[Zawgyi]

ျမန္မာႏုိင္ငံရဲ႕အေျခခံလစာကုိ ျပည္ပႏုိင္ငံေတြနဲ႔ ႏႈိင္းယွဥ္ၾကည့္တဲ့အခါ ဘယ္လုိကြာျခားလဲ

ျမန္မာႏုိင္ငံရဲ႕ အေျခခံတစ္ေန႔လုပ္ခဟာ ၄,၈ဝဝက်ပ္ ျဖစ္ၿပီး တစ္နာရီလုပ္ခဟာ ၆ဝဝက်ပ္ ရွိတယ္လုိ႔ သတ္မွတ္ထားပါတယ္။ အဲဒီေတာ့ ျမန္မာႏုိင္ငံရဲ႕အေျခခံလစာဟာ ၁၄၄,ဝဝဝ က်ပ္ (တစ္သိန္းေလးေသာင္းေလးေထာင္) ရွိတယ္လုိ႔ ဆုိႏုိင္ပါတယ္။ ျမန္မာႏုိင္ငံရဲ႕အေျခခံလစာဟာ ကမၻာ့ႏုိင္ငံေတြနဲ႔ ႏႈိ္င္းယွဥ္ရင္ ဘယ္ေလာက္ထိရွိလဲဆုိတာ ၾကည့္ရေအာင္။

(၁) ၾသစေတးလ်ႏုိင္ငံ (Australia)

ၾသစေတးလ်ႏုိင္ငံ (Australia) ႏုိင္ငံဟာ ကမၻာေပၚမွာ လုပ္ခလစာအျမင့္ဆုံးႏုိင္ငံလုိ႔ သတ္မွတ္ႏုိင္ပါတယ္။ အလုပ္သမားေတြရဲ႕ အေျခခံတစ္ႏွစ္လုပ္ခဟာ အေမရိကန္ေဒၚလာ ၂၈,၇၆၈ အထိရွိၿပီး အေျခခံလစာဟာ အေမရိကန္ေဒၚလာ ၂,၃၉၇ (၃,၆၇၉,၃၉၅ က်ပ္) ရွိပါတယ္။ ၾသစေတးလ်ႏုိင္ငံမွာ သန္႔ရွင္းေရးလုပ္ေနတဲ့ အေျခခံလစာဟာ  သိန္းသုံးဆယ္ေက်ာ္ရွိတယ္ဆုိေတာ့ စဥ္းစားသာၾကည့္ေတာ့ဗ်ာ။

(၂) လူဇင္ဘတ္ႏုိင္ငံ (Luxembourg)

ဥေရာပတုိက္မွာရွိတဲ့ လူဇင္ဘတ္ႏုိင္ငံ (Luxembourg) ဟာ ေသးငယ္ေပမယ့္ အလုပ္သမားေတြအတြက္ ေနခ်င္စရာပါ။ အလုပ္သမားေတြရဲ႕ အေျခခံတစ္ႏွစ္လုပ္ခဟာ အေမရိကန္ေဒၚလာ ၂၇,ဝ၉ဝ အထိရွိပါတယ္။ လူဇင္ဘတ္ႏုိင္ငံမွာရွိတဲ့ ဝန္ထမ္းေတြရဲ႕အနည္းဆုံးလစာဟာ အေမရိကန္ေဒၚလာ ၂,၂၅၇ (၃,၄၆၅,၂၆၂ က်ပ္) ရွိပါတယ္။ သူတုိ႔ႏုိင္ငံမွာ ေအာက္ေျခဝန္ထမ္းေတြေတာင္မွ သိန္းသုံးဆယ္ေက်ာ္ရတယ္ဆုိေတာ့ . . .

