[Zawgyi]

ဇာတ္လမ္းနွစ္ခုကို ယွဥ္တြဲၾကည့္ပါက အခ်စ္နဲ႕ပတ္သက္လို႕ သင္ဘာေတြသိနိုင္မလဲဆိုတာ

ဖိလစ္ပိုင္ ဇာတ္လမ္းျဖစ္တဲ့ Can’t Help Falling in Love ဆိုတဲ့ ဇာတ္လမ္းေလးကို ၾကည့္ၿပီးတဲ့ သူေတြရွိသလို မၾကည့္ရေသးတဲ့ သူေတြလည္းရွိၾကမယ္လို႕ထင္ပါတယ္။ ဒီဇာတ္လမ္းေလးကို မၾကည့္ရေသးတဲ့ သူေတြကို ေျပာျပခ်င္တာကေတာ့ ဒီဇာတ္လမ္းဘယ္ေလာက္ေကာင္းတယ္ ၊ ဘယ္လိုေကာင္းတယ္ ဆိုတာေတြကိုေျပာေနမွာမဟုတ္ပါဘူး။ ၾကည့္လိုက္ပါ ဘဝ အတြက္ သင္ခန္းစာ တစ္ခု က်န္ခဲ့မွာပါလို႕ ညႊန္းခ်င္ပါတယ္။

ဘာလို႕ဆိုေတာ့ မိန္းကလးပဲ ျဖစ္ျဖစ္ ေယာက္က်ားေလးပဲ ျဖစ္ျဖစ္ ခ်စ္တယ္ဆိုတာကို သက္တမ္းဘယ္ေလာက္ပဲ ၾကာေနၾကာေန ေဝခြဲ မတတ္တဲ့ ခ်စ္သူရည္စားမ်ိဳးကို ပိုင္ဆိုင္ထားတတ္ၾကပါတယ္။ ေျပာခ်င္တာကေတာ့ ရည္းစားသက္တမ္း နွစ္ၾကာလာတာနဲ႕အမွ် ဒီတစ္ေယာက္ကအခ်စ္ဆံုးဒီတစ္ေယာက္နဲ႕ပဲ ယူရမယ္လို႕ သတ္မွတ္ထားတဲ့ သူေတြအတြက္ ပိုေတာင္ၾကည့္သင့္တယ္လို႕ထင္ပါတယ္။

အဓိကတစ္ေယာက္ကိုတစ္ေယာက္နားလည္မႈနဲ႕တည္ေဆာက္တဲ့ ခ်စ္ျခင္းတရားကသာ ေမတၱာႀကီးမားတဲ့ ခ်စ္ျခင္းတရားျဖစ္ေၾကာင္းကို ဒီဇာတ္လမ္းေလး ၾကည့္ၿပီးတာနဲ႕ ပိုမိုနားလည္သေဘာေပါက္သြားၾကမယ္လို႕ထင္ပါတယ္။

ဒီဇာတ္လမ္းထဲ က မင္းသားေလး နဲ႕ မင္းသာမီးေလး ကလည္း အျပင္မွာ တကယ့္ ခ်စ္သူေတြ ဆိုေတာ့ သူတို႕ရဲ႕ ရင္းနွီးတဲ့ သရုပ္ေဆာင္မႈေလးေတြကဇာတ္လမ္းအတြက္ ပိုမိုအေထာက္အကူျဖစ္ေစလို႕ ၾကည့္ရႈ႕သူပရိသတ္အေနနဲ႕ေတာ့ ပီျပင္တဲ့ ခံစားခ်က္တစ္ခ်ိဳ႕ ကို ဇာတ္လမ္းၾကည့္ရင္းခံစားရမယ္ ဆိုတာမလြဲပါဘူး။

