This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

၂၀၁၄ ကမၻာ႔ဖလားၿပိဳင္ပဲြကထက္ ပုိၿပီးေအာင္ျမင္မႈရယူႏုိင္မလား ေစာင့္ၾကည့္ရမယ့္ ကုိလံဘီယာ

ဆံပင္အ၀ါေရာင္ႀကီးနဲ႔ ကြင္းလယ္လူ ဗယ္လ္ဒါရာမာ Valderrama ၊ အဂၤလန္နဲ႔ေျခစမ္းပဲြမွာ ကင္းၿမီးေကာက္ကန္ခ်က္နဲ႔ ဂုိးေပါက္ကာကြယ္ခဲ့တဲ့ Higuita ၊ ၁၉၉၄ ကမၻာ႔ဖလားမွာ ကုိယ့္ဂုိးကုိယ္သြင္းမိလုိ႔ အသက္ခံခ့ဲရတဲ့ ေနာက္ခံလူ အက္စ္ကုိးဘား Escobar တို႔ဟာ ကုိလံဘီယာအသင္းသမုိင္းတစ္ေလွ်ာက္မွာ ေမ့ေပ်ာက္လုိ႔ မရတဲ့ သမုိင္းျဖစ္ရပ္ေတြပါပဲ။ အရင္တုန္းကလည္း နာမည္ေက်ာ္ကစားသမားေတြ မ်ားစြာ ထြက္ေပၚခဲ့သလုိ လက္ရွိအခ်ိန္မွာလည္း World Class Players တခ်ိဳ႕ပါ၀င္ေနတဲ့ ကုိလံဘီယာအသင္း ဟာ ၿပီးခဲ့တဲ့ ၂၀၁၄ ကမၻာ႔ဖလားၿပိဳင္ပဲြကထက္ ပုိၿပီးေအာင္ျမင္မႈရယူႏုိင္မလားဆုိတာ ေစာင့္ၾကည့္ရမယ္။

Colombia-football-players

Colombia-football-players

ကုိလံဘီယာအသင္းရဲ႕ ကမၻာ႔ဖလားသမုိင္းေၾကာင္း

ကုိလံဘီယာအသင္းဟာ ကမၻာ႔ေဘာလုံးစင္ျမင့္မွာ အဆင့္တစ္ခုရွိေပမယ့္ ကမၻာ႔ဖလားၿပိဳင္ပဲြမွာေတာ့ ထူးထူးျခားျခားစြမ္းေဆာင္ရည္ မရွိပါဘူး။ ၁၉၃၀ ကေန ၁၉၅၈ ခုႏွစ္အထိ ေျခစစ္ပဲြ မေအာင္၊ ႏုတ္ထြက္၊ ပိတ္ပင္ခံရ စတဲ့ အခ်က္ေတြေၾကာင့္ ကမၻာ႔ဖလားနဲ႔ လဲြေခ်ာ္ခဲ့ၿပီး ၁၉၆၂ ၿပိဳင္ပဲြက်မွ ပထမဆုံးအႀကိမ္ေျခစစ္ပဲြေအာင္ခဲ့တယ္။ ၁၉၆၆ ကေန ၁၉၈၆ ခုႏွစ္အထိ ေျခစစ္ပြဲ မေအာင္ျမင္ခဲ့ဘဲ ၁၉၉၀မွာ ႐ႈံးထြက္(၁၆)သင္းအဆင့္၊ ၁၉၉၄၊ ၁၉၉၈ မွာ အုပ္စုအဆင့္ကေန လွည့္ျပန္ခဲ့ရတယ္။ ၂၀၀၂ ကေန ၂၀၁၀အထိ ေျခစစ္ပဲြ မေအာင္ျမင္ခဲ့ဘူး။ ၂၀၁၄ မွာ ကမၻာ႔ဖလားၿပိဳင္ပဲြဆီ တစ္ေကာ်႔ျပန္ေျခခ်ခဲ့ၿပီး အသင္းသမုိင္းတစ္ေလွ်ာက္ အျမင့္ဆုံးအျဖစ္ ကြာတားဖုိင္နယ္အထိ တက္ေရာက္ခဲ့ပါတယ္။

