[Zawgyi]

ကြာရွင္းၿပီး ႏွစ္ေပါင္း (၅ဝ) ၾကာမွ ျပန္လက္ထပ္တဲ့ အဖုိးအဖြားစုံတြဲ

အခ်စ္ဆုိတဲ့အရာက ထူးဆန္းသလုိ ရွိပါသတဲ့။ ရည္းစားဦးကုိ ေျမးဦးရေတာင္ မေမ့ဘူးဆုိတဲ့ စကားပုံေတြလည္း ၾကားဖူးပါရဲ႕။ “နီးတက်က္က်က္ ေဝးတသက္သက္” ဆုိသလုိ အခ်စ္ဆုိတာ အေနေဝးသြားမွ ပုိနားလည္လာသလုိ။ ဒီအပုိင္းေတြနဲ႔နည္းတူ ထူးျခားတဲ့ အဖုိးအဖြားစုံတြဲကုိလည္း ေျပာျပခ်င္ပါေသးတယ္။

အဖုိးရဲ႕နာမည္က ‘Harold Holland’ တဲ့။ ၈၃ ႏွစ္ရွိပါၿပီ။ အဖြား ‘Lillian Barnes’ ကေတာ့ ၇၈ ႏွစ္ေပါ့။ သူတုိ႔ႏွစ္ဦးက လက္ထပ္ၾကေတာ့မယ္တဲ့။ အသက္ႀကီးမွ လက္ထပ္တယ္ဆုိေတာ့ ထူးဆန္းသလိုေတာ့ ရွိပါတယ္။ ဒီထက္ထူးဆန္းတာက သူတုိ႔ေတြက ဒုတိယအႀကိမ္လက္ထပ္မယ့္ သတင္းပါ။ ပထမအႀကိမ္လက္ထပ္ခဲ့တာက ၁၉၅၅ခုႏွစ္ ဒီဇင္ဘာ (၂၄) ရက္မွာတဲ့။

သားသမီး (၅) ေယာက္ထြန္းကားၿပီးမွ ‘Harold Holland’ ဟာ အလုပ္ကုိပဲ စိတ္ႏွစ္လြန္းၿပီး မိသားစုကုိ ဂရုမစို္က္ႏုိင္ေတာ့ ‘Lillian Barnes’ နဲ႔ မသင့္တင့္ျဖစ္ကာ လမ္းခြဲခဲ့တာပါ။ ေလႏွင္ရာ လြင့္ေနတဲ့ တိမ္စုိင္ေတြလုိ သူတုိ႔ႏွစ္ေယာက္လည္း ေနာက္အိမ္ေထာင္ျပဳခဲ့ၾကပါေတာ့တယ္။ အိမ္ေထာင္ကုိယ္စီ ရွိေနၾကေပမယ့္ သားသမီး၊ ေျမးျမစ္ေတြရဲ႕ကိစၥေတြဆုိရင္ အျမဲတမ္းတက္ညီလက္ညီပါ။ ျဖစ္ခ်င္ေတာ့ ၂ဝ၁၅ခုႏွစ္မွာ သူတုိ႔ႏွစ္ေယာက္ရဲ႕အိမ္ေထာင္ဖက္ေတြလည္း ကြယ္လြန္ခဲ့ၾကပါတယ္။ သံေယာဇဥ္မကုန္ေသးတဲ့ အဖုိးအဖြားႏွစ္ေယာက္ဟာ ၂ဝ၁၇ခုႏွစ္ ဒီဇင္ဘာလမွာ ျပန္ဆက္မိၾကၿပီး အခုလိုလက္ထပ္မယ္လုိ႔ သတင္းထြက္လာတာေပါ့။ ဒီသတင္းကုိၾကားရေတာ့ သူတုိ႔ရဲ႕သားသမီးေတြကေတာ့ အေပ်ာ္ဆုံးျဖစ္မွာပါ။

အဖုိးအဖြားစုံတြဲ

အဖုိးအဖြားစုံတြဲ

ႏွစ္ေပါင္း (၅ဝ) နီးပါး ကြဲကြာခဲ့ၾကတဲ့ ဇနီးေမာင္ႏွံဟာ ဧၿပီလ (၁၄) ရက္ေန႔ Kentucky ျပည္နယ္ Lexington ၿမိဳ႕ရဲ႕ ဘုရားေက်ာင္းမွာ လက္ထပ္ေတာ့မယ္ဆုိေတာ့ ေပ်ာ္ရႊင္ရပါတယ္။ ၿပီးေတာ့ ဒီတစ္ခါ လက္ထပ္တာက ရာသက္ပန္အတြက္ပါလုိ႔ အဖုိးႀကီး ‘Harold Holland’ က ဆုိသြားျပန္ပါတယ္။ သူတုိ႔ႏွစ္ေယာက္ဟာ အထက္တန္းတုန္းက ငယ္ခ်စ္ဦးေတြ ျဖစ္ပါသတဲ့ေလ။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com

