[Zawgyi]

Gym သြားၿပီဆိုရင္ ေမ့ေနလို႔မရတဲ့အရာမ်ား

ေန႔တိုင္း Gym သြားၿပီဆိုရင္ ဂရုစိုက္ရမွာေတြရွိပါတယ္။ ေန႔တိုင္းသြားေနတဲ့အတြက္ ပိုဂရုစိုက္ရပါလိမ့္မယ္။ အထူးသျဖင့္ Gym လို လူ၀င္လူထြက္မ်ားတဲ့ေနရာမွာ ေခၽြးေတြနဲ႔ အညစ္အေၾကးေတြေၾကာင့္ ျဖစ္လာႏိုင္တဲ့ က်န္းမာေရးအႏၱရာယ္ေတြကို ကာကြယ္ႏိုင္ဖို႔ေပါ့ေနာ္။ ဒီေတာ့ ဘယ္လိုအခ်က္ေတြကို သင္တို႔ ေမ့ေနလဲ။ ကိုယ့္ကိုယ္ကိုယ္ ျပန္သတိေပးလိုက္ပါဦး။

ေသြးပူေလ့က်င့္ခန္းလုပ္ဖို႔ ေမ့ေနတာမ်ိဳးေတြ

ေသြးပူေလ့က်င့္ခန္းက အၿမဲလုပ္ရမွာေနာ္။ တခ်ိဳ႕ေတြက ေသြးပူေလ့က်င့္ခန္းလုပ္ဖို႔ ေမ့ေလ်ာ့ေနတာမ်ိဳးေတြ၊ အၿမဲတမ္းလုပ္ေနရလို႔ အေမ့ခံလိုက္တာမ်ိဳးေတြ၊ ျပန္ခါနီးမို႔လို႔ အေၾကာေသခ်ာမေလွ်ာ့ပဲ ျပန္သြားတာမ်ိဳးေတြ လုပ္တတ္ပါတယ္။ ဒါေကာင္းတဲ့အေလ့အက်င့္ေတာ့ မဟုတ္ပါဘူး။ Gym တစ္ခါေဆာ့တုိင္း ေသြးပူေလ့က်င့္ခန္း တစ္ေခါက္ယူပါ။

သန္႔ရွင္းဖို႔ ေမ့ေနတာမ်ိဳးေတြ

ကိုယ္ အသံုးျပဳမယ့္ စက္ေတြကို အထူးသျဖင့္ လက္ကိုင္ေတြ၊ ထိုင္ခံုေတြနဲ႔ ေနာက္မွီေတြကို သန္႔ရွင္းေပးရပါလိမ့္မယ္။ Wet Tissue ေဆာင္သြားပါ။ နည္းနည္းေလာက္ေတာ့ သုတ္ေပးၿပီးမွ အသံုးျပဳပါ။ လူစံုဆီက ေခၽြးေပါင္းစံုနဲ႔ အသံုးျပဳသြားတဲ့အတြက္ေၾကာင့္ အခန္႔မသင့္ရင္ ေရာဂါပိုးကူးစက္တာေတြလည္း ျဖစ္ႏိုင္ပါတယ္။

Trainer မငွားတာေတြ

ဘယ္ေလာက္ပဲ ကပ္စီးနဲပါေစ Trainer ေတာ့ ငွားသင့္ပါတယ္။ Gym ေဆာ့မယ္လို႔ ဆံုးျဖတ္တာနဲ႔ Trainer ေၾကးကိုပါ အၿပီးအစီးထည့္တြက္ထားသင့္ပါတယ္။ ၀ိတ္ခ်ခ်င္တာလား၊ ၀ိတ္တက္ေစခ်င္တာလား။ ကိုယ္လိုခ်င္တဲ့ ကိုယ္ခႏၶာအခ်ိဳးအစားကို ရရွိဖို႔အတြက္ မွားယြင္းၿပီး လုပ္မိေနတာေတြမျဖစ္ရေလေအာင္ Trainer ကို ငွားပါ။ ဒီေနရာက ေငြအကုန္အက်ေခၽြတာေနရမယ့္ေနရာမဟုတ္ပါဘူး။

