[Zawgyi]

စကာလံုးတုိက္ပြဲေတြ အမွန္တကယ္ရပ္တန္႔ၿပီလား၊ ေမာ္ရင္ဟိုနဲ႔ ကြန္တီၾကား ၿငိမ္းခ်မ္းေရးရၿပီလား

မန္ခ်က္စတာယူႏုိက္တက္နည္းျပ ေမာ္ရင္ဟို Mourinho နဲ႔ ခ်ယ္လ္ဆီးနည္းျပ ကြန္တီ Conte တို႔ၾကား စကားလံုးတုိက္ပြဲဟာ ျပင္းထန္ခဲ့ဖူးတယ္။ ေမာ္ရင္ဟိုက ကြန္တီဟာ ကြင္းေဘးစည္းကလူျပက္လို႔ တံဆိပ္ကပ္ခဲ့ဖူးၿပီး ကြန္တီကလည္း ေမာ္ရင္ဟိုေရာအရင္တုန္းက ဒီလိုေအာင္ပြဲမခံခဲ့ဘူးလားလို႔ တံု႔ျပန္ခဲ့ဖူးပါတယ္။ သူတို႔ႏွစ္ဦးၾကား စကားလံုးတိုက္ပဲြဲ Timeline က ဒီလိုပါပဲ

ဇန္န၀ါရီ ၄- ကြင္းေဘးမွာ လူျပက္တစ္ေယာက္လို ခုန္ေပါက္ေျပးလႊားေနတာ ခံစားလို႔ကိုမရဘူး (ေမာ္ရင္ဟို)

ဇန္န၀ါရီ ၅ – သူေရာ အဲဒီလိုလုပ္ခဲ့ဖူးတာ ေမ့သြားၿပီလား (ကြန္တီ)

ဇန္န၀ါရီ ၅ – ကၽြန္ေတာ္က လုပ္ပြဲေၾကာင့္ပြဲပယ္မခံဖူးဘူး၊ ၂၀၁၂-၁၃ ေဘာလံုးရာသီမွာ ဆီနာကိုတာ၀န္ယူခဲ့စဥ္က လုပ္ပြဲကစားတာကိုသတင္းေပးဖို႔ပ်က္ကြက္ခဲ့လို႔ ကြန္တီစြဲခ်က္တင္ခံရၿပီး  ေလးလပြဲပယ္ခံရတာကို ရည္ညႊန္း၍ ေမာ္ရင္ဟို ေျပာဆိုခဲ့ျခင္းျဖစ္