(၃) မုိနာကုိႏုိင္ငံ (Monaco)

ျပင္သစ္ႏုိင္ငံနဲ႔ ေဘးခ်င္းကပ္ေနတဲ့ မုိနာကုိႏုိင္ငံ (Monaco) ရဲ႕လူဦးေရဟာ ေလးသာင္းနီးပါးပဲ ရွိပါေသးတယ္။ ကုိယ္ပုိင္အုပ္ခ်ဳပ္ခြင့္ရႏုိင္ငံငယ္ျဖစ္တဲ့အတြက္ ဝန္ထမ္းေတြကုိ အေကာင္းဆုံးေထာက္ပံံ့ေပးႏုိင္ပါတယ္။ မုိနာကုိႏုိင္ငံက ဝန္ထမ္းေတြရဲ႕အေျခခံလစာဟာ အေမရိကန္ေဒၚလာ ၁,၉၅၇ (၃,ဝဝ၄,၃၇၈ က်ပ္) ရွိပါတယ္။ သူတုိ႔ႏုိင္ငံမွာ အလုပ္သြားလုပ္ရင္ အနည္းဆုံး သိန္းသုံးဆယ္ေလာက္ ရမွာမုိ႔လုိ ေပ်ာ္စရာႀကီးေပါ့ဗ်ာ။

(၄) ျပင္သစ္ႏုိင္ငံ (France)

ျပင္သစ္ႏုိင္ငံ (France) ရဲ႕ အေျခခံတစ္ႏွစ္လုပ္ခက အေမရိကန္ေဒၚလာ ၂ဝ,၂၇၂ ရွိပါတယ္။ ျပင္သစ္ႏုိင္ငံမွာ အလုပ္လုပ္ေနတဲ့ ဝန္ထမ္းတစ္ေယာက္ရဲ႕ အေျခခံလစာဟာ အေမရိကန္ေဒၚလာ ၁,၆၈၉ (၂,၅၉၃,၁၂၆ က်ပ္) ရွိပါတယ္။ ျပင္သစ္ႏုိင္ငံမွာ သာမန္ဝန္ထမ္းလုပ္ရုံနဲ႔  ႏွစ္ဆယ့္ငါးသိန္းေက်ာ္ရမွာဆုိေတာ့။

(၅) နယူးဇီလန္ႏုိင္ငံ (New Zealand)

နယူးဇီလန္ႏုိင္ငံ (New Zealand) ရဲ႕ အေျခခံတစ္ႏွစ္လုပ္ခဟာ အေမရိကန္ေဒၚလာ ၂၅,၅၂၁ အထိရွိပါတယ္။ ဒီႏႈန္းထားဟာ ျပင္သစ္ႏုိင္ငံထက္ ျမင့္မားေပမယ့္ အခြန္ေၾကးျမင့္တဲ့အတြက္ ပဥၥမေနရာမွာ ထားတာပါ။ ဝန္ထမ္းတစ္ေယာက္ရဲ႕ အေျခခံလစာဟာ အေမရိကန္ေဒၚလာ ၂,၁၂၆ (၃,၂၆၄,၅၆၁ က်ပ္) ရွိပါတယ္။ နယူးဇီလန္ႏုိင္ငံမွာ အလုပ္လုပ္ခြင့္ရရုံနဲ႔ သုံးဆယ့္ႏွစ္သိန္းပါပဲ။ နယ္သာလန္၊ ဘယ္လ္ဂ်ီယံနဲ႔ ဂ်ာမဏီႏုိင္ငံေတြကလည္း သူတုိ႔နဲ႔ မတိမ္းမယိမ္းပါပဲ။

ကဲ . . . . အခုေဖာ္ျပလုိက္တဲ့ႏုိင္ငံေတြက ကမၻာ့လစာအျမင့္ဆုံးႏုိင္ငံ (၅) ႏုိင္ငံပါပဲ။ ဒါေပမယ့္ ျမန္မာႏုိင္ငံသားေတြ အလုပ္အမ်ားဆုံးသြားလုပ္ၾကတဲ့ စကၤာပူႏုိင္ငံ၊ ထုိင္းႏုိင္ငံ၊ ဂ်ပန္ႏုိင္ငံ၊ မေလးရွားႏုိင္ငံန႔ဲ ေတာင္ကုိရီးယားႏုိင္ငံတုိ႔ပဲ ျဖစ္ပါတယ္။ အဲဒီႏုိင္ငံေတြမွာ အလုပ္သြားလုပ္ရင္ ဘယ္ေလာက္ထိရႏုိင္လဲ။

စကၤာပူႏုိင္ငံ (Singapore)

