[Zawgyi]

ပုိခ်က္တီႏုိ (Pochettino) နဲ႔ စကားစျမည္

BBC ဂ်ာနယ္လစ္အာသန္နာရက္ခ္ (Arthanayake)က စပါးအသင္းနည္းျပ ပိုခ်က္တီႏုိ (Pochettino)နဲ႔ ၿပီးခဲ့တဲ့ရက္ပိုင္းမွာ စကားစျမည္ေျပာျဖစ္ခဲ့ပါတယ္။ ေဖေဖာ္၀ါရီ (၃)ရက္မွာ ထုတ္လႊင့္မယ့္ BBC ေရဒီယိုအစီအစဥ္အတြက္ပါပဲ။ သူတုိ႔ႏွစ္ဦးေတြ႕ဆံုမႈရဲ႕ စကားေျပာခန္းတခ်ဳိ႕ကို ျပန္လည္ခံစားၾကည့္ရေအာင္။ ဒီေနရာမွာ အာသန္နာရက္ခ္ (Arthanayake) ရဲ႕စကားလံုးေတြကို ဖယ္ထုတ္ၿပီး ပိုခ်က္တီႏို (Pochettino) ရဲ႕ အေျပာသက္သက္ကို ဇာတ္လမ္းတုိတစ္ခုလုိ တင္ဆက္လုိက္ရပါတယ္။

ကၽြန္ေတာ့္ဘ၀ကို (၂၄)နာရီပတ္လံုးေဘာလံုးအေၾကာင္းေတြးရင္း ေနထုိင္မိတယ္။ စကားလံုးတုိင္း၊ အျပဳအမူတုိင္းမွာ ေဘာလံုးအေငြ႕အသက္ေတြ ပါ၀င္ေနတယ္။ ေဘာလံုးဟာ ကၽြန္ေတာ့္ဘ၀ပဲေလ။ ေဘာလံုးဟာ ကၽြန္ေတာ့္ရဲ႕ ျဖတ္သန္းမႈသမုိင္းပဲေလ။အခုဆိုရင္ လူငယ္နည္းျပေတြထဲ အနာဂတ္ေတာက္ပေနသူတစ္ဦးအျဖစ္ ကၽြန္ေတာ္ ရႈျမင္ခံရတယ္။ ကၽြန္ေတာ္တာ၀န္ယူခဲ့တဲ့ သံုးႏွစ္တာကာလအတြင္းမွာ စပါးဟာ ပရီးမီးယားလိဂ္မွာ အဆင့္ (၅)၊ အဆင့္ (၃)၊ အဆင့္(၃)ေနရာေတြမွာ ရွိခဲ့ပါတယ္။ ပရီးမီးယားလိဂ္ခ်န္ပီယံဆုအတြက္ စိန္ေခၚႏုိင္တဲ့အသင္းတစ္သင္းအျဖစ္ စပါးဂုဏ္တင့္ခဲ့ပါတယ္။ နည္းျပတစ္ဦးအျဖစ္ အသင့္အတင့္ေအာင္ျမင္လာခ်ိန္မွာ ကၽြန္ေတာ့္ရဲ႕ ငယ္ဘ၀ကို သတိရမိတယ္။ ကၽြန္ေတာ့္ ေဘာ္ဒါေတြနဲ႔ ေဘာလံုးကစားခဲ့ရာအခ်ိန္ေတြေလ။ ေက်ာင္းမွာ ေဘာလံုးကစားခဲ့တဲ့ အခ်ိန္ေတြက ၿပိဳင္ဆုိင္မႈဆိုတဲ့စကားလံုးအရသာကို ပထမဆံုးခံစားမိခဲ့တယ္ဆိုရင္မမွားဘူး။ အဲဒီအခ်ိန္တုန္းက ေဘာလံုးဟာ ကုိယ့္ဘ၀ျဖစ္လာလိမ့္မယ္လို႔ ဘယ္ထင္ထားမွာလဲ။ ဒါေပမဲ့ မသိစိတ္ထဲမွာ ေဘာလံုးကို စြဲလန္းမႈဟာ ထုထည္ႀကီးမားေနခဲ့ၿပီ။ ကုိယ့္အသင္းကုိ အႏုိင္ရေစခ်င္ၿပီး ကုိယ္ကစားရမယ့္ေနရာအတြက္ တာ၀န္ယူရမယ္ဆိုတာကိုလည္း နားလည္ခဲ့တာအမွန္ပဲ။ နည္းျပဘ၀ေရာက္လာခ်ိန္မွာ တာ၀န္ယူမႈဆိုတာ ပိုလာတာေပါ့။ ဒီအတြက္ ကၽြန္ေတာ့္ရဲ႕ စိတ္ခံစားခ်က္ေတြကို အေျခခံၿပီး ရင္ဆုိင္ေလ့ရွိတယ္။ ဖိအားမ်ားတဲ့နည္းျပတစ္ဦးဘ၀မွာ စိတ္ေပ်ာ္ရႊင္ေရးမူ၀ါဒဟာ မိသားစုနဲ႔အတူ အပန္းေျဖတာပဲ။ ေဘာလံုးနဲ႔ မိသားစုဘ၀ၾကားမွာ ဟန္ခ်က္ကို တည္ေထာင္ရတာမလြယ္ကူပါဘူး။ ဒါေပမဲ့ ကၽြန္ေတာ္ကံေကာင္းတာက ကၽြန္ေတာ့္မိသားစုက ေဘာလံုးကို ႏွစ္သက္ျမတ္ႏုိးတာပဲ။

