This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

ကြန္ကာကပ္ဖ္ရဲ႕ ေအာင္ျမင္မႈအမ်ားဆုံးအျဖစ္ ရပ္တည္ေနတဲ့ ေကာ္စတာရီကာ

ဗဟုိအေမရိက Central America က အသင္းေတြထဲမွာ ေကာ္စတာရီကာဟာ ေအာင္ျမင္မႈ အမ်ားဆုံးရ ယူထားတဲ့အသင္းအျဖစ္ ရပ္တည္ေနပါတယ္။ ကြန္ကာကပ္ဖ္ခ်န္ပီယံရွစ္ ခ်န္ပီယံ(၃)ႀကိမ္၊ Copa Centroamericana (၈)ႀကိမ္ရရွိခဲ့တဲ့အျပင္ Central America အသင္းေတြထဲမွာ ကမၻာ႔ဖလားၿပိဳင္ပဲြကုိ (၄)ႀကိမ္ယွဥ္ၿပိဳင္ခဲ့ဖူးတဲ့ တစ္သငး္တည္းေသာအသင္းလည္းျဖစ္ပါတယ္။ တစ္ခ်ိန္တစ္ခါတုန္းက မန္စီးတီးအသင္းမွာ ကစားခဲ့ဖူးတဲ့ ေပၚလုိ၀မ္ေခ်ာ႔ပ္Paulo Wanchope နဲ႔ ဂႏၳ၀င္တိုက္စစ္မွဴး ႀကီး ဖြန္ဆက္ကာ Rolando Fonseca တို႔ရဲ႕ ေခတ္တစ္ခုမွာ ေကာ္စတာရီကာအသင္းဟာ ကမၻာ႔ေဘာလုံးေလာကမွာ ထုိက္သင့္တဲ့အဆင့္တစ္ခုကုိ ေရာက္ရွိခဲ့ဖူးပါတယ္။ အခုအခ်ိန္မွာလည္း High Profile ကစားသမား မ်ားမ်ားစားစားမရွိေပမယ့္ Quality Players ေတြကုိ ပုိင္ဆုိင္ထားတာေၾကာင့္ ၿပိဳင္ဘက္ေတြကုိ ဒုကၡေပးႏုိင္စြမ္းရွိတဲ့အသင္းတစ္သင္းအျဖစ္ သတ္မွတ္ရမွာပါ . . .

Costa_Rica_national_football_team

Costa_Rica_national_football_team

ေကာ္စတာရီကာအသင္းရဲ႕ ကမၻာ႔ဖလားသမုိင္းေၾကာင္း
အီတလီႏုိင္ငံမွာ က်င္းပခဲ့တဲ့ ၁၉၉၀ ကမၻာ႔ဖလားမွ ပထမဆုံးအႀကိမ္ ေျခစစ္ပဲြ ေအာင္ျမင္ခဲ့တဲ့ ေကာ္စတာရီကာအသင္းဟာ ပထမဆုံးၿပိဳင္ပဲြမွာပဲ ႐ံႈးထြက္အဆင့္အထိ တက္ေရာက္ခဲ့ပါတယ္။ ေကာ္စတာရီကာ အသင္းဟာ ကမၻာ႔ဖလားၿပိဳင္ပဲြမွာ ၁၉၉၀၊ ၂၀၀၂၊ ၂၀၀၆၊ ၂၀၁၄ ခုႏွစ္ေတြတုန္းက ပါ၀င္ယွဥ္ၿပိဳင္ခဲ့ဖူးၿပီး အခု တစ္ႀကိမ္က သူတို႔အတြက္ (၅)ႀကိမ္ေျမာက္ ကမၻာ႔ဖလားၿပိဳင္ပဲြလည္းျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ၂၀၁၄ ကမၻာ႔ဖ လားၿပိဳင္ပဲြက အသင္းသမုိင္းတစ္ေလွ်ာက္ ကြာတားဖုိင္နယ္အဆင့္ တက္ေရာက္ႏုိင္ခဲ့တဲ့အထိ ေအာင္ ျမင္မႈရခဲ့တယ္။