စကၤာပူႏုိင္ငံ (Singapore) မွာ အေျခခံလုပ္ခ တိတိက်က်သတ္မွတ္ထားတာမ်ိဳး မရွိပါဘူး။ ဒါေပမယ့္ ျခြင္းခ်က္ (၂) ခုရွိပါတယ္။

(၁) သန္႔ရွင္းေရးဝန္ထမ္းေတြကုိ အေျခခံလစာ စကၤာပူေဒၚလာ ၁,ဝဝဝ (၁,၁၃၉,ဝဝဝ က်ပ္) အနည္းဆုံးေပးေခ်ရမယ္လုိ႔ ၂ဝ၁၄ခုႏွစ္ ဇန္နဝါရီလကတည္းက သတ္မွတ္ခဲ့ပါတယ္။

(၂) လုံျခံဳေရးဝန္ထမ္းေတြကုိ အေျခခံလစာ ေဒၚလာ ၁,၁ဝဝ (၁,၂၅၂,၉၃၈ က်ပ္) အနည္းဆုံးေပးေခ်ရမယ္လုိ႔ ၂ဝ၁၆ခုႏွစ္ စက္တင္ဘာလမွာ သတ္မွတ္ခဲ့ပါတယ္။ ဆုိလုိတဲ့ သေဘာက စကၤာပူႏုိင္ငံမွာ သန္႔ရွင္းေရးဝန္ထမ္း (ဒါမွမဟုတ္) လုံျခံဳေရးဝန္ထမ္း သြားလုပ္ရုံနဲ႔ အနည္းဆုံး ဆယ့္သုံးသိန္းေလာက္ရႏုိင္တဲ့သေဘာပါ။

ထုိင္းႏုိင္ငံ (Thailand)

အိမ္နီးခ်င္း ထုိင္းႏုိင္ငံ (Thailand) ရဲ႕ အေျခခံတစ္ႏွစ္လုပ္ခက အေမရိကန္ေဒၚလာ ၂,၇၅၈ ရွိပါတယ္။ ဝန္ထမ္းေတြရဲ႕ အေျခခံလစာက အေမရိကန္ေဒၚလာ ၂၂၉ (၃၅၂,၇၉၄ က်ပ္) ရွိပါတယ္။ ျမန္မာက်ပ္ သုံးသိန္းခြဲနီးပါးရတာဆုိေတာ့ ကြ်န္ေတာ္တုိ႔ႏုိင္ငံထက္စာရင္ ႏွစ္ဆေက်ာ္ပုိမ်ားတယ္လုိ႔ ဆုိႏုိင္ပါတယ္။

ဂ်ပန္ႏုိင္ငံ (Japan)

ဂ်ပန္ႏုိင္ငံမွာ အေျခခံတစ္နာရီလုပ္ခကုိ ၈၄၈ယန္း (၁၁,၆၅၁ က်ပ္) အျဖစ္ သတ္မွတ္ထားပါတယ္။ တစ္နာရီလုပ္ရုံနဲ႔ တစ္ေသာင္းေက်ာ္ ရမွာပါ။ တစ္ပတ္အလုပ္ခ်ိန္ နာရီ (၄ဝ) သတ္မွတ္ထားၿပီး အေျခခံလစာဟာ ၁၃၅,၆၈ဝ ယန္း (၁,၈၆၄,၂၄၃ က်ပ္) အထိ ရရွိမွာျဖစ္ပါတယ္။ စကၤာပူထက္စာရင္ ဂ်ပန္ႏုိင္ငံက လစာပုိမ်ားတယ္လုိ႔ ဆုိႏုိင္ပါတယ္။ ဒါေပမယ့္ ေနရာေဒသအေပၚမူတည္ၿပီး တုိက်ိဳၿမိဳ႕ (Tokyo) ၊ ကာနာဂါဝါၿမိဳ႕ (Kanagawa) နဲ႔ အုိဆာကာၿမိဳ႕ (Osaka) ေတြမွာ အလုပ္လုပ္ရတဲ့ ဝန္ထမ္းေတြက လစာပုိမ်ားပါတယ္လုိ႔ သိရျပန္ပါတယ္။

မေလးရွားႏုိင္ငံ (Malaysia)

