[Zawgyi]

၁၅၀၀က်ပ္နဲ႔ အ၀စားႏိုင္ေအာင္‘၀ါးမယ္’ျမန္မာထမင္းဆိုင္ဖြင့္ခဲ့တဲ့ ဖိုးျဖဴ

အရသာအရိွဆုံး၊အသန္႔ရွင္းဆုံးနဲ႔ က်န္းမာေရးနဲ႔ညီညြတ္တဲ့ ေနၾကာဆီသာသုံးထားၿပီး ဆန္အေကာင္းနဲ႔ခ်က္ထားတဲ့ လူတစ္ေယာက္ ၁၅၀၀ က်ပ္ဆိုရင္ ႀကိဳက္တဲ့အသားဟင္းတစ္မ်ိဳးနဲ႔ ခ်ဥ္ရည္ဟင္း၊ အရြက္ေၾကာ္တစ္မ်ိဳးအျပင္ ငပိရည္၊ တို႔စရာအစုံအလင္ေလးနဲ႔ သုံးေဆာင္ရမွာျဖစ္ၿပီးေတာ့ သူ႔ဆိုင္ရဲ႕ Favourite ဟင္းျဖစ္တဲ့ ဘာေဆးမွမပါတဲ့ က်န္းမာေရးနဲ႔ညီညြတ္ၿပီး အရြယ္သုံးပါးစားသုံးႏိုင္တဲ့ ငါးၾကင္းျဖဴ၊ ငါးအရိုးႏုေပါင္းလည္း ရရိွႏိုင္တယ္လို႔ သိရပါတယ္။ ဒါ့အျပင္ သာမန္၀န္ထမ္းမ်ားအတြက္လည္း ဟင္းတစ္မ်ိဳး ၅၀၀နဲ႔လည္း အဆင္ေျပေအာင္ ေရာင္းေပးတယ္လို႔ သိရပါတယ္။

Restaurant

ဖိုးျဖဴဆိုတဲ့ သူ႔ရဲ႕နာမည္ေၾကာင့္ စားသုံးတဲ့သူေတြရိွသလို တစ္ခါစားၿပီးတဲ့အခ်ိန္မွာ အေၾကာင္းသိသြားလို႔ ေနာက္ထပ္လာစားၾကတဲ့သူေတြလည္း ရိွပါတယ္တဲ့။ တစ္ခ်ိဳ႕ဆို ေတာ္ေတာ္ေ၀းေ၀းကေန လာစားၾကသလို အလုပ္ပိတ္ရက္ေတြမွာလည္း မိသားစုလာေရာက္သုံးေဆာင္ၾကပါေသးတယ္တဲ့။

အထူးအစီအစဥ္အျဖစ္ အလုပ္ပိတ္ရက္တနဂၤေႏြလိုေန႔မ်ိဳးမွာ အုန္းထမင္း၊ၾကက္သားကို စီစဥ္ေပးထားေပမယ့္လို႔ အခုလက္ရိွ ရာသီဥတုအေျခအေနအရမ္းပူလို႔ အုန္းထမင္းမခ်က္ပဲ မိုးတြင္းတစ္တြင္းလုံး တနဂၤေႏြတိုင္းမွာေတာ့ အုန္းထမင္းနဲ႔ၾကက္သားကို စပါယ္ရွယ္ခ်က္ထားမွာျဖစ္ၿပီး အဲဒီအတြက္ ၁၅၀၀ ပဲ က်သင့္ပါမယ္တဲ့။ လူရႊင္ေတာ္ဖိုးျဖဴရဲ႕ ‘၀ါးမယ္’ျမန္မာထမင္း၊ဟင္း စားဖြယ္စုံဆိုင္ကို စားသုံးခ်င္ရင္ေတာ့ သု၀ဏၰပန္းျခံအနီး မ်က္ေစာင္းထိုးရဲ႕ စစ္ကိုင္းစာသင္တိုက္မုဒ္ဦးရိွတဲ့ လမ္းထဲမွာ ဖြင့္လွစ္ထားတယ္လို႔သိရပါတယ္။