ပုိခ်က္တီႏုိႏွင့္ တုိက္စစ္မွဴး ဟာရီကိန္း

ပုိခ်က္တီႏုိႏွင့္ တုိက္စစ္မွဴး ဟာရီကိန္း

ပြဲတစ္ပြဲၿပီးဆံုးခ်ိန္တုိင္း ကၽြန္ေတာ့္မိန္းမက အႀကံဥာဏ္ေတြေပးေလ့ရွိတယ္။ ေ၀လည္းေ၀ဖန္တယ္။  တခါတေလမွာ သူ႕ဆီကေန ေဘာလံုးဆုိင္ရာစကားေတြၾကားရလုိ႔ ကၽြန္ေတာ္အံ့အားသင့္မိတယ္။ ဒါေပမဲ့ ကၽြန္ေတာ္သေဘာက်ပါတယ္။ မတူညီတဲ့ရႈေထာင့္ကေန အျမင္ကို ၾကားရတာဟာ အေရးပါတယ္မဟုတ္လား။ ကိုယ့္ရဲ႕ တီထြင္ႏုိင္စြမ္းကို တုိးတက္ေစႏုိင္တယ္မဟုတ္လား။ တခါတေလေတာ့လည္း ေဘာလံုးအေၾကာင္း မစဥ္းစားခ်င္လို႔ ရုပ္ရွင္ၾကည့္တာျဖစ္ျဖစ္၊ စာအုပ္ဖတ္တာျဖစ္ျဖစ္ လုပ္ျဖစ္ပါတယ္။  ကၽြန္ေတာ္က Game of Thrones ပရိသတ္တစ္ဦးေလ။ အဲဒီလို လုပ္ေနရေပမယ့္လည္း စိတ္မပါတာမ်ဳိး ျဖစ္တတ္ေသးတယ္။ ေဘာလံုးအေaၾကာင္းေတြဟာ ရပ္တန္႔လုိ႔မရႏုိင္ဘူး။ နည္းျပတစ္ဦးရဲ႕နာက်င္စရာအေကာင္းဆံုးအခုိက္အတန္႔ဟာ ရႈံးနိမ့္ျခင္းကို ရင္ဆုိင္ရခ်ိန္ပါပဲ။ ရႈံးနိမ့္ၿပီးေနာက္ ကစားသမားေတြကို ဘယ္လုိကူညီမလဲ။ အသင္းကို လမ္းေၾကာင္းမွန္ေပၚ ဘယ္လိုဆဲြတင္မလဲ။ ကုိယ့္ရဲ႕ ဆံုးျဖတ္ခ်က္အမွားေတြကို ဘယ္လုိျပစ္တင္မလဲ။ ရႈံးနိမ့္ျခင္းဟာနာက်င္ရပါတယ္။ ဒါေပမဲဲ့ ကၽြန္ေတာ့္မွာ ဖိအားေတြမရွိပါဘူး။ တာ၀န္ယူမႈအျပည့္ထားၿပီး  ေကာင္းမြန္တဲ့အရာတစ္ခုကို ကၽြန္ေတာ္ျပန္လည္ေဆာင္ယူပါမယ္။ ဆံုးရႈံးမႈတစ္ခုရင္ဆုိင္ရတုိင္း ကုိယ္ကုိယ္တုိင္စိတ္ဓာတ္မက်နဲ႔၊ ကိုယ့္အသင္းသားေတြ စိတ္ဓာတ္မက်ေစနဲ႔။

