[Zawgyi]

ဒီလိုႏိုင္ငံေတြမွာ ေန႔လယ္စာေအးေအးေဆးေဆး စားလို႔ရပါတယ္

ေန႔လယ္စာစားျခင္းဟာ လူတစ္ေယာက္အတြက္ မရွိမျဖစ္ အေရးပါပါတယ္။ ေန႔လယ္စာစားေပးျခင္းျဖင့္ မနက္ကကုန္ဆံုးသြားတဲ႔ စြမ္းအင္ေတြကို ျပန္လည္ျပည့္တင္းလာေစၿပီး တစ္ေန႔တာရဲ႕ က်န္ရွိတဲ႔ အခ်ိန္ေတြကို စြမ္းအင္အျပည္႔နဲ႔ ျဖတ္သန္းႏိုင္ေစပါတယ္။ ဒါေပမယ္႔ ယေန႔ လုပ္ငန္းခြင္မွာရွိတဲ႔ လူေတာ္ေတာ္မ်ားမ်ားဟာ ေန႔လယ္စာကို ေသခ်ာေလးအခ်ိန္ေပးၿပီး မစားႏိုင္ၾကေတာ့ပါဘူး။ ျမန္မာႏိုင္ငံမွာဆိုရင္ေတာ့ ေန႔လယ္စာစားခ်ိန္ကို တစ္နာရီသာ ရရွိပါတယ္။အေမရိကန္ျပည္ေထာင္စုမွာဆိုရင္ ေန႔လယ္စာစားဖို႔ေတာင္ အခ်ိန္ေသခ်ာမေပးႏိုိင္ေလာက္ေအာင္ အလုပ္ေတြမ်ားေနၾကပါတယ္။ ဒါေပမယ္႔ တခ်ဳိ႕ႏုိင္ငံမွာေတာ့ ေန႔လယ္စာရဲ႕ အေရးပါပံုကို ေသခ်ာနားလည္ၿပီး ေန႔လယ္စာစားခ်ိန္ကို အခ်ိန္အၾကာႀကီး ေပးၾကတဲ႔ ႏိုင္ငံေတြလည္း ရွိပါတယ္။ ဘယ္ႏိုင္ငံေတြက ေန႔လယ္စာစားခ်ိန္ အၾကာႀကီးေပးလဲဆိုတာ ဗဟုသုတတိုးေအာင္ စပ္စုၾကည္႔ၾကရေအာင္။

(၁) စပိန္ (သံုးနာရီ)

စပိန္မွာ ေန႔လယ္စာစားခ်ိန္ကုိ အစဥ္အလာနဲ႔ကိုက္ညီေအာင္ ဖဲြ႔စည္းထားတာ ျဖစ္ပါတယ္။ သူတို႔ရဲ႕ေန႔လယ္စာစားခ်ိန္မွာ တေရးတေမာအိပ္ခြင့္ရရွိၾကပါတယ္။ ႏွစ္နာရီကေန ငါးနာရီအတြင္းမွာ သူတို႔ရဲ႕အလုပ္သမားေတြကို ေန႔လယ္စာစား အနားယူခြင္႔ေပးပါတယ္္။ အဲဒီအခ်ိန္ကလည္း သူတို႔ႏိုင္ငံမွာ အပူခ်ိန္အလြန္ျပင္းတဲ႔အတြက္ အလုပ္ကို သက္ေတာင္႔သက္သာလုပ္ဖို႔ ဘယ္လိုမွ အဆင္မေျပႏိုင္ပါဘူး။ ဒါေၾကာင္႔မို႔ အဆိုပါအခ်ိန္ကို အနားယူခ်ိန္အျဖစ္ ေပးထားျခင္း ျဖစ္ပါတယ္။

Spain

Spain

(၂) ဂရိ (သံုးနာရီ)

ဂရိႏိုင္ငံဟာ အစာစားခ်ိန္ကို အတတ္ႏိုင္ဆံုး ေလးစာမႈရွိတဲ႔ ႏိုင္ငံတစ္ႏုိင္ငံျဖစ္ပါတယ္။ ဒါေၾကာင္႔မို႔ သူတို႔ရဲ႕ေန႔လယ္စာစားခ်ိန္ကို အခ်ိန္အမ်ားႀကီးယူၿပီး ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ကုန္ဆံုးေလ့ရွိၾကပါတယ္။ ဂရိႏုိင္ငံသားေတြဟာ ႏွစ္နာရီမွာ ေန႔လယ္စာကို အားရပါးရစားၾကၿပီး တေရးတေမာအိပ္ အနားယူတတ္ၾကပါတယ္။ ငါးနာရီမွာေတာ့ အလုပ္ကိုျပန္ဝင္ၿပီး သူတို႔ရဲ႕အလုပ္ေတြကို ပံုမွန္အတိုင္း ဆက္လက္လုပ္ကုိင္ၾကပါတယ္။

