This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

ကိုလာေရာ႔ဗ္ရဲ႕ အလန္းစား ဖရီးကစ္ဂိုးနဲ႔ အႏိုင္ (၃)မွတ္ ရရွိခဲ့တဲ့ ဆာဘီးယားအသင္း

အႏိုင္ရတဲ့ အသင္းက ေနာက္တစ္ဆင့္ကို ေမွ်ာ္လင့္ႏုိင္မွာျဖစ္လို႔ (၂)သင္းစလံုး အဓိက ကစားသမား အစံုအလင္နဲ႔ အက်ိတ္အနယ္ ယွဥ္ၿပိဳင္ကစားခဲ့ၿပီး ၿပိဳင္ဆိုင္မႈ ျပင္းထန္ခဲ့ပါတယ္။ မာေက်ာတဲ့ ကစားဟန္ျခင္း ဆင္တူတဲ့ အသင္း (၂)သင္း ထိပ္တိုက္ ေတြ႕ဆံုခဲ့တာျဖစ္လို႔ မၾကာခဏ ျပစ္ဒဏ္က်ဴးလြန္မႈေတြ ရွိခဲ့ၿပီး ပြဲၿပီးခါနီးမွာ မာတစ္ေၾကာင့္ ႏွစ္ဖက္အသင္းသားေတြ အခ်င္းမ်ားခဲ့ၾကပါတယ္။ ႏွစ္သင္းစလံုး အျပန္အလွန္ ထိုးေဖာက္မႈေတြနဲ႔ ပြဲေကာင္းတစ္ပြဲျဖစ္ခဲ့ၿပီး ဆာဘီးယားအသင္းက (၁-၀)ဂိုးနဲ႔ အႏိုင္ရရွိခဲ့တာ ျဖစ္ပါတယ္။ ပထမပိုင္းမွာ ဆာဘီးယားအသင္းက ေဘာလံုးပိုင္ဆိုင္မႈ အသာစီးရယူႏိုင္ခဲ့ၿပီး ဂိုးအျဖစ္ ေျပာင္းလဲႏိုင္မယ့္ အခြင့္အေရးေတြ ရရွိခဲ့ေပမယ့္ တိုက္စစ္မွဴး မီထရိုဗစ္ အဆံုးသတ္ မေသခ်ာခဲ့လို႔ ဂိုးမရွိသေရနဲ႔ ၿပီးဆံုးခဲ့ပါတယ္။

Nemanja-Matic-is-firing-up-the-crowd-in-Samara-now-as-Serbia-make-their-third-change

Nemanja-Matic-is-firing-up-the-crowd-in-Samara-now-as-Serbia-make-their-third-change

ဒုတိယပိုင္းမွာလည္း တစ္ဖက္နဲ႔ တစ္ဖက္ အျပန္အလွန္ ထိုးေဖာက္မႈေတြျပဳလုပ္ခဲ့ၿပီး ဆာဘီးယားအသင္းအတြက္ တစ္လံုးတည္းေသာ အႏိုင္ဂိုးကို ပြဲကစားခ်ိန္ (၅၆)မွာ ရရွိခဲ့တဲ့ ဖရီးကစ္ကေန အသင္းေခါင္းေဆာင္ ကိုလာေရာ႔ဗ္က လွလွပပ ေဝ့ဝိုက္ ကန္သြင္းယူခဲ့တာ ျဖစ္ပါတယ္။ ေနာက္ပိုင္းပြဲခ်ိန္ေတြမွာ ဆာဘီးယားအသင္းက အႏိုင္ရလဒ္ကို ထိန္းကစားသြားခဲ့ၿပီး ေကာ္စတာရီကာအသင္း ထိုးေဖာက္မႈေတြ ျပဳလုပ္ႏိုင္ခဲ့ေပမယ့္ ထိေရာက္တဲ့ တိုက္စစ္ဆင္မႈမ်ိဳး မျပဳလုပ္ႏိုင္ခဲ့ပါဘူး။ မိနစ္ (၉၀)ျပည့္လို႔ နာက်င္အခ်ိန္အေရာက္မွာေတာ့ ပြဲရဲ႕ ၿပိဳင္ဆိုင္မႈ အျပင္းထန္ဆံုး ျဖစ္ခဲ့ၿပီး ႏွစ္ဖက္ ကစားသမားေတြ အခ်င္းမ်ားမႈေတြ ျဖစ္ပြားခဲ့သလို ေကာ္စတာရီကာ ေနာက္ခံလူမ်က္ႏွာကို လက္နဲ႔ ရိုက္္ခဲ့တဲ့ ဆာဘီးယားတိုက္စစ္ကစားသမား ပရီဂ်ိဳဗစ္ရဲ႕ လုပ္ရပ္ကို ကြင္းလယ္ဒိုင္က VAR စနစ္အသံုးျပဳကာ အဝါကတ္ျပသခဲ့တဲ့ ျဖစ္ရပ္ေတြ ျဖစ္ပြားခဲ့ပါတယ္။ ဒီေန႔ပြဲရဲ႕ အေကာင္းဆံုး ကစားသမားဆုကို ဆာဘီးယားအသင္းအတြက္ တစ္လံုးတည္းေသာ အႏိုင္ဂိုးကို သြင္းယူေပးခဲ့တဲ့ အသင္းေခါင္းေဆာင္ ကိုလာေရာ႔ဗ္က ရရွိခဲ့ပါတယ္။