အဖြဲ႕အစည္းတစ္ခုကို ဦးေဆာင္တဲ့အခ်ိန္မွာ ဖခင္စိတ္ထားမ်ဳိးထားႏုိင္ေရးဟာလည္း အေရးႀကီးတယ္။ ကၽြန္ေတာ္က အသက္ (၂၂)ႏွစ္အရြယ္မွာပဲ ကေလးႏွစ္ေယာက္အေဖျဖစ္ခဲ့တယ္။ မိဘဘ၀ဟာ ထင္သေလာက္မလြယ္ကူပါဘူး။ သားသမီးေတြဟာ သူတို႔ႀကံဳေတြ႕ခဲ့ရသမွ်အရာအားလံုးကို မိဘကို ရင္ဖြင့္ခ်င္ေနတာမ်ဳိး၊ သူတုိ႔ရဲ႕ ဆႏၵကို မျငင္းလုိက္ပါနဲ႔။ ကစားသမားေတြနဲ႔ ဆက္ဆံေရးဟာလည္း ဒီလုိပါပဲ။ သူတုိ႔အေနနဲ႔ ကြင္းထဲက ေျခစြမ္းနဲ႔ ပတ္သက္ၿပီးပဲျဖစ္ျဖစ္၊ လူမႈေရးျပႆနာေတြကိုပဲ ျဖစ္ျဖစ္ ေျပာျပခ်င္ေနလိမ့္မယ္။ သားသမီးေတြကိုပဲ ျဖစ္ျဖစ္၊ ကစားသမားေတြပဲျဖစ္ျဖစ္ သူတို႔ရဲ႕အျပစ္ေတြကို  ျပင္းထန္စြာ မေ၀ဖန္သင့္ပါဘူး။ အမွားေတြကေန သင္ခန္းစာယူဖို႔ပဲ တုိက္တြန္းပါတယ္။နည္းျပဘ၀ကို ဘာလို႔ေရြးခ်ယ္ရတာလဲဆိုရင္ ကူညီခ်င္စိတ္ေၾကာင့္ပါပဲ။ ကစားသမားေတြရဲ႕ အိပ္မက္ကို ကူညီခ်င္တဲ့ စိတ္ေၾကာင့္ပါပဲ။ ေဘာလံုးခ်စ္ျမတ္ႏုိးစိတ္ႀကီးမားမယ့္ အရည္အေသြးရွိသူေတြရဲ႕ အိပ္မက္ကို ကူညီခ်င္ပါတယ္။