ဇန္န၀ါရီ ၆ – ေမာ္ရင္ဟုိကုိ အသက္ႀကီးၿပီးအခ်ိန္မစီးသူလို႔ ကြန္တီတံု႔ျပန္

ဇန္န၀ါရီ ၈ – ေမာ္ရင္ဟိုေျပာၾကားခဲ့တာေတြကို ဘယ္ေတာ့မွမေမ့ဘူးလို႔ ကြန္တီ သတိေပး

ေမာ္ရင္ဟုိဟာ ခ်ယ္လ္ဆီးေဘာလံုးသမုိင္းမွာ အေအာင္ျမင္ဆံုးနည္းျပတစ္ဦး၊ ဒါေပမဲ့ ခ်ယ္လ္ဆီးကို ဒုတိယအႀကိမ္ေရာက္လာခဲ့ခ်ိန္မွာ အသင္းပိုင္ရွင္ ေအဘရာမိုဗစ္ခ်္ Abramovich နဲ႔ အဆင္မေျပခဲ့သလို၊ ရလဒ္ေတြလည္း ဆိုးရြားခဲ့လို႔ ရာထူးက ထုတ္ပယ္ခံခဲ့ရတယ္။ ဒါဟာေမာ္ရင္ဟိုရဲ႕နည္းျပဘ၀မွာ အမည္းစက္တစ္ခုပဲ။ စိတ္ထဲမွာတေျမ့ေျမ့ေလာင္ကၽြမ္းေနရမယ့္ ဒဏ္ရာတစ္ခုပဲ။ ေမာ္ရင္ဟုိရဲ႕စိတ္ထဲ ခ်ယ္လ္ဆီးအေပၚ အႀကိတ္အခဲပိုျဖစ္ေစၿပီး ကြန္တီကိုမေက်မနပ္ျဖစ္ေစတာက ၿပီးခဲ့တဲ့ရာသီ စတမ္းဖို႔ဘရစ္ခ်္မွာ ဂိုးျပတ္႐ႈံးခဲ့တဲ့ပြဲမွာ အေျခခံတယ္လို႔ ဆိုရမယ္။ အဲဒီပြဲမွာခ်ယ္လ္ဆီးက မန္ခ်က္စတာယူႏုိက္တက္ကို ဂိုးျပတ္အႏုိင္ရခဲ့ပါတယ္။ ကြင္းေဘးစည္းမွာ ကြန္တီဟာ ခုန္ေပါက္ေအာင္ပြဲခံလိုက္၊ ပရိသတ္ေတြကို အားပါးတရေအာင္ပြဲခံၿပီး လႈံ႕ေဆာ္လိုက္လုပ္ေနပါတယ္။ ပြဲၿပီးခါနီးမွာ ေမာ္ရင္ဟိုက ကြန္တီအနားေရာက္လာၿပီး စကားတစ္ခြန္းတိုးတိုးေလးေျပာခဲ့ပါတယ္။ “ ငါ့ကို အရွက္ခြဲေနတာလား” ဆုိတာပါပဲ။ ပြဲအၿပီးမွာ ကြန္တီက ကၽြန္ေတာ္ဘယ္သူ႔ကိုမွ အရွက္မခြဲခဲ့ပါဘူးလို႔ တံု႔ျပန္ခဲ့ပါတယ္။ ေမာ္ရင္ဟိုရဲ႕ စိတ္ထဲမွာ သူဟာခ်ယ္လ္ဆီးရဲ႕ Number One နည္းျပျဖစ္ေနဆဲပဲလို႔ ခံယူထားဆဲ၊ ခ်ယ္လ္ဆီးမွာ သူရယူေပးခဲ့တဲ့ေအာင္ျမင္မႈမ်ဳိး၊ ခ်ယ္လ္ဆီးေခတ္ကို သူစတင္ေပးခဲ့တယ္ဆုိတဲ့အစြဲ ဟာ ခၽြတ္မရႏုိင္ဘူး။ ဒီေတာ့ ခ်ယ္လ္ဆီးမွာ ကြန္တီ ဘာလုပ္ျပလုပ္ျပ သူ႕ကိုမမီဘူးလို႔ အတၱႀကီးေနတာမ်ားလား။

ကြန္တီကလည္း ပထမဆံုးရာသီမွာပဲ ပရီးမီးယားလိဂ္ခ်န္ပီယံဆုကို ဆြတ္ခူးျပလုိက္ေတာ့ ကုိယ့္ကိုယ္ကိုယ္ ယံုၾကည္စိတ္ျမင့္မားသြားတယ္။ ၿပီးေတာ့ သူဘာပဲလုပ္ျပလုပ္၊ ဘယ္ေလာက္ပဲေအာင္ျမင္ေအာင္ျမင္ ခ်ယ္လ္ဆီးမွာ ေမာ္ရင္ဟိုထားေပးခဲ့တဲ့ အေမြအႏွစ္ကိုမမီပါဘူးဆိုတာမ်ဳိးက ကြန္တီရဲ႕မာနကိုထိခိုက္ေစမွာပဲ။ ဒါဟာ ခ်ယ္လ္ဆီးလူေဟာင္းနဲ႔ ခ်ယ္လ္ဆီးလူသစ္တို႔ၾကား စကားလံုးတုိက္ပြဲမ်ားအေျခခံရာအခ်က္တစ္ခုပါပဲ။

