[Zawgyi]

မိန္းကေလးေတြအတြက္ Hourglass Shape ပံုေဖာ္ေပးမယ့္ Corset

အလွအပေရးရာမွ တစ္ဖက္ကမ္းလြန္လွခ်င္ၾကတာ မိန္းကေလးေတြပါ။ အသားအေရေလးၾကည္ခ်င္တယ္။ အရပ္ေလးရွည္ခ်င္တယ္။ အသားျဖဴခ်င္တယ္။ ေမးရိုးေလးသြယ္ခ်င္တယ္။ ပါးေလးမို႔မို႔ေလးျဖစ္ခ်င္တယ္။ နည္းလမး္မ်ိဳးစံု က႑မ်ိဳးစံုနဲ႔ ကိုယ့္ရဲ႕ အလွကို ျပီးျပည့္စံုခ်င္ၾကတယ္။ ဒီလို က႑အစံုထဲမွာမွ ဗိုက္ခ်ပ္ျပီး ခါးေလးသြယ္ခ်င္တာက အလိုခ်င္ဆံုး က႑ျဖစ္လို႔ေနပါတယ္။ ဒီအတြက္ အစာေတြေလ်ာ့စားၾကတယ္။ ပိန္ေဆးေတြေသာက္ၾကတယ္။ က်န္းမာေရးနဲ႔ ညီညြတ္တဲ့လမ္းစဥ္အတိုင္းမလိုက္ပဲ အလြယ္လမ္းလိုက္ၾကတယ္။

HP Spectre 13

HP Spectre 13

HP Spectre 13 အေၾကာင္း အေသးစိတ္သိရွိရန္

ဒီလိုလုပ္မိတဲ့အခါ က်န္းက်န္းမာမာနဲ႔ မလွပႏိုင္ၾကေတာ့ဘဲ မလိုခ်င္တဲ့ ကိစၥေတြျဖစ္လာခဲ့တယ္။ ဒီလိုမ်ိဳးေတြမျဖစ္ေအာင္ ကိုယ့္ရဲ႕ ခါးေလးကိုလည္း ေသးေသးသြယ္သြယ္ျဖစ္ေစမယ္၊ ဗိုက္ေလးကိုလည္း ခ်ပ္ခ်ပ္ရပ္ရပ္ေလးျဖစ္ေစမယ့္ အေကာင္းဆံုးနည္းလမ္းကိုေျပာျပေပးခ်င္တယ္။ အဲဒါကေတာ့ Corset ဘဲျဖစ္ပါတယ္။

Acer Nitro 5

Acer Nitro 5

Acer Nitro 5 အေၾကာင္း အေသးစိတ္သိရွိရန္

Corset ဆိုတာဘာလဲ?

Women Corset

Women Corset

Corset ဆိုတာ ကိုယ့္ရဲ႕ ခါးေလးကို Hourglass Shape ပံုစံေလးျဖစ္ေအာင္ ေသးေသးေလးနဲ႔ သြယ္သြယ္ေလးျဖစ္ေစေအာင္ ျပဳလုပ္ေပးႏုိင္တဲ့ ခါးရွည္ေဘာ္လီပဲျဖစ္ပါတယ္။ ခါးေသးေအာင္လုပ္ေပးတဲ့အျပင္ ဗိုက္ခ်ပ္ေအာင္ပါ ျပဳလုပ္ေပးႏုိင္ပါတယ္။ Corset ဆိုတာ မိန္းကေလးေတြဝတ္တဲ့ ဘရာစီယာလိုမ်ိဳးမဟုတ္ခဲ့ပါဘူး။ တင္ဖံုးတဲ့ ခါးရွည္ေဘာ္လီပံုစံမ်ိဳးျဖစ္ပါတယ္။ ဒီဇိုင္းအမ်ိဳးမ်ိဳး၊ ပံုစံအမ်ိဳးမ်ိဳးနဲ႔ လာပါတယ္။ ဘယ္လိုပံုစံမ်ိဳးနဲ႔ပဲ လာပါေစ… Corset ကိုဝတ္ဆင္ရတာကေတာ့ သူ႕မွာပါဝင္တဲ့ ၾကိဳးကို တင္းက်ပ္ေနေအာင္ ဆြဲခ်ည္ျပီး ဝတ္ဆင္ရတာပဲျဖစ္ပါတယ္။ Corset က သာမန္ Bra ေတြထက္ပိုျပီး ေတာင့္တင္းပါတယ္။ အတြင္းထဲမွာ Flexible Steel Rod ေတြနဲ႔ေထာက္ထားတာျဖစ္တဲ့အတြက္ ထိုင္တာ၊ ထတာကအစ အျမဲတမ္း မတ္မတ္ေလးျဖစ္ေနေစပါတယ္။

