[Zawgyi]

ဂ်ဴဗင္တပ္စ္အတြက္ လြယ္ကူလြန္းခဲ့တဲ့ ကိုပါအီတာလီယာဖလား ဗိုလ္လုပြဲ

ေနာက္ပိုင္းႏွစ္ေတြမွာ ေအစီမီလန္ဟာ ဂ်ဴဗင္တပ္စ္အတြက္ ၿပိဳင္ဘက္မဟုတ္ေတာ့တာကို လံုးဝယံုၾကည္သြားေစတဲ့ ပြဲပါပဲ။ ေအစီမီလန္ရဲ႕ ကစားပံုက မိနစ္ (၉၀)လံုး ဦးတည္ခ်က္မဲ့ေနခဲ့ၿပီး ဂ်ဴဗင္တပ္စ္ကို ဘက္ေပါင္းစံုက မယွဥ္ႏိုင္ခဲ့ဘူး။ ပြဲမစခင္ ႏွစ္ဘက္လူစာရင္းကို ၾကည့္ၿပီး (၂)သင္းစလံုး အဓိက ကစားသမား အစံုအလင္ အသံုးျပဳလာခဲ့လို႔ ပြဲေကာင္းတစ္ပြဲ ျဖစ္မယ္ ထင္ထားခဲ့ေပမဲ့ ေအစီမီလန္ရဲ႕ ကစားပံုက ဗိုလ္လုပြဲတစ္ပြဲ ကစားဖို႔အတြက္ ထိုက္တန္မႈရွိရဲ႕လားလို႔ ေမးခြန္းထုတ္ခ်င္စရာ ျဖစ္ေလာက္ေအာင္ စိတ္ပ်က္စရာေကာင္းခဲ့ပါတယ္။ ေအစီမီလန္အသင္းရဲ႕ နည္းျပ ဂတ္တူဆို Gattuso ကိုယ္တိုင္က ယံုၾကည္မႈေပ်ာက္ဆံုးေနတဲ့ ပံုစံေပါက္ေနသလို ကစားသမားေတြကလည္း ဂ်ဴဗင္တပ္စ္ကို ပြဲမကစားခင္ကတည္းက မႏိုင္ႏိုင္ပါဘူးဆိုတဲ့ ပံုစံမ်ိဳးေပါက္ေနခဲ့တယ္။ စိတ္ပ်က္ဖို႔အေကာင္းဆံုးကေတာ့ ေအစီမီလန္ခံစစ္ကစားသမားေတြနဲ႔ ဂိုးသမား ဒြန္နာရမ္မာ Donnarumma တို႔ျဖစ္ၿပီး ဒြန္နာရမ္မာ လက္စြမ္းကေတာ့ ၾကာေလဆိုးရြားေလ ျဖစ္လာတာကို သိသာေစတဲ့ ပြဲျဖစ္ခဲ့တယ္။ ပြဲစကတည္းက ေအစီမီလန္အသင္းက ေအာက္အသင္းျဖစ္ခဲ့ၿပီး ဂ်ဴဗင္တပ္စ္အသင္းကေတာ့ ေအစီမီလန္နဲ႔ ေျပာင္းျပန္ ဒီဖလားကို ဘယ္လိုအေျခအေနပဲျဖစ္ျဖစ္ ရေအာင္ယူႏိုင္တယ္ဆိုတဲ့ ပံုစံနဲ႔ ကစားခဲ့တယ္။ အဆံုးသတ္မွာေတာ့ ဂ်ဴဗင္တပ္စ္အသင္းက ေအစီမီလန္အသင္းကို (၄-၀)ဂိုးဆိုတဲ့ ရလဒ္နဲ႔ ကိုပါအီတာလီယာဖလားကို လြယ္လြယ္ကူကူ ရယူႏိုင္ခဲ့တယ္။

