[Zawgyi]

ဗိုလ္ျမတ္ထြန္းလမ္းမေပၚက ခ်စ္သူေတြရဲ႕ ခိုလံႈရာအသစ္ Coffee Studio ေလး

ဒီလို ပိတ္ရက္ေလးေတြဆိုရင္ ခ်စ္သူ႔လက္ကေလးကိုတြဲ တစ္ေနကုန္မေမာတမ္းေလွ်ာက္လည္ၾကမယ္၊ ၿပီးတာနဲ႔ ေကာ္ဖီဆိုင္လွလွေလး တစ္ခုမွာ ေအးေအးေဆးေဆး ဒိတ္ခ်င္ၾကတာ ခ်စ္သူတိုင္း ခ်စ္သူတိုင္းရဲ႕ အားလပ္ရက္ အပန္းေျဖနည္း တမ်ိဳးပဲမလား။

ခ်စ္သူနဲ႔မဟုတ္လည္း သူငယ္ခ်င္းေတြ လည္ရင္း၊ ပတ္ရင္း ေအးေဆးအပန္းေျဖဖို႔ စားၾကေသာက္ၾကဖို႔ဆို Studio ေတာင္မွ Coffee ေတြနဲ႔ပတ္သက္ၿပီး ဖြင့္ထားတဲ့ Studio ေလးတစ္ခု ဗိုလ္ျမတ္ထြန္းလမ္းမေပၚမွာ ဖြင့္လိုက္တာသိၿပီးၿပီလား?

အမယ္။ ဆိုင္ေလးက အျပင္ဘက္မွာကိုက စက္ဘီးေလးေတြ၊ အပင္တုေလးေတြ၊ ထိုင္စရာခံုတန္းလွလွေလးနဲ႔ အစြမ္းကုန္႐ိုေနပါေရာေလ။ ဆိုင္ေလးလွတာနဲ႔ တန္းဝင္ခ်င္ေပါက္သြားတဲ့ အခရာက အစားတလိုင္းတေယာက္ ဝင္ေရာက္စားေသာက္စပ္စုခဲ့တာေလးေျပာျပရရင္-

ဆိုင္နာမည္ေလးက “Coffee Studio” တဲ့။ ဆိုင္နာမည္ၾကားၿပီး Coffee ေတြပဲေရာင္းတာလို႔ မေတြးခ်လိုက္နဲ႔ဦး။ ဒီဆိုင္ေလးက စားေသာက္ဆိုင္လိုပဲ။ Coffee ေတြနဲ႔ Drinks ေတြက တစ္ပိုင္း၊ အေနာက္တိုင္းစာနဲ႔ ထမင္းဟင္း၊စားေသာက္ဖြယ္ရာေတြက တစ္ပိုင္းဆိုေတာ့ Coffee ပဲျမင္ေယာင္ၿပီး ဆိုင္ဝကေနလွည့္ထြက္မသြားၾကနဲ႔ဦးေနာ္။

ဆိုင္ေလးက အထဲမွာေတာ့ တကယ့္ကိုရွင္းရွင္းေလးမွ ရွင္းရွင္းေလးရယ္။ ခံုေလးေတြ နံရံကပ္ စာတန္းေလးေတြရယ္၊ အျပင္ဘက္ကိုေငးရင္း ေကာ္ဖီေသာက္လို႔လွတဲ့ မီးလံုးေလးေတြနဲ႔ ခံုတန္းေလးရွိတယ္။ အေပၚထပ္ကေတာ့ စံုတြဲေတြအႀကိဳက္ အကန္႔ေလးေတြနဲ႔ ခံုတြဲေလးေတြရွိတယ္။ က်န္တာ အကုန္မီးမွိန္မွိန္နဲ႔ ႐ိုးရွင္းလြန္းတာႀကီးေတာ့ အားမရဘူး။

ကိုယ္ကေတာ့ Mocha Frappe နဲ႔ လြယ္လြယ္ စားေကာင္းမယ့္ Ham and Cheese Sandwich ေလးပဲမွာခဲ့တယ္။ ေစ်းနဳန္းေတြအေနနဲ႔ဆို ေစ်းအႀကီးႀကီးလည္းမဟုတ္၊ တန္တယ္လည္း မဟုတ္အေနေတာ္ပါပဲ။