Greece

Greece

(၃) ျပင္သစ္ (ႏွစ္နာရီ)

အစားအေသာက္ခ်စ္တဲ႔ ျပင္သစ္ႏိုင္ငံကေတာ့ ေန႔လယ္စာစားခ်ိန္ကို ႏွစ္နာရီေလာက္ ယူတတ္ၾကပါတယ္။ ကုန္စံုဆိုင္ေတြနဲ႔ ဖက္ရွင္ဆိုင္ေတြက ဝန္ထမ္းေတြ ေန႔လယ္စာစားဖုိ႔အတြက္ စားေသာက္ဆိုင္ေတြကလည္း ႏွစ္နာရီကေန ေလးနာရီအတြင္းထိ ဆိုင္ေတြကို မပိတ္ဘဲ ဖြင္႔ေပးၾကပါတယ္။ ေက်ာင္းမွ ကေလးေတြရဲ႕ ေန႔လယ္စာစားခ်ိန္ကိုလည္း အခ်ိန္ၾကာၾကာေပးထားတဲ႔အတြက္ ကေလးေတြလည္း ေပ်ာ္ရႊင္ၾကပါတယ္။

France

France

(၄) တရုတ္ (ႏွစ္နာရီ)

ေန႔လယ္စာစားခ်ိန္ကို အခ်ိန္ၾကာၾကားေပးတဲ႔ ေနာက္တိုးႏိုင္ငံတစ္ခုကေတာ့ တရုတ္ႏိုင္ငံ ျဖစ္ပါတယ္။ တရုတ္ႏိုင္ငံဟာ သူတို႔ရဲ႕ဝန္ထမ္းေတြကို ေန႔လယ္စာစားခ်ိန္ ၁၂ နာရီကေန ႏွစ္နာရီအတြင္း သတ္မွတ္ေပးထားပါတယ္။ စက္ရုံအလုပ္သမားေတြဆုိရင္ ေန႔လယ္စာစားခ်ိန္မွာ နာရီဝက္အိပ္ခြင္႔ရရွိပါတယ္။

China

China

(၅) ဘရာဇီး (ႏွစ္နာရီ)

ဘရာဇီးဟာ ေန႔လယ္စာစားခ်ိန္ အေကာင္းဆံုးရတဲ႔ ႏုိင္ငံတစ္ႏိုင္ငံ ျဖစ္ပါတယ္။ ေန႔လယ္စာစားခ်္ိန္မတုိင္မီ အစည္းအေဝးေတြ ျပဳလုပ္ၾကၿပီး ေန႔လယ္စာစားခ်ိန္ကို ႏွစ္နာရီ ယူပါတယ္။ ေန႔လယ္စာစားခ်ိန္ႏွစ္နာရီၿပီးတဲ႔ေနာက္မွာေတာ့ အလုပ္ေတြကို ပံုမွန္အတုိင္း ဆက္လုပ္ၾကပါတယ္။ သူတို႔ကို ေန႔လယ္စာစားခ်ိန္ကုိ ႏွစ္နာရီယူတဲ႔အတြက္ အစားထိုးျပန္ေပးတဲ႔အေနနဲ႔ ညဘက္ကိုေတာ့ ေနာက္က်မွ ျပန္ေလ့ရွိပါတယ္။

Brazil

Brazil

(၆) အီတလီ (၉၀ မိနစ္)

အီတလီႏိုင္ငံရဲ႕ ေန႔လယ္စာစားဖုိ႔ စံသတ္မွတ္ထားတဲ႔ အခ်ိန္ကေတာ့ တစ္နာရီခဲြ(မိနစ္ ၉၀) ျဖစ္ပါတယ္။ အီတလီႏုိင္ငံရဲ႕ ေနလယ္စာစားခ်ိန္ဟာ အခုေဖာ္ျပထားတဲ႔ စာရင္းေတြထဲမွာ အတိုဆံုးျဖစ္ပါတယ္။ ဒါေပမယ္႔ အေမရိကလိို ႏို္င္ငံနဲ႔ယွဥ္ရင္ေတာ့ ေန႔လယ္စာစားခ်ိန္ အမ်ားႀကီး ရတယ္လို႔ ေျပာလို႔ရပါတယ္။

