[Zawgyi]

ပရီးမီးယားလိဂ္မွာ VAR စနစ္ကုိ ပုိၿပီးတြင္တြင္က်ယ္က်ယ္အသုံးျပဳဖုိ႔ ေတာင္းဆုိလုိက္တဲ့ ကြန္တီ Conte

ခ်ယ္လ္ဆီးအသင္းနည္းျပကြန္တီ Conte ဟာ မန္ယူကုိ႐ႈံးနိမ့္ခဲ့တဲ့ပဲြအၿပီး ပရီးမီးယားလိဂ္မွာ VAR စနစ္ကုိ အခုထက္ပုိၿပီးတြင္တြယ္က်ယ္က်ယ္အသုံးျပဳသင့္တယ္လုိ႔ ေတာင္းဆုိလုိက္ပါတယ္။ မန္ယူကုိ (၂-၁)ဂုိးနဲ႔႐ႈံးနိမ့္ခဲ့တဲ့ပဲြမွာ ခ်ယ္လ္ဆီးတိုက္စစ္မွဴးမုိရာတာဟာ ပြဲၿပီးခါနီး ေခ်ပဂုိးသြင္းခဲ့ေပမယ့္ စည္းၾကပ္ဒုိင္က လူကၽြံသတ္မွတ္ေပးခဲ့ပါတယ္။ ဒါေပမဲ့ ႐ုပ္သံျပကြက္ေတြမွာေတာ့မုိရာတာဟာ လူကၽြံအေနအထားမွာ မရွိတာေၾကာင့္ စည္းၾကပ္ဒုိင္ရဲ႕ဆုံးျဖတ္ခ်က္က မွားယြင္းခဲ့ၿပီး ခ်ယ္လ္ဆီးအသင္းအတြက္နစ္နာခဲ့တယ္လုိ႔ ဆုိရမွာပါ။

ပဲြအၿပီးမွာ ကြန္တီက-အမွန္အတိုင္းေျပာရရင္ အဲဒီအျဖစ္အပ်က္ကုိ ကၽြန္ေတာ္ မေတြ႕လုိက္ပါဘူး။ တကယ္လုိ႔ ခင္ဗ်ားတို႔ကမုိရာတာ Morata ဟာ လူမကၽြံဘူးလုိ႔ ေျပာရင္ VAR စနစ္ဟာ အရမ္းအေရးပါတဲ့က႑မွာ ပါ၀င္ေနၿပီး အထူးသျဖင့္ အဂၤလန္ပရီးမီးယားလိဂ္မွာ အသုံးျပဳသင့္တယ္လုိ႔ ကၽြန္ေတာ္ ယူဆရမွာပါ။ အခုပဲြမွာ ႐ုပ္သံျပန္ၾကည့္သင့္တဲ့ျဖစ္ရပ္ေတြ အမ်ားႀကီးရွိခဲ့ပါတယ္-လုိ႔ ဆုိခဲ့ပါတယ္။ ခ်န္ပီယံလိဂ္၀င္ခြင့္အတြက္ အၿပိဳင္ျဖစ္ေနတဲ့ စပါးအသင္းက ပဲေလ့စ္ကုိ အႏုိင္ရခဲ့တာေၾကာင့္ ခ်ယ္လ္ဆီးအသင္းရဲ႕႐ႈံးပဲြက သူတို႔အတြက္ ႀကီးမားတဲ့ထုိးႏွက္ခ်က္ျဖစ္ခဲ့ရၿပီး အခုဆုိ ခ်ယ္လ္ဆီးအသင္းဟာ စပါးအသင္းနဲ႔ (၂)မွတ္အကြာ အဆင့္(၅)ေနရာကုိ ေရာက္ရွိသြားပါၿပီ။ အဲဒါနဲ႔ပတ္သက္ၿပီး ကြန္တီက-ကၽြန္ေတာ္တို႔ တိုက္ပဲြ၀င္ရေတာ့မွာပါ။ ခ်န္ပီယံလိဂ္၀င္ခြင့္တစ္ေနရာရဖုိ႔ဆုိတာအရမ္းခက္ခဲပါတယ္-လုိ႔ ေျပာခဲ့ပါတယ္။ ခ်ယ္လ္ဆီးအသင္းဟာ လာမယ့္တစ္ပတ္မွာ မန္စီးတီးနဲ႔ပရီးမီးယားလိဂ္အေ၀းကြင္းပဲြက်ပ္ကစားရမွာပါ။

