တြယ္ခ်ိန္ကေခၚယူခဲ႔တာျဖစ္ျပီး ေမာ္ရင္ဟို Mourinho ရဲ႕ ရီးယဲလ္အသင္းအတြက္ လက္ေဆာင္ေကာင္းတစ္ခုျဖစ္ခဲ႔ပါတယ္။ မိုဒရစ္ Modric ဟာ လက္ရိွမွာ သူရဲ႕ရီးယဲလ္ကစားသမားဘ၀(၇)ရာသီေျမာက္ ေဘာလံုးရာသီကိုျဖတ္သန္းေနသူပါ။ မိုဒရစ္ Modric ဟာ ရီးယဲလ္အသင္းရဲ႕ကြင္းလယ္ကို အေကာင္းဆံုးဦးေဆာင္ေနသူျဖစ္ျပီး အသင္းနဲ႔အတူ လက္ရိွအခ်ိန္ထိ လာလီဂါခ်န္ပီယံဆု (၁)ၾကိမ္ ၊ ခ်န္ပီယံလိဂ္ခ်န္ပီယံဆု(၄)ၾကိမ္အပါအ၀င္ ဆုဖလားေပါင္းမ်ားစြာရရိွထားသူ ျဖစ္ပါတယ္။

(၅) ေဘးလ္ Bale 9/10

Bale

Bale

၂၀၁၃ ခုႏွစ္က စပါးအသင္းကေန ရီးယဲလ္အသင္းကို ကမၻာ႔စံခ််ိန္တင္ေျပာင္းေရႊ႕ေၾကးေပါင္(၈၆)သန္းနဲ႔ ေရာက္ရိွခဲ႔တဲ႔ ေဘးလ္ Bale ဟာ ေပးမွတ္(၁၀)မွတ္မွာ ရမွတ္(၉)မွတ္ထိရရိွခဲ႔ပါတယ္။ ေဘးလ္ Bale ဟာ ရီးယဲလ္အသင္းမွာ ဒဏ္ရာျပႆနာေတြၾကံဳေတြ႕ခဲ႔ရတာေၾကာင္႔ ရမွတ္ျပည္႔မရရိွခဲ႔တာလို႔ ဆိုရမွာပါ။ ရီးယဲလ္အသင္းကေန စီေရာ္နယ္လ္ဒို Cristiano Ronaldo ထြက္ခြာသြားတာေၾကာင္႔ လက္ရိွမွာေတာ႔ ေဘးလ္ Bale ဟာ ရီးယဲလ္အသင္းရဲ႕ တိုက္စစ္ကို ဦးေဆာင္သူျဖစ္လာခဲ႔ပါျပီ။ ျပီးခဲ႔တဲ႔ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာလည္း ေဘးလ္ Bale ဟာ ရီးယဲလ္အသင္းဗိုလ္စြဲႏိုင္ဖို႔အတြက္ စြမ္းေဆာင္ရည္ေကာင္းေတြကို ျပသႏိုင္ခဲ႔သူပါ။ ေဘးလ္ Bale ဟာ လက္ရိွအခ်ိန္ထိ ရီးယဲလ္အသင္းအတြက္သြင္းဂိုး(၈၉)ဂိုးသြင္းယူထားျပီး အသင္းနဲ႔အတူ လာလီဂါခ်န္ပီယံဆု (၁)ၾကိမ္ ၊ ခ်န္ပီယံလိဂ္ခ်န္ပီယံဆု(၄)ၾကိမ္အပါအ၀င္ ဆုဖလားေပါင္းမ်ားစြာရရိွထားသူ ျဖစ္ပါတယ္။