Colombia-football-players

Colombia-football-players

၂၀၁၈ ကမၻာ႔ဖလားေျခစစ္ပဲြျဖတ္သန္းခဲ့မႈ

ကုိလံဘီယာအသင္းဟာ ၂၀၁၈ ကမၻာ႔ဖလား ေျခစစ္ပဲြမွာ တိုက္႐ုိက္ေျခစစ္ပဲြေအာင္ျမင္ဖုိ႔ ႐ုန္းကန္ခဲ့ရၿပီး အုပ္စုေနာက္ဆုံးပဲြမွာ ဘရာဇီးလ္က ခ်ီလီကုိ အႏုိင္ရခဲ့လုိ႔သာ စတုတၳေနရာရရွိခဲ့တာပါ။ ကုိလံဘီယာ အသင္းဟာ (၇)ပဲြႏုိင္၊ (၆)ပဲြသေရ၊ (၅)ပဲြ႐ႈံး (၂၇)မွတ္နဲ႔ ပီ႐ူး၊ ခ်ီလီတို႔ထက္ (၁)မွတ္သာ ကြာဟၿပီး တုိက္႐ုိက္ေျခစစ္ပဲြ ေအာင္ျမင္ခဲ့တာျဖစ္ပါတယ္။ ကစားသမားေကာင္းေတြရွိေပမယ့္လည္း တည္ၿငိမ္တဲ့ေျခစြမ္း မရွိခဲ့လုိ႔လည္း ကုိလံဘီယာအသင္း ႐ုန္းကန္ခဲ့ရတာပါ။

James-Rodriguez

James-Rodriguez

ေစာင့္ၾကည့္ရမယ့္ကစားသမားမ်ား

ဘုိင္ယန္ျမဴးနစ္အသငး္မွာ အငွားနဲ႔ကစားေနတဲ့ ရီးယဲလ္ ကြင္းလယ္လူ ဂ်ိမ္းစ္႐ုိဒရီဂြက္ဇ္ James Rodriguez ဟာ ကုုိလံဘီယာအသင္းမွာ ေစာင့္ၾကည့္ရမယ့္ ကစားသမားတစ္ဦးပါပဲ။ မုိနာကုိအသင္းက ၀ါရင့္တိုက္စစ္မွဴး ဖယ္လ္ကာအုိ Falcaoန႔ဲ ဗီလာရီးယဲလ္အသငး္က ကားလုိ႔စ္ဘက္ကာ Carlos Bacca တို႔လုိ တိုက္စစ္မွဴးေကာင္းေတြလည္း ရွိေနပါတယ္။ ဒါ့အျပင္ ကြာဒရာဒုိ Cuadrado၊ ဒါဗင္ဆင္ဆန္းခ်က္ဇ္ Davinson Sánchez(စပါး)၊ ယဲလ္ယီမီနာ Yerry Mina(ဘာစီလုိနာ)၊ ဇာပါတာ Zapata (ဆမ္ဒုိးရီးယား)တို႔လုိ ကစားသမားေကာင္းေတြရွိေနတဲ့ ကုိလံဘီယာအသင္းရဲ႕ လူစာရင္းက အားရစရာပါပဲ

REF:Wikipedia
Photo:iNews,Post-Bulletin,The Velvetiere
Naing Linn(Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲကထက် ပိုပြီးအောင်မြင်မှုရယူနိုင်မလား စောင့်ကြည့်ရမယ့် ကိုလံဘီယာ

ဆံပင်အဝါရောင်ကြီးနဲ့ ကွင်းလယ်လူ ဗယ်လ်ဒါရာမာ Valderrama ၊ အင်္ဂလန်နဲ့ခြေစမ်းပွဲမှာ ကင်းမြီးကောက်ကန်ချက်နဲ့ ဂိုးပေါက်ကာကွယ်ခဲ့တဲ့ Higuita ၊ ၁၉၉၄ ကမ္ဘာ့ဖလားမှာ ကိုယ့်ဂိုးကိုယ်သွင်းမိလို့ အသက်ခံခဲ့ရတဲ့ နောက်ခံလူ အက်စ်ကိုးဘား Escobar တို့ဟာ ကိုလံဘီယာအသင်းသမိုင်းတစ်လျှောက်မှာ မေ့ပျောက်လို့ မရတဲ့ သမိုင်းဖြစ်ရပ်တွေပါပဲ။ အရင်တုန်းကလည်း နာမည်ကျော်ကစားသမားတွေ များစွာ ထွက်ပေါ်ခဲ့သလို လက်ရှိအချိန်မှာလည်း World Class Players တချို့ပါဝင်နေတဲ့ ကိုလံဘီယာအသင်း ဟာ ပြီးခဲ့တဲ့ ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲကထက် ပိုပြီးအောင်မြင်မှုရယူနိုင်မလားဆိုတာ စောင့်ကြည့်ရမယ်။