Costa_Rica_national_football_team-

Costa_Rica_national_football_team-

၂၀၁၈ ကမၻာ႔ဖလားေျခစစ္ပဲြျဖတ္သန္းခဲ့မႈ
ကြန္ကာကပ္ဖ္ဇုန္မွာ ေကာ္စတာရီကာအသင္းဟာ နာမည္ႀကီး အေမရိကန္ကုိ ေက်ာ္ျဖတ္ၿပီး ကမၻာ႔ဖလားသြားခြင့္လက္မွတ္ကုိ ရယူႏုိင္ခဲ့တာျဖစ္ပါတယ္။ အေမရိကန္အသင္းကုိ အိမ္ကြင္း၊ အေ၀းကြင္း ႏွစ္ေက်ာ႔ စလုံး အႏုိင္ကစားခဲ့ၿပီး မကၠဆီကုိ၊ ပနားမားအသင္းတို႔နဲ႔ပဲြေတြမွာသာ ႐ႈံးပဲြေတြ႕ခဲ့တာပါ။ (၁၀)ပဲြကစား (၄) ပဲြႏုိင္၊ (၄)ပဲြသေရ၊ (၂)ပဲြ႐ႈံး (၁၆)မွတ္နဲ႔ မကၠဆီကုိအသင္းရဲ႕ေနာက္ ဒုတိယေနရာနဲ႔ တိုက္႐ုိက္ေျခစစ္ပဲြ ေအာင္ျမင္ခဲ့တာလည္းျဖစ္ပါတယ္။

Keylor-Navas

Keylor-Navas

ေစာင့္ၾကည့္ရမယ့္ကစားသမားမ်ား
ရီးယဲလ္အသငး္ရဲ႕ ဂုိးေပါက္မွာ အေကာင္းဆုံးကာကြယ္မႈေတြလုပ္ခဲ့တဲ့ ဂုိးသမားႀကီး ေကလာနာဗတ္စ္ Keylor Navas ၊ ၀ါရင့္တိုက္စစ္မွဴး ဘ႐ုိင္ယန္႐ုဇ္ Bryan Ruiz ၊ ကြင္းလယ္က ဆယ္လ္ဆုိေဘာ္ဂတ္စ္စ္ Celso Borges တို႔က အသင္းရဲ႕ အဓိက အမာခံကစားသမားေတြျဖစ္လာမွာပါ။ ဥေရာပအေျခစုိက္ ကစားသမား အနညး္စုသာ ပါ၀င္ၿပီး ျပည္တြင္းလိဂ္နဲ႔ ေမဂ်ာလိဂ္မွာ ကစားေနတဲ့ ကစားသမားအမ်ားစုနဲ႔ ဖြဲ႕စည္းထားတဲ့ အသင္းတစ္သင္းလည္းျဖစ္ပါတယ္။

REF:Wikipedia
Photo:Goal.com,Getty Images,The Tico Times
Naing Linn(Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

ကွန်ကာကပ်ဖ်ရဲ့ အောင်မြင်မှုအများဆုံးအဖြစ် ရပ်တည်နေတဲ့ ကော်စတာရီကာ

ဗဟိုအမေရိက Central America က အသင်းတွေထဲမှာ ကော်စတာရီကာဟာ အောင်မြင်မှု အများဆုံးရ ယူထားတဲ့အသင်းအဖြစ် ရပ်တည်နေပါတယ်။ ကွန်ကာကပ်ဖ်ချန်ပီယံရှစ် ချန်ပီယံ(၃)ကြိမ်၊ Copa Centroamericana (၈)ကြိမ်ရရှိခဲ့တဲ့အပြင် Central America အသင်းတွေထဲမှာ ကမ္ဘာ့ဖလားပြိုင်ပွဲကို (၄)ကြိမ်ယှဉ်ပြိုင်ခဲ့ဖူးတဲ့ တစ်သင်းတည်းသောအသင်းလည်းဖြစ်ပါတယ်။ တစ်ချိန်တစ်ခါတုန်းက မန်စီးတီးအသင်းမှာ ကစားခဲ့ဖူးတဲ့ ပေါ်လိုဝမ်ချော့ပ်Paulo Wanchope နဲ့ ဂန္ထဝင်တိုက်စစ်မှူး ကြီး ဖွန်ဆက်ကာ Rolando Fonseca တို့ရဲ့ ခေတ်တစ်ခုမှာ ကော်စတာရီကာအသင်းဟာ ကမ္ဘာ့ဘောလုံးလောကမှာ ထိုက်သင့်တဲ့အဆင့်တစ်ခုကို ရောက်ရှိခဲ့ဖူးပါတယ်။ အခုအချိန်မှာလည်း High Profile ကစားသမား များများစားစားမရှိပေမယ့် Quality Players တွေကို ပိုင်ဆိုင်ထားတာကြောင့် ပြိုင်ဘက်တွေကို ဒုက္ခပေးနိုင်စွမ်းရှိတဲ့အသင်းတစ်သင်းအဖြစ် သတ်မှတ်ရမှာပါ . . .

