This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

အသက္အႏၱရာယ္ ၿခိမ္းေျခာက္ခံေနရတဲ့ ကားလို႔စ္ဆန္းခ်က္ဇ္ Carlos Sanchez

ဂ်ပန္အသင္းကို ရံႈးနိမ့္ခဲ့တဲ့ ပြဲစဥ္မွာ တိုက္ရိုက္အနီကတ္နဲ႔ ထုတ္ပယ္ခံခဲ့ရတဲ့ ကိုလံဘီယာ ကြင္းလယ္လူ ကားလို႔စ္ဆန္းခ်က္ဇ္ Carlos Sanchez အသက္အႏၱရာယ္ ၿခိမ္းေျခာက္ခံရမႈနဲ႔ ရင္ဆိုင္ေနရပါတယ္။ ပြဲအစ (၁၅၆)စကၠန္႔အၾကာမွာ ဂ်ပန္ကြင္းလယ္လူ ကာဂါဝါ Kagawa ရဲ႕ ကန္ခ်က္ကို တားဆီးဖို႔ ႀကိဳးပမ္းရာမွာ ဂိုးဧရိယာအတြင္း လက္နဲ႔ထိခဲ့လို႔ တိုက္ရိုက္အနီကတ္နဲ႔ ထုတ္ပယ္ခံခဲ့ရၿပီး ကိုလံဘီယာအသင္း ပယ္နယ္တီ ေပးခဲ့ရတာ ျဖစ္ပါတယ္။ ထိတ္လန္႔ဖြယ္ရာ အသက္အႏၱရာယ္ ၿခိမ္းေျခာက္စာေတြ ကားလို႔စ္ဆန္းခ်က္ဇ္ Carlos Sanchez ထံ ေရာက္ရွိလာခဲ့ေၾကာင္းသိရပါတယ္။

Carlos-Sanchez-has-received-death-threats-after-getting-sent-off-in-the-defeat-to-Japan

Carlos-Sanchez-has-received-death-threats-after-getting-sent-off-in-the-defeat-to-Japan

၁၉၉၄ ကမၻာ႔ဖလားၿပိဳင္ပြဲအၿပီး အသတ္ခံခဲ့ရတဲ့ ကိုလံဘီယာ ေနာက္ခံလူ အက္စ္ကိုးဘား Escobar ရဲ႕ ျဖစ္ရပ္ေၾကာင့္ အခုအခ်ိန္မွာ ကားလို႔စ္ဆန္းခ်က္ဇ္ Carlos Sanchez လည္း ေၾကာက္ရြံ႕ေနေၾကာင္း သိရပါတယ္။ လူမႈကြန္ရက္ စာမ်က္ႏွာေတြကေန ကားလို႔စ္ဆန္းခ်က္ဇ္ Carlos Sanchez ထံ ၿခိမ္းေျခာက္တဲ့ မွတ္ခ်က္မ်ိဳးေတြ ေရးသားေပးပို႔ေနတာ ျဖစ္ပါတယ္။ ကမၻာ႔ဖလားၿပိဳင္ပြဲအၿပီး (၅)ရက္အၾကာမွာ ကိုယ့္ဂိုးကိုယ္သြင္းယူခဲ့တဲ့ ေနာက္ခံလူ အက္စ္ကိုးဘား Escobar ပစ္သတ္ခံခဲ့ရတဲ့ ျဖစ္ရပ္က ယေန႔ထက္တိုင္ နာမည္ေက်ာ္ျဖစ္ရပ္တစ္ခု ျဖစ္ခဲ့ပါတယ္။ ကိုလံဘီယာ ရဲတပ္ဖြဲ႔ကလည္း ကားလို႔စ္ဆန္းခ်က္ဇ္ Carlos Sanchez အေပၚ လူမႈကြန္ရက္ စာမ်က္ႏွာေတြကေန အသက္အႏၱရာယ္ ၿခိမ္းေျခာက္တဲ့ မွတ္ခ်က္မ်ိဳးေရးသားတဲ့ အျပဳအမႈေတြ ေစာင့္ၾကည့္လ်က္ရွိေၾကာင္း သတင္းထုတ္ျပန္ခဲ့ပါတယ္။

REF:The Sun
Photo:The Sun
Aung Kyaw Wai (Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

အသက်အန္တရာယ် ခြိမ်းခြောက်ခံနေရတဲ့ ကားလို့စ်ဆန်းချက်ဇ် Carlos Sanchez

ဂျပန်အသင်းကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရတဲ့ ကိုလံဘီယာ ကွင်းလယ်လူ ကားလို့စ်ဆန်းချက်ဇ် Carlos Sanchez အသက်အန္တရာယ် ခြိမ်းခြောက်ခံရမှုနဲ့ ရင်ဆိုင်နေရပါတယ်။ ပွဲအစ (၁၅၆)စက္ကန့်အကြာမှာ ဂျပန်ကွင်းလယ်လူ ကာဂါဝါ Kagawa ရဲ့ ကန်ချက်ကို တားဆီးဖို့ ကြိုးပမ်းရာမှာ ဂိုးဧရိယာအတွင်း လက်နဲ့ထိခဲ့လို့ တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရပြီး ကိုလံဘီယာအသင်း ပယ်နယ်တီ ပေးခဲ့ရတာ ဖြစ်ပါတယ်။ ထိတ်လန့်ဖွယ်ရာ အသက်အန္တရာယ် ခြိမ်းခြောက်စာတွေ ကားလို့စ်ဆန်းချက်ဇ် Carlos Sanchez ထံ ရောက်ရှိလာခဲ့ကြောင်းသိရပါတယ်။

Carlos-Sanchez-has-received-death-threats-after-getting-sent-off-in-the-defeat-to-Japan

Carlos-Sanchez-has-received-death-threats-after-getting-sent-off-in-the-defeat-to-Japan

၁၉၉၄ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီး အသတ်ခံခဲ့ရတဲ့ ကိုလံဘီယာ နောက်ခံလူ အက်စ်ကိုးဘား Escobar ရဲ့ ဖြစ်ရပ်ကြောင့် အခုအချိန်မှာ ကားလို့စ်ဆန်းချက်ဇ် Carlos Sanchez လည်း ကြောက်ရွံ့နေကြောင်း သိရပါတယ်။ လူမှုကွန်ရက် စာမျက်နှာတွေကနေ ကားလို့စ်ဆန်းချက်ဇ် Carlos Sanchez ထံ ခြိမ်းခြောက်တဲ့ မှတ်ချက်မျိုးတွေ ရေးသားပေးပို့နေတာ ဖြစ်ပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီး (၅)ရက်အကြာမှာ ကိုယ့်ဂိုးကိုယ်သွင်းယူခဲ့တဲ့ နောက်ခံလူ အက်စ်ကိုးဘား Escobar ပစ်သတ်ခံခဲ့ရတဲ့ ဖြစ်ရပ်က ယနေ့ထက်တိုင် နာမည်ကျော်ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့ပါတယ်။ ကိုလံဘီယာ ရဲတပ်ဖွဲ့ကလည်း ကားလို့စ်ဆန်းချက်ဇ် Carlos Sanchez အပေါ် လူမှုကွန်ရက် စာမျက်နှာတွေကနေ အသက်အန္တရာယ် ခြိမ်းခြောက်တဲ့ မှတ်ချက်မျိုးရေးသားတဲ့ အပြုအမှုတွေ စောင့်ကြည့်လျက်ရှိကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။

REF:The Sun
Photo:The Sun
Aung Kyaw Wai (Akhayar)
www.akhayar.com