မေလးရွားႏုိင္ငံရဲ႕ အေျခခံလစာသတ္မွတ္ခ်က္ဟာ ေနရာေဒသေပၚလုိက္ၿပီး ကြာျခားပါတယ္။ ပင္နီဆူးလားကြ်န္း (Peninsula) ေပၚမွာရွိတဲ့ ျပည္နယ္ေတြမွာ အေျခခံလစာ ရင္းဂစ္ ၁,ဝဝဝ (၃၇၇,၉၃ဝ က်ပ္) ေပးေခ်ရမယ္လုိ႔ ၂ဝ၁၆ခုႏွစ္ ဇူလုိင္လတုန္းက သတ္မွတ္ထားပါတယ္။ ဒါေပမယ့္ ဆာဘားျပည္နယ္ (Sabah) ၊ ဆာရာဝက္ျပည္နယ္ (Sarawak) နဲ႔ ဘာဘူအမ္ျပည္နယ္ (Labuan) ေတြမွာေတာ့ အေျခခံလစာ ရင္းဂစ္ ၉၂ဝ (၃၄၇,၆၉၅ က်ပ္) သာ သတ္မွတ္ခဲ့ပါတယ္။ မေလးရွားႏုိင္ငံမွာ အလုပ္သြားလုပ္ရင္ အနည္းဆုံး သုံးသိန္းခြဲရႏုိင္ပါတယ္။

ေတာင္ကုိရီးယားႏုိင္ငံ (South Korea)

အခုေနာက္ပုိင္းမွာ ျမန္မာႏုိင္ငံသားေတြက ေတာင္ကုိရီးယားႏုိင္ငံ (South Korea) ကုိ အလုပ္လုပ္ဖုိ႔ စိတ္ဝင္စားလာၾကပါတယ္။ ကဲ . . . ဒါဆုိ ေတာင္ကုိရီးယားႏုိင္ငံမွာ အနည္းဆုံးလုပ္ခက ဘယ္ေလာက္လဲဆုိတာ သိဖုိ႔လုိလာပါၿပီ။ ေတာင္ကုိရီးယားႏုိင္ငံမွာ အေျခခံလုပ္ခကုိ ႏွစ္စဥ္တုိးျမွင့္ေလ့ရွိတာပါ။ အေျခခံတစ္နာရီလုပ္ခဟာ ဝမ္ ၇,၅၃ဝ (၁ဝ,၅၄၂ က်ပ္) အျဖစ္ ၂ဝ၁၈ခုႏွစ္ ဇန္နဝါရီလ (၁) ရက္ေန႔မွာ သက္မွတ္ခဲ့ပါတယ္။ ဒါေပမယ့္ ၂ဝ၁၉ ခုႏွစ္ေရာက္ရင္ေတာ့ အေျခခံတစ္နာရီလုပ္ခဟာ ၈,၃၅ဝ ဝမ္ (၁၁,၆၉ဝ က်ပ္) ျဖစ္လာေတာ့မွာပါ။ ေတာင္ကုိရီးယားႏုိင္ငံမွာ တစ္ပတ္အလုပ္ခ်ိန္ နာရီ (၄ဝ) သတ္မွတ္ထားၿပီး ၂ဝ၁၈ခုႏွစ္မွာ ကုိရီးယားႏုိင္ငံရဲ႕ အေျခခံလစာဟာ ၁,၅၇၃,၇၇ဝ ဝမ္ (၂,၂ဝ၃,၂၇၈ က်ပ္) ျဖစ္ပါတယ္။ ကုိရီးယားႏုိင္ငံမွာ အလုပ္လုပ္ရုံနဲ႔ အနည္ဆုံး သိန္းႏွစ္ဆယ္ေက်ာ္မွာဆုိေတာ့ မ်က္စိက်ခ်င္စရာပါပဲ။ အခ်ိန္ပုိေၾကးပါ ေပါင္းလုိက္ရင္ သိန္းသုံးဆယ္ေက်ာ္ရၾကပါတယ္။