လိုခ်င္တဲ့ပန္းတိုင္တစ္ခုမရွိတာေတြ

Gym ေဆာ့ၿပီဆိုကတည္းက လိုခ်င္တဲ့ကိုယ္ခႏၶာအခ်ိဳးအစားကို ရရွိဖို႔ လိုအပ္တဲ့ ေမွ်ာ္လင့္ခ်က္ပန္းတိုင္ကို ခ်မွတ္ထားရပါလိမ့္မယ္ေနာ္။ သူငယ္ခ်င္းေတြ အဆြယ္ေကာင္းလို႔သာ သြားေဆာ့လိုက္တယ္။ ဘာျဖစ္ခ်င္လို႔ ျဖစ္ခ်င္ေနမွန္းမသိဘူးဆိုရင္ ပိုက္ဆံကုန္တာပဲ အဖတ္တင္ပါလိမ့္မယ္။ ဘာမွျဖစ္လာမွာ မဟုတ္ပါဘူး။ ဆိုးရြားတဲ့ေနာက္တစ္ခ်က္ကေတာ့ မျဖစ္ႏုိင္တဲ့ ပန္းတိုင္ေတြ ခ်မွတ္တာပါ။ ဒါမ်ိဳးလည္း မလုပ္သင့္ပါဘူး။

အတင္းကာေရာႀကိဳးစားတာမ်ိဳးေတြ

အတင္းကာေရာ မႀကိဳးစားပါနဲ႔။ ဘယ္အရာမွ ခ်က္ခ်င္းႀကီး အံုဖြဆိုၿပီး မေျပာင္းလဲသြားႏိုင္ပါဘူး။ ျဖည္းျဖည္းမွန္မွန္နဲ႔ အခ်ိန္ေပးၿပီး ႀကိဳးစားပါ။ စစခ်င္းကတည္းက အတင္းကာေရာလုပ္တတ္တဲ့သူေတြက မၾကာခင္မွာပဲ လက္ပန္းက်ၿပီး လက္ေလွ်ာ့သြားတတ္ၾကပါတယ္။ Gym ကို ႏွစ္ေပါက္ေအာင္ ပံုမွန္ေရာက္ၿပီး ပံုမွန္က်စ္လစ္လွပေနတဲ့လူေတြအမ်ားစုက ျဖည္းျဖည္းမွန္မွန္ႀကိဳးစားေနတဲ့သူေတြခ်ည္းပါပဲ။

Gym သြားတယ္ဆိုတာကလည္း အခ်ိန္ကုန္တယ္၊ လူပင္ပန္းတယ္၊ ပိုက္ဆံကုန္တယ္။ ဒီေလာက္အကုန္အက်ခံထားမွေတာ့ ကိုယ္ျဖစ္ခ်င္တာေတြ ျဖစ္လာတဲ့အထိ ႀကိဳးစားၾကတာ မေကာင္းဘူးလား။ အားလံုးေပးထားၿပီးေတာ့မွ အမွားမွားအယြင္းယြင္းနဲ႔ တလြဲႀကီးေတြပဲျဖစ္ေနမယ္ဆိုရင္ အရာအားလံုး သဲထဲေရသြန္သလို အလကားေတြခ်ည္းပဲျဖစ္သြားေတာ့မွာပါပဲ။

Moethaesay (Akhayar)

www.akhayar.com

[Unicode]

Gym သွားပြီဆိုရင် မေ့နေလို့မရတာတွေ

နေ့တိုင်း Gym သွားပြီဆိုရင် ဂရုစိုက်ရမှာတွေရှိပါတယ်။ နေ့တိုင်းသွားနေတဲ့အတွက် ပိုဂရုစိုက်ရပါလိမ့်မယ်။ အထူးသဖြင့် Gym လို လူဝင်လူထွက်များတဲ့နေရာမှာ ချွေးတွေနဲ့ အညစ်အကြေးတွေကြောင့် ဖြစ်လာနိုင်တဲ့ ကျန်းမာရေးအန္တရာယ်တွေကို ကာကွယ်နိုင်ဖို့ပေါ့နော်။ ဒီတော့ ဘယ်လိုအချက်တွေကို သင်တို့ မေ့နေလဲ။ ကိုယ့်ကိုယ်ကိုယ် ပြန်သတိပေးလိုက်ပါဦး။

သွေးပူလေ့ကျင့်ခန်းလုပ်ဖို့ မေ့နေတာမျိုးတွေ

သွေးပူလေ့ကျင့်ခန်းက အမြဲလုပ်ရမှာနော်။ တချို့တွေက သွေးပူလေ့ကျင့်ခန်းလုပ်ဖို့ မေ့လျော့နေတာမျိုးတွေ၊ အမြဲတမ်းလုပ်နေရလို့ အမေ့ခံလိုက်တာမျိုးတွေ၊ ပြန်ခါနီးမို့လို့ အကြောသေချာမလျှော့ပဲ ပြန်သွားတာမျိုးတွေ လုပ်တတ်ပါတယ်။ ဒါကောင်းတဲ့အလေ့အကျင့်တော့ မဟုတ်ပါဘူး။ Gym တစ်ခါဆော့တိုင်း သွေးပူလေ့ကျင့်ခန်း တစ်ခေါက်ယူပါ။