Champions-Juventus

Champions-Juventus

ေအစီမီလန္အသင္းဟာ တစ္ပြဲလံုး ပံုစံေကာင္းမျပႏိုင္ခဲ့ေပမယ့္ ပထမပိုင္းမွာေတာ့ ခံစစ္ကို အားျပဳကစားခဲ့လို႔ ဂ်ဴဗင္တပ္စ္အတြက္ အနည္းငယ္ ခက္ခဲခဲ့ၿပီး ဂိုးသြင္းယူႏိုင္ျခင္း မရွိခဲ့ပါဘူး။ ပထမပိုင္းမွာ (၂)သင္းစလံုး ဂိုးသြင္းႏိုင္ျခင္းမရွိေပမဲ့ ဒုတိယပိုင္းမွာေတာ့ ပြဲစတာနဲ႔ ဂ်ဴဗင္တပ္စ္တို႔ ေကာင္းမြန္တဲ့ တိုက္စစ္တြဲလံုးေတြနဲ႔ ဖိအားေပးခဲ့လို႔ ေအစီမီလန္ခံစစ္ ေရရွည္မေတာင့္ခံႏိုင္ေတာ့ပဲ ဂိုးေတြ ေတာက္ေလွ်ာက္ခြင့္ျပဳခဲ့ရတာပါ။ ေအစီမီလန္ ခံစစ္ပိုင္းက ဂ်ဴဗင္တပ္စ္ ကစားသမားေတြကို တစ္ဦးခ်င္း ထိန္းခ်ဳပ္ႏိုင္ျခင္းမရွိသလို Set-Pieces ေတြကို ရွင္းထုတ္ရာမွာလည္း အားနည္းခ်က္ေတြ ရွိခဲ့တယ္။ ပြဲကစားခ်ိန္ (၅၆)မိနစ္အေရာက္မွေတ့ာ ေနာက္ခံလူ ဘီနာတီယာ Benatia က ယာနစ္ Pjanic ကန္တင္ေပးလိုက္တဲ့ ေထာင့္ကန္ေဘာကို ေခါင္းတိုက္အဆံုးသတ္ၿပီး ဂ်ဴဗင္တပ္စ္အတြက္ အဖြင့္ဂိုးကို ရယူေပးခဲ့ပါတယ္။ ဒီဂိုးမွာလည္း ေအစီမီလန္ဂိုးသမား ဒြန္နာရမ္မာ ေနရာယူပံု ညံ့ဖ်င္းခဲ့သလို ေနာက္ခံလူေတြ လူကပ္ကစားမႈ အားနည္းတာကို အခြင့္ေကာင္းယူၿပီး ဘီနာတီယာက အဆံုးသတ္ခဲ့တာပါ။ ဂ်ဴဗင္တပ္စ္ကို ဦးေဆာင္ဂိုး ခြင့္ျပဳလိုက္ရၿပီးေနာက္ပိုင္း ေအစီမီလန္အသင္း ကစားကြက္လံုဝ ပ်က္သြားခဲ့ၿပီး ပြဲကစားခ်ိန္ (၆၁)မိနစ္မွာ ဂ်ဴဗင္တပ္စ္ ကစားသမား ေဒါက္ဂလပ္ေကာ္စတာ Douglas Costa က သူ႔ပံုစံအတိုင္း ပယ္နယ္တီဧရိယာထိပ္ကို ဆြဲေျပးၿပီး ဘယ္ေျခနဲ႔ အျပင္းကန္သြင္းခဲ့တယ္။ ဂ်ဴဗင္တပ္စ္ကို ေအစီမီလန္ ကစားသမားေတြတစ္ဦးခ်င္း မယွဥ္ႏိုင္ဘူးဆိုတာ သိသာခဲ့တဲ့ ဂိုးျဖစ္ၿပီး ဂိုးသမား ဒြန္နာရမ္မာရဲ႕ အျပင္းကန္တဲ့ ေဘာလံုးကို အမိဖမ္းဖို႔ ႀကိဳးပမ္းခဲ့တဲ့ ဆံုးျဖတ္ခ်က္ကလည္း စိတ္ပ်က္ဖို႔ ေကာင္းခဲပါတယ္။ ဂ်ဴဗင္တပ္စ္အတြက္ တတိယဂိုးကိုေတာ့ မန္ဇူကစ္ေခါင္းတိုက္ခ်က္ကို ဆိုးရြားတဲ့ ပံုစံနဲ႔ ရွင္းထုတ္ခဲ့တဲ့ ဒြန္နာရမ္မာေၾကာင့္ တစ္ေယာက္တည္း လြတ္ေနတဲ့ ေနာက္ခံလူ ဘီနာတီယာကပဲ ပိတ္သြင္းၿပီး ရယူႏိုင္ခဲ့တယ္။ ဂ်ဴဗင္တပ္စ္အသင္းအတြက္ ေနာက္ဆံုးဂိုးကိုေတာ့ ယာနစ္ရဲ႕ ေထာင့္ကန္ေဘာ ကန္ခ်က္ကို ေအစီမီလန္ရဲ႕ လူစားဝင္ ကစားသမား ကာလီနစ္ Kalinic ေခါင္းတိုက္ ရွင္းထုတ္ဖို႔ ႀကိဳးစားရာမွာ ထိခ်က္လြဲၿပီး ဂိုးဝင္သြားခဲ့တာ ျဖစ္ပါတယ္။ (၄)ဂိုးျပတ္ၿပီး ေနာက္ပိုင္းမွာေတာ့ ဂ်ဴဗင္တပ္စ္အသင္း ကစားအားေလ်ာ႔ခ်ခဲ့လို႔ ေအစီမီလန္အသင္း တိုက္စစ္ဆင္မႈတခ်ိဳ႔ ျပန္လည္ျပဳလုပ္ႏိုင္ခဲ့ေပမယ့္ ထိေရာက္မႈမရွိခဲ့လို႔ (၄-၀)ဂိုး ရလဒ္နဲ႔ ဂိုးျပတ္ရႈံးနိမ့္ခဲ့တာျဖစ္ပါတယ္။