ကဲ . . . . . အခရာပရိသတ္ႀကီးေရ . . ကမၻာေပၚမွာ လုပ္ခလစာအျမင့္ဆုံးႏုိင္ငံေတြနဲ႔ ျမန္မာႏုိင္ငံသားေတြ အလုပ္သြားလုပ္ၾကတဲ့ ႏုိင္ငံေတြမွာ သတ္မွတ္ထားတဲ့ အေျခခံလုပ္ခေတြကုိ ရွာရွာေဖြေဖြ တင္ျပထားတာပါ။ ကုိယ့္သူငယ္ခ်င္းထဲမွာ ႏုိင္ငံျခားကုိ အလုပ္လုပ္ခ်င္တဲ့သူေတြရွိရင္လည္း အေျခခံလုပ္ခအေၾကာင္းကုိ လက္တုိ႔ေျပာလုိက္ပါဦး။

Photo Credit – Aviation Week

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com 

[Unicode]

မြန်မာနိုင်ငံရဲ့အခြေခံလစာကို ပြည်ပနိုင်ငံတွေနဲ့ နှိုင်းယှဉ်ကြည့်တဲ့အခါ ဘယ်လိုကွာခြားလဲ

မြန်မာနိုင်ငံရဲ့ အခြေခံတစ်နေ့လုပ်ခဟာ ၄,၈ဝဝကျပ် ဖြစ်ပြီး တစ်နာရီလုပ်ခဟာ ၆ဝဝကျပ် ရှိတယ်လို့ သတ်မှတ်ထားပါတယ်။ အဲဒီတော့ မြန်မာနိုင်ငံရဲ့အခြေခံလစာဟာ ၁၄၄,ဝဝဝ ကျပ် (တစ်သိန်းလေးသောင်းလေးထောင်) ရှိတယ်လို့ ဆိုနိုင်ပါတယ်။ မြန်မာနိုင်ငံရဲ့အခြေခံလစာဟာ ကမ္ဘာ့နိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် ဘယ်လောက်ထိရှိလဲဆိုတာ ကြည့်ရအောင်။

(၁) သြစတေးလျနိုင်ငံ (Australia)

သြစတေးလျနိုင်ငံ (Australia) နိုင်ငံဟာ ကမ္ဘာပေါ်မှာ လုပ်ခလစာအမြင့်ဆုံးနိုင်ငံလို့ သတ်မှတ်နိုင်ပါတယ်။ အလုပ်သမားတွေရဲ့ အခြေခံတစ်နှစ်လုပ်ခဟာ အမေရိကန်ဒေါ်လာ ၂၈,၇၆၈ အထိရှိပြီး အခြေခံလစာဟာ အမေရိကန်ဒေါ်လာ ၂,၃၉၇ (၃,၆၇၉,၃၉၅ ကျပ်) ရှိပါတယ်။ သြစတေးလျနိုင်ငံမှာ သန့်ရှင်းရေးလုပ်နေတဲ့ အခြေခံလစာဟာ  သိန်းသုံးဆယ်ကျော်ရှိတယ်ဆိုတော့ စဉ်းစားသာကြည့်တော့ဗျာ။

(၂) လူဇင်ဘတ်နိုင်ငံ (Luxembourg)

ဥရောပတိုက်မှာရှိတဲ့ လူဇင်ဘတ်နိုင်ငံ (Luxembourg) ဟာ သေးငယ်ပေမယ့် အလုပ်သမားတွေအတွက် နေချင်စရာပါ။ အလုပ်သမားတွေရဲ့ အခြေခံတစ်နှစ်လုပ်ခဟာ အမေရိကန်ဒေါ်လာ ၂၇,ဝ၉ဝ အထိရှိပါတယ်။ လူဇင်ဘတ်နိုင်ငံမှာရှိတဲ့ ဝန်ထမ်းတွေရဲ့အနည်းဆုံးလစာဟာ အမေရိကန်ဒေါ်လာ ၂,၂၅၇ (၃,၄၆၅,၂၆၂ ကျပ်) ရှိပါတယ်။ သူတို့နိုင်ငံမှာ အောက်ခြေဝန်ထမ်းတွေတောင်မှ သိန်းသုံးဆယ်ကျော်ရတယ်ဆိုတော့ . . .