ေနာက္တစ္ခုအေနနဲ႕ ညႊန္းခ်င္တဲ့ ဇာတ္လမ္းေလး ကေတာ့The  Notebook ပါ။ ဒီဇာတ္လမ္းဟာ ပရိသတ္ေတြ ကို တမူထူးျခားတဲ့ Romantic အရသာတစ္ခု ခံစားရေစတဲ့ အဂၤလိပ္ဇာတ္ကားတစ္ခုလည္းျဖစ္ပါတယ္။  ဒီဇာတ္လမ္းကို ပိတ္ရက္မွာ ခံစားၾကည့္ရႈ႕မိလိုက္မယ္ ဆိုရင္ေတာ့ ရည္းစားေဟာင္းကို လြမ္းသြားမွာ ျဖစ္တဲ့ အတြက္ ႀကိဳတင္ေတာ့ သတိေပးထားပါရေစ။

ဒါေပမယ့္လည္း ကိုယ့္အေပၚတကယ္ကို ေကာင္းခဲ့တဲ့ ရည္းစားေဟာင္းဆိုရင္ေတာ့ လြမ္းသင့္ေၾကာင္းကိုThe  Notebook ဇာတ္လမ္းေလးက သက္ေသပါပဲ။ဒီဇာတ္လမ္းေလးရဲ႕ ေပးခ်င္တဲ့ Message က ရိုးရွင္းပါတယ္။ ခ်စ္သူနွစ္ဦး ကြဲကြာခဲ့ေပမယ့္ လို႕ တကယ္ကိုခ်စ္ၿပီးတကယ္ကိုသစၥာသာရွိေနမယ္ဆိုရင္ ဘယ္လိုဖ်က္စီးမႈေတြ အေၾကာင္းမတို္က္ဆိုင္မႈေတြရွိေနပါေစ ေပါင္းဖက္ရတယ္ဆိုတဲ့ ပံုစံကို ပီျပင္စြာနဲ႕ ျပသခဲ့တဲ့ အခ်စ္ဇာတ္ကားပဲျဖစ္ပါတယ္။ အေပၚမွာ ညႊန္းထားတဲ့ ဇာတ္ကားနဲ႕တူတယ္ဆိုေပမယ့္ ဇာတ္လမ္းေက်ာရိုးခ်င္းျခားနားေနတာကိုလည္း ၾကည့္ရႈ႕ၿပီးတဲ့ ပရိသတ္ေတြရွိမယ္ဆိုရင္ခံစားမိမွာပါ။

ဇာတ္လမ္းနွစ္ခု စလံုးဟာ ေရြးခ်ယ္ရခက္တဲ့အခ်စ္ဇာတ္လမ္းမ်ိဳးပါ။ မင္းသမီးကို ဇာတ္လမ္းထဲမွာ ပါဝင္တဲ့ မင္းသားနွစ္ေယာက္လံုးကေတာ့ခ်စ္လိမ့္မယ္  ဒါေပမယ့္ ဘယ္လိုခ်စ္တာလဲ ဘယ္သူ႕ရဲ႕အခ်စ္က စစ္မွန္လဲ ဆိုတာကို ဆံုးျဖတ္ရတဲ့ ဇာတ္လမ္းမ်ိဳးပဲ ျဖစ္ပါတယ္။ ေနာက္ဆံုးအဆံုးသတ္မွာ တူေနတာေတြကေတာ့ နားလည္မႈရွိတဲ့ ခ်စ္ျခင္း၊ သစၥာကတိတည္တဲ့ ခ်စ္ျခင္း၊ တစ္ကိုယ္ေကာင္းမဆန္တဲ့ ခ်စ္ျခင္းေတြ ကသာ အၿပီးသတ္မွာ လွပေနေၾကာင္းကို ဇာတ္ကားနွစ္ကားစလံုးမွာ ေတြ႕ရွိရပါတယ္။ ပရိသတ္ႀကီးအေနနဲ႕ပိတ္ရက္မွာ ဒီဇာတ္ကားေလးနွစ္ကားကို ယွဥ္ၾကည့္ ၿပီး ခ်စ္ျခင္းတရားေတြကို အကဲျဖတ္နိုင္ၾကပါေစလို႕ ဆုမြန္ေကာင္းပို႕သလိုက္ပါတယ္။

