This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

တစ္ေယာက္ေလ်ာ႔ ကိုလံဘီယာကို အႏိုင္ကစားၿပီး အဖိုးတန္ (၃)မွတ္ ရရွိခဲ့တဲ့ ဂ်ပန္

ဂ်ပန္အသင္းဟာ ကိုလံဘီယာအသင္းကို (၂-၁)ဂိုးနဲ႔ အႏိုင္ကစားၿပီး ေတာင္အေမရိက ကိုယ္စားျပဳအသင္းကို ပထမဆံုး အႏိုင္ရတဲ့ အာရွ ကိုယ္စားျပဳအသင္းအျဖစ္ မွတ္တမ္းဝင္ခဲ့တယ္။ ၿပီးခဲ့တဲ့ ကမၻာ႔ဖလားတုန္းက ရံႈးေၾကြးကို ဂ်ပန္တို႔ လွလွပပ လက္စားေခ်ႏိုင္ခဲ့တယ္။ေျခစြမ္းပိုင္း ကြာဟမႈမရွိတဲ့ အသင္းေတြ တစ္အုပ္စုထဲ က်ေရာက္ေနတဲ့ အုပ္စုျဖစ္လို႔ အသင္းတိုင္းအတြက္ ပြဲစဥ္တိုင္းဟာ အေရးပါေနခဲ့တဲ့ အေနအထားမွာ ကိုလံဘီယာတို႔ ရံႈးပြဲႀကံဳေတြ႔ခဲ့တာက ေနာက္တစ္ဆင့္အတြက္ ဖိအားသက္ေရာက္မႈေတြ ရွိလာႏိုင္တယ္။ ဂ်ပန္အသင္းက ဥေရာပအေျခစိုက္ ကစားသမားေတြျဖစ္တဲ့ ယိုရွီဒါ၊ နာဂါတိုမို၊ ကာဂါဝါတို႔လို အဓိက ကစားသမား အစံုအလင္နဲ႔ ပြဲထြက္လာခဲ့တယ္။ ကိုလံဘီယာအသင္းကလည္း အဓိက ကစားသမား အစံုအလင္နဲ႔ ပြဲထြက္လာခဲ့ေပမယ့္ ဂ်ိမ္းစ္ရိုဒရီဂြက္ဇ္လို ကစားသမားကို ပြဲအစထဲက အသံုးမျပဳခဲ့တာက ေမးခြန္းထုတ္စရာျဖစ္ခဲ့တယ္။