Photo:FIFA.com
Aung Kyaw Wai (Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

ကိုလာရော့ဗ်ရဲ့ အလန်းစား ဖရီးကစ်ဂိုးနဲ့ အနိုင် (၃)မှတ် ရရှိခဲ့တဲ့ ဆာဘီးယားအသင်း

အနိုင်ရတဲ့ အသင်းက နောက်တစ်ဆင့်ကို မျှော်လင့်နိုင်မှာဖြစ်လို့ (၂)သင်းစလုံး အဓိက ကစားသမား အစုံအလင်နဲ့ အကျိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ပြီး ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့ပါတယ်။ မာကျောတဲ့ ကစားဟန်ခြင်း ဆင်တူတဲ့ အသင်း (၂)သင်း ထိပ်တိုက် တွေ့ဆုံခဲ့တာဖြစ်လို့ မကြာခဏ ပြစ်ဒဏ်ကျူးလွန်မှုတွေ ရှိခဲ့ပြီး ပွဲပြီးခါနီးမှာ မာတစ်ကြောင့် နှစ်ဖက်အသင်းသားတွေ အချင်းများခဲ့ကြပါတယ်။ နှစ်သင်းစလုံး အပြန်အလှန် ထိုးဖောက်မှုတွေနဲ့ ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပြီး ဆာဘီးယားအသင်းက (၁-ဝ)ဂိုးနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ ပထမပိုင်းမှာ ဆာဘီးယားအသင်းက ဘောလုံးပိုင်ဆိုင်မှု အသာစီးရယူနိုင်ခဲ့ပြီး ဂိုးအဖြစ် ပြောင်းလဲနိုင်မယ့် အခွင့်အရေးတွေ ရရှိခဲ့ပေမယ့် တိုက်စစ်မှူး မီထရိုဗစ် အဆုံးသတ် မသေချာခဲ့လို့ ဂိုးမရှိသရေနဲ့ ပြီးဆုံးခဲ့ပါတယ်။

Nemanja-Matic-is-firing-up-the-crowd-in-Samara-now-as-Serbia-make-their-third-change

Nemanja-Matic-is-firing-up-the-crowd-in-Samara-now-as-Serbia-make-their-third-change

ဒုတိယပိုင်းမှာလည်း တစ်ဖက်နဲ့ တစ်ဖက် အပြန်အလှန် ထိုးဖောက်မှုတွေပြုလုပ်ခဲ့ပြီး ဆာဘီးယားအသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ပွဲကစားချိန် (၅၆)မှာ ရရှိခဲ့တဲ့ ဖရီးကစ်ကနေ အသင်းခေါင်းဆောင် ကိုလာရော့ဗ်က လှလှပပ ဝေ့ဝိုက် ကန်သွင်းယူခဲ့တာ ဖြစ်ပါတယ်။ နောက်ပိုင်းပွဲချိန်တွေမှာ ဆာဘီးယားအသင်းက အနိုင်ရလဒ်ကို ထိန်းကစားသွားခဲ့ပြီး ကော်စတာရီကာအသင်း ထိုးဖောက်မှုတွေ ပြုလုပ်နိုင်ခဲ့ပေမယ့် ထိရောက်တဲ့ တိုက်စစ်ဆင်မှုမျိုး မပြုလုပ်နိုင်ခဲ့ပါဘူး။ မိနစ် (၉၀)ပြည့်လို့ နာကျင်အချိန်အရောက်မှာတော့ ပွဲရဲ့ ပြိုင်ဆိုင်မှု အပြင်းထန်ဆုံး ဖြစ်ခဲ့ပြီး နှစ်ဖက် ကစားသမားတွေ အချင်းများမှုတွေ ဖြစ်ပွားခဲ့သလို ကော်စတာရီကာ နောက်ခံလူမျက်နှာကို လက်နဲ့ ရိုက်ခဲ့တဲ့ ဆာဘီးယားတိုက်စစ်ကစားသမား ပရီဂျိုဗစ်ရဲ့ လုပ်ရပ်ကို ကွင်းလယ်ဒိုင်က VAR စနစ်အသုံးပြုကာ အဝါကတ်ပြသခဲ့တဲ့ ဖြစ်ရပ်တွေ ဖြစ်ပွားခဲ့ပါတယ်။ ဒီနေ့ပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကို ဆာဘီးယားအသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးခဲ့တဲ့ အသင်းခေါင်းဆောင် ကိုလာရော့ဗ်က ရရှိခဲ့ပါတယ်။

Photo:FIFA.com
Aung Kyaw Wai (Akhayar)
www.akhayar.com