Credit: youtube.com

ၾကည္သာ (Akhayar)

www.akhayar.com

[Unicode]

ဇာတ်လမ်းနှစ်ခုကို ယှဉ်တွဲကြည့်ပါက အချစ်နဲ့ပတ်သက်လို့ သင်ဘာတွေသိနိုင်မလဲဆိုတာ

ဖီလစ်ပိုင် ဇာတ်လမ်းဖြစ်တဲ့ Can’t Help Falling in Love ဆိုတဲ့ ဇာတ်လမ်းလေးကို ကြည့်ပြီးတဲ့ သူတွေရှိသလို မကြည့်ရသေးတဲ့ သူတွေလည်းရှိကြမယ်လို့ထင်ပါတယ်။ ဒီဇာတ်လမ်းလေးကို မကြည့်ရသေးတဲ့ သူတွေကို ပြောပြချင်တာကတော့ ဒီဇာတ်လမ်းဘယ်လောက်ကောင်းတယ် ၊ ဘယ်လိုကောင်းတယ် ဆိုတာတွေကိုပြောနေမှာမဟုတ်ပါဘူး။ ကြည့်လိုက်ပါ ဘဝ အတွက် သင်ခန်းစာ တစ်ခု ကျန်ခဲ့မှာပါလို့ ညွှန်းချင်ပါတယ်။

ဘာလို့ဆိုတော့ မိန်းကလးပဲ ဖြစ်ဖြစ် ယောက်ကျားလေးပဲ ဖြစ်ဖြစ် ချစ်တယ်ဆိုတာကို သက်တမ်းဘယ်လောက်ပဲ ကြာနေကြာနေ ဝေခွဲ မတတ်တဲ့ ချစ်သူရည်စားမျိုးကို ပိုင်ဆိုင်ထားတတ်ကြပါတယ်။ ပြောချင်တာကတော့ ရည်းစားသက်တမ်း နှစ်ကြာလာတာနဲ့အမျှ ဒီတစ်ယောက်ကအချစ်ဆုံးဒီတစ်ယောက်နဲ့ပဲ ယူရမယ်လို့ သတ်မှတ်ထားတဲ့ သူတွေအတွက် ပိုတောင်ကြည့်သင့်တယ်လို့ထင်ပါတယ်။

အဓိကတစ်ယောက်ကိုတစ်ယောက်နားလည်မှုနဲ့တည်ဆောက်တဲ့ ချစ်ခြင်းတရားကသာ မေတ္တာကြီးမားတဲ့ ချစ်ခြင်းတရားဖြစ်ကြောင်းကို ဒီဇာတ်လမ်းလေး ကြည့်ပြီးတာနဲ့ ပိုမိုနားလည်သဘောပေါက်သွားကြမယ်လို့ထင်ပါတယ်။

ဒီဇာတ်လမ်းထဲ က မင်းသားလေး နဲ့ မင်းသာမီးလေး ကလည်း အပြင်မှာ တကယ့် ချစ်သူတွေ ဆိုတော့ သူတို့ရဲ့ ရင်းနှီးတဲ့ သရုပ်ဆောင်မှုလေးတွေကဇာတ်လမ်းအတွက် ပိုမိုအထောက်အကူဖြစ်စေလို့ ကြည့်ရှု့သူပရိသတ်အနေနဲ့တော့ ပီပြင်တဲ့ ခံစားချက်တစ်ချို့ ကို ဇာတ်လမ်းကြည့်ရင်းခံစားရမယ် ဆိုတာမလွဲပါဘူး။