(၃) မိုနာကိုနိုင်ငံ (Monaco)

ပြင်သစ်နိုင်ငံနဲ့ ဘေးချင်းကပ်နေတဲ့ မိုနာကိုနိုင်ငံ (Monaco) ရဲ့လူဦးရေဟာ လေးသာင်းနီးပါးပဲ ရှိပါသေးတယ်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနိုင်ငံငယ်ဖြစ်တဲ့အတွက် ဝန်ထမ်းတွေကို အကောင်းဆုံးထောက်ပံံ့ပေးနိုင်ပါတယ်။ မိုနာကိုနိုင်ငံက ဝန်ထမ်းတွေရဲ့အခြေခံလစာဟာ အမေရိကန်ဒေါ်လာ ၁,၉၅၇ (၃,ဝဝ၄,၃၇၈ ကျပ်) ရှိပါတယ်။ သူတို့နိုင်ငံမှာ အလုပ်သွားလုပ်ရင် အနည်းဆုံး သိန်းသုံးဆယ်လောက် ရမှာမို့လို ပျော်စရာကြီးပေါ့ဗျာ။

(၄) ပြင်သစ်နိုင်ငံ (France)

ပြင်သစ်နိုင်ငံ (France) ရဲ့ အခြေခံတစ်နှစ်လုပ်ခက အမေရိကန်ဒေါ်လာ ၂ဝ,၂၇၂ ရှိပါတယ်။ ပြင်သစ်နိုင်ငံမှာ အလုပ်လုပ်နေတဲ့ ဝန်ထမ်းတစ်ယောက်ရဲ့ အခြေခံလစာဟာ အမေရိကန်ဒေါ်လာ ၁,၆၈၉ (၂,၅၉၃,၁၂၆ ကျပ်) ရှိပါတယ်။ ပြင်သစ်နိုင်ငံမှာ သာမန်ဝန်ထမ်းလုပ်ရုံနဲ့  နှစ်ဆယ့်ငါးသိန်းကျော်ရမှာဆိုတော့။

(၅) နယူးဇီလန်နိုင်ငံ (New Zealand)

နယူးဇီလန်နိုင်ငံ (New Zealand) ရဲ့ အခြေခံတစ်နှစ်လုပ်ခဟာ အမေရိကန်ဒေါ်လာ ၂၅,၅၂၁ အထိရှိပါတယ်။ ဒီနှုန်းထားဟာ ပြင်သစ်နိုင်ငံထက် မြင့်မားပေမယ့် အခွန်ကြေးမြင့်တဲ့အတွက် ပဉ္စမနေရာမှာ ထားတာပါ။ ဝန်ထမ်းတစ်ယောက်ရဲ့ အခြေခံလစာဟာ အမေရိကန်ဒေါ်လာ ၂,၁၂၆ (၃,၂၆၄,၅၆၁ ကျပ်) ရှိပါတယ်။ နယူးဇီလန်နိုင်ငံမှာ အလုပ်လုပ်ခွင့်ရရုံနဲ့ သုံးဆယ့်နှစ်သိန်းပါပဲ။ နယ်သာလန်၊ ဘယ်လ်ဂျီယံနဲ့ ဂျာမဏီနိုင်ငံတွေကလည်း သူတို့နဲ့ မတိမ်းမယိမ်းပါပဲ။

ကဲ . . . . အခုဖော်ပြလိုက်တဲ့နိုင်ငံတွေက ကမ္ဘာ့လစာအမြင့်ဆုံးနိုင်ငံ (၅) နိုင်ငံပါပဲ။ ဒါပေမယ့် မြန်မာနိုင်ငံသားတွေ အလုပ်အများဆုံးသွားလုပ်ကြတဲ့ စင်္ကာပူနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဂျပန်နိုင်ငံ၊ မလေးရှားနိုင်ငံနဲ့ တောင်ကိုရီးယားနိုင်ငံတို့ပဲ ဖြစ်ပါတယ်။ အဲဒီနိုင်ငံတွေမှာ အလုပ်သွားလုပ်ရင် ဘယ်လောက်ထိရနိုင်လဲ။

စင်္ကာပူနိုင်ငံ (Singapore)

