ရန်ကုန်အတွက် အမှိုက်ကား အစီးသုံးဆယ်၊ ဘတ်ဟိုး ရှစ်စီးနဲ့ အမှိုက်လှည်းကားလေးစီးရောက်လာပါတော့ မယ်။ အမှိုက်လှည်းကားတွေကို အင်္ဂလိပ်လိုတော့ Road Sweeper လို့ခေါ်ပါတယ်။ ဒီကားလေးတွေကိုဝယ်ရ တာကတော့ ရန်ကုန်လမ်းမတွေက ကွမ်းတံတွေးတွေကို သန့်ရှင်းချင်လို့ပါလို့ ရန်ကုန်စည်ပင်သာယာရေးကော် မတီက ဦးဇော်ဝင်းမောင်ကပြောပါတယ်။ အခုရန်ကုန်အတွက်မှာယူထားတဲ့ Road Sweeper လေးတွေက ဂျာမဏီနိုင်ငံလုပ်ဖြစ်ပြီးတော့ သစ်ရွက်ခြောက်တွေ၊ အမှိုက်တွေကိုသိမ်းဆည်းနိုင်တဲ့အပြင် ရေလောင်းတာ၊ မြက်ဖြတ်တာတွေလည်းလုပ်ဆောင်နိုင်ပါတယ်။

Road Sweeper လေးတွေကို လွန်ခဲ့တဲ့နှစ်ပေါင်း ၁၆၀ ကျော်က တီထွင်ခဲ့တာဖြစ်ပြီးတော့ အင်္ဂလန်နိုင်ငံမန် ချက်စတာမြို့မှာ စပြီးတော့အသုံးပြုခဲ့ပါတယ်။ မန်ချက်စတာဆိုတာက အဲ့ဒီအချိန်တုန်းက ကမ္ဘာ့ စက်မှုမြို့တော်ပါ။ အထည်အလိပ်လုပ်ငန်းတွေထွန်းကားပြီး ပထမဆုံး အများပြည်သူသုံးမီးရထား သယ်ယူပို့ဆောင်ရေးကိုစတင်ခဲ့တဲ့ မြို့လည်းဖြစ်ပါတယ်။ စက်မှုမြို့ဖြစ်တာနဲ့အညီ မန်ချက်စတာဟာသန့်ရှင်းသပ်ရပ်မှုလျော့နည်းလာတာမို့လို့ Joseph Whitworth ဟာအမှိုက်ရှင်းစက်ကိုတီထွင်ခဲ့ပါတယ်။ အမေရိကမှာတော့ C.S. Bishop က ၁၈၄၉ခုနှစ်မှာ တီထွင်ခဲ့ပြီးတော့ မူပိုင်ခွင့်ပါ မှတ်ပုံတင်ခဲ့ပါတယ်။

ပထမဆုံးမော်တာပါဝင်တဲ့ Road Sweeper ကိုတော့ John M. Murphy က တီထွင်ခဲ့ပါတယ်။ ဒါကိုတီထွင်ဖို့အ တွက်သူဟာနှစ်နှစ်နီးပါးလောက်အချိန်ယူပြီးတော့ စမ်းသပ်မှုတွေလုပ်ခဲ့ရပါတယ်။ သူ့ရဲ့ဒီစက်ကို Elgin လို့အမည်ပေးခဲ့ပြီးတော့ မြင်းနဲ့ဆွဲတဲ့စက်တွေထက် ဒေါ်လာ ၂၇၁၆.၆၆ ပိုမိုသက်သာတယ်ဆိုပြီတော့လည်း သက်သေပြခဲ့ပါသေးတယ်။

You May Also Like: “ပွင့်လင်းမြင်သာမှုအဆင့် အနည်းငယ်မြင့်တက်လာတဲ့ မြန်မာနိုင်ငံ”

ဒါကတော့ Elgin ရဲ့ Blue Print ပုံကြမ်းဖြစ်ပါတယ်။

 

 

 

 

 

 

 

ဖွံ့ဖြိုးပြီးနိုင်ငံတော်တော်များများမှာ Road Sweeper တွေကို မြို့တော်သန့်ရှင်းသပ်ရပ်ဖို့ အသုံးပြုကြပါတယ်။ အာရှဖက်က Sweeper လေးတွေနဲ့ ဥရောပ၊အမေရိကဖက်က Sweeper တွေကဒီဇိုင်းပိုင်းကွာခြားမှုရှိပါတယ်။ ရန်ကုန်ကိုရောက်လာမှာကတော့ ဂျာမနီကကားတွေဖြစ်ပါတယ်။

အပေါ်မှာပြထားတာက ကားအကြီးကြီးရဲ့ပုံပါ။ ရန်ကုန်ကိုရောက်လာမှာကတော့ အောက်ကလိုကားအသေးသေးလေးတွေဖြစ်ပါတယ်။

မင်းသုခ (အခရာ)

(www.akhayar.com)

Photo Credit: Google, Wikipedia