Corset ကို ဘယ္လိုဝတ္ဆင္သင့္လဲ?

Wearing A Corset

Wearing A Corset

Corset ဟာ ဒီဇိုင္းပံုစံ၊ အေရာင္မ်ိဳးစံုနဲ႔လာတဲ့အတြက္ Fashion က်က် Style ထြင္ျပီး ဝတ္ဆင္လို႔ရပါတယ္။ Satin လိုမ်ိဳး ပိုးသားအစေတြနဲ႔ ခ်ဳပ္ထားတဲ့ Corset မ်ိုးဆိုရင္ေတာ့ အက်ၤီအျပင္ဘက္မွာထုတ္ျပီး ဝတ္ဆင္လို႔ရပါတယ္။ ထုတ္လုပ္တဲ့ ပံုစံကလည္း Underbust နဲ႔ Overbust ဆိုျပီး ၂မ်ိဳးရွိပါတယ္။ Underbust ကေတာ့ ေဘာ္လီခြက္မပါပဲ ခါးနဲ႔ဗိုက္ကိုသာ အဓိကထားျပီး ခ်ဳပ္လုပ္ထားတာျဖစ္ပါတယ္။ Overbust ကေတာ့ ေဘာ္လီခြက္ပါ တစ္ပါတည္းပါတဲ့အတြက္ အလုပ္မရႈပ္ခ်င္တဲ့သူေတြအတြက္ သင့္ေတာ္ပါတယ္။

Corset Size ကို ဘယ္လိုေရြးခ်ယ္မလဲ?

Underbust vs Overbusts

Underbust vs Overbusts

Corset ရဲ႕ Size က သာမန္ Bra ေတြထက္ Size အမွန္အကန္ရဖို႔ ပိုခက္ခဲပါတယ္။ သူ႕ရဲ႕ Measurement ေတြကို နားလည္သြားရင္ေတာ့ အဲေလာက္ခက္ခဲမယ္မထင္ပါဘူး။ ကိုယ့္ရဲ႕ ခါး Size အေပၚမူတည္ျပီး Corset ကို ဝတ္ယူႏိုင္ပါတယ္။ ဥပမာ – ကိုယ့္ရဲ႕ ခါး Size က ပတ္လက္အတိုင္း ၃၈လက္မ ေအာက္မွာရွိေနရင္ေတာ့ တိုင္းလို႔ရတဲ့အတိုင္းအတာထက္ ၄လက္မ (သို႕) ၇လက္မေလ်ာ့တဲ့ Size ကိုမွာပါ။ ပတ္လည္အတိုင္းအထြာက ၃၈လက္မထက္မ်ားေနရင္ေတာ့ Corset Size ကို တိုင္းလို႔ရတဲ့ ခါး Size ထက္ ၇လက္မ (သုိ႔) ၁၀လက္မေလ်ာ့တဲ့ Size ကိုမွာရမွာျဖစ္ပါတယ္။

ခါးေလးကုိ ေသးသြယ္ခ်င္တယ္၊ ဗိုက္ေလးကို ခ်ပ္ခ်င္တဲ့သူေတြ အျမဲတမ္းလိုလိုဝတ္ထားဖို႔လိုအပ္ပါတယ္။ ခြ်တ္လိုက္ ဝတ္လုိက္နဲ႔ လုပ္ေနမယ္ဆိုရင္ေတာ့ အက်ိဳးသက္ေရာက္မႈက ခဏတာပဲရရွိမွာျဖစ္ပါတယ္။ အျမဲတမ္းဝတ္ဆင္ထားမယ္ဆိုရင္ေတာ့ တစ္ပတ္ ႏွစ္ပတ္အတြင္း Hourglass Shape ကို သိသိသာသာရရွိမွာျဖစ္ပါတယ္။