ပုိခ်က္တီႏို (Pochettino)ရဲ႕ စကားလံုးေတြဟာ ဒီေလာက္ပါပဲ။ ဂ်ာနယ္လစ္အာသန္နာရက္ခ္ (Arthanayake)ရဲ႕ ပိုခ်က္တီႏို (Pochettino) အေပၚအျမင္ကို ေျပာရင္းအဆံုးသတ္လုိက္ခ်င္ပါတယ္။စပါးအတြက္ ေအာင္ျမင္မႈကို ေဆာင္ယူေပးေနသူဆိုတာပါပဲ။

August(Akhayar)

www.akhayarmedia.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

 

[Unicode]

ပိုချက်တီနို (Pochettino) နဲ့ စကားစမြည်

BBC ဂျာနယ်လစ်အာသန်နာရက်ခ် (Arthanayake)က စပါးအသင်းနည်းပြ ပိုချက်တီနို (Pochettino)နဲ့ ပြီးခဲ့တဲ့ရက်ပိုင်းမှာ စကားစမြည်ပြောဖြစ်ခဲ့ပါတယ်။ ဖေဖော်ဝါရီ (၃)ရက်မှာ ထုတ်လွှင့်မယ့် BBC ရေဒီယိုအစီအစဉ်အတွက်ပါပဲ။ သူတို့နှစ်ဦးတွေ့ဆုံမှုရဲ့ စကားပြောခန်းတချို့ကို ပြန်လည်ခံစားကြည့်ရအောင်။ ဒီနေရာမှာ အာသန်နာရက်ခ် (Arthanayake) ရဲ့စကားလုံးတွေကို ဖယ်ထုတ်ပြီး ပိုချက်တီနို (Pochettino) ရဲ့ အပြောသက်သက်ကို ဇာတ်လမ်းတိုတစ်ခုလို တင်ဆက်လိုက်ရပါတယ်။

ကျွန်တော့်ဘဝကို (၂၄)နာရီပတ်လုံးဘောလုံးအကြောင်းတွေးရင်း နေထိုင်မိတယ်။ စကားလုံးတိုင်း၊ အပြုအမူတိုင်းမှာ ဘောလုံးအငွေ့အသက်တွေ ပါဝင်နေတယ်။ ဘောလုံးဟာ ကျွန်တော့်ဘဝပဲလေ။ ဘောလုံးဟာ ကျွန်တော့်ရဲ့ ဖြတ်သန်းမှုသမိုင်းပဲလေ။အခုဆိုရင် လူငယ်နည်းပြတွေထဲ အနာဂတ်တောက်ပနေသူတစ်ဦးအဖြစ် ကျွန်တော် ရှုမြင်ခံရတယ်။ ကျွန်တော်တာဝန်ယူခဲ့တဲ့ သုံးနှစ်တာကာလအတွင်းမှာ စပါးဟာ ပရီးမီးယားလိဂ်မှာ အဆင့် (၅)၊ အဆင့် (၃)၊ အဆင့်(၃)နေရာတွေမှာ ရှိခဲ့ပါတယ်။ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် စိန်ခေါ်နိုင်တဲ့အသင်းတစ်သင်းအဖြစ် စပါးဂုဏ်တင့်ခဲ့ပါတယ်။ နည်းပြတစ်ဦးအဖြစ် အသင့်အတင့်အောင်မြင်လာချိန်မှာ ကျွန်တော့်ရဲ့ ငယ်ဘဝကို သတိရမိတယ်။ ကျွန်တော့် ဘော်ဒါတွေနဲ့ ဘောလုံးကစားခဲ့ရာအချိန်တွေလေ။ ကျောင်းမှာ ဘောလုံးကစားခဲ့တဲ့ အချိန်တွေက ပြိုင်ဆိုင်မှုဆိုတဲ့စကားလုံးအရသာကို ပထမဆုံးခံစားမိခဲ့တယ်ဆိုရင်မမှားဘူး။ အဲဒီအချိန်တုန်းက ဘောလုံးဟာ ကိုယ့်ဘဝဖြစ်လာလိမ့်မယ်လို့ ဘယ်ထင်ထားမှာလဲ။ ဒါပေမဲ့ မသိစိတ်ထဲမှာ ဘောလုံးကို စွဲလန်းမှုဟာ ထုထည်ကြီးမားနေခဲ့ပြီ။ ကိုယ့်အသင်းကို အနိုင်ရစေချင်ပြီး ကိုယ်ကစားရမယ့်နေရာအတွက် တာဝန်ယူရမယ်ဆိုတာကိုလည်း နားလည်ခဲ့တာအမှန်ပဲ။ နည်းပြဘဝရောက်လာချိန်မှာ တာဝန်ယူမှုဆိုတာ ပိုလာတာပေါ့။ ဒီအတွက် ကျွန်တော့်ရဲ့ စိတ်ခံစားချက်တွေကို အခြေခံပြီး ရင်ဆိုင်လေ့ရှိတယ်။ ဖိအားများတဲ့နည်းပြတစ်ဦးဘဝမှာ စိတ်ပျော်ရွှင်ရေးမူဝါဒဟာ မိသားစုနဲ့အတူ အပန်းဖြေတာပဲ။ ဘောလုံးနဲ့ မိသားစုဘဝကြားမှာ ဟန်ချက်ကို တည်ထောင်ရတာမလွယ်ကူပါဘူး။ ဒါပေမဲ့ ကျွန်တော်ကံကောင်းတာက ကျွန်တော့်မိသားစုက ဘောလုံးကို နှစ်သက်မြတ်နိုးတာပဲ။