Mocha Frappe ေလးက မိုက္တယ္။ ခ်ိဳဆိမ့္ဆိမ့္ေလးနဲ႔ Coffee နံ့ေလးသင္းေနတာဆိုေတာ့ တစ္ခြက္လံုးကုန္တဲ့အထိပဲ။ Sandwich ေလးကေတာ့ ဗိုက္အဆာေျပ ဆြဲလို႔ေကာင္းတယ္။ အစားအေသာက္မီႏူးပိုင္းအေနနဲ႔ဆိုလည္း ဆိုင္နဲ႔သိပ္မလိုက္ဖက္ဘူးလို႔ ထင္မိတယ္။

 

တခုသတင္းေကာင္းက ဒီလကုန္ထိဘာမွာစားစား ၂၀% discount ရွိတယ္ဆိုေတာ့ ေပ်ာ္စရာႀကီးပဲေနာ္။ ေနာက္ တခုသတိထားမိတာက ဝန္ထမ္းေလးေတြက အရမ္းေဖာ္ေရြတယ္။ ရင္းရင္းႏွီးႏွီးဆက္ဆံေပးတယ္။

ကဲ…အခရာကေတာ့ ခုမွဖြင့္တဲ့ Coffee နဲ႔ အခ်စ္ေတြ စုျပံဳလာေတာ့မယ့္ Studio ေလးကို ေရာက္ဖူးသြားၿပီ။

လိပ္စာကေတာ့ အမွတ္ ၂၂၃၊ ဗိုလ္ျမတ္ထြန္းလမ္း အလယ္ဘေလာက္မွာ ဟီးထေနတဲ့ Coffee ဆိုင္လွလွေလး ရွိေနၿပီေနာ္။ မနက္ ၇ နာရီကေန ည ၉နာရီထိဖြင့္တဲ့အျပင္ မနက္စာလည္းရေသးေတာ့ စံုစိေနေရာေနာ္။ မနက္စာေလးေတြလည္း စားေကာင္းတယ္ေတာ့ ၾကားတာပဲ။ တစ္ရက္ ေစာေစာသြားထိုင္ၾကည့္ဦးမယ္။ ဪ…ေမ့လို႔ Wifi လည္း Free ပဲေနာ္။

ကဲ..ဒီပိတ္ရက္အတြက္ သြားဖို႔၊ စားဖို႔၊ အခ်စ္နဲ႔ ဒိတ္ဖို႔ ဒီေနရာေလးကို ေႂကြတဲ့သူေတြရွိရင္ Mention ေခၚၿပီး Share ထားဦးေနာ္။

FoodieEi (Akhayar)

 

 

[Unicode]

ဗိုလ်မြတ်ထွန်းလမ်းမပေါ်က ချစ်သူတွေရဲ့ ခိုလှုံရာအသစ် Coffee Studio လေး

ဒီလို ပိတ်ရက်လေးတွေဆိုရင် ချစ်သူ့လက်ကလေးကိုတွဲ တစ်နေကုန်မမောတမ်းလျှောက်လည်ကြမယ်၊ ပြီးတာနဲ့ ကော်ဖီဆိုင်လှလှလေး တစ်ခုမှာ အေးအေးဆေးဆေး ဒိတ်ချင်ကြတာ ချစ်သူတိုင်း ချစ်သူတိုင်းရဲ့ အားလပ်ရက် အပန်းဖြေနည်း တမျိုးပဲမလား။

ချစ်သူနဲ့မဟုတ်လည်း သူငယ်ချင်းတွေ လည်ရင်း၊ ပတ်ရင်း အေးဆေးအပန်းဖြေဖို့ စားကြသောက်ကြဖို့ဆို Studio တောင်မှ Coffee တွေနဲ့ပတ်သက်ပြီး ဖွင့်ထားတဲ့ Studio လေးတစ်ခု ဗိုလ်မြတ်ထွန်းလမ်းမပေါ်မှာ ဖွင့်လိုက်တာသိပြီးပြီလား?