Carlos-Sanchez-Red-Card

Carlos-Sanchez-Red-Card

ပြဲအစ (၃)မိနစ္မွာဘဲ ကိုလံဘီယာ ကြင္းလယ္ခံစစ္ ကစားသမား ကားလို႔စ္ဆန္းခ်က္ဇ္ တိုက္ရိုက္အနီကတ္နဲ႔ ထုတ္ပယ္ခံခဲ့ရတာေၾကာင့္လည္း ဂ်ပန္တို႔ ပြဲခ်ိန္ျပည့္ နီးပါး တစ္ေယာက္အသာနဲ႔ ကစားႏိုင္ခဲ့တယ္။ ပြဲကစားခ်ိန္ (၃)မိနစ္မွာ ဂိုးဧရိယာအတြင္း ကာဂါဝါရဲ႕ ကန္ခ်က္ကို ကားလို႔စ္ဆန္းခ်က္ဇ္ လက္နဲ႔ ပုတ္ခဲ့တယ္လို႔ ကြင္းလယ္ဒိုင္က ဆံုးျဖတ္ခဲ့ၿပီး ပယ္နယ္တီ သတ္မွတ္ေပးခဲ့သလို ကားလို႔စ္ဆန္းခ်က္ဇ္ကိုပါ တိုက္ရိုက္ အနီကတ္ျပ ထုတ္ပယ္ခဲ့တာ ျဖစ္တယ္။ အခုျဖစ္ရပ္မွာ (၅၀-၅၀)အေနအထားျဖစ္ၿပီး ကာဂါဝါရဲ႕ ကန္ခ်က္ကို ကားလို႔စ္ဆန္းခ်က္ဇ္ ရည္ရြယ္ခ်က္ခ်က္ရွိရွိ လက္နဲ႔ တားဆီးခဲ့တာ မဟုတ္ဘဲ အဝါကတ္ေလာက္သာ ျပရမယ့္ အေနအထားျဖစ္တယ္။ ဒီပယ္နယ္တီကို ကာဂါဝါက အမွားအယြင္းမရွိ ကန္သြင္းယူခဲ့ၿပီး ဂ်ပန္အတြက္ ဦးေဆာင္ဂိုးကို ရယူေပးခဲ့တယ္။ ပြဲကစားခ်ိန္ (၃၁)မိနစ္မွာ ကြာဒရာဒိုကို ဘာရီေရာ႔စ္နဲ႔ လူစားလဲခဲ့တာကလည္း အံ့အားသင့္ဖြယ္ ဆံုးျဖတ္ခ်က္ ျဖစ္ခဲ့တယ္။ (၃၉)မိနစ္ အေရာက္မွာေတာ့ ဂိုးဧရိယာ အစပ္နားမွာ ရရွိတဲ့ ဖရီးကစ္ကို ကိုလံဘီယာ ကြင္းလယ္လူ ကြင္တဲရိုး လူတံတိုင္းေအာက္ကေန ေျမလိွမ့္ေဘာကန္သြင္းၿပီး ေခ်ပဂိုး ျပန္လည္ ရယူခဲ့တယ္။ ကြင္တဲရိုးရဲ႕ ဖရီးကစ္ကို ဂ်ပန္ဂိုးသမား ကာဝါရွီမာ ကာကြယ္ဖို႔ ႀကိဳးပမ္းခဲ့ေပမယ့္ ဂိုးလိုင္းနည္းပညာအရ ဂိုးစည္းေက်ာ္သြားခဲ့လို႔ ဂိုးအျဖစ္ သတ္မွတ္ေပးခဲ့ရတာျဖစ္ပါတယ္။ လက္က်န္ ပြဲကစားခ်ိန္မွာ တစ္ဖက္နဲ႔ တစစ္ဖက္ ဂိုးထပ္မံ သြင္းယူႏိုင္ျခင္းမရွိလို႔ (၁-၁)ဂိုးနဲ႔ ပထမပိုင္း ၿပီးဆံုးခဲ့တယ္။

Quintero-firing-a-low-free-kick-under-a-leaping-wall

Quintero-firing-a-low-free-kick-under-a-leaping-wall

ဒုတိယပိုင္းအစမွာပဲ ကိုလံဘီယာအသင္း အဓိက ကစားသမား ဂ်ိမ္းစ္ရိုဒရီဂြက္ဇ္ လူစားလဲ ဝင္ေရာက္လာခဲ့လို႔ ပြဲက ပထမပိုင္းထက္ ပိုၿမိဳင္လာခဲ့တယ္။ တစ္ဖက္နဲ႔ တစ္ဖက္ အျပန္အလွန္ ထိုးေဖာက္မႈေတြနဲ႔ ပြဲက ၿပိဳင္ဆိုင္မႈ ျပင္းထန္လာခဲ့တယ္။ ပြဲကစားခ်ိန္ (၇၃)မိနစ္ အေရာက္မွာေတာ့ ဂ်ပန္အသင္း ဦးေဆာင္ဂိုးကို ရရွိခဲ့တယ္။ ေထာင့္ကန္ေဘာကေန ဟြန္ဒါ ကန္တင္ေပးလုိက္တဲ့ ေဘာလံုးကို တိုက္စစ္မွဴး အိုဆာကိုက ေအာ့စ္ပင္နာရဲ႕ ဘယ္ဘက္အေဝးေထာင့္ကို ေခါင္းတိုက္ သြင္းယူေပးခဲ့တာ ျဖစ္ပါတယ္။ လက္က်န္ ပဲြကစားခ်ိန္ေတြမွာ ဂ်ပန္အသင္းက အႏိုင္ရလဒ္ကို ထိန္းကစားသြားခဲ့လို႔ ကိုလံဘီယာအသင္း ရံႈးပြဲ ႀကံဳေတြ႔ခဲ့ရၿပီး ေနာက္တစ္ဆင့္ တက္ေရာက္ဖို႔ လက္က်န္ ပြဲစဥ္ေတြမွာ ရုန္းကန္ရေတာ့မွာ ျဖစ္ပါတယ္။ ဒီေန႔ပြဲရဲ႕ အေကာင္းဆံုး ကစားသမားဆုကိုေတာ့ ဂ်ပန္အသင္းအတြက္ အႏိုင္ဂိုးသြင္းယူေပးခဲ့တဲ့ တိုက္စစ္မွဴး အိုဆာကိုက ရရွိခဲ့တာ ျဖစ္ပါတယ္။