စင်္ကာပူနိုင်ငံ (Singapore) မှာ အခြေခံလုပ်ခ တိတိကျကျသတ်မှတ်ထားတာမျိုး မရှိပါဘူး။ ဒါပေမယ့် ခြွင်းချက် (၂) ခုရှိပါတယ်။

(၁) သန့်ရှင်းရေးဝန်ထမ်းတွေကို အခြေခံလစာ စင်္ကာပူဒေါ်လာ ၁,ဝဝဝ (၁,၁၃၉,ဝဝဝ ကျပ်) အနည်းဆုံးပေးချေရမယ်လို့ ၂ဝ၁၄ခုနှစ် ဇန်နဝါရီလကတည်းက သတ်မှတ်ခဲ့ပါတယ်။

(၂) လုံခြုံရေးဝန်ထမ်းတွေကို အခြေခံလစာ ဒေါ်လာ ၁,၁ဝဝ (၁,၂၅၂,၉၃၈ ကျပ်) အနည်းဆုံးပေးချေရမယ်လို့ ၂ဝ၁၆ခုနှစ် စက်တင်ဘာလမှာ သတ်မှတ်ခဲ့ပါတယ်။ ဆိုလိုတဲ့ သဘောက စင်္ကာပူနိုင်ငံမှာ သန့်ရှင်းရေးဝန်ထမ်း (ဒါမှမဟုတ်) လုံခြုံရေးဝန်ထမ်း သွားလုပ်ရုံနဲ့ အနည်းဆုံး ဆယ့်သုံးသိန်းလောက်ရနိုင်တဲ့သဘောပါ။

ထိုင်းနိုင်ငံ (Thailand)

အိမ်နီးချင်း ထိုင်းနိုင်ငံ (Thailand) ရဲ့ အခြေခံတစ်နှစ်လုပ်ခက အမေရိကန်ဒေါ်လာ ၂,၇၅၈ ရှိပါတယ်။ ဝန်ထမ်းတွေရဲ့ အခြေခံလစာက အမေရိကန်ဒေါ်လာ ၂၂၉ (၃၅၂,၇၉၄ ကျပ်) ရှိပါတယ်။ မြန်မာကျပ် သုံးသိန်းခွဲနီးပါးရတာဆိုတော့ ကျွန်တော်တို့နိုင်ငံထက်စာရင် နှစ်ဆကျော်ပိုများတယ်လို့ ဆိုနိုင်ပါတယ်။

ဂျပန်နိုင်ငံ (Japan)

ဂျပန်နိုင်ငံမှာ အခြေခံတစ်နာရီလုပ်ခကို ၈၄၈ယန်း (၁၁,၆၅၁ ကျပ်) အဖြစ် သတ်မှတ်ထားပါတယ်။ တစ်နာရီလုပ်ရုံနဲ့ တစ်သောင်းကျော် ရမှာပါ။ တစ်ပတ်အလုပ်ချိန် နာရီ (၄ဝ) သတ်မှတ်ထားပြီး အခြေခံလစာဟာ ၁၃၅,၆၈ဝ ယန်း (၁,၈၆၄,၂၄၃ ကျပ်) အထိ ရရှိမှာဖြစ်ပါတယ်။ စင်္ကာပူထက်စာရင် ဂျပန်နိုင်ငံက လစာပိုများတယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် နေရာဒေသအပေါ်မူတည်ပြီး တိုကျိုမြို့ (Tokyo) ၊ ကာနာဂါဝါမြို့ (Kanagawa) နဲ့ အိုဆာကာမြို့ (Osaka) တွေမှာ အလုပ်လုပ်ရတဲ့ ဝန်ထမ်းတွေက လစာပိုများပါတယ်လို့ သိရပြန်ပါတယ်။

မလေးရှားနိုင်ငံ (Malaysia)

