Conor-McGregor-may-never-return-to-UFC-as-he-has-100m-says-Dana-White
Conor-McGregor-may-never-return-to-UFC-as-he-has-100m-says-Dana-White
[Zawgyi]
ကျော်စိုးအောင် (အခရာ)
www.akhayar.com 
[Unicode]
ကော်နာ မက်ဂရီဂေါ်ဟာ MMA လောကထဲကို ပြန်ဝင်မှာ မဟုတ်ဖူးလို့ ဆိုလိုက်တဲ့ UFC ဥက္ကဌ
ကမ္ဘာ့အမြင့်ဆုံး ကိုယ်ခံပညာပေါင်းစုံအဖွဲ့အစည်းလို့ သတ်မှတ်ထားတဲ့ Ultimate Fighting Championship (UFC) ရဲ့ ဥက္ကဌ ဒါနာဝှိုက် (Dana White) ကတော့ ကော်နာ မက်ဂရီဂေါ် (Conor Mcgregor) အနေနဲ့ သန်းကြွယ်သူဌေးဖြစ်နေလို့ MMA လောကကို ပြန်လာမှာ မဟုတ်တော့ဘူးလို့ ဆိုလိုက်ပါတယ်။
“ကော်နာ မက်ဂရီဂေါ်ဟာ မေဝယ်သာနဲ့ ထိုးတုန်းက
သန်း၁ဝဝလောက်ရသွားတာ တော်တော်ခိုင်သွားတာဗျ။
အပင်ပန်းခံပြီး MMA ကို လာမှာမဟုတ်တော့ဘူး။”
UFC ရဲ့ လိုက်ဝိတ် (Lightweight) ချန်ပီယံ ကော်နာ မက်ဂရီဂေါ်ဟာ ၂ဝ၁၆ခုနှစ် သြဂုတ်လ (၂ဝ) တုန်းက နိတ်ဒိုင်ယာဇ် (Nate Diaz) နဲ့ ထိုးသတ်တဲ့ပွဲမှာ ထိုးကြေး ၂သန်းသာ ရခဲ့ပါတယ်။ နိုဝင်ဘာ (၁၂) ရက်နေ့မှာ အယ်ဒီအယ်ဗာရက် (Eddie Alvarez) အလဲထိုးနိုင်ခဲ့လို ထိုးကြေးရော ရုပ်သံကြေးပါ ပေါင်းလိုက်ရင် ၁၁.၅သန်း ရခဲ့တာဖြစ်ပါတယ်။ ကော်နာ မက်ဂရီဂေါ် ထိုးသတ်ခဲ့တဲ့ MMA (၂၄) ပွဲမှ ထိုးသတ်ကြေးအားလုံးပေါင်းလိုက်ရင်တောင် မေဝယ်သာနဲ့ပွဲမှာ ရခဲ့ထိုးကြေးကို မမီခဲ့ပါဘူး။ မေဝယ်သာနဲ့ပွဲမှာ ဒေါ်လာသန်း၁ဝဝအထိ ရခဲ့တာပါ။ ဒါ့ကြောင့် ကော်နာ မက်ဂရီဂေါ်ဟာ MMA ထက် ဘောက်ဆင်ကို ပိုအားသန်လာတာဖြစ်ပါတယ်။
ကော်နာ မက်ဂရီဂေါ် (Conor Mcgregor)
ကော်နာ မက်ဂရီဂေါ် (Conor Mcgregor)
လက်ရှိမှာလည်း ဘောက်ဆင်ဝိတ်တန်း (၈) ခုရဲ့ ရွှေခါးပတ် (၁၁) ဆုပိုင်ရှင် ဖိလစ်ပိုင်နိုင်ငံသား မန်နီ ပက်ကွီအို (Manny Pacquiao) က ကော်နာ မက်ဂရီဂေါ်ကို ၂ဝ၁၈ ဘောက်ဆင်ကြိုးဝိုင်းထဲမှာ ပြန်တွေ့ဖို့ သွေးတိုးစမ်းထားပြီး တကယ်ဖြစ်လာဖွယ်ရှိနေပါတယ်။ MMA လောကထက် ဘောက်ဆင်ဘက်ကို မျက်စိကျလာရတဲ့ အဓိကအကြောင်းရင်းကတော့ ငွေပါပဲခင်ဗျာ။
ကျော်စိုးအောင် (အခရာ)
www.akhayar.com 
Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။