[Zawgyi]





HP Spectre

HP Spectre


Christopher Robin

 







The Little Mermaid



Redrose (Akhayar)

www.akhayar.com


[Unicode]

အသစ်တစ်ဖန်ရောက်ရှိလာမယ့် Disney Movies များ

ကလေးဘဝတုန်းက ကာတွန်းစာအုပ်လေးတွေ ၊ အိုး ပုတ် ဂျိုးရုပ်လေးတွေနဲ့ ကစားပြီး ကြီးပြင်းခဲ့တဲ့သူတွေရှိပါတယ်။ ဒါတွေနဲ့တင် ကြီးပြင်းခဲ့ရတာမဟုတ်ပဲ ကာတွန်းကားလေးတွေဖြစ်တဲ့ Tom & Jerry ၊ Sleeping Beauty ၊ Bambi စတဲ့ ကားလေးတွေကြည့်ပြီးတော့လည်း ဖြတ်သန်းခဲ့ရတဲ့ သူတွေရှိပါတယ်။ဘယ်လိုပဲဖြစ်ပါစေ ဇာတ်ကားလေးတွေကို ကြည့်ပြီးအားပေးတဲ့သူတွေများပါတယ်။

ဒါပေမယ့် အခုလို နှစ်ပေါင်းများစွာ ကြာပြီးတဲ့အချိန်မှာတော့ အဲဒီကာတွန်းကားလေးတွေကို ပြန်လည် ကြည့်ရှုမယ်၊ ပြန်ရှာမယ်ဆိုရင်တော့ ဘယ်လိုမှ ရှာလို့မရနိုင်တော့ဘူးလေ။ ဒါပေမယ့် ငယ်စဉ်က ကာတွန်းကားလေးတွေရဲ့ Story Line ကိုလည်း မပျောက်အောင် အားလုံးအရှေ့ကို ဖန်တီးမှုတွေနဲ့ ပြန်လာပါပြီ။

ဘယ်ကားလေးတွေဖြစ်မလဲဆိုတာအားလုံးပဲ ကြည့်လိုက်ရအောင်။

HP Spectre

HP Spectre

HP Spectre အကြောင်း အသေးစိတ်သိရှိရန်

Christopher Robin

 

ဒီကားလေးဟာ ဆိုရင် ကျွန်မတို့ ကျားမ မရွေးအားလုံးကြိုက်နှစ်သက်ခဲ့တဲ့ Pooh ကားလေးပဲဖြစ်ပါတယ်။ ဒီတစ်ခေါက်အနေနဲ့ အသစ်တစ်ဖန်ပြန်လည်ပြီး ရောက်လာမှာကတော့ Christopher Robin အနေနဲ့ ပြန်လည်ရောက်ရှိလာမှာဖြစ်ပါတယ်။ အရင်လို Pooh တို့ Piglet တို့ကို ဦးစားပေးပြီးရိုက်ထားတာမျိုးမဟုတ်တော့ပဲ Pooh တို့အားလုံးချစ်ရတဲ့ Christopher Robin ကို အသားပေးရိုက်ကူးထားတဲ့ ဇာတ်အိမ်လေးကို ပြောင်းလဲပြီးရေးထားပါတယ်။ ဒီကားလေးကို စတင်ပြသမယ့်ရက်ကိုတော့ ယေဘုယျအားဖြင့် သြဂုတ်လမှာ ပြသမယ်လို့ ကြေညာထားပါတယ်။

The Nutcracker and the Four Realms

Barbie ပရိသတ်ကောင်မလေးတွေဆိုရင် Barbie In The Nutcracker (2001) ကို အားလုံးပဲ မှတ်မိကြလိမ့်မယ်လို့ထင်ပါတယ်။ ခရစ်စမတ်ပွဲတော်မှာ Barbie ဟာ Nutcracker ကို လက်ဆောင်အဖြစ်ရရှိခဲ့ပြီး အဲဒီ Nutcracker လေးဟာ အသက်ဝင်လာပြီး အံသြဖွယ်ရာအဖြစ်အပျက်တွေနဲ့ ကြုံတွေ့ခဲ့ရတဲ့ကားလေးဖြစ်ပါတယ်။ ဒါပေမယ့် ဒီတစ်ခေါက်မှာတော့ Main Story Line ကို မပျောက်ဖျက်ပစ်ပဲ အရမ်းကို မိုက်တဲ့ Animation တွေနဲ့ လူကားလေးအဖြစ်ပြန်လည်ရောက်ရှိလာပါပြီ။ ပြသမယ့်အချိန်ကိုတော့ နိုဝင်ဘာလ အတွင်းဖြစ်မယ်လို့ ယူဆရပါတယ်။

Acer Predator Helios 300

Acer Predator Helios 300

Acer Predator Helios 300 အကြောင်း အသေးစိတ်သိရှိရန် 

The Little Mermaid

Little Mermaid ဟာဆိုရင် မိန်းကလေးတွေအများဆုံးကြိုက်နှစ်သက်တဲ့ Disney Princess ကားထဲက တစ်ခုလို့ပြောလို့ရပါတယ်။ ငယ်စဉ်တုန်းကဆိုရင် Mermaid ကားသုံးခုထွက်ရှိထားတာ သတိရမယ်ထင်ပါတယ်။ The Little Mermaid (1989) ၊ The Little Mermaid II (2000) နဲ့ The Little Mermaid : Ariel’s Beginning (2008) ဆိုပြီး ထွက်ရှိခဲ့ပါတယ်။ ဒီတစ်ခေါက်မှာတော့ The Little Mermaid ကို လူသားဇာတ်ကောင်အနေနဲ့ မြင်ရမှာဖြစ်ပါတယ်။ Trailer အရတော့ Story Line ကို ပြောင်းလဲရေးသားထားတာကို တွေ့ရှိရမှာဖြစ်ပါတယ်။ ပြသမယ့်အချိန်ကတော့ သြဂုတ်လမှာဖြစ်ကြောင်းသိရှိရပါတယ်။

အခြားသော အသစ်တစ်ဖန်ပြန်ပြီး ရောက်ရှိလာမယ့် ငယ်စဉ်က အတူတကွအချိန်ကုန်ဆုံးပြီး ကြီးပြင်းလာခဲ့ရတဲ့ ဇာတ်ကားလေးတွေရှိရင် ထပ်မံပြီး ဝေမျှပေးသွားဦးမှာဖြစ်ပါတယ်။

Redrose (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။