ပိုချက်တီနိုနှင့် တိုက်စစ်မှူး ဟာရီကိန်း

ပိုချက်တီနိုနှင့် တိုက်စစ်မှူး ဟာရီကိန်း

ပွဲတစ်ပွဲပြီးဆုံးချိန်တိုင်း ကျွန်တော့်မိန်းမက အကြံဉာဏ်တွေပေးလေ့ရှိတယ်။ ဝေလည်းဝေဖန်တယ်။  တခါတလေမှာ သူ့ဆီကနေ ဘောလုံးဆိုင်ရာစကားတွေကြားရလို့ ကျွန်တော်အံ့အားသင့်မိတယ်။ ဒါပေမဲ့ ကျွန်တော်သဘောကျပါတယ်။ မတူညီတဲ့ရှုထောင့်ကနေ အမြင်ကို ကြားရတာဟာ အရေးပါတယ်မဟုတ်လား။ ကိုယ့်ရဲ့ တီထွင်နိုင်စွမ်းကို တိုးတက်စေနိုင်တယ်မဟုတ်လား။ တခါတလေတော့လည်း ဘောလုံးအကြောင်း မစဉ်းစားချင်လို့ ရုပ်ရှင်ကြည့်တာဖြစ်ဖြစ်၊ စာအုပ်ဖတ်တာဖြစ်ဖြစ် လုပ်ဖြစ်ပါတယ်။  ကျွန်တော်က Game of Thrones ပရိသတ်တစ်ဦးလေ။ အဲဒီလို လုပ်နေရပေမယ့်လည်း စိတ်မပါတာမျိုး ဖြစ်တတ်သေးတယ်။ ဘောလုံးအေaကြာင်းတွေဟာ ရပ်တန့်လို့မရနိုင်ဘူး။ နည်းပြတစ်ဦးရဲ့နာကျင်စရာအကောင်းဆုံးအခိုက်အတန့်ဟာ ရှုံးနိမ့်ခြင်းကို ရင်ဆိုင်ရချိန်ပါပဲ။ ရှုံးနိမ့်ပြီးနောက် ကစားသမားတွေကို ဘယ်လိုကူညီမလဲ။ အသင်းကို လမ်းကြောင်းမှန်ပေါ် ဘယ်လိုဆွဲတင်မလဲ။ ကိုယ့်ရဲ့ ဆုံးဖြတ်ချက်အမှားတွေကို ဘယ်လိုပြစ်တင်မလဲ။ ရှုံးနိမ့်ခြင်းဟာနာကျင်ရပါတယ်။ ဒါပေမဲ့ ကျွန်တော့်မှာ ဖိအားတွေမရှိပါဘူး။ တာဝန်ယူမှုအပြည့်ထားပြီး  ကောင်းမွန်တဲ့အရာတစ်ခုကို ကျွန်တော်ပြန်လည်ဆောင်ယူပါမယ်။ ဆုံးရှုံးမှုတစ်ခုရင်ဆိုင်ရတိုင်း ကိုယ်ကိုယ်တိုင်စိတ်ဓာတ်မကျနဲ့၊ ကိုယ့်အသင်းသားတွေ စိတ်ဓာတ်မကျစေနဲ့။