(၆) နစၥတယ္႐ိြဳင္း Nistelrooy 8/10

Nistelrooy

Nistelrooy

၂၀၀၆ ခုႏွစ္က မန္ယူအသင္းကေန ရီးယဲလ္အသင္းကိုေျပာင္းေရႊ႕ေၾကးေပါင္(၁၄)သန္းနဲ႔ ေရာက္ရိွလာခဲ႔တဲ႔ နစၥတယ္႐ိြဳင္း Nistelrooy ဟာ ေပးမွတ္(၁၀)မွတ္မွာ ရမွတ္(၈)မွတ္ရယူႏိုင္ခဲ႔ပါတယ္။ နစၥတယ္႐ိြဳင္း Nistelrooy ဟာ သူ႔ရဲ႕သြင္းဂိုးေတြနဲ႔ လာလီဂါမွာ ရီးယဲလ္အသင္းခ်န္ပီယံျဖစ္ဖို႔ အကူအညီမ်ားစြာေပးခဲ႔ပါတယ္။ နစၥတယ္႐ိြဳင္း Nistelrooy ဟာ ရီးယဲလ္အသင္းအတြက္ သြင္းဂိုး(၆၄)ဂိုးသြင္းယူေပးခဲ႔ျပီး လာလီဂါဂိုုးသြင္းဘုရင္ဆုကိုလည္း(၁)ၾကိမ္ ရရိွခဲ႔သူပါ။ နစၥတယ္႐ိြဳင္း Nistelrooy ဟာ ရီးယဲလ္အသင္းနဲ႔အတူ လာလီဂါခ်န္ပီယံဆုကို(၂)ၾကိမ္ရရိွခဲ႔ပါတယ္။

က်န္ရိွေနတဲ႔ ကစားသမားေတြနဲ႔ ရမွတ္မ်ား

ေဒးဗစ္ဘက္ခမ္း David Beckham 7/10
မိုက္ကယ္အို၀င္ Michael Owen 7/10
ဂရာဗင္ဆင္ Gravesen 7/10
ရီယက္စ္ Reyes 7/10
ေရာ္ဘင္ Robben 7/10
အာဘီလိုအာ Arbeloa 7/10
လက္ဆာနာ ဒီယာရာ Lassana Diarra 7/10
ကာဗယ္လ္ဟို Carvalho 7/10
အဒီဘာေယာ Adebayor 6/10
အက္ဆီယန္ Essien 6/10
ဟာနန္ဒက္ဇ္ Hernandez 6/10
အနယ္လ္ကာ Anelka 6/10
၀ုဒ္ဂိတ္ Woodgate 6/10
ဒူးဒက္ Dudek 6/10
ဟိန္ဇ္႔ Heinze 6/10
ေဖာဘတ္ Faubert 4/10

Ref: Daily Mail
Photo: Business Insider UK , 101 Great Goals , The Times , Hollywood photo archive , The Independent , Goaloffside.com Goal Offside , Goal.com
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

ပရီးမီးယားလိဂ်ကနေ ဘာနေဗျူးမြေကို ခြေချခဲ့တဲ့ ကြယ်ပွင့်များ

ချယ်လ်ဆီးအသင်းကနေ ရီးယဲလ်မက်ဒရစ်အသင်းကို ပြောင်းရွှေ့ခဲ့တဲ့ ဂိုးသမား ကော်တိုအာ Courtois ဟာ ပရီးမီးယားလိဂ်ကနေ ရီးယဲလ်မက်ဒရစ်အသင်းကို ပြောင်းရွှေ့ခဲ့တဲ့ (၂၃)ယောက်မြောက်ကစားသမား အဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။ ပရီးမီးယားလိဂ်ကနေ ရီးယဲလ်မက်ဒရစ်အသင်းကို ပြောင်းရွှေ့ပြီး အောင်မြင်ခဲ့တဲ့ ကစားသမားတွေရှိသလို ရုန်းကန်ခဲ့ရတဲ့ ကစားသမားတွေလည်းရှိခဲ့ပါတယ်။ ဒီကစားသမားတွေရဲ့ စွမ်းဆောင်ရည်ပေါ်မူတည်ပြီး ရမှတ်တွေတွက်ချက်ခဲ့သလို ဒီအထဲမှာ ရမှတ်များများရရှိခဲ့တဲ့ ကစားသမားတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) စီရော်နယ်လ်ဒို Cristiano Ronaldo 10/10