ဒါေပမဲ့ ခ်ယ္လ္ဆီးနည္းျပ ကြန္တီက စကားလံုးတုိက္ပြဲေတြရပ္တန္႔လိုက္ၿပီလု႔ိ တနဂၤေႏြေန႔ မန္ခ်က္စတာယူႏုိက္တက္နဲ႔ပြဲမတိုင္မီ ေျပာလုိက္ပါတယ္။ ကြန္တီက “ စကားလံုးတုိက္ပဲြေတြကို ကၽြန္ေတာ္စိတ္မ၀င္စားေတာ့ဘူး။ ႏွစ္ေယာက္စလံုးအတိတ္မွာ ေျပာခဲ့ၿပီးပါၿပီ။ ဒါေပမဲ့ အခုအခ်ိန္မွာ ရပ္တန္႔လုိက္ပါၿပီ” လို႔ ေျပာခဲ့တာပါပဲ။ ေမာ္ရင္ဟိုက “ ခ်ယ္လ္ဆီးနဲ႔ေတြ႕တာက သာမန္ပြဲတစ္ပြဲလိုပါပဲ။ ၿပီးခဲ့တဲ့ရက္သတၱပတ္အတန္ၾကာက လီဗာပူးလ္နဲ႔ဆံုခဲ့တဲ့ပြဲကမွ ပိုၿပီးအဓိပၸာယ္ရွိပါေသးတယ္။ ကၽြန္ေတာ္တို႔ မန္ခ်က္စတာယူႏုိက္တက္အသင္းအတြက္ လီဗာပူးလ္နဲ႔ ဆံုတဲ့ပြဲကမွ အဓိပၸာယ္ရွိတယ္။ ခ်ယ္လ္ဆီးနဲ႔ျပန္ေတြ႕ရေတာ့လည္း ကၽြန္ေတာ့္စိတ္ထဲဘယ္လိုမွမေနပါဘူး။ ကၽြန္ေတာ့္ရဲ႕အသင္းေဟာင္းကို တစ္ခုခုလုပ္ျပလုိက္မယ္ဆုိၿပီေတာ့လည္း ႀကံဳး၀ါးမေနခ်င္ပါဘူး။ ကၽြန္ေတာ္နည္းျပခဲ့တဲ့အသင္းေဟာင္းေတြန႔ဲ   ျပန္ဆံုတုိင္း စိတ္ထဲမွာေကာင္းမြန္စြာခံစားရပါတယ္။ အင္တာမီလန္နဲ႔ ျပန္မဆံုေသးေပမယ့္ ေပၚတို၊ ရီးယဲလ္၊ ခ်ယ္လ္ဆီးတို႔နဲ႔ ဆံုခဲ့ၿပီးပါၿပီ။ အသင္းေဟာင္းေတြနဲ႔ ျပန္ဆံုေတြ႕ရလို႔ ဘာမွထူးထူးျခားျခားျဖစ္မေနပါဘူး” လို႔ ေျပာခဲ့ပါတယ္။

ကြန္တီက ေမာ္ရင္ဟိုနဲ႔ စကားလံုးတုိက္ပြဲမဆင္ႏႊဲေတာ့ဘူးလို႔ ဆုိတယ္။ ေမာ္ရင္ဟိုကလည္း သူ႕စိတ္ထဲမွာခ်ယ္လ္ဆီးနဲ႔ ဆံုရတာသာမန္ပြဲတစ္ပြဲလိုပါပဲလို႔ ဆိုၿပီးသူ႕စိတ္ကိုသူ ဖံုးထားပါတယ္။ ဒါေပမဲ့ ေမာ္ရင္ဟိုရဲ႕စကားေတြထဲ လီဗာပူးလ္ကသာ မန္ခ်က္စတာယူႏုိက္တက္ရဲ႕ သမုိင္း၀င္အစဥ္အလာၿပိဳင္ ဘက္၊ ခ်ယ္လ္ဆီးနဲ႔ေတြ႕တာသာမန္ပဲလို႔ ဆိုခဲ့တာက ၿငိမ္းခ်မ္းေရးဆန္တဲ့စကားလံုးဟုတ္ရဲ႕လား။ မန္ခ်က္စတာယူႏုိက္တက္နဲ႔ ခ်ယ္လ္ဆီးတို႔ ဒီတစ္ခါဆံုေတြ႕မႈအႀကိဳကာလမွာ ျပင္းထန္တ့ဲစကားလံုးတုိက္ပြဲေတြ ၿငိမ္သက္ေနေပမယ့္ ပြဲခ်ိန္အတြင္းမွာ၊ ပြဲအၿပီးမွာ ေမာ္ရင္ဟိုနဲ႔ ကြန္တီၾကား ဘယ္လုိစကားလံုးတုိက္ပြဲေတြ  ျဖစ္လာဦးမလဲ။