ကိုပါအီတာလီယာဖလား ဗိုလ္လုပြဲမွာ ကစားသြားတဲ့ ေျခစြမ္းအရ ေအစီမီလန္အသင္းဟာ အတိတ္က ေအာင္ျမင္မႈေတြကို အေဝးက ေငးၾကည့္ေနရံုေလာက္ပဲ ရွိခဲ့ပါတယ္။ ဂိုးျပတ္ရႈံးပြဲအတြက္ အျပစ္တင္ရမယ့္သူ သီးသန္႔မရွိဘဲ နည္းျပေကာ ကစားသမားေတြရဲ႕ လိုအပ္ခ်က္ေတြေၾကာင့္ စိတ္ပ်က္ဖြယ္ရလဒ္နဲ႔ ရႈံးနိမ့္ခဲ့တာျဖစ္ပါတယ္။ ဂ်ဴဗင္တပ္စ္အသင္းကေတာ့ ရံႈးထြက္ဖလားကို (၄)ႏွစ္ဆက္ ရရွိခဲ့သလို အမွတ္ေပးခ်န္ပီယံဆုကို ဆြတ္ခူးႏိုင္ဖို႔လည္း လက္တစ္ကမ္းအကြာကို ေရာက္ရွိေနၿပီျဖစ္လို႔ အီတလီဆိုတာ Old Lady ေတြအတြက္ ၿပိဳင္ဘက္ကင္းေနဆဲပါပဲ။

REF:Soccerway
Photo:Daily Mail, ESPN
Aung Kyaw Wai(Akhayar)
www.akhayar.com

[Unicode]

