[Zawgyi]


Google Play – Error RH-01


နည်းလမ်း(၂)
နည်းလမ်း(၃)




Reboot ချပါ။


Ref;AndroidPit

Phone Hay Ko (Akhayar)

www.akhayar.com

Common Google Play Store error codes and how to fix them

[Unicode]

Google Play Store နဲ့ပတ်သက်ပြီးအဖြစ်အများဆုံး Error ၃မျိုးနဲ့ဖြေရှင်းနည်းများ

Google Play – Error RH-01

Google Play – Error RH-01 ကတော့ Server Error ပါ။ဒီ Error တက်ရင်တော့ သင့်ရဲ့ App တွေကို Play Store ကနေ Update ပြုလုပ်လို့ရတော့မှာမဟုတ်ပါဘူး။
ဖြေရှင်းနည်းကတော့ ၃နည်းရှိပါတယ်။

နည်းလမ်း(၁) Date & Time နဲ့ Time Zone မမှန်တာကြောင့်ဖြစ်တတ်ပါတယ်။စစ်ကြည့်လို့မှားနေရင်တော့ Setting > Date & Time မှာ Auto ကိုခဏရပ်ပြီး Manual အနေနဲ့မှန်အောင်ပြန်ချိန်ကြည့်ပါ။
နည်းလမ်း(၂)
Apps (Application Manager) > All မှတစ်ဆင့် Google Play Store နဲ့ Google Service Framework တို့ကို Force Stop လုပ်ပြီး Clear Data လုပ်ကြည့်ပါ။
နည်းလမ်း(၃)
Settings > Apps ကနေတဆင့် Google Play Store ကို Uninstall Updates လုပ်ပေးကြည့်ပါ။

Google Play – Error authentication

ဒီပြဿနာကတော့ Android စမတ်ဖုန်းတော်တော်များ အဖြစ်များတဲ့ Error ပါ။ သူလည်းနည်းလမ်း ၃မျိုးနဲ့ဖြေရှင်းကြည့်နိုင်ပါတယ်။

နည်းလမ်း(၁) Setting > Account Tab ထဲက Google အကောင့်ကို Remove လုပ်ပြီး ပြန်ဝင်ကြည့်ပါ။
နည်းလမ်း(၂) Play Store ကို Clear Data လုပ်ကြည့်ပါ
နည်းလမ်း(၃) Google Apps တွေအကုန်လုံး Uninstall လုပ်ပြီးအသစ်ပြန်သွင်းကြည့်ပါ။

Google Play – Error retrieving information from server
ဒီလို Error Code မျိုးပေါ်လာခဲ့ရင်တော့
Settings> Accounts> Google ထဲက Google Account ကို Delete or Remove လုပ်ပါ။
Reboot ချပါ။
Setting> Applications> All ကိုဝင်ပြီး Google Service App တွေအကုန်လုံး(Google Services Framework) ကို Clear Data လုပ်ပေးပါ။ ပြီးရင်တော့ ပြန်ဝင်ကြည့်လို့ရပါပြီ။

အခုဖော်ပြခဲ့တဲ့နည်းလမ်း၃ခုကတော့ မြန်မာနိုင်ငံက Play Store အသုံးပြုသူတွေအများဆုံးကြုံတွေ့ရတဲ့ Error လေးတွေဖြစ်ပါတယ်။ အကယ်၍ ဒီထဲက Error မဟုတ်ပဲအခြား Error Code တွေနဲ့တွေ့ကြုံနေရတယ်ဆိုရင်လည်း Comment မှာပဲဖြစ်ဖြစ် Message Box ကနေပဲဖြစ်ဖြစ်မေးမြန်းနိုင်ပါတယ်။

Ref;AndroidPit

Phone Hay Ko (Akhayar)

www.akhayar.com