အမယ်။ ဆိုင်လေးက အပြင်ဘက်မှာကိုက စက်ဘီးလေးတွေ၊ အပင်တုလေးတွေ၊ ထိုင်စရာခုံတန်းလှလှလေးနဲ့ အစွမ်းကုန်ရိုနေပါရောလေ။ ဆိုင်လေးလှတာနဲ့ တန်းဝင်ချင်ပေါက်သွားတဲ့ အခရာက အစားတလိုင်းတယောက် ဝင်ရောက်စားသောက်စပ်စုခဲ့တာလေးပြောပြရရင်-

ဆိုင်နာမည်လေးက “Coffee Studio” တဲ့။ ဆိုင်နာမည်ကြားပြီး Coffee တွေပဲရောင်းတာလို့ မတွေးချလိုက်နဲ့ဦး။ ဒီဆိုင်လေးက စားသောက်ဆိုင်လိုပဲ။ Coffee တွေနဲ့ Drinks တွေက တစ်ပိုင်း၊ အနောက်တိုင်းစာနဲ့ ထမင်းဟင်း၊စားသောက်ဖွယ်ရာတွေက တစ်ပိုင်းဆိုတော့ Coffee ပဲမြင်ယောင်ပြီး ဆိုင်ဝကနေလှည့်ထွက်မသွားကြနဲ့ဦးနော်။

ဆိုင်လေးက အထဲမှာတော့ တကယ့်ကိုရှင်းရှင်းလေးမှ ရှင်းရှင်းလေးရယ်။ ခုံလေးတွေ နံရံကပ် စာတန်းလေးတွေရယ်၊ အပြင်ဘက်ကိုငေးရင်း ကော်ဖီသောက်လို့လှတဲ့ မီးလုံးလေးတွေနဲ့ ခုံတန်းလေးရှိတယ်။ အပေါ်ထပ်ကတော့ စုံတွဲတွေအကြိုက် အကန့်လေးတွေနဲ့ ခုံတွဲလေးတွေရှိတယ်။ ကျန်တာ အကုန်မီးမှိန်မှိန်နဲ့ ရိုးရှင်းလွန်းတာကြီးတော့ အားမရဘူး။

ကိုယ်ကတော့ Mocha Frappe နဲ့ လွယ်လွယ် စားကောင်းမယ့် Ham and Cheese Sandwich လေးပဲမှာခဲ့တယ်။ ဈေးနုန်းတွေအနေနဲ့ဆို ဈေးအကြီးကြီးလည်းမဟုတ်၊ တန်တယ်လည်း မဟုတ်အနေတော်ပါပဲ။

Mocha Frappe လေးက မိုက်တယ်။ ချိုဆိမ့်ဆိမ့်လေးနဲ့ Coffee နံ့လေးသင်းနေတာဆိုတော့ တစ်ခွက်လုံးကုန်တဲ့အထိပဲ။ Sandwich လေးကတော့ ဗိုက်အဆာပြေ ဆွဲလို့ကောင်းတယ်။ အစားအသောက်မီနူးပိုင်းအနေနဲ့ဆိုလည်း ဆိုင်နဲ့သိပ်မလိုက်ဖက်ဘူးလို့ ထင်မိတယ်။

 

တခုသတင်းကောင်းက ဒီလကုန်ထိဘာမှာစားစား ၂၀% discount ရှိတယ်ဆိုတော့ ပျော်စရာကြီးပဲနော်။ နောက် တခုသတိထားမိတာက ဝန်ထမ်းလေးတွေက အရမ်းဖော်ရွေတယ်။ ရင်းရင်းနှီးနှီးဆက်ဆံပေးတယ်။

ကဲ…အခရာကတော့ ခုမှဖွင့်တဲ့ Coffee နဲ့ အချစ်တွေ စုပြုံလာတော့မယ့် Studio လေးကို ရောက်ဖူးသွားပြီ။

လိပ်စာကတော့ အမှတ် ၂၂၃၊ ဗိုလ်မြတ်ထွန်းလမ်း အလယ်ဘလောက်မှာ ဟီးထနေတဲ့ Coffee ဆိုင်လှလှလေး ရှိနေပြီနော်။ မနက် ၇ နာရီကနေ ည ၉နာရီထိဖွင့်တဲ့အပြင် မနက်စာလည်းရသေးတော့ စုံစိနေရောနော်။ မနက်စာလေးတွေလည်း စားကောင်းတယ်တော့ ကြားတာပဲ။ တစ်ရက် စောစောသွားထိုင်ကြည့်ဦးမယ်။ ဪ…မေ့လို့ Wifi လည်း Free ပဲနော်။

ကဲ..ဒီပိတ်ရက်အတွက် သွားဖို့၊ စားဖို့၊ အချစ်နဲ့ ဒိတ်ဖို့ ဒီနေရာလေးကို ကြွေတဲ့သူတွေရှိရင် Mention ခေါ်ပြီး Share ထားဦးနော်။

FoodieEi (Akhayar)