Photo Credit:Po Phyu Facebook

www.akhayar.com

[Unicode]

၁၅၀၀ကျပ်နဲ့ အဝစားနိုင်အောင်‘ဝါးမယ်’မြန်မာထမင်းဆိုင်ဖွင့်ခဲ့တဲ့ ဖိုးဖြူ

အရသာအရှိဆုံး၊အသန့်ရှင်းဆုံးနဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ နေကြာဆီသာသုံးထားပြီး ဆန်အကောင်းနဲ့ချက်ထားတဲ့ လူတစ်ယောက် ၁၅၀၀ ကျပ်ဆိုရင် ကြိုက်တဲ့အသားဟင်းတစ်မျိုးနဲ့ ချဉ်ရည်ဟင်း၊ အရွက်ကြော်တစ်မျိုးအပြင် ငပိရည်၊ တို့စရာအစုံအလင်လေးနဲ့ သုံးဆောင်ရမှာဖြစ်ပြီးတော့ သူ့ဆိုင်ရဲ့ Favourite ဟင်းဖြစ်တဲ့ ဘာဆေးမှမပါတဲ့ ကျန်းမာရေးနဲ့ညီညွတ်ပြီး အရွယ်သုံးပါးစားသုံးနိုင်တဲ့ ငါးကြင်းဖြူ၊ ငါးအရိုးနုပေါင်းလည်း ရရှိနိုင်တယ်လို့ သိရပါတယ်။ ဒါ့အပြင် သာမန်ဝန်ထမ်းများအတွက်လည်း ဟင်းတစ်မျိုး ၅၀၀နဲ့လည်း အဆင်ပြေအောင် ရောင်းပေးတယ်လို့ သိရပါတယ်။

Restaurant

ဖိုးဖြူဆိုတဲ့ သူ့ရဲ့နာမည်ကြောင့် စားသုံးတဲ့သူတွေရှိသလို တစ်ခါစားပြီးတဲ့အချိန်မှာ အကြောင်းသိသွားလို့ နောက်ထပ်လာစားကြတဲ့သူတွေလည်း ရှိပါတယ်တဲ့။ တစ်ချို့ဆို တော်တော်ဝေးဝေးကနေ လာစားကြသလို အလုပ်ပိတ်ရက်တွေမှာလည်း မိသားစုလာရောက်သုံးဆောင်ကြပါသေးတယ်တဲ့။

အထူးအစီအစဉ်အဖြစ် အလုပ်ပိတ်ရက်တနင်္ဂနွေလိုနေ့မျိုးမှာ အုန်းထမင်း၊ကြက်သားကို စီစဉ်ပေးထားပေမယ့်လို့ အခုလက်ရှိ ရာသီဥတုအခြေအနေအရမ်းပူလို့ အုန်းထမင်းမချက်ပဲ မိုးတွင်းတစ်တွင်းလုံး တနင်္ဂနွေတိုင်းမှာတော့ အုန်းထမင်းနဲ့ကြက်သားကို စပါယ်ရှယ်ချက်ထားမှာဖြစ်ပြီး အဲဒီအတွက် ၁၅၀၀ ပဲ ကျသင့်ပါမယ်တဲ့။ လူရွှင်တော်ဖိုးဖြူရဲ့ ‘ဝါးမယ်’မြန်မာထမင်း၊ဟင်း စားဖွယ်စုံဆိုင်ကို စားသုံးချင်ရင်တော့ သုဝဏ္ဏပန်းခြံအနီး မျက်စောင်းထိုးရဲ့ စစ်ကိုင်းစာသင်တိုက်မုဒ်ဦးရှိတဲ့ လမ်းထဲမှာ ဖွင့်လှစ်ထားတယ်လို့သိရပါတယ်။

Photo Credit:Po Phyu Facebook

www.akhayar.com