[ZawGyi]

အရသာဆန္းဆန္း လွ်ာလည္ေစမယ့္ အေမာေျပ သီးစံု Ice Tea ေလးေသာက္မယ္

ရာသီေပၚ လတ္လတ္ဆတ္ဆတ္သီးႏွံေလးေတြျဖစ္တဲ့ သရက္သီး၊ စေတာ္ဘယ္ရီသီး၊ သံပုရာသီးတို႔နဲ႔ ေပါင္းစပ္ထားတဲ့ သဘာဝ သီးစံု Lipton Ice Tea ေလးတစ္ခြက္ကေတာ့ ဒီေႏြအတြက္ ဘယ္ခ်ိန္မဆို ေသာက္ခ်င္ေနမယ့္ ေဖ်ာ္ရည္အရသာဆန္းေလးပါ။ ဟိုတယ္နဲ႔ စားေသာက္ဆိုင္ေတြရဲ႕ စားဖိုမႈးေတြက အစ၊ အိမ္ရွင္မေတြအဆံုး လြယ္လြယ္ကူကူနဲ႔ ဒီလိုေဖ်ာ္ရည္ေလးေဖ်ာ္ဖို႔အတြက္ဆို ဒါေလးေတြပဲ လိုပါသတဲ့။

Lipton-Yellow-Tea

Lipton-Yellow-Tea

လိုအပ္ေသာပစၥည္းမ်ား

(၁) Lipton Yellow Tea Bag- ၂ ထုပ္
(၂) ေရ- ၃၂၀ မီလီ
(၃) စပါးလင္- ၁ ေခ်ာင္း
(၄) ဂ်င္း- ၃ ျပား
(၅) Knorr သံပုရာမႈန္႔- ၅ ဂရမ္
(၆) ပ်ားရည္- ၁၀၀ မီလီ
(၇) စေတာ္ဘယ္ရီ- ၂ လံုးခန္႔
(၈) ေရခဲ-အနည္းငယ္

ျပဳလုပ္နည္းအဆင့္ဆင့္

(၁) ေရေႏြးဆူဆူထဲကို Lipton Tea ၂ အိတ္ထည့္ၿပီး ၃ မိနစ္မွ ၄ မိနစ္ထိထားပါ။

(၂) ဂ်င္းနဲ႔ စပါးလင္ကို ႀကိတ္ေခ်ၿပီး Lipton Tea အရည္ထဲထည့္ကာ အပူပိတ္ၿပီး ၁၅ မိနစ္ခန္႔ အေအးခံထားပါ။

(၃) ေအးသြားတဲ့အခါ ပ်ားရည္နဲ႔ သံပုရာမႈန္႔ကို ထည့္ၿပီး ေရာေမႊပါ။

(၄) သရက္သီးနဲ႔ စေတာ္ဘယ္ရီသီးေလးမ်ားကိုအတံုးေလးမ်ားျဖစ္ေအာင္လွီးပါ။ၿပီးရင္ေတာ့ ေရခဲတံုးေလးမ်ားထည့္ေမႊျပီး ခ်ိဳခ်ဥ္ရွိန္းတိန္းနဲ႔ အရသာအရမ္းရွိတဲ့ သီးစံု Lipton Ice Tea ေလး အရသာရွိရွိတည္ခင္းႏိုင္ပါၿပီ။

စားဖိုမွဴးေတြအေနနဲ႔ Kitchen Tips ေတြနဲ႔ဟင္းလ်ာေတြအေၾကာင္းကိုဖတ္ရႈခ်င္ရင္၊စားေသာက္ဆုိင္ေတြအေနနဲ႔ UFS ထုတ္ကုန္ေတြကို ဝယ္ယူခ်င္တယ္ဆုိရင္ေတာ႔ ဒီ Page ကေနဝင္ေရာက္ၾကည္႔ရႈအားေပးႏိုင္ပါတယ္။

EiEiKhineMinn ( Akhayar )

www.akhayar.com

[Unicode]

အရသာဆန်းဆန်း လျှာလည်စေမယ့် အမောပြေ သီးစုံ Ice Tea လေးသောက်မယ်

ရာသီပေါ် လတ်လတ်ဆတ်ဆတ်သီးနှံလေးတွေဖြစ်တဲ့ သရက်သီး၊ စတော်ဘယ်ရီသီး၊ သံပုရာသီးတို့နဲ့ ပေါင်းစပ်ထားတဲ့ သဘာဝ သီးစုံ Lipton Ice Tea လေးတစ်ခွက်ကတော့ ဒီနွေအတွက် ဘယ်ချိန်မဆို သောက်ချင်နေမယ့် ဖျော်ရည်အရသာဆန်းလေးပါ။ ဟိုတယ်နဲ့ စားသောက်ဆိုင်တွေရဲ့ စားဖိုမှုးတွေက အစ၊ အိမ်ရှင်မတွေအဆုံး လွယ်လွယ်ကူကူနဲ့ ဒီလိုဖျော်ရည်လေးဖျော်ဖို့အတွက်ဆို ဒါလေးတွေပဲ လိုပါသတဲ့။

Lipton-Yellow-Tea

Lipton-Yellow-Tea

လိုအပ်သောပစ္စည်းများ

(၁) Lipton Yellow Tea Bag- ၂ ထုပ်
(၂) ရေ- ၃၂၀ မီလီ
(၃) စပါးလင်- ၁ ချောင်း
(၄) ဂျင်း- ၃ ပြား
(၅) Knorr သံပုရာမှုန့်- ၅ ဂရမ်
(၆) ပျားရည်- ၁၀၀ မီလီ
(၇) စတော်ဘယ်ရီ- ၂ လုံးခန့်
(၈) ရေခဲ-အနည်းငယ်

ပြုလုပ်နည်းအဆင့်ဆင့်

(၁) ရေနွေးဆူဆူထဲကို Lipton Tea ၂ အိတ်ထည့်ပြီး ၃ မိနစ်မှ ၄ မိနစ်ထိထားပါ။

(၂) ဂျင်းနဲ့ စပါးလင်ကို ကြိတ်ချေပြီး Lipton Tea အရည်ထဲထည့်ကာ အပူပိတ်ပြီး ၁၅ မိနစ်ခန့် အအေးခံထားပါ။

(၃) အေးသွားတဲ့အခါ ပျားရည်နဲ့ သံပုရာမှုန့်ကို ထည့်ပြီး ရောမွှေပါ။

(၄) သရက်သီးနဲ့ စတော်ဘယ်ရီသီးလေးများကိုအတုံးလေးများဖြစ်အောင်လှီးပါ။ပြီးရင်တော့ ရေခဲတုံးလေးများထည့်မွှေပြီး ချိုချဉ်ရှိန်းတိန်းနဲ့ အရသာအရမ်းရှိတဲ့ သီးစုံ Lipton Ice Tea လေး အရသာရှိရှိတည်ခင်းနိုင်ပါပြီ။

စားဖိုမှူးတွေအနေနဲ့ Kitchen Tips တွေနဲ့ဟင်းလျာတွေအကြောင်းကိုဖတ်ရှုချင်ရင်၊စားသောက်ဆိုင်တွေအနေနဲ့ UFS ထုတ်ကုန်တွေကို ဝယ်ယူချင်တယ်ဆိုရင်တော့ ဒီ Page ကနေဝင်ရောက်ကြည့်ရှုအားပေးနိုင်ပါတယ်။

EiEiKhineMinn ( Akhayar )

www.akhayar.com