အဖွဲ့အစည်းတစ်ခုကို ဦးဆောင်တဲ့အချိန်မှာ ဖခင်စိတ်ထားမျိုးထားနိုင်ရေးဟာလည်း အရေးကြီးတယ်။ ကျွန်တော်က အသက် (၂၂)နှစ်အရွယ်မှာပဲ ကလေးနှစ်ယောက်အဖေဖြစ်ခဲ့တယ်။ မိဘဘဝဟာ ထင်သလောက်မလွယ်ကူပါဘူး။ သားသမီးတွေဟာ သူတို့ကြုံတွေ့ခဲ့ရသမျှအရာအားလုံးကို မိဘကို ရင်ဖွင့်ချင်နေတာမျိုး၊ သူတို့ရဲ့ ဆန္ဒကို မငြင်းလိုက်ပါနဲ့။ ကစားသမားတွေနဲ့ ဆက်ဆံရေးဟာလည်း ဒီလိုပါပဲ။ သူတို့အနေနဲ့ ကွင်းထဲက ခြေစွမ်းနဲ့ ပတ်သက်ပြီးပဲဖြစ်ဖြစ်၊ လူမှုရေးပြဿနာတွေကိုပဲ ဖြစ်ဖြစ် ပြောပြချင်နေလိမ့်မယ်။ သားသမီးတွေကိုပဲ ဖြစ်ဖြစ်၊ ကစားသမားတွေပဲဖြစ်ဖြစ် သူတို့ရဲ့အပြစ်တွေကို  ပြင်းထန်စွာ မဝေဖန်သင့်ပါဘူး။ အမှားတွေကနေ သင်ခန်းစာယူဖို့ပဲ တိုက်တွန်းပါတယ်။နည်းပြဘဝကို ဘာလို့ရွေးချယ်ရတာလဲဆိုရင် ကူညီချင်စိတ်ကြောင့်ပါပဲ။ ကစားသမားတွေရဲ့ အိပ်မက်ကို ကူညီချင်တဲ့ စိတ်ကြောင့်ပါပဲ။ ဘောလုံးချစ်မြတ်နိုးစိတ်ကြီးမားမယ့် အရည်အသွေးရှိသူတွေရဲ့ အိပ်မက်ကို ကူညီချင်ပါတယ်။

ပိုချက်တီနို (Pochettino)ရဲ့ စကားလုံးတွေဟာ ဒီလောက်ပါပဲ။ ဂျာနယ်လစ်အာသန်နာရက်ခ် (Arthanayake)ရဲ့ ပိုချက်တီနို (Pochettino) အပေါ်အမြင်ကို ပြောရင်းအဆုံးသတ်လိုက်ချင်ပါတယ်။စပါးအတွက် အောင်မြင်မှုကို ဆောင်ယူပေးနေသူဆိုတာပါပဲ။

August(Akhayar)

www.akhayarmedia.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။