ဒီအပတ် Comfort Zone ကို လာရောက်တိုင်ပင် ဆွေးနွေးရင်ဖွင့်ထားတဲ့ အကြောင်းအရာစုံလေးတွေ အများကြီးရှိပါတယ်။ အဲ့ဒီအထဲကမှ ပရိသတ်ကြီးလည်း သိချင်ကြမယ်ထင်တဲ့ အကြောင်းအရာလေးတွေကို ပြန်လည် ရွေးချယ်ပြောပြပေးချင်ပါတယ်။ လာရောက်ဆွေးနွေးထားတဲ့အထဲကမှ ပရိသတ်ကြီး သိချင်တဲ့ အကြောင်းအရာလေးတွေနဲ့ တိုက်ဆိုင်မှုရှိရင်လည်း ဖတ်ကြည့်ပြီး အဖြေရှာကြည့်သွားလို့ရတယ်နော်။

Q1: Toe Htet Wai ဆိုတဲ့ အကောင့်ပိုင်ရှင်လေးကတော့ အလုပ်ခွင်နဲ့ပတ်သက်ပြီး မေးခွန်းလေး မေးထားပါတယ်။ သူမေးထားတာလေးကတော့ “အလုပ်သင်တစ်ယေက်အနေနဲ့ သိပ်မသိသေးတော့ အလုပ်မှာအဆင်မပြေဖြစ်နေလို့ အလုပ်က ထွက်လိုက်ရမလား ဆက်လုပ်ရမလားမသိတော့လို့” ပါဆိုပြီး မေးထားတာပါ။

A1: အလုပ်ဝင်စက လူတိုင်းဟာ ပတ်ဝန်းကျင်စိမ်းကို ရောက်တာဖြစ်တဲ့အတွက် အခက်အခဲက လူတိုင်းကြုံကြပါတယ်နော်။ အချိန်ယူလိုက်ရင် အလုပ်မှာ နေသားကျသွားသလို အလုပ်မှာလည်း ပျော်ရွှင်လာနိုင်မှာပါနော်။ မသိတာလေးတွေအတွက်ကတော့ အားလပ်ချိန်တိုင်း လေ့လာမှုလေးတွေ လုပ်ထားရင် အလုပ်ခွင်ပျော်ရွှင်မှုလေးတွေပါ ရရှိလာကာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလေးတွေပါ တိုးလာမှာပါနော်။

Q2: နာမည်မဖော်ပြထားတဲ့ အကောင့်ပိုင်ရှင်လေးတစ်ခုကတော့ တက်တူးဖျက်ရင် ဘယ်လောက် ကုန်ကျမလဲ မေးထားပါတယ်။

A2: တက်တူးဖျက်တာကတော့ ထိုးထားတဲ့ တက်တူးအရွယ်အစားပေါ် မူတည်ပြီး ကုန်ကျစရိတ်က အမျိုးမျိုး ကွာခြားတယ်လေ။ ကိုယ်ထိုးထားတဲ့ တက်တူးအရွယ်အစားကိုပြပြီး ဖျက်ပေးတဲ့ နေရာလေးတွေမှာ သွားရောက်တိုင်ပင်ဆွေးနွေးတာကတော့ ပိုအဆင်ပြေနိုင်လို့ တက်တူးဖျက်လို့ရတဲ့ ဆိုင်လေးတွေကတော့ ပြောပြပေးမယ်နော်။ တက်တူးဖျက်လို့ရတဲ့ ဆိုင်လေးတွေကတော့ Face Art Aesthetic & Skin Laser Clinic ၊ Dr. Rejuvé Clinic အရေပြားအလှအပ လေဆာဆေးခန်း ၊ Pun Hlaing Clinic – Aesthetic and Laser Centre ၊ Kembangan Group of Medical Centres အစရှိတဲ့နေရာတွေမှာ စိတ်ချလက်ချ ဖျက်လို့ရပါတယ်နော်။

Q3: နောက်ဆုံးဖြေပေးမယ့် မေးခွန်းလေးကတော့ အကောင့်နာမည်မဖော်ပြဘဲ နာမည်ဝှက်လေးနဲ့ Ki Ki Challenge ဘယ်ကနေ အစပြုတာလဲဆိုပြီး မေးခဲ့တာပါ။

A3: KiKi Challenge ဟာ Drake ရဲ့ In My Feeling သီချင်းဗီဒီယိုရဲ့ အဆုံးမှာ ထည့်သွင်းကပြရင်း နာမည်ကြီးလာကာ ဆယ်လီတွေ တော်တော်များလိုက်ကရင်း မြန်မာနိုင်ငံကို ရောက်ရှိလာတာမို့ Drake ရဲ့ In My Feelings ကနေ အစပြုတယ်လို့ပဲ ပြောရမှာပါနော်။

ဒီအပတ်အတွက်တော့ ဒီမေးခွန်းလေးတွေနဲ့ အဖြေလေးတွေ စုစည်းဖော်ပြပေးထားတယ်ဆိုတော့ နောက်အပတ်မှာရော ဘယ်လိုမေးခွန်းလေးတွေ လာမေးပြီး ဆွေးနွေးတိုင်ပင်ကြမလဲ လာမေးထားတဲ့အထဲကနေ ကိုယ်သိချင်တဲ့ ဘယ်လိုအကြောင်းအရာလေးတွေပါမလဲဆိုတာကို စောင့်ဖတ်ကြည့်လို့ ရပါတယ်နော်။ စောင့်ဖတ်တာမျိုးချည်းပဲ မလုပ်ဘဲနဲ့ ကိုယ်သိချင်တဲ့ ဘယ်အကြောင်းအရာတွေပဲ ဖြစ်ဖြစ်၊ ဆွေးနွေးတိုင်ပင်ချင်တာရှိရင် Consultant လို သူငယ်ချင်းလို ရှိပေးနေတဲ့ Comfort Zone လေးဆီကို ကိုယ်တိုင်လာမေးလို့ ရလို့ လက်မတွန့်ဘဲ ရင်ဖွင့်ပြီး မေးကာ အဖြေရှာလိုက်ကြပါတော့နော်။

H.H(Akhayar)

www.akhayar.com