[Zawgyi]

ရာထူးကို အသံုးခ်ၿပီး အလြဲသံုးစားလုပ္မႈ သံသယနဲ႔ စံုစမ္းစစ္ေဆးခံေနရတဲ့ ကိုလံဘီယာေဘာလံုးအဖြဲ႔ခ်ဳပ္ဥကၠဌ

ကိုလံဘီယာေဘာလံုးအဖြဲ႔ခ်ဳပ္ဥကၠဌအျဖစ္ တာဝန္ယူထားတဲ့ ရာမြန္ယီဆူရြန္ Ramon Jesurun ဟာ ရာထူးကို အသံုးခ်ၿပီး အလြဲသံုးစားလုပ္ရပ္တခ်ိဳ႕ကို က်ဴးလြန္ခဲ့ေၾကာင္း သံသယရွိေနလို႔ စံုစမ္းစစ္ေဆးခံေနခဲ့ရပါတယ္။ ကိုလံဘီယာအသင္း ကစားခဲ့တဲ့ ကမၻာ႔ဖလားေျခစစ္ပြဲအဆင့္ ပြဲစဥ္ေတြရဲ႕ လက္မွတ္တခ်ိဳ႕ကို ယီဆူရြန္ Jesurun အေနနဲ႔ ျပန္လည္ေရာင္းခ်ခဲ့ေၾကာင္း သတင္းေတြ ထြက္ေပၚလာခဲ့ၿပီး ရက္ပိုင္းအၾကာမွာပဲ စံုစမ္းစစ္ေဆးမႈေတြနဲ႔ ရင္ဆိုင္ေနခဲ့ရတာျဖစ္ပါတယ္။ ေဘာလံုးအဖြဲ႔ခ်ဳပ္ဥကၠဌ ယီဆူရြန္ Jesurun ကို အလြဲသံုးစားလုပ္မႈတခ်ိဳ႕နဲ႔ သံသယရွိေနခဲ့လို႔ စံုစမ္းစစ္ေဆးမႈေတြ ျပဳလုပ္ေနေၾကာင္း ကိုလံဘီယာ ကုန္သြယ္ေရးအာဏာပိုင္ေတြက တရားဝင္ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။

Ramón-Jesurun-met-with-FIFA-president-Infantino

Ramón-Jesurun-met-with-FIFA-president-Infantino

ယီဆူရြန္ Jesurun နဲ႔အတူ ကိုလံဘီယာေဘာလံုးအဖြဲ႔ခ်ဳပ္ဥကၠဌေဟာင္း ဘီဒိုယာ Bedoya ၊ အမႈေဆာင္ခ်ဳပ္ေဟာင္း အဲလ္ဇာတီ Alzate ၊ လိဂ္အဖြဲ႔ခ်ဳပ္ဥကၠဌေဟာင္း ပါဒိုမို Perdomo နဲ႔ ႏိုင္ငံေဘာလံုးေလာကရဲ႕ ထိပ္တန္းတာဝန္ရွိသူတခ်ိဳ႕ပါ သံသယရွိသူစာရင္းမွာ ပါဝင္ခဲ့ၿပီး စံုစမ္းစစ္ေဆးမႈေတြ ျပဳလုပ္ေနေၾကာင္း အာဏာပိုင္ေတြက သတင္းထုတ္ျပန္ခဲ့ပါတယ္။ ယီဆူရြန္ Jesurun နဲ႔ အေပါင္းအပါေတြက ကိုလံဘီယာအသင္းရဲ႕ အိမ္ကြင္းပြဲစဥ္ (၉)ပြဲမွာ ပဲြစဥ္ (၈)ပြဲရဲ႕ လက္မွတ္ေစာင္ေရ စုစုေပါင္း (၄၂,၂၂၁)ေစာင္ခန္႔ကို ေမွာင္ခိုသမားေတြဆီ ျပန္လည္ေရာင္းခ်ခဲ့တာျဖစ္ၿပီး အေမရိကန္ေဒၚလာ (၄.၅)သန္း ရရွိခဲ့ေၾကာင္း ခန္႔မွန္းေဖာ္ျပခဲ့ပါတယ္။ ယီဆူရြန္ Jesurun အေနနဲ႔ လက္ရွိအခ်ိန္မွာ ကိုလံဘီယာေဘာလံုးအဖြဲ႔ခ်ဳပ္ဥကၠဌအျဖစ္ တာဝန္ယူထားသလို ေတာင္အေမရိကေဘာလံုးအဖြဲ႔ခ်ဳပ္ရဲ႕ဒုဥကၠဌရာထူးနဲ႔ FIFA ရဲ႕ အဓိကဆံုးျဖတ္ခ်က္ေတြ ခ်မွတ္ရာမွာ အေရးပါတဲ့ ေကာ္မတီမွာ အဖြဲ႔ဝင္တစ္ဦးအျဖစ္ တာဝန္ထမ္းေဆာင္ေနတာျဖစ္ပါတယ္။