August(Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

စကာလုံးတိုက်ပွဲတွေ အမှန်တကယ်ရပ်တန့်ပြီလား၊ မော်ရင်ဟိုနဲ့ ကွန်တီကြား ငြိမ်းချမ်းရေးရပြီလား

မန်ချက်စတာယူနိုက်တက်နည်းပြ မော်ရင်ဟို Mourinho နဲ့ ချယ်လ်ဆီးနည်းပြ ကွန်တီ Conte တို့ကြား စကားလုံးတိုက်ပွဲဟာ ပြင်းထန်ခဲ့ဖူးတယ်။ မော်ရင်ဟိုက ကွန်တီဟာ ကွင်းဘေးစည်းကလူပြက်လို့ တံဆိပ်ကပ်ခဲ့ဖူးပြီး ကွန်တီကလည်း မော်ရင်ဟိုရောအရင်တုန်းက ဒီလိုအောင်ပွဲမခံခဲ့ဘူးလားလို့ တုံ့ပြန်ခဲ့ဖူးပါတယ်။ သူတို့နှစ်ဦးကြား စကားလုံးတိုက်ပွဲ Timeline က ဒီလိုပါပဲ

ဇန်နဝါရီ ၄- ကွင်းဘေးမှာ လူပြက်တစ်ယောက်လို ခုန်ပေါက်ပြေးလွှားနေတာ ခံစားလို့ကိုမရဘူး (မော်ရင်ဟို)

ဇန်နဝါရီ ၅ – သူရော အဲဒီလိုလုပ်ခဲ့ဖူးတာ မေ့သွားပြီလား (ကွန်တီ)

ဇန်နဝါရီ ၅ – ကျွန်တော်က လုပ်ပွဲကြောင့်ပွဲပယ်မခံဖူးဘူး၊ ၂၀၁၂-၁၃ ဘောလုံးရာသီမှာ ဆီနာကိုတာဝန်ယူခဲ့စဉ်က လုပ်ပွဲကစားတာကိုသတင်းပေးဖို့ပျက်ကွက်ခဲ့လို့ ကွန်တီစွဲချက်တင်ခံရပြီး  လေးလပွဲပယ်ခံရတာကို ရည်ညွှန်း၍ မော်ရင်ဟို ပြောဆိုခဲ့ခြင်းဖြစ်

