ကိုယ္ကိုင္ေနတဲ့ စမတ္ဖုန္းကို ခဏခဏမဟုတ္ရင္ေတာင္ တစ္ၾကိမ္ေလာက္ေတာ့ လြတ္က်ဖူးၾကမွာပါ။ အခုလုိမ်ိဳး လြတ္က်တဲ့အခ်ိန္ၾကရင္ တစ္ခါတေလ အရမ္းအျမင့္ၾကီးကေန ျပဳတ္က်တာမ်ိဳးမဟုတ္ေပမယ့္ နိမ့္တဲ့ေနရာတစ္ခုကေန ျပဳတ္က်တာေတာင္ Screen ကြဲသြားတာ၊ အက္သြားတာကို ၾကံဳဖူးၾကမွာပါ။ အဲ့ဒီအတြက္ အခုေနာက္ပိုင္း စမတ္ဖုန္းထုတ္လုပ္သူေတြက သူတို႔ စမတ္ဖုန္းေတြကို ပိုျပီးခံႏုိင္ရည္ရွိေစဖုိ႔အတြက္ Screen Display ကို Corning Gorilla Glass ေတြကို အသံုးျပဳလာၾကပါတယ္။

Corning Gorilla Glass 6

Corning Gorilla Glass ဆုိတာကေတာ့ Corning ကုမၸဏီကေန လက္ရွိ စမတ္ဖုန္းေတြရဲ႕ Display အေပၚမွာ ျပဳတ္က်တဲ့ဒဏ္ကို ခံႏုိင္ရည္ရွိေအာင္ ကာကြယ္ေပးႏုိင္တဲ့ မွန္သားျဖစ္ျပီးေတာ့ အခုေနာက္ဆံုး High End စမတ္ဖုန္းေတြမွာ Gorilla Glass 5 ကို အသံုးျပဳလာေနျပီျဖစ္ပါတယ္။

Corning Gorilla Glass 6

အခုအခ်ိန္မွာေတာ့ Corning ကေန Gorilla Glass Version 6 ကို တရားဝင္ေၾကညာလိုက္ျပီျဖစ္ျပီးေတာ့ ယခင္ Gorilla Glass 5 ထက္ေတာင္ ၂ ဆေလာက္ပိုျပီး စြမ္းေဆာင္ရည္ျမင့္မားလာတယ္လုိ႔ သိရပါတယ္။ Corning ကုမၸဏီရဲ႕ Vice President & General Manager ျဖစ္တဲ့ John Bayne ကလည္း “အခု Corning Gorilla Glass 6 ဟာ ယခင္ Gorilla Glass 5 ထက္ ပိုျပီး ျမင့္မားတဲ့ေနရာကေန ျပဳတ္က်တာေတြကို ခံႏုိင္ရည္ရွိေအာင္တင္ ျပဳလုပ္ထားတာမဟုတ္ဘဲ အၾကိမ္ေရ အမ်ားအျပား ျပဳတ္က်တာကိုပါ ခံႏုိင္ရည္ရွိေအာင္ ေဆာင္ရြက္ထားတာျဖစ္တယ္” လုိ႔ ေျပာၾကားခဲ့ပါတယ္။

Corning ရဲ႕ ေၾကညာခ်က္အရေတာ့ အခု Gorilla Glass 6 ဟာ အျမင့္ ၁ မီတာကေန ၁၅ ၾကိမ္အထိ ျပဳတ္က်မႈေတြကို ေကာင္းေကာင္းခံႏုိင္ရည္ရွိျပီးေတာ့ အျမင့္ေတြက ျပဳတ္က်တဲ့အခ်ိန္မွာလည္း ယခင္ Gorilla Glass 5 ထက္ ၂ ဆ ပိုျပီးေကာင္းမြန္မွာျဖစ္ပါတယ္။ ျပဳတ္က်မႈေတြမွာ ပိုျပီး စြမ္းေဆာင္ရည္ျမင့္မားလာေပမယ့္လည္း အစင္းရာထင္တဲ့ႏႈန္းကေတာ့ ယခင္ Gorilla Glass ေတြနဲ႔ တူညီေနဦးမွာပါ။

Corning Gorilla Glass 6

Corning ဟာ ယခု Gorilla Glass 6 ကို စတင္ထုတ္လုပ္ေနျပီျဖစ္တဲ့အတြက္ မၾကာခင္လပိုင္းမွာ ထြက္ရွိလာေတာ့မယ့္ ဒုတိယႏွစ္ဝက္ Flagship ဖုန္းေတြမွာ စတင္ျမင္လာႏုိင္မလားဆိုတာကေတာ့ ဆက္လက္ေစာင့္ၾကည့္ရမွာပါ။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[UNICODE]

