[Zawgyi]
ရွန်းနီတို့ မိသားစု
ရွန်းနီတို့ မိသားစု
ကျော်စိုးအောင် (အခရာ)
www.akhayar.com 
[Unicode]
ဝိန်းရွန်းနီ (Wayne Rooney) နဲ့ ကောလင်း (Coleen) တို့ စတုတ္ထသားငယ် မွေးဖွားပြီ
အဲဗာတန်တိုက်စစ်မှူးကြီး ဝိန်းရွန်းနီ (Wayne Rooney) ဟာ အခုဆိုရင် စတုတ္ထမြောက်သားငယ် ရရှိလာပြီလို့ သိရပါတယ်။ ဖေဖော်ဝါရီလ (၁၅) ရက်နေ့ (ဒီနေ့) မနက်ခင်းတုန်းက ဇနီးသည် ကောလင်း (Coleen) က စတုတ္ထသားငယ် မွေးဖွားခဲ့ပြီဖြစ်ကြောင်း လူမှုကွန်ရက် တွတ်တာ (Twitter) မှ တရားဝင်ကြေညာခဲ့ပါတယ်။ သားငယ်ရဲ့နာမည်ကို ကပ်စ်မက် (Cass Mac) လို့ နာမည်ပေးထားပြန်ပါတယ်။ သူမရဲ့လူမှုကွန်ရက်မှ အောက်ပါအတိုင်း ပြောကြားထားပါတယ်။
“သားငယ်လေးရေ ကြိုဆိုပါတယ်ကွယ် . . . Cass Mac က
၈ပေါင်နဲ့ ၁ဝအောင်စတောင် ရှိပါတယ်။ ချစ်စရာကြီးပဲ”
ရွန်းနီတို့ဇနီးမောင်နှံမှာ (၈) နှစ်အရွယ် သားကြီး ကိုင်ရွန်းနီ (Kai Rooney) ၊ (၄) နှစ်အရွယ် ကလေးရွန်းနီ (Klay Rooney) နဲ့ (၂) နှစ်ရွယ် ကစ်ရွန်းနီ (Kit Rooney) ဆိုပြီး သုံးယောက် မွေးထားပြန်ပါတယ်။ ပထမသားသုံးယောက်ရဲ့နာမည်ကို K စာလုံးနဲ့ စတင်ခဲ့ပြီး စတုတ္ထကလေးကိုလည်း K နဲပဲ စတင်မယ်လို့ ပရိသတ်တွေ ထင်မှတ်ထားပေမယ့် ‘Cass Mac’ လို့ပဲ နာမည်ပေးလိုက်တာဖြစ်ပါတယ်။
ရွန်းနီတို့ မိသားစု
ရွန်းနီတို့ မိသားစု
ရွန်းနီတို့နှစ်ယောက်ဟာ ၁၂နှစ်အရွယ်ကတည်းက သိကျွမ်းခဲ့တာဖြစ်ပြီး (၁၆) နှစ်အရွယ်မှာ ချစ်သူတွေဖြစ်ခဲ့ကြပါတယ်။ ၂ဝဝ၈ခုနှစ် ဇွန်လ (၁၂) ရက်နေ့မှာ လက်ထပ်ခဲ့ပြီး အခုချိန်မှာ သားလေးယောက် ထွန်းကားနေပြီပဲဖြစ်ပါတယ်။
ကျော်စိုးအောင် (အခရာ)
www.akhayar.com 
Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။