Cristiano-Ronaldo

Cristiano-Ronaldo

၂၀၀၉ ခုနှစ်က မန်ယူအသင်းကနေ ရီးယဲလ်အသင်းကို ကမ္ဘာ့စံချျိန်တင်ပြောင်းရွှေ့ကြေးပေါင်သန်း(၈၀)နဲ့ ရောက်ရှိလာခဲ့တဲ့ စီရော်နယ်လ်ဒို Cristiano Ronaldo ဟာ ပေးမှတ်(၁၀)မှတ်မှာ (၁၀)မှတ်လုံးရရှိခဲ့သူပါ။ ဒီလိုမျိုးရရှိအောင်လည်း စီရော်နယ်လ်ဒို Cristiano Ronaldo ရဲ့စွမ်းဆောင်ရည်တွေဟာ အကောင်းဆုံးအနေအထားမှာ ရှိခဲ့တာပါ။ စီရော်နယ်လ်ဒို Cristiano Ronaldo ဟာ ရီးယဲလ်အသင်းမှာ(၉)နှစ်ကြာကစားခဲ့ပြီး ပွဲပေါင်း(၄၃၈)ပွဲကစားခဲ့သလို သွင်းဂိုး(၄၅၀)သွင်းယူခဲ့ပါတယ်။ စီရော်နယ်လ်ဒို Cristiano Ronaldo ဟာ ကစားခဲ့တဲ့ ပွဲအရေအတွက်ထက် သွင်းဂိုးအရေအတွက်ကများနေပြီး အံအားသင့်စရာ စွမ်းဆောင်ရည်တွေကိုပြသခဲ့သူပါ။ စီရော်နယ်လ်ဒို Cristiano Ronaldo ဟာ ရီးယဲလ်အသင်းသမိုင်းတစ်လျှောက်ဂိုးသွင်းအများဆုံးကစားသမားအဖြစ်လည်း ရပ်တည်နေသူဖြစ်ပြီး အသင်းနဲ့အတူ လာလီဂါချန်ပီယံဆုကို (၂)ကြိမ် ၊ ချန်ပီယံလိဂ်ချန်ပီယံဆု(၄)ကြိမ်အပါအဝင် ဆုဖလားပေါင်းများစွာရရှိခဲ့သူ ဖြစ်ပါတယ်။

(၂) မက်မန်နာမန် McManaman 9/10

McManaman

McManaman

၁၉၉၉ ခုနှစ်က လီဗာပူးလ်အသင်းကနေ ရီးယဲလ်အသင်းကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ရောက်ရှိလာခဲ့တဲ့ မက်မန်နာမန် McManaman ဟာ ပေးမှတ်(၁၀)မှတ်မှာ ရမှတ်(၉)မှတ်ထိရရှိခဲ့ပါတယ်။ အင်္ဂလန်ကစားသမားအများစုဟာ ပြည်ပထွက်ကစားရင် ကျရှုံးကြတာများပေမယ့် မက်မန်နာမန် McManaman ကတော့ ရီးယဲလ်အသင်းမှာ အောင်မြင်ခဲ့ပါတယ်။ ရီးယဲလ်ကစားသမားဘ၀ ပထမရာသီမှာပဲ ချန်ပီယံလိဂ်ရရှိခဲ့ပြီး ချန်ပီယံလိဂ်ဗိုလ်လုပွဲ ဗလင်စီယာအသင်းနဲ့ ပွဲစဉ်မှာအသင်းအတွက် volley ကန်ချက်ကနေသွင်းဂိုးတစ်ဂိုးသွင်းယူပေးခဲ့သလို ချန်ပီယံလိဂ်ဗိုလ်လုပွဲရဲ့ အကောင်းဆုံးကစားသမားဆုကိုလည်း ရရှိခဲ့ပါတယ်။ မက်မန်နာမန် McManaman ဟာ ရီးယဲလ်အသင်းမှာအဓိက ကစားသမားအဖြစ်ရပ်တည်နိုင်ခဲ့ပြီး အသင်းမှာ(၄)နှစ်ကြာကစားခဲ့ပါတယ်။ ရီးယဲလ်အသင်းနဲ့အတူ မက်မန်နာမန် McManaman ဟာ လာလီဂါနဲ့ ချန်ပီယံလိဂ်ချန်ပီယံဆု(၂)ကြိမ်စီအပါအဝင် တခြားဆုဖလားတွေကိုလည်း ရရှိခဲ့ပါတယ်။