Costa_Rica_national_football_team

Costa_Rica_national_football_team

ကော်စတာရီကာအသင်းရဲ့ ကမ္ဘာ့ဖလားသမိုင်းကြောင်း
အီတလီနိုင်ငံမှာ ကျင်းပခဲ့တဲ့ ၁၉၉၀ ကမ္ဘာ့ဖလားမှ ပထမဆုံးအကြိမ် ခြေစစ်ပွဲ အောင်မြင်ခဲ့တဲ့ ကော်စတာရီကာအသင်းဟာ ပထမဆုံးပြိုင်ပွဲမှာပဲ ရှုံးထွက်အဆင့်အထိ တက်ရောက်ခဲ့ပါတယ်။ ကော်စတာရီကာ အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၁၉၉၀၊ ၂၀၀၂၊ ၂၀၀၆၊ ၂၀၁၄ ခုနှစ်တွေတုန်းက ပါဝင်ယှဉ်ပြိုင်ခဲ့ဖူးပြီး အခု တစ်ကြိမ်က သူတို့အတွက် (၅)ကြိမ်မြောက် ကမ္ဘာ့ဖလားပြိုင်ပွဲလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၄ ကမ္ဘာ့ဖ လားပြိုင်ပွဲက အသင်းသမိုင်းတစ်လျှောက် ကွာတားဖိုင်နယ်အဆင့် တက်ရောက်နိုင်ခဲ့တဲ့အထိ အောင် မြင်မှုရခဲ့တယ်။

Costa_Rica_national_football_team-

Costa_Rica_national_football_team-

၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲဖြတ်သန်းခဲ့မှု
ကွန်ကာကပ်ဖ်ဇုန်မှာ ကော်စတာရီကာအသင်းဟာ နာမည်ကြီး အမေရိကန်ကို ကျော်ဖြတ်ပြီး ကမ္ဘာ့ဖလားသွားခွင့်လက်မှတ်ကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ အမေရိကန်အသင်းကို အိမ်ကွင်း၊ အဝေးကွင်း နှစ်ကျော့ စလုံး အနိုင်ကစားခဲ့ပြီး မက္ကဆီကို၊ ပနားမားအသင်းတို့နဲ့ပွဲတွေမှာသာ ရှုံးပွဲတွေ့ခဲ့တာပါ။ (၁၀)ပွဲကစား (၄) ပွဲနိုင်၊ (၄)ပွဲသရေ၊ (၂)ပွဲရှုံး (၁၆)မှတ်နဲ့ မက္ကဆီကိုအသင်းရဲ့နောက် ဒုတိယနေရာနဲ့ တိုက်ရိုက်ခြေစစ်ပွဲ အောင်မြင်ခဲ့တာလည်းဖြစ်ပါတယ်။

Keylor-Navas

Keylor-Navas

စောင့်ကြည့်ရမယ့်ကစားသမားများ
ရီးယဲလ်အသင်းရဲ့ ဂိုးပေါက်မှာ အကောင်းဆုံးကာကွယ်မှုတွေလုပ်ခဲ့တဲ့ ဂိုးသမားကြီး ကေလာနာဗတ်စ် Keylor Navas ၊ ဝါရင့်တိုက်စစ်မှူး ဘရိုင်ယန်ရုဇ် Bryan Ruiz ၊ ကွင်းလယ်က ဆယ်လ်ဆိုဘော်ဂတ်စ်စ် Celso Borges တို့က အသင်းရဲ့ အဓိက အမာခံကစားသမားတွေဖြစ်လာမှာပါ။ ဥရောပအခြေစိုက် ကစားသမား အနည်းစုသာ ပါဝင်ပြီး ပြည်တွင်းလိဂ်နဲ့ မေဂျာလိဂ်မှာ ကစားနေတဲ့ ကစားသမားအများစုနဲ့ ဖွဲ့စည်းထားတဲ့ အသင်းတစ်သင်းလည်းဖြစ်ပါတယ်။

REF:Wikipedia
Photo:Goal.com,Getty Images,The Tico Times
Naing Linn(Akhayar)
www.akhayar.com