Italy

Italy

ေန႔လယ္စာစားခ်ိန္ဟာ အစားအေသာက္ေတြစားၿပီး ခြန္အားေတြ ျပန္လည္ျဖည္႔တင္းရုံသာမကဘဲ ဦးေႏွာက္ကိုလည္း အားအင္အျပည္႔နဲ႔ ျပန္လည္လည္ပတ္ႏိုင္ဖို႔အတြက္ အနားယူေပးရတဲ့ အခ်ိန္မ်ဳိးျဖစ္ပါတယ္။ ဒါေၾကာင္႔မို႔ အလုပ္လုပ္ျမန္ျမန္ၿပီးဖို႔အတြက္ ေန႔လယ္စာစားခ်ိန္ကို ေက်ာ္ပစ္လိုိက္တာမ်ဳိး ဘယ္ေတာ့မွ မလုပ္သင္႔ပါဘူးလို႔ အၾကံျပဳပါရေစ။

H.H(Akhayar)

www.akhayar.com

[Unicode]

ဒီလိုနိုင်ငံတွေမှာ နေ့လယ်စာအေးအေးဆေးဆေး စားလို့ရပါတယ်

နေ့လယ်စာစားခြင်းဟာ လူတစ်ယောက်အတွက် မရှိမဖြစ် အရေးပါပါတယ်။ နေ့လယ်စာစားပေးခြင်းဖြင့် မနက်ကကုန်ဆုံးသွားတဲ့ စွမ်းအင်တွေကို ပြန်လည်ပြည့်တင်းလာစေပြီး တစ်နေ့တာရဲ့ ကျန်ရှိတဲ့ အချိန်တွေကို စွမ်းအင်အပြည့်နဲ့ ဖြတ်သန်းနိုင်စေပါတယ်။ ဒါပေမယ့် ယနေ့ လုပ်ငန်းခွင်မှာရှိတဲ့ လူတော်တော်များများဟာ နေ့လယ်စာကို သေချာလေးအချိန်ပေးပြီး မစားနိုင်ကြတော့ပါဘူး။ မြန်မာနိုင်ငံမှာဆိုရင်တော့ နေ့လယ်စာစားချိန်ကို တစ်နာရီသာ ရရှိပါတယ်။အမေရိကန်ပြည်ထောင်စုမှာဆိုရင် နေ့လယ်စာစားဖို့တောင် အချိန်သေချာမပေးနိုင်လောက်အောင် အလုပ်တွေများနေကြပါတယ်။ ဒါပေမယ့် တချို့နိုင်ငံမှာတော့ နေ့လယ်စာရဲ့ အရေးပါပုံကို သေချာနားလည်ပြီး နေ့လယ်စာစားချိန်ကို အချိန်အကြာကြီး ပေးကြတဲ့ နိုင်ငံတွေလည်း ရှိပါတယ်။ ဘယ်နိုင်ငံတွေက နေ့လယ်စာစားချိန် အကြာကြီးပေးလဲဆိုတာ ဗဟုသုတတိုးအောင် စပ်စုကြည့်ကြရအောင်။

(၁) စပိန် (သုံးနာရီ)

စပိန်မှာ နေ့လယ်စာစားချိန်ကို အစဉ်အလာနဲ့ကိုက်ညီအောင် ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ သူတို့ရဲ့နေ့လယ်စာစားချိန်မှာ တရေးတမောအိပ်ခွင့်ရရှိကြပါတယ်။ နှစ်နာရီကနေ ငါးနာရီအတွင်းမှာ သူတို့ရဲ့အလုပ်သမားတွေကို နေ့လယ်စာစား အနားယူခွင့်ပေးပါတယ်။ အဲဒီအချိန်ကလည်း သူတို့နိုင်ငံမှာ အပူချိန်အလွန်ပြင်းတဲ့အတွက် အလုပ်ကို သက်တောင့်သက်သာလုပ်ဖို့ ဘယ်လိုမှ အဆင်မပြေနိုင်ပါဘူး။ ဒါကြောင့်မို့ အဆိုပါအချိန်ကို အနားယူချိန်အဖြစ် ပေးထားခြင်း ဖြစ်ပါတယ်။

Spain

Spain

(၂) ဂရိ (သုံးနာရီ)

ဂရိနိုင်ငံဟာ အစာစားချိန်ကို အတတ်နိုင်ဆုံး လေးစာမှုရှိတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ ဒါကြောင့်မို့ သူတို့ရဲ့နေ့လယ်စာစားချိန်ကို အချိန်အများကြီးယူပြီး ပျော်ပျော်ရွှင်ရွှင် ကုန်ဆုံးလေ့ရှိကြပါတယ်။ ဂရိနိုင်ငံသားတွေဟာ နှစ်နာရီမှာ နေ့လယ်စာကို အားရပါးရစားကြပြီး တရေးတမောအိပ် အနားယူတတ်ကြပါတယ်။ ငါးနာရီမှာတော့ အလုပ်ကိုပြန်ဝင်ပြီး သူတို့ရဲ့အလုပ်တွေကို ပုံမှန်အတိုင်း ဆက်လက်လုပ်ကိုင်ကြပါတယ်။