ဂျူဗင်တပ်စ်အတွက် လွယ်ကူလွန်းခဲ့တဲ့ ကိုပါအီတာလီယာဖလား ဗိုလ်လုပွဲ

နောက်ပိုင်းနှစ်တွေမှာ အေစီမီလန်ဟာ ဂျူဗင်တပ်စ်အတွက် ပြိုင်ဘက်မဟုတ်တော့တာကို လုံးဝယုံကြည်သွားစေတဲ့ ပွဲပါပဲ။ အေစီမီလန်ရဲ့ ကစားပုံက မိနစ် (၉၀)လုံး ဦးတည်ချက်မဲ့နေခဲ့ပြီး ဂျူဗင်တပ်စ်ကို ဘက်ပေါင်းစုံက မယှဉ်နိုင်ခဲ့ဘူး။ ပွဲမစခင် နှစ်ဘက်လူစာရင်းကို ကြည့်ပြီး (၂)သင်းစလုံး အဓိက ကစားသမား အစုံအလင် အသုံးပြုလာခဲ့လို့ ပွဲကောင်းတစ်ပွဲ ဖြစ်မယ် ထင်ထားခဲ့ပေမဲ့ အေစီမီလန်ရဲ့ ကစားပုံက ဗိုလ်လုပွဲတစ်ပွဲ ကစားဖို့အတွက် ထိုက်တန်မှုရှိရဲ့လားလို့ မေးခွန်းထုတ်ချင်စရာ ဖြစ်လောက်အောင် စိတ်ပျက်စရာကောင်းခဲ့ပါတယ်။ အေစီမီလန်အသင်းရဲ့ နည်းပြ ဂတ်တူဆို Gattuso ကိုယ်တိုင်က ယုံကြည်မှုပျောက်ဆုံးနေတဲ့ ပုံစံပေါက်နေသလို ကစားသမားတွေကလည်း ဂျူဗင်တပ်စ်ကို ပွဲမကစားခင်ကတည်းက မနိုင်နိုင်ပါဘူးဆိုတဲ့ ပုံစံမျိုးပေါက်နေခဲ့တယ်။ စိတ်ပျက်ဖို့အကောင်းဆုံးကတော့ အေစီမီလန်ခံစစ်ကစားသမားတွေနဲ့ ဂိုးသမား ဒွန်နာရမ်မာ Donnarumma တို့ဖြစ်ပြီး ဒွန်နာရမ်မာ လက်စွမ်းကတော့ ကြာလေဆိုးရွားလေ ဖြစ်လာတာကို သိသာစေတဲ့ ပွဲဖြစ်ခဲ့တယ်။ ပွဲစကတည်းက အေစီမီလန်အသင်းက အောက်အသင်းဖြစ်ခဲ့ပြီး ဂျူဗင်တပ်စ်အသင်းကတော့ အေစီမီလန်နဲ့ ပြောင်းပြန် ဒီဖလားကို ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် ရအောင်ယူနိုင်တယ်ဆိုတဲ့ ပုံစံနဲ့ ကစားခဲ့တယ်။ အဆုံးသတ်မှာတော့ ဂျူဗင်တပ်စ်အသင်းက အေစီမီလန်အသင်းကို (၄-ဝ)ဂိုးဆိုတဲ့ ရလဒ်နဲ့ ကိုပါအီတာလီယာဖလားကို လွယ်လွယ်ကူကူ ရယူနိုင်ခဲ့တယ်။