မလေးရှားနိုင်ငံရဲ့ အခြေခံလစာသတ်မှတ်ချက်ဟာ နေရာဒေသပေါ်လိုက်ပြီး ကွာခြားပါတယ်။ ပင်နီဆူးလားကျွန်း (Peninsula) ပေါ်မှာရှိတဲ့ ပြည်နယ်တွေမှာ အခြေခံလစာ ရင်းဂစ် ၁,ဝဝဝ (၃၇၇,၉၃ဝ ကျပ်) ပေးချေရမယ်လို့ ၂ဝ၁၆ခုနှစ် ဇူလိုင်လတုန်းက သတ်မှတ်ထားပါတယ်။ ဒါပေမယ့် ဆာဘားပြည်နယ် (Sabah) ၊ ဆာရာဝက်ပြည်နယ် (Sarawak) နဲ့ ဘာဘူအမ်ပြည်နယ် (Labuan) တွေမှာတော့ အခြေခံလစာ ရင်းဂစ် ၉၂ဝ (၃၄၇,၆၉၅ ကျပ်) သာ သတ်မှတ်ခဲ့ပါတယ်။ မလေးရှားနိုင်ငံမှာ အလုပ်သွားလုပ်ရင် အနည်းဆုံး သုံးသိန်းခွဲရနိုင်ပါတယ်။

တောင်ကိုရီးယားနိုင်ငံ (South Korea)

အခုနောက်ပိုင်းမှာ မြန်မာနိုင်ငံသားတွေက တောင်ကိုရီးယားနိုင်ငံ (South Korea) ကို အလုပ်လုပ်ဖို့ စိတ်ဝင်စားလာကြပါတယ်။ ကဲ . . . ဒါဆို တောင်ကိုရီးယားနိုင်ငံမှာ အနည်းဆုံးလုပ်ခက ဘယ်လောက်လဲဆိုတာ သိဖို့လိုလာပါပြီ။ တောင်ကိုရီးယားနိုင်ငံမှာ အခြေခံလုပ်ခကို နှစ်စဉ်တိုးမြှင့်လေ့ရှိတာပါ။ အခြေခံတစ်နာရီလုပ်ခဟာ ဝမ် ၇,၅၃ဝ (၁ဝ,၅၄၂ ကျပ်) အဖြစ် ၂ဝ၁၈ခုနှစ် ဇန်နဝါရီလ (၁) ရက်နေ့မှာ သက်မှတ်ခဲ့ပါတယ်။ ဒါပေမယ့် ၂ဝ၁၉ ခုနှစ်ရောက်ရင်တော့ အခြေခံတစ်နာရီလုပ်ခဟာ ၈,၃၅ဝ ဝမ် (၁၁,၆၉ဝ ကျပ်) ဖြစ်လာတော့မှာပါ။ တောင်ကိုရီးယားနိုင်ငံမှာ တစ်ပတ်အလုပ်ချိန် နာရီ (၄ဝ) သတ်မှတ်ထားပြီး ၂ဝ၁၈ခုနှစ်မှာ ကိုရီးယားနိုင်ငံရဲ့ အခြေခံလစာဟာ ၁,၅၇၃,၇၇ဝ ဝမ် (၂,၂ဝ၃,၂၇၈ ကျပ်) ဖြစ်ပါတယ်။ ကိုရီးယားနိုင်ငံမှာ အလုပ်လုပ်ရုံနဲ့ အနည်ဆုံး သိန်းနှစ်ဆယ်ကျော်မှာဆိုတော့ မျက်စိကျချင်စရာပါပဲ။ အချိန်ပိုကြေးပါ ပေါင်းလိုက်ရင် သိန်းသုံးဆယ်ကျော်ရကြပါတယ်။

ကဲ . . . . . အခရာပရိသတ်ကြီးရေ . . ကမ္ဘာပေါ်မှာ လုပ်ခလစာအမြင့်ဆုံးနိုင်ငံတွေနဲ့ မြန်မာနိုင်ငံသားတွေ အလုပ်သွားလုပ်ကြတဲ့ နိုင်ငံတွေမှာ သတ်မှတ်ထားတဲ့ အခြေခံလုပ်ခတွေကို ရှာရှာဖွေဖွေ တင်ပြထားတာပါ။ ကိုယ့်သူငယ်ချင်းထဲမှာ နိုင်ငံခြားကို အလုပ်လုပ်ချင်တဲ့သူတွေရှိရင်လည်း အခြေခံလုပ်ခအကြောင်းကို လက်တို့ပြောလိုက်ပါဦး။

Photo Credit – Aviation Week

ကျော်စိုးအောင် (အခရာ)

www.akhayar.com