[Zawgyi]

သႀကၤန္မွာ သူသီခ်င္းကို အသံုးျပဳခ်င္ရင္ ႀကိဳတင္အေၾကာင္းၾကားဖို႔ဆိုလိုက္တဲ့ ေတးေရးဆလိုင္း

ေတးေရးဆရာဆလိုင္းက လာမယ့္သႀကၤန္အတြင္းမွာ သူကိုယ္တိုင္ေရးသားထားတဲ့ ေတးသီခ်င္းေတြ သီဆိုအသံုးျပဳခ်င္ရင္ ႀကိဳတင္အေၾကာင္းၾကားဖို႔အတြက္ကို ႀကိဳတင္အသိေပးထားပါတယ္။ အႏုပညာဂီတေမာင္ႏွမမ်ား၊ ရုပ္သံထုတ္လႊင့္မႈရွိလွ်င္လည္း ေတးေရးဆလိုင္း ဒါမွမဟုတ္ ေတးေရးမူပိုင္ရွင္မ်ားအသင္းထံသို႔ မိမိအသံုးျပဳမယ့္သီခ်င္းကို ႀကိဳတင္ၾကာင္းၾကားဖို႔အတြက္ သူရဲ႕ေဖ့ဘုတ္စာမ်က္ႏွာထက္ကေန အသိေပးေျပာျပထားတာျဖစ္ပါတယ္။

“သႀကၤန္တြင္းမဏၭာပ္မ်ားတြင္ သီဆုိၾကမယ့္ အႏုပညာဂီတေမာင္ႏွမမ်ားကို အသိေပးလိုပါတယ္။ ကၽြန္ေတာ္ ေတးေရးဆလိုင္းေရးသားထားေသာ ေတးသီခ်င္းမ်ားကို သႀကၤန္အတြင္း သီဆိုအသံုးျပဳမည္ဆိုပါက ေတးသီခ်င္းပိုင္ရွင္ ကၽြန္ေတာ္နဲ႔ Myanmar Pro (ေတးေရးမႈပိုင္ရွင္မ်ားအသင္း)ကို ႀကိဳတင္အေၾကာင္းၾကားၾကပါရန္နဲ႔ ရုပ္သံထုတ္လႊင့္မႈပါရွိလၽွင္လည္း မည့္သည့္ရုပ္သံမွျဖစ္ေၾကာင္း ႀကိဳတင္အသိေပးအေၾကာင္းၾကားၾကပါရန္ အသိေပးလိုက္ပါတယ္” လို႔ ေတးေရးဆရာဆလိုင္းက သူရဲ႕ေဖ့ဘုတ္စာမ်က္ႏွာထက္မွာ ႀကိဳတင္အသိေပးေရးသားထားတာ ျဖစ္ပါတယ္။

ဆက္လက္ၿပီး ေတးေရးဆရာဆလုိင္းနဲ႔ ေတးေရးမူပိုင္ရွင္မ်ားအသင္းကို အေၾကာင္းမၾကားဘဲ ခြင့္ျပဳခ်က္မယူဘဲ တရားမဝင္သံုးစြဲမယ္ဆိုရင္ သီဆိုသူက တရားဥပေဒလမ္းေၾကာင္းအတိုင္း ဆက္လက္ေျဖရွင္းသြားရမယ္လို႔လည္း ထပ္မံပါဝင္ပါတယ္။ ေတးေရးဆလိုင္းအေနနဲ႔ လက္ရွိမွာ ဂီတအႏုပညာရွင္ေတြေတာ္ေတာ္မ်ားမ်ားရဲ႕ ေတးစီးရီးေတြမွာ သီခ်င္းမ်ားကိုေရးသားေပးေနၿပီး ေနာက္ပိုင္းထြက္ရွိလာတဲ့ ေတးစီးရီးအေခြေတာ္ေတာ္မ်ားမ်ားမွာလည္း ေတးေရးဆလုိင္းသီခ်င္းေတြက မပါမျဖစ္ပါေနတာကိုလည္း ေတြ႔ရပါတယ္။

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

သင်္ကြန်မှာ သူသီချင်းကို အသုံးပြုချင်ရင် ကြိုတင်အကြောင်းကြားဖို့ဆိုလိုက်တဲ့ တေးရေးဆလိုင်း

တေးရေးဆရာဆလိုင်းက လာမယ့်သင်္ကြန်အတွင်းမှာ သူကိုယ်တိုင်ရေးသားထားတဲ့ တေးသီချင်းတွေ သီဆိုအသုံးပြုချင်ရင် ကြိုတင်အကြောင်းကြားဖို့အတွက်ကို ကြိုတင်အသိပေးထားပါတယ်။ အနုပညာဂီတမောင်နှမများ၊ ရုပ်သံထုတ်လွှင့်မှုရှိလျှင်လည်း တေးရေးဆလိုင်း ဒါမှမဟုတ် တေးရေးမူပိုင်ရှင်များအသင်းထံသို့ မိမိအသုံးပြုမယ့်သီချင်းကို ကြိုတင်ကြာင်းကြားဖို့အတွက် သူရဲ့ဖေ့ဘုတ်စာမျက်နှာထက်ကနေ အသိပေးပြောပြထားတာဖြစ်ပါတယ်။

“သင်္ကြန်တွင်းမဏ္ဌာပ်များတွင် သီဆိုကြမယ့် အနုပညာဂီတမောင်နှမများကို အသိပေးလိုပါတယ်။ ကျွန်တော် တေးရေးဆလိုင်းရေးသားထားသော တေးသီချင်းများကို သင်္ကြန်အတွင်း သီဆိုအသုံးပြုမည်ဆိုပါက တေးသီချင်းပိုင်ရှင် ကျွန်တော်နဲ့ Myanmar Pro (တေးရေးမှုပိုင်ရှင်များအသင်း)ကို ကြိုတင်အကြောင်းကြားကြပါရန်နဲ့ ရုပ်သံထုတ်လွှင့်မှုပါရှိလျှင်လည်း မည့်သည့်ရုပ်သံမှဖြစ်ကြောင်း ကြိုတင်အသိပေးအကြောင်းကြားကြပါရန် အသိပေးလိုက်ပါတယ်” လို့ တေးရေးဆရာဆလိုင်းက သူရဲ့ဖေ့ဘုတ်စာမျက်နှာထက်မှာ ကြိုတင်အသိပေးရေးသားထားတာ ဖြစ်ပါတယ်။

ဆက်လက်ပြီး တေးရေးဆရာဆလိုင်းနဲ့ တေးရေးမူပိုင်ရှင်များအသင်းကို အကြောင်းမကြားဘဲ ခွင့်ပြုချက်မယူဘဲ တရားမဝင်သုံးစွဲမယ်ဆိုရင် သီဆိုသူက တရားဥပဒေလမ်းကြောင်းအတိုင်း ဆက်လက်ဖြေရှင်းသွားရမယ်လို့လည်း ထပ်မံပါဝင်ပါတယ်။ တေးရေးဆလိုင်းအနေနဲ့ လက်ရှိမှာ ဂီတအနုပညာရှင်တွေတော်တော်များများရဲ့ တေးစီးရီးတွေမှာ သီချင်းများကိုရေးသားပေးနေပြီး နောက်ပိုင်းထွက်ရှိလာတဲ့ တေးစီးရီးအခွေတော်တော်များများမှာလည်း တေးရေးဆလိုင်းသီချင်းတွေက မပါမဖြစ်ပါနေတာကိုလည်း တွေ့ရပါတယ်။

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။