[Unicode]

ကွာရှင်းပြီး နှစ်ပေါင်း (၅ဝ) ကြာမှ ပြန်လက်ထပ်တဲ့ အဖိုးအဖွားစုံတွဲ

အချစ်ဆိုတဲ့အရာက ထူးဆန်းသလို ရှိပါသတဲ့။ ရည်းစားဦးကို မြေးဦးရတောင် မမေ့ဘူးဆိုတဲ့ စကားပုံတွေလည်း ကြားဖူးပါရဲ့။ “နီးတကျက်ကျက် ဝေးတသက်သက်” ဆိုသလို အချစ်ဆိုတာ အနေဝေးသွားမှ ပိုနားလည်လာသလို။ ဒီအပိုင်းတွေနဲ့နည်းတူ ထူးခြားတဲ့ အဖိုးအဖွားစုံတွဲကိုလည်း ပြောပြချင်ပါသေးတယ်။

အဖိုးရဲ့နာမည်က ‘Harold Holland’ တဲ့။ ၈၃ နှစ်ရှိပါပြီ။ အဖွား ‘Lillian Barnes’ ကတော့ ၇၈ နှစ်ပေါ့။ သူတို့နှစ်ဦးက လက်ထပ်ကြတော့မယ်တဲ့။ အသက်ကြီးမှ လက်ထပ်တယ်ဆိုတော့ ထူးဆန်းသလိုတော့ ရှိပါတယ်။ ဒီထက်ထူးဆန်းတာက သူတို့တွေက ဒုတိယအကြိမ်လက်ထပ်မယ့် သတင်းပါ။ ပထမအကြိမ်လက်ထပ်ခဲ့တာက ၁၉၅၅ခုနှစ် ဒီဇင်ဘာ (၂၄) ရက်မှာတဲ့။

သားသမီး (၅) ယောက်ထွန်းကားပြီးမှ ‘Harold Holland’ ဟာ အလုပ်ကိုပဲ စိတ်နှစ်လွန်းပြီး မိသားစုကို ဂရုမစိုက်နိုင်တော့ ‘Lillian Barnes’ နဲ့ မသင့်တင့်ဖြစ်ကာ လမ်းခွဲခဲ့တာပါ။ လေနှင်ရာ လွင့်နေတဲ့ တိမ်စိုင်တွေလို သူတို့နှစ်ယောက်လည်း နောက်အိမ်ထောင်ပြုခဲ့ကြပါတော့တယ်။ အိမ်ထောင်ကိုယ်စီ ရှိနေကြပေမယ့် သားသမီး၊ မြေးမြစ်တွေရဲ့ကိစ္စတွေဆိုရင် အမြဲတမ်းတက်ညီလက်ညီပါ။ ဖြစ်ချင်တော့ ၂ဝ၁၅ခုနှစ်မှာ သူတို့နှစ်ယောက်ရဲ့အိမ်ထောင်ဖက်တွေလည်း ကွယ်လွန်ခဲ့ကြပါတယ်။ သံယောဇဉ်မကုန်သေးတဲ့ အဖိုးအဖွားနှစ်ယောက်ဟာ ၂ဝ၁၇ခုနှစ် ဒီဇင်ဘာလမှာ ပြန်ဆက်မိကြပြီး အခုလိုလက်ထပ်မယ်လို့ သတင်းထွက်လာတာပေါ့။ ဒီသတင်းကိုကြားရတော့ သူတို့ရဲ့သားသမီးတွေကတော့ အပျော်ဆုံးဖြစ်မှာပါ။

အဖိုးအဖွားစုံတွဲ

အဖိုးအဖွားစုံတွဲ

နှစ်ပေါင်း (၅ဝ) နီးပါး ကွဲကွာခဲ့ကြတဲ့ ဇနီးမောင်နှံဟာ ဧပြီလ (၁၄) ရက်နေ့ Kentucky ပြည်နယ် Lexington မြို့ရဲ့ ဘုရားကျောင်းမှာ လက်ထပ်တော့မယ်ဆိုတော့ ပျော်ရွှင်ရပါတယ်။ ပြီးတော့ ဒီတစ်ခါ လက်ထပ်တာက ရာသက်ပန်အတွက်ပါလို့ အဖိုးကြီး ‘Harold Holland’ က ဆိုသွားပြန်ပါတယ်။ သူတို့နှစ်ယောက်ဟာ အထက်တန်းတုန်းက ငယ်ချစ်ဦးတွေ ဖြစ်ပါသတဲ့လေ။

ကျော်စိုးအောင် (အခရာ)

www.akhayar.com