OSAKO-JAPAN-SCORES

OSAKO-JAPAN-SCORES

ကိုလံဘီယာ – ဂ်ပန္ပြဲစဥ္မွ ထူးျခားခ်က္မ်ား

– ၁၉၈၆ ကမၻာ႔ဖလား ဥရုေဂြး-စေကာ့တလန္ပြဲစဥ္ရဲ႕ ပြဲကစားခ်ိန္ (၅၄)စကၠန္႔မွာ အနီကတ္ျပခံခဲ့ရတဲ့ ဥရုေဂြးကစားသမား ဘတစၥတာေနာက္ပိုင္း ကားလို႔စ္ဆန္းခ်က္ဇ္ (၁၇၆ စကၠန္႔) က အေစာဆံုး အနီကတ္ျပခံရတဲ့ ကစားသမား ျဖစ္ခဲ့တယ္။
– ၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပြဲရဲ႕ ဖရီးကစ္သြင္းဂိုးက (၄)ဂိုးအထိ ရွိလာခဲ့ၿပီး ၿပီးခဲ့တဲ့ ၂၀၁၄ ၿပိဳင္ပြဲတစ္ေလွ်ာက္ (၃)ဂိုးကို (၁၅)ပြဲနဲ႔ ေက်ာ္ျဖတ္ႏိုင္ခဲ့တာ ျဖစ္ပါတယ္။
– ဂ်ပန္ေနာက္ခံလူ ယိုရွီဒါရဲ႕ ေဘာလံုးေပးပို႔မႈ (၈၂)ႀကိမ္အထိ ျပဳလုပ္ႏိုင္ခဲ့ၿပီး ကမၻာ႔ဖလားသမိုင္းတစ္ေလွ်ာက္ ဂ်ပန္ကစားသမားေတြထဲမွာ ေဘာလံုးေပးပို႔မႈ အမ်ားဆံုး ျပဳလုပ္ႏိုင္ခဲ့တဲ့ ကစားသမား ျဖစ္လာခဲ့ပါတယ္။
– အာရွကိုယ္စားျပဳအသင္းေတြထဲမွာ ေတာင္အေမရိက ကုိယ္စားျပဳအသင္းကို အႏိုင္ရခဲ့တဲ့ ပထမဆံုးအသင္းအျဖစ္ ဂ်ပန္အသင္း မွတ္တမ္းဝင္ခဲ့ပါတယ္။
– ၁၉၇၄ ကမၻာ႔ဖလားေနာက္ပိုင္း အုပ္စုအဖြင့္ပြဲစဥ္မွာ ေတာင္အေမရိကအသင္း (၄)သင္းအထိ ႏိုင္ပြဲေပ်ာက္ခဲ့တဲ့ မွတ္တမ္းဆိုးတစ္ခုျဖစ္ခဲ့ပါတယ္။

Photo:FIFA.com
Aung Kyaw Wai (Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

တစ်ယောက်လျော့ ကိုလံဘီယာကို အနိုင်ကစားပြီး အဖိုးတန် (၃)မှတ် ရရှိခဲ့တဲ့ ဂျပန်

ဂျပန်အသင်းဟာ ကိုလံဘီယာအသင်းကို (၂-၁)ဂိုးနဲ့ အနိုင်ကစားပြီး တောင်အမေရိက ကိုယ်စားပြုအသင်းကို ပထမဆုံး အနိုင်ရတဲ့ အာရှ ကိုယ်စားပြုအသင်းအဖြစ် မှတ်တမ်းဝင်ခဲ့တယ်။ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားတုန်းက ရှုံးကြွေးကို ဂျပန်တို့ လှလှပပ လက်စားချေနိုင်ခဲ့တယ်။ခြေစွမ်းပိုင်း ကွာဟမှုမရှိတဲ့ အသင်းတွေ တစ်အုပ်စုထဲ ကျရောက်နေတဲ့ အုပ်စုဖြစ်လို့ အသင်းတိုင်းအတွက် ပွဲစဉ်တိုင်းဟာ အရေးပါနေခဲ့တဲ့ အနေအထားမှာ ကိုလံဘီယာတို့ ရှုံးပွဲကြုံတွေ့ခဲ့တာက နောက်တစ်ဆင့်အတွက် ဖိအားသက်ရောက်မှုတွေ ရှိလာနိုင်တယ်။ ဂျပန်အသင်းက ဥရောပအခြေစိုက် ကစားသမားတွေဖြစ်တဲ့ ယိုရှီဒါ၊ နာဂါတိုမို၊ ကာဂါဝါတို့လို အဓိက ကစားသမား အစုံအလင်နဲ့ ပွဲထွက်လာခဲ့တယ်။ ကိုလံဘီယာအသင်းကလည်း အဓိက ကစားသမား အစုံအလင်နဲ့ ပွဲထွက်လာခဲ့ပေမယ့် ဂျိမ်းစ်ရိုဒရီဂွက်ဇ်လို ကစားသမားကို ပွဲအစထဲက အသုံးမပြုခဲ့တာက မေးခွန်းထုတ်စရာဖြစ်ခဲ့တယ်။