ကိုယ်ကိုင်နေတဲ့ စမတ်ဖုန်းကို ခဏခဏမဟုတ်ရင်တောင် တစ်ကြိမ်လောက်တော့ လွတ်ကျဖူးကြမှာပါ။ အခုလိုမျိုး လွတ်ကျတဲ့အချိန်ကြရင် တစ်ခါတလေ အရမ်းအမြင့်ကြီးကနေ ပြုတ်ကျတာမျိုးမဟုတ်ပေမယ့် နိမ့်တဲ့နေရာတစ်ခုကနေ ပြုတ်ကျတာတောင် Screen ကွဲသွားတာ၊ အက်သွားတာကို ကြုံဖူးကြမှာပါ။ အဲ့ဒီအတွက် အခုနောက်ပိုင်း စမတ်ဖုန်းထုတ်လုပ်သူတွေက သူတို့ စမတ်ဖုန်းတွေကို ပိုပြီးခံနိုင်ရည်ရှိစေဖို့အတွက် Screen Display ကို Corning Gorilla Glass တွေကို အသုံးပြုလာကြပါတယ်။

Corning Gorilla Glass 6

Corning Gorilla Glass ဆိုတာကတော့ Corning ကုမ္ပဏီကနေ လက်ရှိ စမတ်ဖုန်းတွေရဲ့ Display အပေါ်မှာ ပြုတ်ကျတဲ့ဒဏ်ကို ခံနိုင်ရည်ရှိအောင် ကာကွယ်ပေးနိုင်တဲ့ မှန်သားဖြစ်ပြီးတော့ အခုနောက်ဆုံး High End စမတ်ဖုန်းတွေမှာ Gorilla Glass 5 ကို အသုံးပြုလာနေပြီဖြစ်ပါတယ်။

Corning Gorilla Glass 6

အခုအချိန်မှာတော့ Corning ကနေ Gorilla Glass Version 6 ကို တရားဝင်ကြေညာလိုက်ပြီဖြစ်ပြီးတော့ ယခင် Gorilla Glass 5 ထက်တောင် ၂ ဆလောက်ပိုပြီး စွမ်းဆောင်ရည်မြင့်မားလာတယ်လို့ သိရပါတယ်။ Corning ကုမ္ပဏီရဲ့ Vice President & General Manager ဖြစ်တဲ့ John Bayne ကလည်း “အခု Corning Gorilla Glass 6 ဟာ ယခင် Gorilla Glass 5 ထက် ပိုပြီး မြင့်မားတဲ့နေရာကနေ ပြုတ်ကျတာတွေကို ခံနိုင်ရည်ရှိအောင်တင် ပြုလုပ်ထားတာမဟုတ်ဘဲ အကြိမ်ရေ အများအပြား ပြုတ်ကျတာကိုပါ ခံနိုင်ရည်ရှိအောင် ဆောင်ရွက်ထားတာဖြစ်တယ်” လို့ ပြောကြားခဲ့ပါတယ်။

Corning ရဲ့ ကြေညာချက်အရတော့ အခု Gorilla Glass 6 ဟာ အမြင့် ၁ မီတာကနေ ၁၅ ကြိမ်အထိ ပြုတ်ကျမှုတွေကို ကောင်းကောင်းခံနိုင်ရည်ရှိပြီးတော့ အမြင့်တွေက ပြုတ်ကျတဲ့အချိန်မှာလည်း ယခင် Gorilla Glass 5 ထက် ၂ ဆ ပိုပြီးကောင်းမွန်မှာဖြစ်ပါတယ်။ ပြုတ်ကျမှုတွေမှာ ပိုပြီး စွမ်းဆောင်ရည်မြင့်မားလာပေမယ့်လည်း အစင်းရာထင်တဲ့နှုန်းကတော့ ယခင် Gorilla Glass တွေနဲ့ တူညီနေဦးမှာပါ။

Corning Gorilla Glass 6

Corning ဟာ ယခု Gorilla Glass 6 ကို စတင်ထုတ်လုပ်နေပြီဖြစ်တဲ့အတွက် မကြာခင်လပိုင်းမှာ ထွက်ရှိလာတော့မယ့် ဒုတိယနှစ်ဝက် Flagship ဖုန်းတွေမှာ စတင်မြင်လာနိုင်မလားဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရမှာပါ။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com