(၃) အလွန်ဆို Alonso 9/10

Alonso

Alonso

၂၀၀၉ ခုနှစ်က လီဗာပူးလ်အသင်းကနေ ရီးယဲလ်အသင်းကိုပြောင်းရွှေ့ကြေးပေါင်သန်း(၃၀)နဲ့ရောက်ရှိခဲ့တဲ့ အလွန်ဆို Alonso ဟာ ပေးမှတ်(၁၀)မှတ်မှာ ရမှတ်(၉)မှတ်ထိရရှိခဲ့ပါတယ်။ အလွန်ဆို Alonso ဟာ ရီးယဲလ်အသင်းအတွက် ပြီးပြည့်စုံတဲ့ ကွင်းလယ်ကစားသမားတစ်ဦးဖြစ်ခဲ့ပါတယ်။ ရီးယဲလ်အသင်းမှာ အလွန်ဆို Alonso ဟာနည်းပြအဆက်ဆက် အကောင်းဆုံးအသုံးတော်ခံခဲ့ပြီး အသင်းရဲ့ကွင်းလယ်ကို ဦးဆောင်မောင်းနှင်ခဲ့ပါတယ်။ အလွန်ဆို Alonso ဟာ ရီးယဲလ်အသင်းမှာ(၅)နှစ်ကြာ ကစားခဲ့ပြီး အသင်းနဲ့အတူ လာလီဂါနဲ့ ချန်ပီယံလိဂ်ချန်ပီယံဆုတို့ကို (၁)ကြိမ်စီရရှိခဲ့သလို တခြားဆုဖလားတွေကိုလည်း ရရှိခဲ့ပါတယ်။

(၄) မိုဒရစ် Modric 9/10

Modric

Modric

၂၀၁၂ ခုနှစ်က စပါးအသင်းကနေ ရီးယဲလ်အသင်းကိုပြောင်းရွှေ့ကြေးပေါင်သန်း(၃၀)နဲ့ရောက်ရှိခဲ့တဲ့ မိုဒရစ် Modric ဟာ ပေးမှတ်(၁၀)မှတ်မှာ ရမှတ်(၉)မှတ်ထိရရှိခဲ့ပါတယ်။ မိုဒရစ် Modric ကို လက်ရှိမန်ယူအသင်းနည်းပြ မော်ရင်ဟို Mourinho ရီးယဲလ်အသင်းကို ကိုင်တွယ်ချိန်ကခေါ်ယူခဲ့တာဖြစ်ပြီး မော်ရင်ဟို Mourinho ရဲ့ ရီးယဲလ်အသင်းအတွက် လက်ဆောင်ကောင်းတစ်ခုဖြစ်ခဲ့ပါတယ်။ မိုဒရစ် Modric ဟာ လက်ရှိမှာ သူရဲ့ရီးယဲလ်ကစားသမားဘဝ(၇)ရာသီမြောက် ဘောလုံးရာသီကိုဖြတ်သန်းနေသူပါ။ မိုဒရစ် Modric ဟာ ရီးယဲလ်အသင်းရဲ့ကွင်းလယ်ကို အကောင်းဆုံးဦးဆောင်နေသူဖြစ်ပြီး အသင်းနဲ့အတူ လက်ရှိအချိန်ထိ လာလီဂါချန်ပီယံဆု (၁)ကြိမ် ၊ ချန်ပီယံလိဂ်ချန်ပီယံဆု(၄)ကြိမ်အပါအဝင် ဆုဖလားပေါင်းများစွာရရှိထားသူ ဖြစ်ပါတယ်။

