ဒီတစ်ပတ် Weekly Special for Akhayar Tech ကဏ္ဍမှာတော့ Comic Book ဖတ်ရှုရတာ ဝါသနာပါသူတွေ အတွက် အခမဲ့နဲ့ အလွယ်တကူ Comic Book တွ ဖတ်နိုင် ဒေါင်းလုတ်ဆွဲနိုင် လေ့လာနိုင်စေမယ့် နေရာလေးတွေနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ Comic Book ဇာတ်ကောင်တွေ ခေတ်စားနေခဲ့တာ ဆယ်စုနှစ်နဲ့ ချီနေပြီဖြစ်ပေမယ့် Comic Book တွေ Manga တွေ ဖတ်ရှုတဲ့ လူငယ်တွေ များလာနေတာကတော့ ခုနောက်ပိုင်းနှစ်တွေမှပါ။ Print Version တွေက ဈေးနှုန်းကြီးမြင့်တဲ့အတွက် ဝါသနာရှင်အများစုဟာ အခမဲ့ရတဲ့ e-book တွေကို အချင်းချင်း မျှဝေပြီး ဖတ်ရှုကြရတာများပါတယ်။ ဒါကြောင့်  Comic Book တွေကို စိတ်ဝင်စားသူတွေနဲ့ ခုမှ စတင်ဖတ်ရှုဖို့ ကြံရွယ်ထားသူတွေအတွက် Comic Book တွေ Comic Book တွေနဲ့ ပတ်သတ်တဲ့ နောက်ဆုံးရ သတင်းတွေကို အေးအေးဆေးဆေး ရှာဖွေဖတ်ရှုလို့ရမယ့် နေရာတွေကို လမ်းညွှန်ပေးလိုက်ပါတယ်။

(1) Websitehttp://getcomics.info/

Getcomics.info ကို Comic ဝါသနာရှင် တော်တော်များများ ကြားဖူးနားဝရှိကြမယ်ထင်ပါတယ်။ ကမ္ဘာပေါ်မှာ အစုံလင်ဆုံး အခမဲ့ ဒေါင်းလုတ်ဆွဲခွင့်ပြုထားတဲ့ Comic Book ဆိုက်တစ်ခုဖြစ်ပါတယ်။ ဒီဆိုက်မှာ Publisher မျိုးစုံတို့ရဲ့ Latest အဖြစ်ဆုံး Comic Book တွေကို အလွယ်တကူနဲ့ အခမဲ့ ဒေါင်းလုတ်ဆွဲလို့ရပါတယ်။ အသစ်ထွက်ရှိလာတဲ့ Comic Book တွေအပြင် လူသိများတဲ့ Comic Book စီးရီးတွေရဲ့ Storyline တွေကို အခြေပြုပြီး Collection တွေ လုပ်ထားပေးလေ့ရှိတာလေးကလည်း Comic ဝါသနာအိုးတွေအကြိုက်ဖြစ်စေပါတယ်။ ဥပမာ DC ရဲ့ New 52 Complete Collection တို့ Marvel ရဲ့ Civil War complete Collection တို့လိုမျိုးပေါ့။ ဒီဆိုက်ထဲမှာ လွန်ခဲ့တဲ့ ဆယ်စုနှစ်နဲ့ချီတဲ့ ကာလက Comics တွေက အစ ရှာလို့ရပါတယ်။

(2) ApplicationComics

Comic App ကို နာမည်ကျော် ComiXology Comics ဝက်ဘ်ဆိုက်က ဖန်တီးထားတာဖြစ်ပြီးတော့ ရက် ၃၀ အခမဲ့ ဖတ်ရှုလို့ရတဲ့ App တစ်ခုဖြစ်ပါတယ်။ DC၊ Marvel ၊ Image Comics ၊ Dark Horse Comics ၊ IDW Publishing၊ BOOM! Studios ၊ Dynamite Entertainment ၊ Kodansha Comics ၊ Oni Press ၊ Valiant Entertainment ၊ Archie Comics ၊ Fantagraphics Books ၊ Humanoids ၊ Action Lab Entertainment ၊ Aspen Comics ၊ Zenescope Entertainment စတဲ့ နာမည်ကျော် Publisher တွေ ထုတ်ဝေထားတဲ့ Comics Book ၇၅၀၀၀ ကျော်လောက်ကို စုစည်းပေးထားပါတယ်။ Trail ကာကျော်သွားရင်တော့ သတ်မှတ် အခကြေးငွေပေးချေပြီး ဖတ်ရှုရမှာဖြစ်ပေမယ့် တန်ဖိုးတော်တော်နည်းပါတယ်။ Offline ဖတ်ရှုနိုင်တဲ့ စနစ်ပါတဲ့အတွက်လည်း တော်တော်အဆင်ပြေစေပါတယ်။

(3) Facebook PageGreat Comics Web Myanmar

Great Comics Web Myanmar ကတော့ Comic Book တွေကို မြန်မာလို ပြန်ဆိုပေးနေတဲ့ Facebook Page တစ်ခုပါ။ ဒီ Page မှာ DC နဲ့ Marvel တို့က နာမည်ကျော် Comic Book တွေကို မြန်မာဘာသာနဲ့ ပြန်ဆိုပြီး ဒေါင်းလုတ်ဆွဲနိုင်အောင် တင်ပေးထားပါတယ်။ ဒါ့အပြင် http://greatcomicmm.wixsite.com/ ဆိုတဲ့ ဆိုက်နဲ့လည်း ချိတ်ဆက်ထားတာကြောင့် ဒီဆိုက်ပေါ်မှာလည်း တိုက်ရိုက်သွားရောက်ရှာဖွေလို့ရပါတယ်။

You May Also Like: “ဘောလုံးပွဲ Highlights ကြည့်ကြမယ် (Weekly Special for Akhayar Tech)”

(4) InstagramComicommunity

Comicommunity ဟာ Instagram မှာ Follower များတဲ့ Comic တွေနဲ့ သက်ဆိုင်တဲ့ Account တစ်ခုပါ။ Comic တွေနဲ့သက်ဆိုင်တဲ့ သတင်းဓာတ်ပုံတွေကို အချိန်နဲ့ တပြေးညီမျှဝေသလို ဆန်းသစ်တဲ့ Graphic Art တွေကိုလည်း ဖန်တီးတင်ဆက်လေ့ရှိပါတယ်။ 472K Follower ရှိတဲ့ Comicommunity က Instagram မှာတော့ မဖြစ်မနေ Follow ထားသင့်တဲ့ နေရာတစ်ခုပါ။

(5) TwitterFree Comic Book Day @Freecomicbook

Comics Book တွေရဲ့ သတင်းတွေကို မျက်ခြေမပျက်စောင့်ကြည့်ဖို့ ဆိုရင်တော့ Free Comic Book Day ဆိုတဲ့ Account ကို Follow လုပ်ထားဖို့ မဖြစ်မနေလိုအပ်ပါတယ်။ Free Comic Book Day မှာ နေ့စဉ်နဲ့ အမျှ ထွက်ရှိလာတဲ့ Comic Book အကြောင်းတွေအပြင် Comic နဲ့ ဆက်နွယ်နေတဲ့ ရုပ်ရှင်၊ ဗွီဒီယို၊ ကာတွန်းရုပ်ရှင်၊ ရုပ်သံဇာတ်လမ်းတွဲနဲ့ ဗွီဒီယိုဂိမ်းတွေအကြောင်း သတင်းတွေကိုလည်း အဆက်မပြတ် တင်ဆက်ပေးနေပါတယ်။

အခရာ

(www.akhayar.com)