Redrose (Akhayar)

www.akhayar.com

Reference Link: https://www.orchardcorset.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

မိန်းကလေးတွေအတွက် Hourglass Shape ပုံဖော်ပေးမယ့် Corset

အလှအပရေးရာမှ တစ်ဖက်ကမ်းလွန်လှချင်ကြတာ မိန်းကလေးတွေပါ။ အသားအရေလေးကြည်ချင်တယ်။ အရပ်လေးရှည်ချင်တယ်။ အသားဖြူချင်တယ်။ မေးရိုးလေးသွယ်ချင်တယ်။ ပါးလေးမို့မို့လေးဖြစ်ချင်တယ်။ နည်းလမ်းမျိုးစုံ ကဏ္ဍမျိုးစုံနဲ့ ကိုယ့်ရဲ့ အလှကို ပြီးပြည့်စုံချင်ကြတယ်။ ဒီလို ကဏ္ဍအစုံထဲမှာမှ ဗိုက်ချပ်ပြီး ခါးလေးသွယ်ချင်တာက အလိုချင်ဆုံး ကဏ္ဍဖြစ်လို့နေပါတယ်။ ဒီအတွက် အစာတွေလျော့စားကြတယ်။ ပိန်ဆေးတွေသောက်ကြတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့လမ်းစဉ်အတိုင်းမလိုက်ပဲ အလွယ်လမ်းလိုက်ကြတယ်။

HP Spectre 13

HP Spectre 13

HP Spectre 13 အကြောင်း အသေးစိတ်သိရှိရန်

ဒီလိုလုပ်မိတဲ့အခါ ကျန်းကျန်းမာမာနဲ့ မလှပနိုင်ကြတော့ဘဲ မလိုချင်တဲ့ ကိစ္စတွေဖြစ်လာခဲ့တယ်။ ဒီလိုမျိုးတွေမဖြစ်အောင် ကိုယ့်ရဲ့ ခါးလေးကိုလည်း သေးသေးသွယ်သွယ်ဖြစ်စေမယ်၊ ဗိုက်လေးကိုလည်း ချပ်ချပ်ရပ်ရပ်လေးဖြစ်စေမယ့် အကောင်းဆုံးနည်းလမ်းကိုပြောပြပေးချင်တယ်။ အဲဒါကတော့ Corset ဘဲဖြစ်ပါတယ်။

Acer Nitro 5

Acer Nitro 5

Acer Nitro 5 အကြောင်း အသေးစိတ်သိရှိရန်

Corset ဆိုတာဘာလဲ?

Women Corset

Women Corset

Corset ဆိုတာ ကိုယ့်ရဲ့ ခါးလေးကို Hourglass Shape ပုံစံလေးဖြစ်အောင် သေးသေးလေးနဲ့ သွယ်သွယ်လေးဖြစ်စေအောင် ပြုလုပ်ပေးနိုင်တဲ့ ခါးရှည်ဘော်လီပဲဖြစ်ပါတယ်။ ခါးသေးအောင်လုပ်ပေးတဲ့အပြင် ဗိုက်ချပ်အောင်ပါ ပြုလုပ်ပေးနိုင်ပါတယ်။ Corset ဆိုတာ မိန်းကလေးတွေဝတ်တဲ့ ဘရာစီယာလိုမျိုးမဟုတ်ခဲ့ပါဘူး။ တင်ဖုံးတဲ့ ခါးရှည်ဘော်လီပုံစံမျိုးဖြစ်ပါတယ်။ ဒီဇိုင်းအမျိုးမျိုး၊ ပုံစံအမျိုးမျိုးနဲ့ လာပါတယ်။ ဘယ်လိုပုံစံမျိုးနဲ့ပဲ လာပါစေ… Corset ကိုဝတ်ဆင်ရတာကတော့ သူ့မှာပါဝင်တဲ့ ကြိုးကို တင်းကျပ်နေအောင် ဆွဲချည်ပြီး ဝတ်ဆင်ရတာပဲဖြစ်ပါတယ်။ Corset က သာမန် Bra တွေထက်ပိုပြီး တောင့်တင်းပါတယ်။ အတွင်းထဲမှာ Flexible Steel Rod တွေနဲ့ထောက်ထားတာဖြစ်တဲ့အတွက် ထိုင်တာ၊ ထတာကအစ အမြဲတမ်း မတ်မတ်လေးဖြစ်နေစေပါတယ်။