Colombia-football-players

Colombia-football-players

ကိုလံဘီယာအသင်းရဲ့ ကမ္ဘာ့ဖလားသမိုင်းကြောင်း

ကိုလံဘီယာအသင်းဟာ ကမ္ဘာ့ဘောလုံးစင်မြင့်မှာ အဆင့်တစ်ခုရှိပေမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ ထူးထူးခြားခြားစွမ်းဆောင်ရည် မရှိပါဘူး။ ၁၉၃၀ ကနေ ၁၉၅၈ ခုနှစ်အထိ ခြေစစ်ပွဲ မအောင်၊ နုတ်ထွက်၊ ပိတ်ပင်ခံရ စတဲ့ အချက်တွေကြောင့် ကမ္ဘာ့ဖလားနဲ့ လွဲချော်ခဲ့ပြီး ၁၉၆၂ ပြိုင်ပွဲကျမှ ပထမဆုံးအကြိမ်ခြေစစ်ပွဲအောင်ခဲ့တယ်။ ၁၉၆၆ ကနေ ၁၉၈၆ ခုနှစ်အထိ ခြေစစ်ပွဲ မအောင်မြင်ခဲ့ဘဲ ၁၉၉၀မှာ ရှုံးထွက်(၁၆)သင်းအဆင့်၊ ၁၉၉၄၊ ၁၉၉၈ မှာ အုပ်စုအဆင့်ကနေ လှည့်ပြန်ခဲ့ရတယ်။ ၂၀၀၂ ကနေ ၂၀၁၀အထိ ခြေစစ်ပွဲ မအောင်မြင်ခဲ့ဘူး။ ၂၀၁၄ မှာ ကမ္ဘာ့ဖလားပြိုင်ပွဲဆီ တစ်ကောျ့ပြန်ခြေချခဲ့ပြီး အသင်းသမိုင်းတစ်လျှောက် အမြင့်ဆုံးအဖြစ် ကွာတားဖိုင်နယ်အထိ တက်ရောက်ခဲ့ပါတယ်။

Colombia-football-players

Colombia-football-players

၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲဖြတ်သန်းခဲ့မှု

ကိုလံဘီယာအသင်းဟာ ၂၀၁၈ ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ တိုက်ရိုက်ခြေစစ်ပွဲအောင်မြင်ဖို့ ရုန်းကန်ခဲ့ရပြီး အုပ်စုနောက်ဆုံးပွဲမှာ ဘရာဇီးလ်က ချီလီကို အနိုင်ရခဲ့လို့သာ စတုတ္ထနေရာရရှိခဲ့တာပါ။ ကိုလံဘီယာ အသင်းဟာ (၇)ပွဲနိုင်၊ (၆)ပွဲသရေ၊ (၅)ပွဲရှုံး (၂၇)မှတ်နဲ့ ပီရူး၊ ချီလီတို့ထက် (၁)မှတ်သာ ကွာဟပြီး တိုက်ရိုက်ခြေစစ်ပွဲ အောင်မြင်ခဲ့တာဖြစ်ပါတယ်။ ကစားသမားကောင်းတွေရှိပေမယ့်လည်း တည်ငြိမ်တဲ့ခြေစွမ်း မရှိခဲ့လို့လည်း ကိုလံဘီယာအသင်း ရုန်းကန်ခဲ့ရတာပါ။

James-Rodriguez

James-Rodriguez

စောင့်ကြည့်ရမယ့်ကစားသမားများ

ဘိုင်ယန်မြူးနစ်အသင်းမှာ အငှားနဲ့ကစားနေတဲ့ ရီးယဲလ် ကွင်းလယ်လူ ဂျိမ်းစ်ရိုဒရီဂွက်ဇ် James Rodriguez ဟာ ကိုလံဘီယာအသင်းမှာ စောင့်ကြည့်ရမယ့် ကစားသမားတစ်ဦးပါပဲ။ မိုနာကိုအသင်းက ဝါရင့်တိုက်စစ်မှူး ဖယ်လ်ကာအို Falcaoနဲ့ ဗီလာရီးယဲလ်အသင်းက ကားလို့စ်ဘက်ကာ Carlos Bacca တို့လို တိုက်စစ်မှူးကောင်းတွေလည်း ရှိနေပါတယ်။ ဒါ့အပြင် ကွာဒရာဒို Cuadrado၊ ဒါဗင်ဆင်ဆန်းချက်ဇ် Davinson Sánchez(စပါး)၊ ယဲလ်ယီမီနာ Yerry Mina(ဘာစီလိုနာ)၊ ဇာပါတာ Zapata (ဆမ်ဒိုးရီးယား)တို့လို ကစားသမားကောင်းတွေရှိနေတဲ့ ကိုလံဘီယာအသင်းရဲ့ လူစာရင်းက အားရစရာပါပဲ

REF:Wikipedia
Photo:iNews,Post-Bulletin,The Velvetiere
Naing Linn(Akhayar)
www.akhayar.com