နောက်တစ်ခုအနေနဲ့ ညွှန်းချင်တဲ့ ဇာတ်လမ်းလေး ကတော့The  Notebook ပါ။ ဒီဇာတ်လမ်းဟာ ပရိသတ်တွေ ကို တမူထူးခြားတဲ့ Romantic အရသာတစ်ခု ခံစားရစေတဲ့ အင်္ဂလိပ်ဇာတ်ကားတစ်ခုလည်းဖြစ်ပါတယ်။  ဒီဇာတ်လမ်းကို ပိတ်ရက်မှာ ခံစားကြည့်ရှု့မိလိုက်မယ် ဆိုရင်တော့ ရည်းစားဟောင်းကို လွမ်းသွားမှာ ဖြစ်တဲ့ အတွက် ကြိုတင်တော့ သတိပေးထားပါရစေ။

ဒါပေမယ့်လည်း ကိုယ့်အပေါ်တကယ်ကို ကောင်းခဲ့တဲ့ ရည်းစားဟောင်းဆိုရင်တော့ လွမ်းသင့်ကြောင်းကိုThe  Notebook ဇာတ်လမ်းလေးက သက်သေပါပဲ။ဒီဇာတ်လမ်းလေးရဲ့ ပေးချင်တဲ့ Message က ရိုးရှင်းပါတယ်။ ချစ်သူနှစ်ဦး ကွဲကွာခဲ့ပေမယ့် လို့ တကယ်ကိုချစ်ပြီးတကယ်ကိုသစ္စာသာရှိနေမယ်ဆိုရင် ဘယ်လိုဖျက်စီးမှုတွေ အကြောင်းမတိုက်ဆိုင်မှုတွေရှိနေပါစေ ပေါင်းဖက်ရတယ်ဆိုတဲ့ ပုံစံကို ပီပြင်စွာနဲ့ ပြသခဲ့တဲ့ အချစ်ဇာတ်ကားပဲဖြစ်ပါတယ်။ အပေါ်မှာ ညွှန်းထားတဲ့ ဇာတ်ကားနဲ့တူတယ်ဆိုပေမယ့် ဇာတ်လမ်းကျောရိုးချင်းခြားနားနေတာကိုလည်း ကြည့်ရှု့ပြီးတဲ့ ပရိသတ်တွေရှိမယ်ဆိုရင်ခံစားမိမှာပါ။

ဇာတ်လမ်းနှစ်ခု စလုံးဟာ ရွေးချယ်ရခက်တဲ့အချစ်ဇာတ်လမ်းမျိုးပါ။ မင်းသမီးကို ဇာတ်လမ်းထဲမှာ ပါဝင်တဲ့ မင်းသားနှစ်ယောက်လုံးကတော့ချစ်လိမ့်မယ်  ဒါပေမယ့် ဘယ်လိုချစ်တာလဲ ဘယ်သူ့ရဲ့အချစ်က စစ်မှန်လဲ ဆိုတာကို ဆုံးဖြတ်ရတဲ့ ဇာတ်လမ်းမျိုးပဲ ဖြစ်ပါတယ်။ နောက်ဆုံးအဆုံးသတ်မှာ တူနေတာတွေကတော့ နားလည်မှုရှိတဲ့ ချစ်ခြင်း၊ သစ္စာကတိတည်တဲ့ ချစ်ခြင်း၊ တစ်ကိုယ်ကောင်းမဆန်တဲ့ ချစ်ခြင်းတွေ ကသာ အပြီးသတ်မှာ လှပနေကြောင်းကို ဇာတ်ကားနှစ်ကားစလုံးမှာ တွေ့ရှိရပါတယ်။ ပရိသတ်ကြီးအနေနဲ့ ပိတ်ရက်မှာ ဒီဇာတ်ကားလေးနှစ်ကားကို ယှဉ်ကြည့် ပြီး ချစ်ခြင်းတရားတွေကို အကဲဖြတ်နိုင်ကြပါစေလို့ ဆုမွန်ကောင်းပို့သလိုက်ပါတယ်။

Credit: youtube.com

ကြည်သာ (Akhayar)

www.akhayar.com