
New Couple Emoji



Apple Emoji


Ref : The Verge

Zawyè (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]

Emoji တွေက လူတိုင်း တစ်ယောက်နဲ့ တစ်ယောက်အဆက်အသွယ်လုပ်တဲ့နေရာမှာ မဖြစ်မနေကို အသုံးပြုနေကြတဲ့ ဘာသာစကားတစ်ခုလို့တောင်ပြောလို့ရနေပါပြီ။ အခုအချိန်မှာတော့ Emoji တွေဟာ ကြီးမားတဲ့ ပြောင်းလဲမှုတစ်ခုကို နောက်နှစ်မှာ ရရှိလာတော့မှာပဲဖြစ်ပါတယ်။

New Couple Emoji

အခုဖြစ်လာမယ့် ပြောင်းလဲမှုကတော့ အချင်းချင်းလက်တွဲထားတဲ့ စုံတွဲပုံ Emoji မှာပဲ ပြောင်းလဲမှုရှိလာမှာဖြစ်ပြီး လက်ရှိ မတူကွဲပြားမှုတွေအားလုံးအတွက် အဆိုပါ စုံတွဲပုံ Emoji က တစ်ပုံစံထဲဖြစ်နေတော့မှာမဟုတ်ဘဲ ကျား၊မ ကွာခြားလာမယ့်အပြင် အသားအရောင်မျိုးစုံကိုလည်း Character ၅၅ မျိုးအထိ ရှိလာတော့မှာပဲဖြစ်ပါတယ်။

အခုကြေညာချက်ကို Emoji တွေရဲ့ နောက်ကွယ်က Organization တစ်ခုဖြစ်တဲ့ Unicode Consortium ကနေ သူရဲ့ Blog Post မှာ ရေးသားခဲ့တာဖြစ်ပြီးတော့ အခုလို စုံတွဲပုံ Emoji မှာ ပြောင်းလဲမှုတွေအများအပြားရှိလာမယ့်အပြင် မသန်စွမ်းသူတွေအတွက်လည်း သီးသန့် Emoji တွေကို ထည့်သွင်းပေးသွားဖို့ရှိတယ်လို့ သိရပါတယ်။ အဆိုပါ မသန်စွမ်းတွေအတွက် Emoji တွေကို Apple က ပြီးခဲ့တဲ့ မတ်လထဲက ထည့်သွင်းပေးဖို့ တောင်းဆိုခဲ့တာဖြစ်ပေမယ့် အခုမှ Unicode Consortium က အတည်ပြုလက်ခံခဲ့တာဖြစ်ပါတယ်။ ဒီ မသန်စွမ်း Emoji List ကိုတော့ လာမယ့် စက်တင်ဘာလမှာ အပြီးသတ်အတည်ပြုသွားမယ်လို့ သိရပါတယ်။

Apple Emoji

အခုလိုမျိုး Update တွေပြုလုပ်နေတဲ့အပြင် Unicode Consortium ဟာ လာမယ့် ၂၀၂၀ ခုနှစ်မှာ ထည့်သွင်းဖို့ စိတ်ကူးနေတဲ့ Emoji အသစ်တွေကိုတောင်ပြုလုပ်နေပြီပဲဖြစ်ပါတယ်။ အဆိုပါ Emoji အသစ်တွေကတော့ နောက်နှစ် မတ်လဝန်းကျင်လောက်မှ စာရင်းကောက်သွားမှာပါ။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com