REF:Sportskeeda
Photo:Hora 724, Kansan.com
Aung Kyaw Wai (Akhayar)
www.akhayar.com

[Unicode]

ရာထူးကို အသုံးချပြီး အလွဲသုံးစားလုပ်မှု သံသယနဲ့ စုံစမ်းစစ်ဆေးခံနေရတဲ့ ကိုလံဘီယာဘောလုံးအဖွဲ့ချုပ်ဥက္ကဌ

ကိုလံဘီယာဘောလုံးအဖွဲ့ချုပ်ဥက္ကဌအဖြစ် တာဝန်ယူထားတဲ့ ရာမွန်ယီဆူရွန် Ramon Jesurun ဟာ ရာထူးကို အသုံးချပြီး အလွဲသုံးစားလုပ်ရပ်တချို့ကို ကျူးလွန်ခဲ့ကြောင်း သံသယရှိနေလို့ စုံစမ်းစစ်ဆေးခံနေခဲ့ရပါတယ်။ ကိုလံဘီယာအသင်း ကစားခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲအဆင့် ပွဲစဉ်တွေရဲ့ လက်မှတ်တချို့ကို ယီဆူရွန် Jesurun အနေနဲ့ ပြန်လည်ရောင်းချခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်လာခဲ့ပြီး ရက်ပိုင်းအကြာမှာပဲ စုံစမ်းစစ်ဆေးမှုတွေနဲ့ ရင်ဆိုင်နေခဲ့ရတာဖြစ်ပါတယ်။ ဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ယီဆူရွန် Jesurun ကို အလွဲသုံးစားလုပ်မှုတချို့နဲ့ သံသယရှိနေခဲ့လို့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေကြောင်း ကိုလံဘီယာ ကုန်သွယ်ရေးအာဏာပိုင်တွေက တရားဝင်ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

Ramón-Jesurun-met-with-FIFA-president-Infantino

Ramón-Jesurun-met-with-FIFA-president-Infantino

ယီဆူရွန် Jesurun နဲ့အတူ ကိုလံဘီယာဘောလုံးအဖွဲ့ချုပ်ဥက္ကဌဟောင်း ဘီဒိုယာ Bedoya ၊ အမှုဆောင်ချုပ်ဟောင်း အဲလ်ဇာတီ Alzate ၊ လိဂ်အဖွဲ့ချုပ်ဥက္ကဌဟောင်း ပါဒိုမို Perdomo နဲ့ နိုင်ငံဘောလုံးလောကရဲ့ ထိပ်တန်းတာဝန်ရှိသူတချို့ပါ သံသယရှိသူစာရင်းမှာ ပါဝင်ခဲ့ပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေကြောင်း အာဏာပိုင်တွေက သတင်းထုတ်ပြန်ခဲ့ပါတယ်။ ယီဆူရွန် Jesurun နဲ့ အပေါင်းအပါတွေက ကိုလံဘီယာအသင်းရဲ့ အိမ်ကွင်းပွဲစဉ် (၉)ပွဲမှာ ပွဲစဉ် (၈)ပွဲရဲ့ လက်မှတ်စောင်ရေ စုစုပေါင်း (၄၂,၂၂၁)စောင်ခန့်ကို မှောင်ခိုသမားတွေဆီ ပြန်လည်ရောင်းချခဲ့တာဖြစ်ပြီး အမေရိကန်ဒေါ်လာ (၄.၅)သန်း ရရှိခဲ့ကြောင်း ခန့်မှန်းဖော်ပြခဲ့ပါတယ်။ ယီဆူရွန် Jesurun အနေနဲ့ လက်ရှိအချိန်မှာ ကိုလံဘီယာဘောလုံးအဖွဲ့ချုပ်ဥက္ကဌအဖြစ် တာဝန်ယူထားသလို တောင်အမေရိကဘောလုံးအဖွဲ့ချုပ်ရဲ့ဒုဥက္ကဌရာထူးနဲ့ FIFA ရဲ့ အဓိကဆုံးဖြတ်ချက်တွေ ချမှတ်ရာမှာ အရေးပါတဲ့ ကော်မတီမှာ အဖွဲ့ဝင်တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်နေတာဖြစ်ပါတယ်။

REF:Sportskeeda
Photo:Hora 724, Kansan.com
Aung Kyaw Wai (Akhayar)
www.akhayar.com