ဇန်နဝါရီ ၆ – မော်ရင်ဟိုကို အသက်ကြီးပြီးအချိန်မစီးသူလို့ ကွန်တီတုံ့ပြန်

ဇန်နဝါရီ ၈ – မော်ရင်ဟိုပြောကြားခဲ့တာတွေကို ဘယ်တော့မှမမေ့ဘူးလို့ ကွန်တီ သတိပေး

မော်ရင်ဟိုဟာ ချယ်လ်ဆီးဘောလုံးသမိုင်းမှာ အအောင်မြင်ဆုံးနည်းပြတစ်ဦး၊ ဒါပေမဲ့ ချယ်လ်ဆီးကို ဒုတိယအကြိမ်ရောက်လာခဲ့ချိန်မှာ အသင်းပိုင်ရှင် အေဘရာမိုဗစ်ချ် Abramovich နဲ့ အဆင်မပြေခဲ့သလို၊ ရလဒ်တွေလည်း ဆိုးရွားခဲ့လို့ ရာထူးက ထုတ်ပယ်ခံခဲ့ရတယ်။ ဒါဟာမော်ရင်ဟိုရဲ့နည်းပြဘဝမှာ အမည်းစက်တစ်ခုပဲ။ စိတ်ထဲမှာတမြေ့မြေ့လောင်ကျွမ်းနေရမယ့် ဒဏ်ရာတစ်ခုပဲ။ မော်ရင်ဟိုရဲ့စိတ်ထဲ ချယ်လ်ဆီးအပေါ် အကြိတ်အခဲပိုဖြစ်စေပြီး ကွန်တီကိုမကျေမနပ်ဖြစ်စေတာက ပြီးခဲ့တဲ့ရာသီ စတမ်းဖို့ဘရစ်ချ်မှာ ဂိုးပြတ်ရှုံးခဲ့တဲ့ပွဲမှာ အခြေခံတယ်လို့ ဆိုရမယ်။ အဲဒီပွဲမှာချယ်လ်ဆီးက မန်ချက်စတာယူနိုက်တက်ကို ဂိုးပြတ်အနိုင်ရခဲ့ပါတယ်။ ကွင်းဘေးစည်းမှာ ကွန်တီဟာ ခုန်ပေါက်အောင်ပွဲခံလိုက်၊ ပရိသတ်တွေကို အားပါးတရအောင်ပွဲခံပြီး လှုံ့ဆော်လိုက်လုပ်နေပါတယ်။ ပွဲပြီးခါနီးမှာ မော်ရင်ဟိုက ကွန်တီအနားရောက်လာပြီး စကားတစ်ခွန်းတိုးတိုးလေးပြောခဲ့ပါတယ်။ “ ငါ့ကို အရှက်ခွဲနေတာလား” ဆိုတာပါပဲ။ ပွဲအပြီးမှာ ကွန်တီက ကျွန်တော်ဘယ်သူ့ကိုမှ အရှက်မခွဲခဲ့ပါဘူးလို့ တုံ့ပြန်ခဲ့ပါတယ်။ မော်ရင်ဟိုရဲ့ စိတ်ထဲမှာ သူဟာချယ်လ်ဆီးရဲ့ Number One နည်းပြဖြစ်နေဆဲပဲလို့ ခံယူထားဆဲ၊ ချယ်လ်ဆီးမှာ သူရယူပေးခဲ့တဲ့အောင်မြင်မှုမျိုး၊ ချယ်လ်ဆီးခေတ်ကို သူစတင်ပေးခဲ့တယ်ဆိုတဲ့အစွဲ ဟာ ချွတ်မရနိုင်ဘူး။ ဒီတော့ ချယ်လ်ဆီးမှာ ကွန်တီ ဘာလုပ်ပြလုပ်ပြ သူ့ကိုမမီဘူးလို့ အတ္တကြီးနေတာများလား။

ကွန်တီကလည်း ပထမဆုံးရာသီမှာပဲ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ဆွတ်ခူးပြလိုက်တော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်မြင့်မားသွားတယ်။ ပြီးတော့ သူဘာပဲလုပ်ပြလုပ်၊ ဘယ်လောက်ပဲအောင်မြင်အောင်မြင် ချယ်လ်ဆီးမှာ မော်ရင်ဟိုထားပေးခဲ့တဲ့ အမွေအနှစ်ကိုမမီပါဘူးဆိုတာမျိုးက ကွန်တီရဲ့မာနကိုထိခိုက်စေမှာပဲ။ ဒါဟာ ချယ်လ်ဆီးလူဟောင်းနဲ့ ချယ်လ်ဆီးလူသစ်တို့ကြား စကားလုံးတိုက်ပွဲများအခြေခံရာအချက်တစ်ခုပါပဲ။

