ခေါက်ဆွဲဆီချက်
=======
[Unicode]
Instant Noodle တွေနဲ့ ပတ်သက်ပြီး အကောင်းပြောကြတာ သိပ်မရှိပေမယ့် ကျန်းမာရေးနဲ့ မကိုက်ညီတာကိုတော့ လူအများထောက်ခံထားတယ်ဗျ။ ဒီတော့ တန်ဆေး လွန်ဘေး ချိန်ဆပြီး စားကြတာပေ့ါဗျာ။
မိုးရွာတဲ့ မိုးရာသီမှာ အိမ်ထဲခွေ ရုပ်ရှင်ကြည့်၊ စာဖတ်၊ ဟင်းချက်စားရတာ တော်တော် ပျော်စရာကောင်းတယ်။ အပြင်ထွက်လို့ စိုစိုစွတ်စွတ်ကို လူတိုင်းသိပ်သဘောမကျဘူး။ အလုပ်တွေ ရုံးတွေ တာဝန်တွေကတော့ မသွားမဖြစ်ပေ့ါဗျာ။
လူတိုင်းက ခေါက်ဆွဲပြုတ်တော့မယ်ဆို ပန်းကန်လုံးထဲ ခေါက်ဆွဲထည့်၊ ရေနွေးထည့် ပြုတ်ြက်တယ်ဗျ။ ဒါကလည်း အသင့်စားခေါက်ဆွဲရဲ့ တကယ့် ရည်ရွက်ချက်ပါ။ အများစုကတော့ ရေနွေးတည်ပြီး အိုးထဲ ထည့်ပြုတ်ကြတယ်ဗျ။ အထူးအဆန်းဘယ်လိုပြုတ်ကြမလဲ?
ခေါက်ဆွဲဆီချက်
ခေါက်ဆွဲ ဆီချက်လုပ်တော့မယ်ဆို ခေါက်ဆွဲသွား ကျက်ပြီလို့ ယူဆချိန် ဇကာဖြင့် စစ်ပြီး ပန်းကန်လုံးထဲ ချက်ချင်းထည့် ဆီချက်ထည့် နယ်ကြတယ်။ နည်းနည်းကြာကြာလေး ပြုတ်လိုက်ပါ။ ဇကာဖြင့် သေချာစစ်ပြီး ရေအေး တစ်ထပ် အမြန်လောင်းလိုက်ပါ။ ခေါက်ဆွဲထဲက အချွဲဓါတ် ပျောက်သွားပါစေ။ ဒါက လူတိုင်း မလုပ်မိတဲ့ နည်းလေးနော်။
ထူးထူးဆန်းဆန်းလေး ခေါက်ဆွဲပြုတ်စားမယ်ဆို…
လက်လှမ်းမှီရာ အသီးအရွက် အကုန်ထည့်ဖို့ မမေ့ပါနဲ့။ မာတဲ့ ကျက်တာ အချိန်ကြာမယ့်အရာတွကို ခေါက်ဆွဲနှင့် အရင် ထည့်ပြုတ်ပါ။
ကျွန်တော် အမြဲထည့်ဖြစ်တာလေးတွေ ပြောပြမယ်။
-ကြက်သွန်ဥ လေးစိတ်ခြမ်း (သူက ပြုတ်တဲ့ချိန် နူးရင် ချိုတယ်ဗျ)
-ဂျင်း၊ကြက်သွန်ဖြူ အနည်းငယ်ထောင်း
-မုန့်ညှင်းရွက်လေးတွေထည့်
-ပုဇွန်တို့ ကြက် ဝက်တို့ ရှိရင် ထည့်…( ဝက်ခေါက်ကြော်လည်း ကောင်းတယ်နော်)
ဒီတော့ဗျာ ခေါက်ဆွဲပြုတ်လေးကို အရောင်စုံ စိတ်ကူးပြီး ပြင်ဆင်ရတာပေါ့။
ဟင်းတစ်ပွဲ ပြင်ဆင်ရင် အရောင်စုံရမယ်ဗျ။ ခေါက်ဆွဲပြုတ်ဆို အဝါဖျော့ရောင်လေးရှိတယ်။
ဒီတော့ ငရုပ်သီး အနီလေးကို စိတ်ထည့်တော့ အနီရောင်လေးပါမယ်။
မုန့်ညှင်းလို အရွက်မျိုးထည့်တော့ အစိမ်းရောင်လေးပါမယ်။
ကြက်ဥလေးပါ ဖောက်ထည့်လိုက် အဖြူနဲ့ အဝါလေး ပါသွားမယ်။
ပုဇွန်လေးဆို ပန်းဆီရောင်လေးသန့်မယ်။
အသားဆို အညိုရောင်လေးနဲ့။
ဒီတော့ ခေါက်ဆွဲ ပြုတ်တိုင်း ချက်ချင်းပြုတ်ပြီး မစားလိုက်နဲ့နော်။
စားမယ့်အစားအသောက်ကို အမြင်နဲ့ အရင် အရသာခံပြီးမှ အရသာအပြည့်စားနိုင်ကြပါစေ။ရကောက် – Akhayar