Greece

Greece

(၃) ပြင်သစ် (နှစ်နာရီ)

အစားအသောက်ချစ်တဲ့ ပြင်သစ်နိုင်ငံကတော့ နေ့လယ်စာစားချိန်ကို နှစ်နာရီလောက် ယူတတ်ကြပါတယ်။ ကုန်စုံဆိုင်တွေနဲ့ ဖက်ရှင်ဆိုင်တွေက ဝန်ထမ်းတွေ နေ့လယ်စာစားဖို့အတွက် စားသောက်ဆိုင်တွေကလည်း နှစ်နာရီကနေ လေးနာရီအတွင်းထိ ဆိုင်တွေကို မပိတ်ဘဲ ဖွင့်ပေးကြပါတယ်။ ကျောင်းမှ ကလေးတွေရဲ့ နေ့လယ်စာစားချိန်ကိုလည်း အချိန်ကြာကြာပေးထားတဲ့အတွက် ကလေးတွေလည်း ပျော်ရွှင်ကြပါတယ်။

France

France

(၄) တရုတ် (နှစ်နာရီ)

နေ့လယ်စာစားချိန်ကို အချိန်ကြာကြားပေးတဲ့ နောက်တိုးနိုင်ငံတစ်ခုကတော့ တရုတ်နိုင်ငံ ဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ သူတို့ရဲ့ဝန်ထမ်းတွေကို နေ့လယ်စာစားချိန် ၁၂ နာရီကနေ နှစ်နာရီအတွင်း သတ်မှတ်ပေးထားပါတယ်။ စက်ရုံအလုပ်သမားတွေဆိုရင် နေ့လယ်စာစားချိန်မှာ နာရီဝက်အိပ်ခွင့်ရရှိပါတယ်။

China

China

(၅) ဘရာဇီး (နှစ်နာရီ)

ဘရာဇီးဟာ နေ့လယ်စာစားချိန် အကောင်းဆုံးရတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ နေ့လယ်စာစားချိန်မတိုင်မီ အစည်းအဝေးတွေ ပြုလုပ်ကြပြီး နေ့လယ်စာစားချိန်ကို နှစ်နာရီ ယူပါတယ်။ နေ့လယ်စာစားချိန်နှစ်နာရီပြီးတဲ့နောက်မှာတော့ အလုပ်တွေကို ပုံမှန်အတိုင်း ဆက်လုပ်ကြပါတယ်။ သူတို့ကို နေ့လယ်စာစားချိန်ကို နှစ်နာရီယူတဲ့အတွက် အစားထိုးပြန်ပေးတဲ့အနေနဲ့ ညဘက်ကိုတော့ နောက်ကျမှ ပြန်လေ့ရှိပါတယ်။

Brazil

Brazil

(၆) အီတလီ (၉၀ မိနစ်)

အီတလီနိုင်ငံရဲ့ နေ့လယ်စာစားဖို့ စံသတ်မှတ်ထားတဲ့ အချိန်ကတော့ တစ်နာရီခွဲ(မိနစ် ၉၀) ဖြစ်ပါတယ်။ အီတလီနိုင်ငံရဲ့ နေလယ်စာစားချိန်ဟာ အခုဖော်ပြထားတဲ့ စာရင်းတွေထဲမှာ အတိုဆုံးဖြစ်ပါတယ်။ ဒါပေမယ့် အမေရိကလို နိုင်ငံနဲ့ယှဉ်ရင်တော့ နေ့လယ်စာစားချိန် အများကြီး ရတယ်လို့ ပြောလို့ရပါတယ်။

Italy

Italy

နေ့လယ်စာစားချိန်ဟာ အစားအသောက်တွေစားပြီး ခွန်အားတွေ ပြန်လည်ဖြည့်တင်းရုံသာမကဘဲ ဦးနှောက်ကိုလည်း အားအင်အပြည့်နဲ့ ပြန်လည်လည်ပတ်နိုင်ဖို့အတွက် အနားယူပေးရတဲ့ အချိန်မျိုးဖြစ်ပါတယ်။ ဒါကြောင့်မို့ အလုပ်လုပ်မြန်မြန်ပြီးဖို့အတွက် နေ့လယ်စာစားချိန်ကို ကျော်ပစ်လိုက်တာမျိုး ဘယ်တော့မှ မလုပ်သင့်ပါဘူးလို့ အကြံပြုပါရစေ။

H.H(Akhayar)

www.akhayar.com