[Zawgyi]
Conor Mcgregor
Conor Mcgregor
www.akhayarmedia.com
[Unicode]
မေဝဲသာအနေနဲ့ MMA ထိုးသင့်တယ်လို့ ဆိုလိုက်တဲ့ မက်ဂရီဂေါ်
နာမည်ကျော်ကိုယ်ခံပညာစုံတိုက်ခိုက်ရေးသမား မက်ဂရီဂေါ်က လက်ဝှေ့ကျော်မေဝဲသာအနေနဲ့ လက်ဝှေ့လောကမှ အနားယူပြီးနောက် ကိုယ်ခံပညာစုံတိုက်ခိုက်ရေး (MMA) လောကကို ဝင်ရောက်သင့်တယ်လို့ ဆိုလိုက်ပါတယ်။
Conor Mcgregor
Conor Mcgregor
UFC လိုက်ဝိတ်တန်းချန်ပီယံ ဂရီဂေါ်နဲ့ လက်ဝှေ့ဝိတ်တန်း(၅)ခု ချန်ပီယံမေဝဲသာတို့ဟာ ပြီးခဲ့တဲ့နှစ်က ထိုးသတ်ကြေးအများဆုံးပွဲအဖြစ် နာမည်ကြီးခဲ့တဲ့ (Mega Money Fight) ပွဲကို ယှဉ်ပြိုင်ထိုးသတ်ခဲ့သူ တွေဖြစ်ပါတယ်။ အဆိုပါပွဲစဉ်မှာ ဂရီဂေါ်ဟာ လက်ဝှေ့စည်မျဉ်းအတိုင်း မေဝဲသာကို ယှဉ်ပြိုင်ထိုးသတ်ခဲ့ရတာကြောင့် အရေးနိမ့်ခဲ့ရပြီး သူအနေနဲ့ လက်ဝှေ့စည်းမျဉ်းအတိုင်း ယှဉ်ပြိုင်ခဲ့သလို မေဝဲသာအနေနဲ့ MMA လောကထဲ ဝင်ရောက်ယှဉ်ပြိုင်ပါက လေးစားမှုရလိမ့်မယ်လို့ ဆိုခဲ့ပါတယ်။
ဂရီဂေါ်က “သူဟာ MMA လောကထဲဝင်မယ်ဆိုရင် လေးစားမှုရလာမယ်လို့ ထင်ပါတယ်။ ကျွန်တော်ဟာ ပြောခဲ့တဲ့အတိုင်း လက်ဝှေ့ကြိုးဝိုင်းထဲမှာ ယှဉ်ပြိုင်ခဲ့ပါတယ်။ အခုတော့ သူ့အလှည့်ပါ။ သူရဲ့ပြိုင်ပွဲမှာ ကျွန်တော်ယှဉ်ပြိုင်ခဲ့သလို သူဟာလည်း ကျွန်တော်ရဲ့ပြိုင်ပွဲမှာ ယှဉ်ပြိုင်သင့်ပါတယ်” လို့ ဆိုခဲ့ပါတယ်။ မက်ဂရီဂေါ်ဟာ အကျော်ကြားဆုံး MMA ပြိုင်ပွဲတစ်ခုဖြစ်တဲ့ UFC ရဲ့ လိုက်ဝိတ်တန်းချန်ပီယံဖြစ်ပြီး လက်ရှိမှာတော့ နောက်ပွဲစဉ်တွေအတွက် ထိုးသတ်ဖို့ ပြိုင်ဘက်တွေနဲ့ ညှိနှိုင်းနေသူဖြစ်ပါတယ်။
www.akhayarmedia.com
Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။