[Zawgyi]





#ဒိုင်နိုဆော ဇာတ်ကား trailerလေး တင်ပေးလိုက်ပါတယ် 🙂 🙂 🙂

Posted by ဒိုင်နိုဆောဇာတ်ကား at Dinosaur Valley Myanmar on Sunday, February 18, 2018

Page Review များ




ရိုးလူ (အခရာ)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[Unicode]

ပထမဆုံးမြန်မာဒိုင်နိုဆောဇာတ်ကားလို့ ဆိုလာတဲ့ Dinosaur Valley ရဲ့ ဂယက်

ဇာတ်ကားသစ်တွေ ငံ့လင့်နေတဲ့ မြန်မာကားပရိတ်သတ်တွေအတွက် လူငယ် ဒါရိုက်တာတွေကလည်း သူ့ထက်ငါ ဦးအောင် အပြိုင်းအရိုင်းကြိုးစားလာကြပါပြီ။ ဒါကြောင့်လည်း ဒီဘက်နှစ်တွေထဲမှာ ည၊  ဥပါယ်တံမျဉ် – Deception၊ Dimensions ဆိုတဲ့ ဇာတ်ကားတွေ ထွက်လာပြီး ပရိသတ်တွေ အတော်သဘောခွေ့ကြပါတယ်။

အခုလည်း မြန်မာ့ ပထမဆုံး ဒိုင်နိုဆောဇာတ်ကားလို့ ခေါ်တဲ့ Dinosaur Valley ဇာတ်ကား ရိုက်ကူးထားတယ်လို့ သိရှိရပြီး ခုဆို Trailer တောင် ထွက်ရှိလာပါပြီ။ ဒီကားကို ဒါရိုက်တာ ဂျိုးက ရိုက်ကူးထားပြီး မင်းသားသစ် အံ့သစ်ကျော်နဲ့ အတူ နေဆန်း၊ အိဖြိုးချယ်ရီ၊ ဝါဝါအောင်၊ ထက်မြက်၊ ဦးဝင်းမြိုင်တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။

Trailer ကို ကြည့်ရှုတဲ့အခါမှာတော့ ဒီလိုရိုက်ပြနိုင်တာကို အကောင်းမြင်အားပေးပေးတဲ့ ပရိသတ်တွေလည်းရှိသလို Effect အထူးပြုလုပ်ချက်တွေ လိုအပ်သေးတယ်ဆိုပြီး ဝေဖန်ထားတဲ့ Comment တွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။ Trailer ကတော့ အောက်မှာ ကြည့်ရှုလို့ရမှာ ဖြစ်ပြီး ပရိသတ်အချို့ရဲ့ Comment၊ Share နဲ့ Reviews တွေကိုတော့ အခုလို တွေ့ရပါတယ်။

#ဒိုင်နိုဆော ဇာတ်ကား trailerလေး တင်ပေးလိုက်ပါတယ် 🙂 🙂 🙂

Posted by ဒိုင်နိုဆောဇာတ်ကား at Dinosaur Valley Myanmar on Sunday, February 18, 2018

Page Review များ

Post အောက်က Comment များ

ပြန် Share တဲ့စာသားများ

ဒါကြောင့် ပရိသတ်ကြီးရော Trailer ကြည့်ပြီး ဘယ်လိုမြင်လဲ၊ Comment မှာ ဖြေသွားပေးပါဦး။

ရိုးလူ (အခရာ)

www.akhayar.com