Carlos-Sanchez-Red-Card

Carlos-Sanchez-Red-Card

ပွဲအစ (၃)မိနစ်မှာဘဲ ကိုလံဘီယာ ကွင်းလယ်ခံစစ် ကစားသမား ကားလို့စ်ဆန်းချက်ဇ် တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရတာကြောင့်လည်း ဂျပန်တို့ ပွဲချိန်ပြည့် နီးပါး တစ်ယောက်အသာနဲ့ ကစားနိုင်ခဲ့တယ်။ ပွဲကစားချိန် (၃)မိနစ်မှာ ဂိုးဧရိယာအတွင်း ကာဂါဝါရဲ့ ကန်ချက်ကို ကားလို့စ်ဆန်းချက်ဇ် လက်နဲ့ ပုတ်ခဲ့တယ်လို့ ကွင်းလယ်ဒိုင်က ဆုံးဖြတ်ခဲ့ပြီး ပယ်နယ်တီ သတ်မှတ်ပေးခဲ့သလို ကားလို့စ်ဆန်းချက်ဇ်ကိုပါ တိုက်ရိုက် အနီကတ်ပြ ထုတ်ပယ်ခဲ့တာ ဖြစ်တယ်။ အခုဖြစ်ရပ်မှာ (၅၀-၅၀)အနေအထားဖြစ်ပြီး ကာဂါဝါရဲ့ ကန်ချက်ကို ကားလို့စ်ဆန်းချက်ဇ် ရည်ရွယ်ချက်ချက်ရှိရှိ လက်နဲ့ တားဆီးခဲ့တာ မဟုတ်ဘဲ အဝါကတ်လောက်သာ ပြရမယ့် အနေအထားဖြစ်တယ်။ ဒီပယ်နယ်တီကို ကာဂါဝါက အမှားအယွင်းမရှိ ကန်သွင်းယူခဲ့ပြီး ဂျပန်အတွက် ဦးဆောင်ဂိုးကို ရယူပေးခဲ့တယ်။ ပွဲကစားချိန် (၃၁)မိနစ်မှာ ကွာဒရာဒိုကို ဘာရီရော့စ်နဲ့ လူစားလဲခဲ့တာကလည်း အံ့အားသင့်ဖွယ် ဆုံးဖြတ်ချက် ဖြစ်ခဲ့တယ်။ (၃၉)မိနစ် အရောက်မှာတော့ ဂိုးဧရိယာ အစပ်နားမှာ ရရှိတဲ့ ဖရီးကစ်ကို ကိုလံဘီယာ ကွင်းလယ်လူ ကွင်တဲရိုး လူတံတိုင်းအောက်ကနေ မြေလှိမ့်ဘောကန်သွင်းပြီး ချေပဂိုး ပြန်လည် ရယူခဲ့တယ်။ ကွင်တဲရိုးရဲ့ ဖရီးကစ်ကို ဂျပန်ဂိုးသမား ကာဝါရှီမာ ကာကွယ်ဖို့ ကြိုးပမ်းခဲ့ပေမယ့် ဂိုးလိုင်းနည်းပညာအရ ဂိုးစည်းကျော်သွားခဲ့လို့ ဂိုးအဖြစ် သတ်မှတ်ပေးခဲ့ရတာဖြစ်ပါတယ်။ လက်ကျန် ပွဲကစားချိန်မှာ တစ်ဖက်နဲ့ တစစ်ဖက် ဂိုးထပ်မံ သွင်းယူနိုင်ခြင်းမရှိလို့ (၁-၁)ဂိုးနဲ့ ပထမပိုင်း ပြီးဆုံးခဲ့တယ်။