Champions-Juventus

Champions-Juventus

အေစီမီလန်အသင်းဟာ တစ်ပွဲလုံး ပုံစံကောင်းမပြနိုင်ခဲ့ပေမယ့် ပထမပိုင်းမှာတော့ ခံစစ်ကို အားပြုကစားခဲ့လို့ ဂျူဗင်တပ်စ်အတွက် အနည်းငယ် ခက်ခဲခဲ့ပြီး ဂိုးသွင်းယူနိုင်ခြင်း မရှိခဲ့ပါဘူး။ ပထမပိုင်းမှာ (၂)သင်းစလုံး ဂိုးသွင်းနိုင်ခြင်းမရှိပေမဲ့ ဒုတိယပိုင်းမှာတော့ ပွဲစတာနဲ့ ဂျူဗင်တပ်စ်တို့ ကောင်းမွန်တဲ့ တိုက်စစ်တွဲလုံးတွေနဲ့ ဖိအားပေးခဲ့လို့ အေစီမီလန်ခံစစ် ရေရှည်မတောင့်ခံနိုင်တော့ပဲ ဂိုးတွေ တောက်လျှောက်ခွင့်ပြုခဲ့ရတာပါ။ အေစီမီလန် ခံစစ်ပိုင်းက ဂျူဗင်တပ်စ် ကစားသမားတွေကို တစ်ဦးချင်း ထိန်းချုပ်နိုင်ခြင်းမရှိသလို Set-Pieces တွေကို ရှင်းထုတ်ရာမှာလည်း အားနည်းချက်တွေ ရှိခဲ့တယ်။ ပွဲကစားချိန် (၅၆)မိနစ်အရောက်မှတေ့ာ နောက်ခံလူ ဘီနာတီယာ Benatia က ယာနစ် Pjanic ကန်တင်ပေးလိုက်တဲ့ ထောင့်ကန်ဘောကို ခေါင်းတိုက်အဆုံးသတ်ပြီး ဂျူဗင်တပ်စ်အတွက် အဖွင့်ဂိုးကို ရယူပေးခဲ့ပါတယ်။ ဒီဂိုးမှာလည်း အေစီမီလန်ဂိုးသမား ဒွန်နာရမ်မာ နေရာယူပုံ ညံ့ဖျင်းခဲ့သလို နောက်ခံလူတွေ လူကပ်ကစားမှု အားနည်းတာကို အခွင့်ကောင်းယူပြီး ဘီနာတီယာက အဆုံးသတ်ခဲ့တာပါ။ ဂျူဗင်တပ်စ်ကို ဦးဆောင်ဂိုး ခွင့်ပြုလိုက်ရပြီးနောက်ပိုင်း အေစီမီလန်အသင်း ကစားကွက်လုံဝ ပျက်သွားခဲ့ပြီး ပွဲကစားချိန် (၆၁)မိနစ်မှာ ဂျူဗင်တပ်စ် ကစားသမား ဒေါက်ဂလပ်ကော်စတာ Douglas Costa က သူ့ပုံစံအတိုင်း ပယ်နယ်တီဧရိယာထိပ်ကို ဆွဲပြေးပြီး ဘယ်ခြေနဲ့ အပြင်းကန်သွင်းခဲ့တယ်။ ဂျူဗင်တပ်စ်ကို အေစီမီလန် ကစားသမားတွေတစ်ဦးချင်း မယှဉ်နိုင်ဘူးဆိုတာ သိသာခဲ့တဲ့ ဂိုးဖြစ်ပြီး ဂိုးသမား ဒွန်နာရမ်မာရဲ့ အပြင်းကန်တဲ့ ဘောလုံးကို အမိဖမ်းဖို့ ကြိုးပမ်းခဲ့တဲ့ ဆုံးဖြတ်ချက်ကလည်း စိတ်ပျက်ဖို့ ကောင်းခဲပါတယ်။ ဂျူဗင်တပ်စ်အတွက် တတိယဂိုးကိုတော့ မန်ဇူကစ်ခေါင်းတိုက်ချက်ကို ဆိုးရွားတဲ့ ပုံစံနဲ့ ရှင်းထုတ်ခဲ့တဲ့ ဒွန်နာရမ်မာကြောင့် တစ်ယောက်တည်း လွတ်နေတဲ့ နောက်ခံလူ ဘီနာတီယာကပဲ ပိတ်သွင်းပြီး ရယူနိုင်ခဲ့တယ်။ ဂျူဗင်တပ်စ်အသင်းအတွက် နောက်ဆုံးဂိုးကိုတော့ ယာနစ်ရဲ့ ထောင့်ကန်ဘော ကန်ချက်ကို အေစီမီလန်ရဲ့ လူစားဝင် ကစားသမား ကာလီနစ် Kalinic ခေါင်းတိုက် ရှင်းထုတ်ဖို့ ကြိုးစားရာမှာ ထိချက်လွဲပြီး ဂိုးဝင်သွားခဲ့တာ ဖြစ်ပါတယ်။ (၄)ဂိုးပြတ်ပြီး နောက်ပိုင်းမှာတော့ ဂျူဗင်တပ်စ်အသင်း ကစားအားလျော့ချခဲ့လို့ အေစီမီလန်အသင်း တိုက်စစ်ဆင်မှုတချို့ ပြန်လည်ပြုလုပ်နိုင်ခဲ့ပေမယ့် ထိရောက်မှုမရှိခဲ့လို့ (၄-ဝ)ဂိုး ရလဒ်နဲ့ ဂိုးပြတ်ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

ကိုပါအီတာလီယာဖလား ဗိုလ်လုပွဲမှာ ကစားသွားတဲ့ ခြေစွမ်းအရ အေစီမီလန်အသင်းဟာ အတိတ်က အောင်မြင်မှုတွေကို အဝေးက ငေးကြည့်နေရုံလောက်ပဲ ရှိခဲ့ပါတယ်။ ဂိုးပြတ်ရှုံးပွဲအတွက် အပြစ်တင်ရမယ့်သူ သီးသန့်မရှိဘဲ နည်းပြကော ကစားသမားတွေရဲ့ လိုအပ်ချက်တွေကြောင့် စိတ်ပျက်ဖွယ်ရလဒ်နဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ ဂျူဗင်တပ်စ်အသင်းကတော့ ရှုံးထွက်ဖလားကို (၄)နှစ်ဆက် ရရှိခဲ့သလို အမှတ်ပေးချန်ပီယံဆုကို ဆွတ်ခူးနိုင်ဖို့လည်း လက်တစ်ကမ်းအကွာကို ရောက်ရှိနေပြီဖြစ်လို့ အီတလီဆိုတာ Old Lady တွေအတွက် ပြိုင်ဘက်ကင်းနေဆဲပါပဲ။

REF:Soccerway
Photo:Daily Mail, ESPN
Aung Kyaw Wai(Akhayar)
www.akhayar.com