(၅) ဘေးလ် Bale 9/10

Bale

Bale

၂၀၁၃ ခုနှစ်က စပါးအသင်းကနေ ရီးယဲလ်အသင်းကို ကမ္ဘာ့စံချျိန်တင်ပြောင်းရွှေ့ကြေးပေါင်(၈၆)သန်းနဲ့ ရောက်ရှိခဲ့တဲ့ ဘေးလ် Bale ဟာ ပေးမှတ်(၁၀)မှတ်မှာ ရမှတ်(၉)မှတ်ထိရရှိခဲ့ပါတယ်။ ဘေးလ် Bale ဟာ ရီးယဲလ်အသင်းမှာ ဒဏ်ရာပြဿနာတွေကြုံတွေ့ခဲ့ရတာကြောင့် ရမှတ်ပြည့်မရရှိခဲ့တာလို့ ဆိုရမှာပါ။ ရီးယဲလ်အသင်းကနေ စီရော်နယ်လ်ဒို Cristiano Ronaldo ထွက်ခွာသွားတာကြောင့် လက်ရှိမှာတော့ ဘေးလ် Bale ဟာ ရီးယဲလ်အသင်းရဲ့ တိုက်စစ်ကို ဦးဆောင်သူဖြစ်လာခဲ့ပါပြီ။ ပြီးခဲ့တဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာလည်း ဘေးလ် Bale ဟာ ရီးယဲလ်အသင်းဗိုလ်စွဲနိုင်ဖို့အတွက် စွမ်းဆောင်ရည်ကောင်းတွေကို ပြသနိုင်ခဲ့သူပါ။ ဘေးလ် Bale ဟာ လက်ရှိအချိန်ထိ ရီးယဲလ်အသင်းအတွက်သွင်းဂိုး(၈၉)ဂိုးသွင်းယူထားပြီး အသင်းနဲ့အတူ လာလီဂါချန်ပီယံဆု (၁)ကြိမ် ၊ ချန်ပီယံလိဂ်ချန်ပီယံဆု(၄)ကြိမ်အပါအဝင် ဆုဖလားပေါင်းများစွာရရှိထားသူ ဖြစ်ပါတယ်။

(၆) နစ္စတယ်ရွိုင်း Nistelrooy 8/10

Nistelrooy

Nistelrooy

၂၀၀၆ ခုနှစ်က မန်ယူအသင်းကနေ ရီးယဲလ်အသင်းကိုပြောင်းရွှေ့ကြေးပေါင်(၁၄)သန်းနဲ့ ရောက်ရှိလာခဲ့တဲ့ နစ္စတယ်ရွိုင်း Nistelrooy ဟာ ပေးမှတ်(၁၀)မှတ်မှာ ရမှတ်(၈)မှတ်ရယူနိုင်ခဲ့ပါတယ်။ နစ္စတယ်ရွိုင်း Nistelrooy ဟာ သူ့ရဲ့သွင်းဂိုးတွေနဲ့ လာလီဂါမှာ ရီးယဲလ်အသင်းချန်ပီယံဖြစ်ဖို့ အကူအညီများစွာပေးခဲ့ပါတယ်။ နစ္စတယ်ရွိုင်း Nistelrooy ဟာ ရီးယဲလ်အသင်းအတွက် သွင်းဂိုး(၆၄)ဂိုးသွင်းယူပေးခဲ့ပြီး လာလီဂါဂိုးသွင်းဘုရင်ဆုကိုလည်း(၁)ကြိမ် ရရှိခဲ့သူပါ။ နစ္စတယ်ရွိုင်း Nistelrooy ဟာ ရီးယဲလ်အသင်းနဲ့အတူ လာလီဂါချန်ပီယံဆုကို(၂)ကြိမ်ရရှိခဲ့ပါတယ်။

ကျန်ရှိနေတဲ့ ကစားသမားတွေနဲ့ ရမှတ်များ

ဒေးဗစ်ဘက်ခမ်း David Beckham 7/10
မိုက်ကယ်အိုဝင် Michael Owen 7/10
ဂရာဗင်ဆင် Gravesen 7/10
ရီယက်စ် Reyes 7/10
ရော်ဘင် Robben 7/10
အာဘီလိုအာ Arbeloa 7/10
လက်ဆာနာ ဒီယာရာ Lassana Diarra 7/10
ကာဗယ်လ်ဟို Carvalho 7/10
အဒီဘာယော Adebayor 6/10
အက်ဆီယန် Essien 6/10
ဟာနန်ဒက်ဇ် Hernandez 6/10
အနယ်လ်ကာ Anelka 6/10
ဝုဒ်ဂိတ် Woodgate 6/10
ဒူးဒက် Dudek 6/10
ဟိန်ဇ့် Heinze 6/10
ဖောဘတ် Faubert 4/10

Ref: Daily Mail
Photo: Business Insider UK , 101 Great Goals , The Times , Hollywood photo archive , The Independent , Goaloffside.com Goal Offside , Goal.com
Ko Kyue(Akhayar)
www.akhayar.com