Quintero-firing-a-low-free-kick-under-a-leaping-wall

Quintero-firing-a-low-free-kick-under-a-leaping-wall

ဒုတိယပိုင်းအစမှာပဲ ကိုလံဘီယာအသင်း အဓိက ကစားသမား ဂျိမ်းစ်ရိုဒရီဂွက်ဇ် လူစားလဲ ဝင်ရောက်လာခဲ့လို့ ပွဲက ပထမပိုင်းထက် ပိုမြိုင်လာခဲ့တယ်။ တစ်ဖက်နဲ့ တစ်ဖက် အပြန်အလှန် ထိုးဖောက်မှုတွေနဲ့ ပွဲက ပြိုင်ဆိုင်မှု ပြင်းထန်လာခဲ့တယ်။ ပွဲကစားချိန် (၇၃)မိနစ် အရောက်မှာတော့ ဂျပန်အသင်း ဦးဆောင်ဂိုးကို ရရှိခဲ့တယ်။ ထောင့်ကန်ဘောကနေ ဟွန်ဒါ ကန်တင်ပေးလိုက်တဲ့ ဘောလုံးကို တိုက်စစ်မှူး အိုဆာကိုက အော့စ်ပင်နာရဲ့ ဘယ်ဘက်အဝေးထောင့်ကို ခေါင်းတိုက် သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ လက်ကျန် ပွဲကစားချိန်တွေမှာ ဂျပန်အသင်းက အနိုင်ရလဒ်ကို ထိန်းကစားသွားခဲ့လို့ ကိုလံဘီယာအသင်း ရှုံးပွဲ ကြုံတွေ့ခဲ့ရပြီး နောက်တစ်ဆင့် တက်ရောက်ဖို့ လက်ကျန် ပွဲစဉ်တွေမှာ ရုန်းကန်ရတော့မှာ ဖြစ်ပါတယ်။ ဒီနေ့ပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကိုတော့ ဂျပန်အသင်းအတွက် အနိုင်ဂိုးသွင်းယူပေးခဲ့တဲ့ တိုက်စစ်မှူး အိုဆာကိုက ရရှိခဲ့တာ ဖြစ်ပါတယ်။

OSAKO-JAPAN-SCORES

OSAKO-JAPAN-SCORES

ကိုလံဘီယာ – ဂျပန်ပွဲစဉ်မှ ထူးခြားချက်များ

– ၁၉၈၆ ကမ္ဘာ့ဖလား ဥရုဂွေး-စကော့တလန်ပွဲစဉ်ရဲ့ ပွဲကစားချိန် (၅၄)စက္ကန့်မှာ အနီကတ်ပြခံခဲ့ရတဲ့ ဥရုဂွေးကစားသမား ဘတစ္စတာနောက်ပိုင်း ကားလို့စ်ဆန်းချက်ဇ် (၁၇၆ စက္ကန့်) က အစောဆုံး အနီကတ်ပြခံရတဲ့ ကစားသမား ဖြစ်ခဲ့တယ်။
– ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ဖရီးကစ်သွင်းဂိုးက (၄)ဂိုးအထိ ရှိလာခဲ့ပြီး ပြီးခဲ့တဲ့ ၂၀၁၄ ပြိုင်ပွဲတစ်လျှောက် (၃)ဂိုးကို (၁၅)ပွဲနဲ့ ကျော်ဖြတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
– ဂျပန်နောက်ခံလူ ယိုရှီဒါရဲ့ ဘောလုံးပေးပို့မှု (၈၂)ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ပြီး ကမ္ဘာ့ဖလားသမိုင်းတစ်လျှောက် ဂျပန်ကစားသမားတွေထဲမှာ ဘောလုံးပေးပို့မှု အများဆုံး ပြုလုပ်နိုင်ခဲ့တဲ့ ကစားသမား ဖြစ်လာခဲ့ပါတယ်။
– အာရှကိုယ်စားပြုအသင်းတွေထဲမှာ တောင်အမေရိက ကိုယ်စားပြုအသင်းကို အနိုင်ရခဲ့တဲ့ ပထမဆုံးအသင်းအဖြစ် ဂျပန်အသင်း မှတ်တမ်းဝင်ခဲ့ပါတယ်။
– ၁၉၇၄ ကမ္ဘာ့ဖလားနောက်ပိုင်း အုပ်စုအဖွင့်ပွဲစဉ်မှာ တောင်အမေရိကအသင်း (၄)သင်းအထိ နိုင်ပွဲပျောက်ခဲ့တဲ့ မှတ်တမ်းဆိုးတစ်ခုဖြစ်ခဲ့ပါတယ်။

Photo:FIFA.com
Aung Kyaw Wai (Akhayar)
www.akhayar.com