ဒီနေ့ညမှာတော့ စပိန်ဘုရင့်ဖလား ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်အဖြစ် ရီးယဲလ် – ဘာစီလိုနာပွဲစဉ်ရှိနေပြီး ဘယ်အသင်းက ဗိုလ်လုပွဲကို တက်ရောက်သွားမလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပါတယ်။

ရီးယဲလ် – ဘာစီလိုနာ ( ကြာသပတေးမနက် ၂း၃၀ နာရီ )

လက်ရှိနှစ်သင်းလုံးရဲ့ခြေစွမ်းဟာ ကောင်းမွန်တဲ့ အခြေအနေ တစ်ခုမှာရှိနေပါတယ်။ ရီးယဲလ်အသင်းဟာ ပြိုင်ပွဲစုံနောက်ဆုံး(၁၀)ပွဲမှာ (၁)ပွဲသာ ရှုံးနိမ့်ထားပြီး (၈)ပွဲနိုင် ၊ (၁)ပွဲသရေရလဒ် ရရှိထားပါတယ်။ ဘာစီလိုနာအသင်းကတော့ ပြိုင်ပွဲစုံ နောက်ဆုံး(၈)ပွဲဆက် ရှုံးပွဲမရှိကစားထားပြီး နှစ်သင်းလုံးဟာ ပွဲတစ်ပွဲကို ဘယ်လိုရလဒ်ကောင်းအောင် ကစားရမလဲဆိုတာကို ကောင်းကောင်းသိနေကြပါတယ်။

လာလီဂါမှာတော့ ဘာစီလိုနာအသင်းဟာ အမှတ်ပေးဇယားရဲ့ အဆင့်(၁)နေရာမှာရှိနေပြီး ရီးယဲလ်အသင်းကတော့ အဆင့်(၃)နေရာမှာရှိနေပါတယ်။ ဒီနှစ် လာလီဂါချန်ပီယံဆုဟာ ဘာစီလိုနာအတွက် သေချာသလောက်ဖြစ်နေပေမယ့် ရီးယဲလ်အသင်းအတွက်ကတော့ ပြည်တွင်းဆုဖလားအဖြစ် စပိန်ဘုရင့်ဖလားသာ မျှော်လင့်ခွင့်ရှိနေတာပါ။ ဒီအနေအထားမှာ ရီးယဲလ်အသင်းဟာ ဖိအားပိုများတဲ့အသင်းအဖြစ်ရှိနေပေမယ့် ပထမအကျော့ ဘာစီလိုနာကွင်းမှာ (၁)ဂိုးစီသရေရလဒ် ကစားထားတာကြောင့် ဗိုလ်လုပွဲအတွက် အခွင့်အရေးတစ်ခုကိုတော့ ပိုင်ဆိုင်ထားပါတယ်။

ရီးယဲလ်အသင်းမှာတော့ ဘေးလ် Bale ဒဏ်ရာကနေပြန်လာပြီး ဂိုးတွေသွင်းနေသလို ဗီနီစီယက် Vinícius လည်း ခြေစွမ်းပြနေပြီး ဘန်ဇီမာ Benzema ဂိုးသွင်းခြေပြန်တွေ့နေတာကြောင့် တိုက်စစ်ပိုင်းအနေအထားက အားရစရာဖြစ်နေပေမယ့် ဘာစီလိုနာအသင်းမှာတော့ မက်ဆီ Messi တစ်ယောက်တည်းကိုပဲ အားကိုးနေရပါတယ်။ မက်ဆီ ဟာ ပွဲအဖြေကို ပြောင်းလဲပေးနိုင်တဲ့ ကစားသမားဖြစ်ပေမယ့် သူ့ကိုအသင်းက အားကိုးလွန်းတာကြောင့် ပွဲပန်းမှုဒဏ်ကို ခံစားနေရပါတယ်။

ဒီပွဲစဉ်ဟာ ရလဒ်ပိုင်းခန့်မှန်းရခက်ခဲတဲ့ ပွဲမျိုးဖြစ်ပြီး ချန်ပီယံဆုဖလားတစ်လုံးအတွက် နှစ်သင်းလုံးဟာ အကြိတ်အနယ်ယှဉ်ပြိုင်ကစားသွားကြမှာလည်း ဖြစ်ပါတယ်။ ရီးယဲလ်အသင်းဟာ လက်ရှိမှာ စုစည်းမှုကောင်းကောင်းနဲ့ ရှေ့ဆက်နေပြီး ဘာစီလိုနာအသင်းကတော့ တစ်ဦးချင်းစွမ်းဆောင်ရည်တွေနဲ့ ရှေ့ဆက်နေတာပါ။ ဒီအနေအထားမှာတော့စုစည်းမှုကောင်းတဲ့ ရီးယဲလ်အသင်းကိုပဲ အနိုင်ရလဒ်အတွက် ရွေးချယ်ချင်ပြီး ရီးယဲလ် ( ၂ – ၁ ) ဘာစီလိုနာရလဒ်မျိုးထွက်ပေါ်လာနိုင်ပါတယ်။

ဘာစီလိုနာ – ရီးယဲလ်မက်ဒရစ် ထိပ်တိုက်တွေ့ဆုံမှုနောက်ဆုံး (၅)ကြိမ်

Barcelona 1 – 1 Real Madrid
Barcelona 5 – 1 Real Madrid
Barcelona 2 – 2 Real Madrid
Real Madrid 0 – 3 Barcelona
Real Madrid 2 – 0 Barcelona

Photo: The Independent , Managing Madrid , Inquirer Sports – Inquirer.net
Ko Kyue(Akhayar)
www.akhayar.com