REF:Daily Mail

Ko Linn(Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္
[Unicode]

ပရီးမီးယားလိဂ်မှာ VAR စနစ်ကို ပိုပြီးတွင်တွင်ကျယ်ကျယ်အသုံးပြုဖို့ တောင်းဆိုလိုက်တဲ့ ကွန်တီ Conte

ချယ်လ်ဆီးအသင်းနည်းပြကွန်တီ Conte ဟာ မန်ယူကိုရှုံးနိမ့်ခဲ့တဲ့ပွဲအပြီး ပရီးမီးယားလိဂ်မှာ VAR စနစ်ကို အခုထက်ပိုပြီးတွင်တွယ်ကျယ်ကျယ်အသုံးပြုသင့်တယ်လို့ တောင်းဆိုလိုက်ပါတယ်။ မန်ယူကို (၂-၁)ဂိုးနဲ့ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ချယ်လ်ဆီးတိုက်စစ်မှူးမိုရာတာဟာ ပွဲပြီးခါနီး ချေပဂိုးသွင်းခဲ့ပေမယ့် စည်းကြပ်ဒိုင်က လူကျွံသတ်မှတ်ပေးခဲ့ပါတယ်။ ဒါပေမဲ့ ရုပ်သံပြကွက်တွေမှာတော့မိုရာတာဟာ လူကျွံအနေအထားမှာ မရှိတာကြောင့် စည်းကြပ်ဒိုင်ရဲ့ဆုံးဖြတ်ချက်က မှားယွင်းခဲ့ပြီး ချယ်လ်ဆီးအသင်းအတွက်နစ်နာခဲ့တယ်လို့ ဆိုရမှာပါ။

ပွဲအပြီးမှာ ကွန်တီက-အမှန်အတိုင်းပြောရရင် အဲဒီအဖြစ်အပျက်ကို ကျွန်တော် မတွေ့လိုက်ပါဘူး။ တကယ်လို့ ခင်ဗျားတို့ကမိုရာတာ Morata ဟာ လူမကျွံဘူးလို့ ပြောရင် VAR စနစ်ဟာ အရမ်းအရေးပါတဲ့ကဏ္ဍမှာ ပါဝင်နေပြီး အထူးသဖြင့် အင်္ဂလန်ပရီးမီးယားလိဂ်မှာ အသုံးပြုသင့်တယ်လို့ ကျွန်တော် ယူဆရမှာပါ။ အခုပွဲမှာ ရုပ်သံပြန်ကြည့်သင့်တဲ့ဖြစ်ရပ်တွေ အများကြီးရှိခဲ့ပါတယ်-လို့ ဆိုခဲ့ပါတယ်။ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အပြိုင်ဖြစ်နေတဲ့ စပါးအသင်းက ပဲလေ့စ်ကို အနိုင်ရခဲ့တာကြောင့် ချယ်လ်ဆီးအသင်းရဲ့ရှုံးပွဲက သူတို့အတွက် ကြီးမားတဲ့ထိုးနှက်ချက်ဖြစ်ခဲ့ရပြီး အခုဆို ချယ်လ်ဆီးအသင်းဟာ စပါးအသင်းနဲ့ (၂)မှတ်အကွာ အဆင့်(၅)နေရာကို ရောက်ရှိသွားပါပြီ။ အဲဒါနဲ့ပတ်သက်ပြီး ကွန်တီက-ကျွန်တော်တို့ တိုက်ပွဲဝင်ရတော့မှာပါ။ ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာရဖို့ဆိုတာအရမ်းခက်ခဲပါတယ်-လို့ ပြောခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းဟာ လာမယ့်တစ်ပတ်မှာ မန်စီးတီးနဲ့ပရီးမီးယားလိဂ်အဝေးကွင်းပွဲကျပ်ကစားရမှာပါ။

REF:Daily Mail

Ko Linn(Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်