သန့်ရှင်းဖို့ မေ့နေတာမျိုးတွေ

ကိုယ် အသုံးပြုမယ့် စက်တွေကို အထူးသဖြင့် လက်ကိုင်တွေ၊ ထိုင်ခုံတွေနဲ့ နောက်မှီတွေကို သန့်ရှင်းပေးရပါလိမ့်မယ်။ Wet Tissue ဆောင်သွားပါ။ နည်းနည်းလောက်တော့ သုတ်ပေးပြီးမှ အသုံးပြုပါ။ လူစုံဆီက ချွေးပေါင်းစုံနဲ့ အသုံးပြုသွားတဲ့အတွက်ကြောင့် အခန့်မသင့်ရင် ရောဂါပိုးကူးစက်တာတွေလည်း ဖြစ်နိုင်ပါတယ်။

Trainer မငှားတာတွေ

ဘယ်လောက်ပဲ ကပ်စီးနဲပါစေ Trainer တော့ ငှားသင့်ပါတယ်။ Gym ဆော့မယ်လို့ ဆုံးဖြတ်တာနဲ့ Trainer ကြေးကိုပါ အပြီးအစီးထည့်တွက်ထားသင့်ပါတယ်။ ဝိတ်ချချင်တာလား၊ ဝိတ်တက်စေချင်တာလား။ ကိုယ်လိုချင်တဲ့ ကိုယ်ခန္ဓာအချိုးအစားကို ရရှိဖို့အတွက် မှားယွင်းပြီး လုပ်မိနေတာတွေမဖြစ်ရလေအောင် Trainer ကို ငှားပါ။ ဒီနေရာက ငွေအကုန်အကျချွေတာနေရမယ့်နေရာမဟုတ်ပါဘူး။

လိုချင်တဲ့ပန်းတိုင်တစ်ခုမရှိတာတွေ

Gym ဆော့ပြီဆိုကတည်းက လိုချင်တဲ့ကိုယ်ခန္ဓာအချိုးအစားကို ရရှိဖို့ လိုအပ်တဲ့ မျှော်လင့်ချက်ပန်းတိုင်ကို ချမှတ်ထားရပါလိမ့်မယ်နော်။ သူငယ်ချင်းတွေ အဆွယ်ကောင်းလို့သာ သွားဆော့လိုက်တယ်။ ဘာဖြစ်ချင်လို့ ဖြစ်ချင်နေမှန်းမသိဘူးဆိုရင် ပိုက်ဆံကုန်တာပဲ အဖတ်တင်ပါလိမ့်မယ်။ ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး။ ဆိုးရွားတဲ့နောက်တစ်ချက်ကတော့ မဖြစ်နိုင်တဲ့ ပန်းတိုင်တွေ ချမှတ်တာပါ။ ဒါမျိုးလည်း မလုပ်သင့်ပါဘူး။

အတင်းကာရောကြိုးစားတာမျိုးတွေ

အတင်းကာရော မကြိုးစားပါနဲ့။ ဘယ်အရာမှ ချက်ချင်းကြီး အုံဖွဆိုပြီး မပြောင်းလဲသွားနိုင်ပါဘူး။ ဖြည်းဖြည်းမှန်မှန်နဲ့ အချိန်ပေးပြီး ကြိုးစားပါ။ စစချင်းကတည်းက အတင်းကာရောလုပ်တတ်တဲ့သူတွေက မကြာခင်မှာပဲ လက်ပန်းကျပြီး လက်လျှော့သွားတတ်ကြပါတယ်။ Gym ကို နှစ်ပေါက်အောင် ပုံမှန်ရောက်ပြီး ပုံမှန်ကျစ်လစ်လှပနေတဲ့လူတွေအများစုက ဖြည်းဖြည်းမှန်မှန်ကြိုးစားနေတဲ့သူတွေချည်းပါပဲ။

Gym သွားတယ်ဆိုတာကလည်း အချိန်ကုန်တယ်၊ လူပင်ပန်းတယ်၊ ပိုက်ဆံကုန်တယ်။ ဒီလောက်အကုန်အကျခံထားမှတော့ ကိုယ်ဖြစ်ချင်တာတွေ ဖြစ်လာတဲ့အထိ ကြိုးစားကြတာ မကောင်းဘူးလား။ အားလုံးပေးထားပြီးတော့မှ အမှားမှားအယွင်းယွင်းနဲ့ တလွဲကြီးတွေပဲဖြစ်နေမယ်ဆိုရင် အရာအားလုံး သဲထဲရေသွန်သလို အလကားတွေချည်းပဲဖြစ်သွားတော့မှာပါပဲ။

Moethaesay (Akhayar)

www.akhayar.com