Corset ကို ဘယ်လိုဝတ်ဆင်သင့်လဲ?

Wearing A Corset

Wearing A Corset

Corset ဟာ ဒီဇိုင်းပုံစံ၊ အရောင်မျိုးစုံနဲ့လာတဲ့အတွက် Fashion ကျကျ Style ထွင်ပြီး ဝတ်ဆင်လို့ရပါတယ်။ Satin လိုမျိုး ပိုးသားအစတွေနဲ့ ချုပ်ထားတဲ့ Corset မျိုးဆိုရင်တော့ အင်္ကျီအပြင်ဘက်မှာထုတ်ပြီး ဝတ်ဆင်လို့ရပါတယ်။ ထုတ်လုပ်တဲ့ ပုံစံကလည်း Underbust နဲ့ Overbust ဆိုပြီး ၂မျိုးရှိပါတယ်။ Underbust ကတော့ ဘော်လီခွက်မပါပဲ ခါးနဲ့ဗိုက်ကိုသာ အဓိကထားပြီး ချုပ်လုပ်ထားတာဖြစ်ပါတယ်။ Overbust ကတော့ ဘော်လီခွက်ပါ တစ်ပါတည်းပါတဲ့အတွက် အလုပ်မရှုပ်ချင်တဲ့သူတွေအတွက် သင့်တော်ပါတယ်။

Corset Size ကို ဘယ်လိုရွေးချယ်မလဲ?

Underbust vs Overbusts

Underbust vs Overbusts

Corset ရဲ့ Size က သာမန် Bra တွေထက် Size အမှန်အကန်ရဖို့ ပိုခက်ခဲပါတယ်။ သူ့ရဲ့ Measurement တွေကို နားလည်သွားရင်တော့ အဲလောက်ခက်ခဲမယ်မထင်ပါဘူး။ ကိုယ့်ရဲ့ ခါး Size အပေါ်မူတည်ပြီး Corset ကို ဝတ်ယူနိုင်ပါတယ်။ ဥပမာ – ကိုယ့်ရဲ့ ခါး Size က ပတ်လက်အတိုင်း ၃၈လက်မ အောက်မှာရှိနေရင်တော့ တိုင်းလို့ရတဲ့အတိုင်းအတာထက် ၄လက်မ (သို့) ၇လက်မလျော့တဲ့ Size ကိုမှာပါ။ ပတ်လည်အတိုင်းအထွာက ၃၈လက်မထက်များနေရင်တော့ Corset Size ကို တိုင်းလို့ရတဲ့ ခါး Size ထက် ၇လက်မ (သို့) ၁၀လက်မလျော့တဲ့ Size ကိုမှာရမှာဖြစ်ပါတယ်။

ခါးလေးကို သေးသွယ်ချင်တယ်၊ ဗိုက်လေးကို ချပ်ချင်တဲ့သူတွေ အမြဲတမ်းလိုလိုဝတ်ထားဖို့လိုအပ်ပါတယ်။ ချွတ်လိုက် ဝတ်လိုက်နဲ့ လုပ်နေမယ်ဆိုရင်တော့ အကျိုးသက်ရောက်မှုက ခဏတာပဲရရှိမှာဖြစ်ပါတယ်။ အမြဲတမ်းဝတ်ဆင်ထားမယ်ဆိုရင်တော့ တစ်ပတ် နှစ်ပတ်အတွင်း Hourglass Shape ကို သိသိသာသာရရှိမှာဖြစ်ပါတယ်။

Redrose (Akhayar)

www.akhayar.com

Reference Link: https://www.orchardcorset.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။