[Zawgyi]



ColorOS


ColorOS 5.0


ColorOS

[Unicode]

 OPPO F7 ရဲ့စွမ်းဆောင်မှုအပိုင်းကို အကောင်းဆုံးအထောက်အပံ့ပေးမယ့် ColorOS 5.0

User Interface (UI) နဲ့ပတ်သက်လာရင် OPPO ရဲ့ ကိုယ်ပိုင် UI ဖြစ်တဲ့ ColorOS ဟာ နှစ်အလိုက် အဆင့်မြှင့်တင်ပြောင်းလဲမှုတွေနဲ့အတူ ပိုမိုကောင်းမွန်လာခဲ့ပြီဖြစ်သလို လက်ရှိအသစ်မိတ်ဆက်ပေးမယ့် OPPO F7 ထုတ်ကုန်မှာ ColorOS 5.0 Version အဖြစ်အသစ်စက်စက်ပါဝင်လာတော့မှာဖြစ်ပါတယ်။ ယခင်နောက်ဆုံးထုတ်ခဲ့တဲ့ ColorOS 3.2 နဲ့နှိုင်းယှဉ်ကြည့်မယ်ဆိုရင် အသွင်အပြင်တွေအားလုံးနီးပါးပြောင်းလဲသွားတာကိုတွေ့မြင်ရမှာပါ။ ColorOS 5.0 ဟာ မျက်စိအမြင်ပိုင်းမှာပိုမိုသက်သောင့်သက်သာရှိစေပြီး သုံးစွဲသူတွေအတွက်လည်း ရှုပ်ထွေးမှုလုံးဝမရှိစေမယ့်အသွင်မျိုးအဖြစ်ဖန်တီးပေးထားတာပါတယ်။ Home Page ကအစ App icon လေးတွေ၊ Font အရွယ်အစားအလယ် နောက်ခံအရောင်အသွေးအဆုံး ပိုမိုဆန်းသစ်တဲ့အသွင်မျိုးအဖြစ် ပြန်လည်ဖန်တီးပေးထားပါတယ်။ ပိုမိုကောင်းမွန်တဲ့မြင်ကွင်းကျယ်ထိတွေ့သုံးစွဲမှုအတွေ့အကြုံကောင်းကို ရရှိစေဦးမှာဖြစ်ပါတယ်။

ColorOS

ColorOS 5.0 မှာ Full Screen Multitasking သုံးစွဲပုံအသစ်ကိုထည့်သွင်းပေးထားပြီး ဂိမ်းကစားနေစဉ်နဲ့ Video ကြည့်နေစဉ်အချိန်မျိုးမှာတောင် Message များကိုအလွယ်တကူပြန်လည်ရေးပို့ပေးနိုင်စေပါတယ်။ Assistive Ball ကိုရယူအသုံးပြုပြီး ဖုန်းအတွက်လိုအပ်တဲ့ထိန်းချုပ်လုပ်ဆောင်မှုအများအပြားကို လုပ်ဆောင်နိုင်စေမှာဖြစ်ပါတယ်။ ဒါ့အပြင် ColorOS 5.0 ရဲ့နောက်ထပ်အားသာချက်က ဓာတ်ပုံတည်းဖြတ်မှုတွေကို လွယ်ကူရိုးရှင်းစွာနဲ့လုပ်ဆောင်နိုင်စေပါတယ်။ ရိုက်ကူးထားတဲ့ဓာတ်ပုံများကို ပြန်လည်ရှာဖွေရာမှာလည်း ယခင်ကထက်ပိုမိုလွယ်ကူစေပြီး အချိန်၊ နေရာ၊ အရာဝတ္ထု၊ လူ အစရှိသဖြင့် Key word နဲ့ခွဲခြားရှားဖွေနိုင်မှာဖြစ်ပါတယ်။

ColorOS 5.0

Notifications ကြည့်ရှုရာမှာလည်း အရေးကြီးတဲ့ အချက်အလက်မှန်သမျှကို မြင်မြင်ထင်ထင်ရှိအောင် ပြသပေးပါလိမ့်မယ်။ အသုံးများတဲ့ app တွေအတွက် App Shortcut ကိုလည်း ဖုန်းမျက်နှာပြင်ပေါ်မှာ အလွယ်တကူရယူဖန်တီးနိုင်စေဦးမှာဖြစ်ပါတယ်။ ဖုန်းကို Clone Phone အဖြစ် အချက်အလက်တွေရွှေ့ပြောင်းတာ၊ မြန်ဆန်တဲ့ Face Unlock စနစ်ကိုအသုံးပြုတာ၊ ဖုန်းတွင်းရှိ App နဲ့ File တွေကို လုံခြုံမှုရှိစေရန်ကာကွယ်ပေးတာတွေအားလုံးအတွက်လည်း ColorOS 5.0 ကြောင့် ပိုမိုကောင်းမွန်သွားစေပါလိမ့်မယ်။ အနှစ်ချုပ်ပြောရမယ်ဆိုရင်တော့ ColorOS 5.0 ဟာ ဖုန်းတစ်လုံးရဲ့စွမ်းဆောင်မှုအပိုင်းကိုပိုမိုမြန်ဆန်လာစေပြီး Battery သုံးစွဲမှုအပိုင်းတွေကို လျှော့ချပေးသလို OPPO F7 ဖုန်းရဲ့ AI လုပ်ဆောင်မှုတွေကိုလည်း ချောမွေ့ပြေပြစ်အောင် ထောက်ကူပေးထားမှာဖြစ်ပါတယ်။ အားလုံးပဲ OPPO F7 မှာပါဝင်လာမယ့် ColorOS 5.0 ကိုစမ်းသပ်သုံးစွဲဖို့ Ready ပဲလား…

ColorOS