ဒါပေမဲ့ ချယ်လ်ဆီးနည်းပြ ကွန်တီက စကားလုံးတိုက်ပွဲတွေရပ်တန့်လိုက်ပြီလု့ိ တနင်္ဂနွေနေ့ မန်ချက်စတာယူနိုက်တက်နဲ့ပွဲမတိုင်မီ ပြောလိုက်ပါတယ်။ ကွန်တီက “ စကားလုံးတိုက်ပွဲတွေကို ကျွန်တော်စိတ်မဝင်စားတော့ဘူး။ နှစ်ယောက်စလုံးအတိတ်မှာ ပြောခဲ့ပြီးပါပြီ။ ဒါပေမဲ့ အခုအချိန်မှာ ရပ်တန့်လိုက်ပါပြီ” လို့ ပြောခဲ့တာပါပဲ။ မော်ရင်ဟိုက “ ချယ်လ်ဆီးနဲ့တွေ့တာက သာမန်ပွဲတစ်ပွဲလိုပါပဲ။ ပြီးခဲ့တဲ့ရက်သတ္တပတ်အတန်ကြာက လီဗာပူးလ်နဲ့ဆုံခဲ့တဲ့ပွဲကမှ ပိုပြီးအဓိပ္ပာယ်ရှိပါသေးတယ်။ ကျွန်တော်တို့ မန်ချက်စတာယူနိုက်တက်အသင်းအတွက် လီဗာပူးလ်နဲ့ ဆုံတဲ့ပွဲကမှ အဓိပ္ပာယ်ရှိတယ်။ ချယ်လ်ဆီးနဲ့ပြန်တွေ့ရတော့လည်း ကျွန်တော့်စိတ်ထဲဘယ်လိုမှမနေပါဘူး။ ကျွန်တော့်ရဲ့အသင်းဟောင်းကို တစ်ခုခုလုပ်ပြလိုက်မယ်ဆိုပြီတော့လည်း ကြုံးဝါးမနေချင်ပါဘူး။ ကျွန်တော်နည်းပြခဲ့တဲ့အသင်းဟောင်းတွေနဲ့   ပြန်ဆုံတိုင်း စိတ်ထဲမှာကောင်းမွန်စွာခံစားရပါတယ်။ အင်တာမီလန်နဲ့ ပြန်မဆုံသေးပေမယ့် ပေါ်တို၊ ရီးယဲလ်၊ ချယ်လ်ဆီးတို့နဲ့ ဆုံခဲ့ပြီးပါပြီ။ အသင်းဟောင်းတွေနဲ့ ပြန်ဆုံတွေ့ရလို့ ဘာမှထူးထူးခြားခြားဖြစ်မနေပါဘူး” လို့ ပြောခဲ့ပါတယ်။

ကွန်တီက မော်ရင်ဟိုနဲ့ စကားလုံးတိုက်ပွဲမဆင်နွှဲတော့ဘူးလို့ ဆိုတယ်။ မော်ရင်ဟိုကလည်း သူ့စိတ်ထဲမှာချယ်လ်ဆီးနဲ့ ဆုံရတာသာမန်ပွဲတစ်ပွဲလိုပါပဲလို့ ဆိုပြီးသူ့စိတ်ကိုသူ ဖုံးထားပါတယ်။ ဒါပေမဲ့ မော်ရင်ဟိုရဲ့စကားတွေထဲ လီဗာပူးလ်ကသာ မန်ချက်စတာယူနိုက်တက်ရဲ့ သမိုင်းဝင်အစဉ်အလာပြိုင် ဘက်၊ ချယ်လ်ဆီးနဲ့တွေ့တာသာမန်ပဲလို့ ဆိုခဲ့တာက ငြိမ်းချမ်းရေးဆန်တဲ့စကားလုံးဟုတ်ရဲ့လား။ မန်ချက်စတာယူနိုက်တက်နဲ့ ချယ်လ်ဆီးတို့ ဒီတစ်ခါဆုံတွေ့မှုအကြိုကာလမှာ ပြင်းထန်တဲ့စကားလုံးတိုက်ပွဲတွေ ငြိမ်သက်နေပေမယ့် ပွဲချိန်အတွင်းမှာ၊ ပွဲအပြီးမှာ မော်ရင်ဟိုနဲ့ ကွန်တီကြား ဘယ်လိုစကားလုံးတိုက်ပွဲတွေ  ဖြစ်လာဦးမလဲ။

August(Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။