[Zawgyi] 

အလုပ္နဲ႔ပတ္သက္လာရင္ Email ပို႔တဲ့ကိစၥနဲ႔ကင္းမွာမဟုတ္ပါဘူး။ Email ပို႔တဲ့အခါ အခ်က္အလက္မ်ိဳးစံုကို ထည့္သြင္းေပးပို႔ေလ့ရွိတဲ့အျပင္ အေရးႀကီးအခ်က္အလက္ေတြ၊ သတင္းေပါက္ၾကားလို႔မရတာေတြလည္း ပို႔ရတဲ့အခါမ်ိဳးေတြရွိပါတယ္။ 

Gmail Confidential Mode

အဲ့ဒီလို အေရးႀကီးအခ်က္အလက္ေတြ၊ သတင္းေပါက္ၾကားလို႔မရတဲ့ အေၾကာင္းအရာေတြကို ေပးပို႔တဲ့အခါ ပိုမိုလြယ္ကူေစဖို႔အတြက္ Confidential Mode ကို Google ကမၾကာခင္ Gmail မွာထည့္ေပးေတာ့မွာပါ။ Confidential Mode ကေတာ့ သင္ပို႔ရမယ့္ အေရးႀကီးအခ်က္အလက္ကို ေပါက္ၾကားမႈမရွိေစဖို႔ ကာကြယ္ေပးမွာျဖစ္ပါတယ္။ 

Confidential Mode နဲ႔ Mail တစ္ေစာင္ကိုပို႔မယ္ဆိုရင္ သင္ပို႔လိုက္တဲ့ Mail ကို လက္္ခံရရွိတဲ့သူက Mail ကို အျခားလူတစ္ေယာက္ေယာက္ဆီ Forward ျပန္ုလုပ္တာ၊ Mail ထဲမွာပါလာတဲ့ File ေတြကို Download ဆြဲတာ မ်ိဳးေတြကိုလုပ္လို႔မရေအာင္ ခ်ဳပ္ထားလို႔ရမွာပါ။ Mail ကိုဖြင့္ဖို႔အတြက္လည္း Passcode လိုအပ္မွာျဖစ္ၿပီး Passcode ကိုေတာ့ SMS ကေနေပးပို႔ေပးမွာျဖစ္ပါတယ္။ 

အခုလို Google ကလုပ္ေပးလိုက္ေပမယ့္လည္း ကြန္ပ်ဴတာကို Screenshot ႐ိုက္တာ၊ ဖုန္းနဲ႔ ကြန္ပ်ဴတာ Screen ကိုဓာတ္ပံု႐ိုက္ၿပီး သတင္းဖြသူေတြရဲ႕ ရန္ကေနေတာ့ မတားဆီးႏိုင္ေသးပါဘူး။ ပို႔သူနဲ႔ လက္ခံသူၾကားမွာပဲ လံုျခံဳေအာင္လုပ္ေပးထားတာျဖစ္တာေၾကာင့္ Mail လက္ခံသူက သတင္းေဖာက္တဲ့အက်င့္ရွိရင္ေတာ့ ဒီ Feature ကအလကားပါပဲ။ Confidential Mode ကိုထည့္သြင္းေပးမယ့္ အခ်ိန္အတိအက်ကိုေတာ့မသိရေသးေပမယ့္ ဒီႏွစ္မွာက်င္းပမယ့္ Google I/O Developer Conference ေရာက္ရင္ အခ်က္အလက္အစံုကိုသိရမွာျဖစ္ပါတယ္။  သင္ေရာ Confidential Mode ကိုဘယ္လိုျမင္ပါသလဲ။ 

Ref: The Verge 

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode] 

Gmail ရဲ့အကောင်းဆုံး Feature တစ်ခုဖြစ်လာမယ့် Confidential Mode

အလုပ်နဲ့ပတ်သက်လာရင် Email ပို့တဲ့ကိစ္စနဲ့ကင်းမှာမဟုတ်ပါဘူး။ Email ပို့တဲ့အခါ အချက်အလက်မျိုးစုံကို ထည့်သွင်းပေးပို့လေ့ရှိတဲ့အပြင် အရေးကြီးအချက်အလက်တွေ၊ သတင်းပေါက်ကြားလို့မရတာတွေလည်း ပို့ရတဲ့အခါမျိုးတွေရှိပါတယ်။ 

Gmail Confidential Mode

အဲ့ဒီလို အရေးကြီးအချက်အလက်တွေ၊ သတင်းပေါက်ကြားလို့မရတဲ့ အကြောင်းအရာတွေကို ပေးပို့တဲ့အခါ ပိုမိုလွယ်ကူစေဖို့အတွက် Confidential Mode ကို Google ကမကြာခင် Gmail မှာထည့်ပေးတော့မှာပါ။ Confidential Mode ကတော့ သင်ပို့ရမယ့် အရေးကြီးအချက်အလက်ကို ပေါက်ကြားမှုမရှိစေဖို့ ကာကွယ်ပေးမှာဖြစ်ပါတယ်။ 

Confidential Mode နဲ့ Mail တစ်စောင်ကိုပို့မယ်ဆိုရင် သင်ပို့လိုက်တဲ့ Mail ကို လက်ခံရရှိတဲ့သူက Mail ကို အခြားလူတစ်ယောက်ယောက်ဆီ Forward ပြန်ုလုပ်တာ၊ Mail ထဲမှာပါလာတဲ့ File တွေကို Download ဆွဲတာ မျိုးတွေကိုလုပ်လို့မရအောင် ချုပ်ထားလို့ရမှာပါ။ Mail ကိုဖွင့်ဖို့အတွက်လည်း Passcode လိုအပ်မှာဖြစ်ပြီး Passcode ကိုတော့ SMS ကနေပေးပို့ပေးမှာဖြစ်ပါတယ်။ 

အခုလို Google ကလုပ်ပေးလိုက်ပေမယ့်လည်း ကွန်ပျူတာကို Screenshot ရိုက်တာ၊ ဖုန်းနဲ့ ကွန်ပျူတာ Screen ကိုဓာတ်ပုံရိုက်ပြီး သတင်းဖွသူတွေရဲ့ ရန်ကနေတော့ မတားဆီးနိုင်သေးပါဘူး။ ပို့သူနဲ့ လက်ခံသူကြားမှာပဲ လုံခြုံအောင်လုပ်ပေးထားတာဖြစ်တာကြောင့် Mail လက်ခံသူက သတင်းဖောက်တဲ့အကျင့်ရှိရင်တော့ ဒီ Feature ကအလကားပါပဲ။ Confidential Mode ကိုထည့်သွင်းပေးမယ့် အချိန်အတိအကျကိုတော့မသိရသေးပေမယ့် ဒီနှစ်မှာကျင်းပမယ့် Google I/O Developer Conference ရောက်ရင် အချက်အလက်အစုံကိုသိရမှာဖြစ်ပါတယ်။  သင်ရော Confidential Mode ကိုဘယ်လိုမြင်ပါသလဲ။ 

Ref: The Verge 

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။