This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

႐ႈံးပဲြေတြ႕ခဲ့လုိ႔ ေနာက္တစ္ဆင့္တက္မယ့္အခြင့္အေရးကုိ လက္လႊတ္ခဲ့ရတဲ့ ဆီနီေဂါ

အခုပဲြ ႐ႈံးခဲ့တာက ဆီနီေဂါအသင္းအတြက္ နစ္နာလြန္းပါတယ္။ သေရက်ရင္ေတာင္ ေနာက္တစ္ဆင့္ တက္ႏုိင္မွာျဖစ္ေပမယ့္ ကုိလံဘီယာကုိ (၁-၀)ဂုိးနဲ႔ ကပ္႐ႈံးခဲ့သလုိ Fair Play Points နဲ႔ ေနာက္တစ္ဆင့္တက္ခြင့္ကုိ လက္လႊတ္ခဲ့ရတာက ဆီနီေဂါအတြက္ ကံဆုိးလြန္းခဲ့တယ္။ ကမၻာ႔ဖလားၿပိဳင္ပဲြသမုိင္းတစ္ေလွ်ာက္မွာ Fair Play Points နဲ႔ အုပ္စုကထြက္ခဲ့ရတာဆုိလုိ႔ ဆီနီေဂါတစ္သင္းသာ ရွိခဲ့တာပါ။ ပထမပုိင္းမွာ ဆီနီေဂါအသင္းရဲ႕ ကစားပုံေကာင္းမြန္ခဲ့ၿပီး ကုိလံဘီယာအသင္း တိုက္စစ္ကုိ အေကာင္းဆုံး ထိန္းခ်ဳပ္ႏုိင္ခ့ဲတယ္။ ဒါေပမဲ့ လုိအပ္တဲ့ ဂုိးကုိေတာ့ မသြင္းႏုိင္ခဲ့ဘူး။ ဆီနီေဂါအသင္း ပယ္နယ္တီအခြင့္အေရးရခဲ့ေပမယ့္လည္း ဒုိင္လူႀကီးက VAR ျပန္ၾကည့္ၿပီး ပယ္ဖ်က္ခဲ့တာေၾကာင့္ နစ္နာခဲ့ရတယ္။

Colombia-Players-Celebrate

Colombia-Players-Celebrate

ကုိလံဘီယာအသင္းကေတာ့ ေနာက္တစ္ဆင့္တက္ဖုိ႔အတြက္ ႐ုန္းကန္ခဲ့ၿပီး ႏုိင္ပဲြကုိပါ ရယူႏုိင္ခဲ့တယ္။ (၇၈)မိနစ္မွာ ကြင္းလယ္တိုက္စစ္ကစားသမား ကြင္တာ႐ုိ Quintero ရဲ႕ေပးပုိ႔မႈကေန ဘာစီလုိနာေနာက္ခံလူ ယယ္ယီမီနာYerry Mina က ေခါငး္တိုက္သြင္းခဲ့တာပါ။ လက္က်န္မိနစ္ေတြမွာ ဆီနီေဂါအသင္း ေခ်ပဂုိးရဖုိ႔ တိုက္စစ္ဆင္ကစားခဲ့ေပမယ့္ ကိုလံဘီယာအသင္းက ပဲြကုိ ထိန္းခ်ဳပ္ကစားခဲ့ၿပီး အုပ္စုဗုိလ္နဲ႔ေနာက္တစ္ဆင့္ တက္ေရာက္ခဲ့တယ္။ ဆီနီေဂါအသင္း အုပ္စုက ထြက္ခဲ့ရတဲ့အတြက္ ၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပဲြမွာ အာဖရိကအသင္းေတြအားလုံး အုပ္စုအဆင့္နဲ႔ပဲ ေက်နပ္ခဲ့ရတယ္။

Photo:FIFA World Cup
Naing Linn(Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

ရှုံးပွဲတွေ့ခဲ့လို့ နောက်တစ်ဆင့်တက်မယ့်အခွင့်အရေးကို လက်လွှတ်ခဲ့ရတဲ့ ဆီနီဂေါ

အခုပွဲ ရှုံးခဲ့တာက ဆီနီဂေါအသင်းအတွက် နစ်နာလွန်းပါတယ်။ သရေကျရင်တောင် နောက်တစ်ဆင့် တက်နိုင်မှာဖြစ်ပေမယ့် ကိုလံဘီယာကို (၁-ဝ)ဂိုးနဲ့ ကပ်ရှုံးခဲ့သလို Fair Play Points နဲ့ နောက်တစ်ဆင့်တက်ခွင့်ကို လက်လွှတ်ခဲ့ရတာက ဆီနီဂေါအတွက် ကံဆိုးလွန်းခဲ့တယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းတစ်လျှောက်မှာ Fair Play Points နဲ့ အုပ်စုကထွက်ခဲ့ရတာဆိုလို့ ဆီနီဂေါတစ်သင်းသာ ရှိခဲ့တာပါ။ ပထမပိုင်းမှာ ဆီနီဂေါအသင်းရဲ့ ကစားပုံကောင်းမွန်ခဲ့ပြီး ကိုလံဘီယာအသင်း တိုက်စစ်ကို အကောင်းဆုံး ထိန်းချုပ်နိုင်ခဲ့တယ်။ ဒါပေမဲ့ လိုအပ်တဲ့ ဂိုးကိုတော့ မသွင်းနိုင်ခဲ့ဘူး။ ဆီနီဂေါအသင်း ပယ်နယ်တီအခွင့်အရေးရခဲ့ပေမယ့်လည်း ဒိုင်လူကြီးက VAR ပြန်ကြည့်ပြီး ပယ်ဖျက်ခဲ့တာကြောင့် နစ်နာခဲ့ရတယ်။

Colombia-Players-Celebrate

Colombia-Players-Celebrate

ကိုလံဘီယာအသင်းကတော့ နောက်တစ်ဆင့်တက်ဖို့အတွက် ရုန်းကန်ခဲ့ပြီး နိုင်ပွဲကိုပါ ရယူနိုင်ခဲ့တယ်။ (၇၈)မိနစ်မှာ ကွင်းလယ်တိုက်စစ်ကစားသမား ကွင်တာရို Quintero ရဲ့ပေးပို့မှုကနေ ဘာစီလိုနာနောက်ခံလူ ယယ်ယီမီနာYerry Mina က ခေါင်းတိုက်သွင်းခဲ့တာပါ။ လက်ကျန်မိနစ်တွေမှာ ဆီနီဂေါအသင်း ချေပဂိုးရဖို့ တိုက်စစ်ဆင်ကစားခဲ့ပေမယ့် ကိုလံဘီယာအသင်းက ပွဲကို ထိန်းချုပ်ကစားခဲ့ပြီး အုပ်စုဗိုလ်နဲ့နောက်တစ်ဆင့် တက်ရောက်ခဲ့တယ်။ ဆီနီဂေါအသင်း အုပ်စုက ထွက်ခဲ့ရတဲ့အတွက် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဖရိကအသင်းတွေအားလုံး အုပ်စုအဆင့်နဲ့ပဲ ကျေနပ်ခဲ့ရတယ်။

Photo:FIFA World Cup
Naing Linn(Akhayar)
www.akhayar.com