[ZawGyi]

အရက္ပါတဲ႔ကိုကာကိုလာေတြ စတင္ထုတ္လုပ္ေတာ႔မယ္

ကမၻာ႔အၾကီးဆံုး အေအးကုမၸဏီၾကီးျဖစ္တဲ႔ ကိုကာကိုလာဟာ ႏွစ္ေပါင္း ၁၃၂ ႏွစ္အၾကာမွေတာ႔ သူ႔ရဲ႕မူလကိုကာကိုလာအရသာကိုေျပာင္းလဲျပီး ယမကာအခ်ိဳရည္ Alcoholic drink အျဖစ္နဲ႔ပါထုတ္လုပ္ေတာ႔မွာျဖစ္ပါတယ္။ Alcopop လို႔ေခၚတဲ႔ ယမကာနဲ႔အေအးေရာတဲ႔ အခ်ိဳရည္ေတြဟာ ဂ်ပန္ႏိုင္ငံမွာေတာ႔ အေတာ္ေလးေပၚျပဴလာျဖစ္ပါတယ္။ CHU HI နဲ႔ SHO CHU လိုမ်ိဳး အခ်ိဳရည္နဲ႔ ဆန္အရက္ေရာတဲ႔ အေအးမ်ိဳးေတြ အမ်ားၾကီးအေရာင္းသြက္လာခ်ိန္မွာ ကိုကာကိုလာကလည္း Trend နဲ႔အညီလိုက္ပါေျပာင္းလဲဖုိ႔ဆံုးျဖတ္လိုက္ပံုရပါတယ္။

Alcopop အေအးေတြဟာအယ္လ္ကိုေဟာ ၃.၈ ရာခိုင္ႏႈန္းပါဝင္ျပီး ျပီးခဲ႔တဲ႔ ၅ ႏွစ္အတြင္း အမ်ိဳးသမီးေတြၾကားမွာေခတ္စားလာခဲ႔တာျဖစ္ပါတယ္။ ကိုကာကိုလာ(ဂ်ပန္)ရဲ႕ ဥကၠဌျဖစ္သူ Garduno က “တစ္ခါမွေတာ႔ အယ္လ္ကိုေဟာပါဝင္တဲ႔အခ်ိဳရည္ေတြကို မထုတ္ခဲ႔ဖူးဘူး။ မစမ္းသပ္ခဲ႔ဖူးဘူး။ အခုေျပာင္းလဲခ်က္ကေတာ႔ ကၽြန္ေတာ္တုိ႔ရဲ႕မူလကုန္ပစၥည္းကေန ေနာက္ထပ္ဘယ္လုိေစ်းကြက္ခ်ဲ႕ထြင္ျပီး ေရွ႕ဆက္သြားမလဲဆိုတဲ႔အေပၚ ေကာင္းမြန္တဲ႔ဥပမာတစ္ခုျဖစ္ေစမွာပါ” လို႔ေျပာခဲ႔ပါတယ္။

Acer Swift 3

Acer Swift 3

Acer Swift 3 အေၾကာင္း အေသးစိတ္ၾကည့္ရန္

ကိုကာကိုလာကို အရက္ေရာျပီးေရာင္းမယ္ဆိုေပမယ္႔ တစ္ကမၻာလံုးကိုေတာ႔ မျဖန္႕ေသးပါဘူး။ ဂ်ပန္ႏိုင္ငံမွာပဲ ေရာင္းခ်သြားမွာျဖစ္ပါတယ္။
ဒီဘက္ႏွစ္ပိုင္းေတြမွာေတာ႔ ကိုကာကိုလာလုိ Soft Drink ေတြဟာ သၾကားပါဝင္မႈမ်ားတယ္၊ က်န္းမာေရးနဲ႔ မညီညြတ္ဘူး၊ ဝိတ္တက္ေစတယ္ဆုိတဲ႔ အခ်က္ေတြနဲ႔ လူငယ္ေတြကအမ်ားၾကီးေရွာင္ရွားလာၾကပါတယ္။ ေနာက္တစ္ခ်က္က Soft Drink ေတြေပးေဆာင္ရတဲ႔ Sugar Tax ကိုလည္းေပးေဆာင္ရဦးမွာပါ။ ဒါေပမဲ႔ ကိုကာကိုလာအေနနဲ႔ေတာ႔ သၾကားပါဝင္မႈႏႈန္းကိုေလွ်ာ႔ခ်ျပီး အရသာေျပာင္းလဲဖို႔မရွိဘူးလို႔ ဆိုပါတယ္။ “ကိုကာကိုလာရဲ႕ နဂိုအရသာကိုပဲ လူေတြကသေဘာက်တာေၾကာင္႔ အရသာပိုင္းကိုေျပာင္းလဲျဖစ္မွာ မဟုတ္ပါဘူး” လို႔ ေျပာပါတယ္။

ဒီႏွစ္အတြင္းမွာေတာ႔ကိုကာကိုလာ ကုမၸဏီအေနနဲ႔ လက္ဖက္ရည္အေအး Fuzetea ၊ ေကာ္ဖီေအး Honest Coffee နဲ႔ Smoothie အေအး AdeZ တို႔ကို UK မွာ စတင္မိတ္ဆက္ခဲ႔ပါေသးတယ္။

က်န္းမာတဲ႔လူေနမႈဘဝပံုစံကိုသတိထားတည္ေဆာက္လာၾကတဲ႔ လူေတြမ်ားလာတာနဲ႔အမွ် Soft Drink ေတြဟာတျဖည္းျဖည္းနဲ႔ ေရာင္းအားက်ဆင္းလာပါတယ္။ ကိုကာကိုလာအေနနဲ႔လည္း၂၀၁၂ ကေန ၂၀၁၇ ထိ ၅ ႏွစ္တာအတြင္း ၃.၂ ရာခုိင္ႏႈန္း ေရာင္းအားက်ဆင္းခဲ႔တယ္လုိ႔ သိရပါတယ္။

အရက္ပါတဲ႔ကိုကာကိုလာထြက္ရွိျခင္းဟာ ကိုကာကိုလာအတြက္ပထမဆံုးအၾကိမ္ေျပာင္းလဲမႈျဖစ္ျပီးေတာ႔ ဒီအေအးကိုေသာက္ခ်င္ရင္ ဂ်ပန္ကေတာ႔မွာေသာက္ရပါလိမ္႔မယ္။

Acer Swift 3

Acer Swift 3

Acer Swift 3 အေၾကာင္း အေသးစိတ္ၾကည့္ရန္

www.akhayar.com

[Unicode]

အရက်ပါတဲ့ကိုကာကိုလာတွေ စတင်ထုတ်လုပ်တော့မယ်

ကမ္ဘာ့အကြီးဆုံး အအေးကုမ္ပဏီကြီးဖြစ်တဲ့ ကိုကာကိုလာဟာ နှစ်ပေါင်း ၁၃၂ နှစ်အကြာမှတော့ သူ့ရဲ့မူလကိုကာကိုလာအရသာကိုပြောင်းလဲပြီး ယမကာအချိုရည် alcoholic drink အဖြစ်နဲ့ပါထုတ်လုပ်တော့မှာဖြစ်ပါတယ်။ Alcopop လို့ခေါ်တဲ့ ယမကာနဲ့အအေးရောတဲ့ အချိုရည်တွေဟာ ဂျပန်နိုင်ငံမှာတော့ အတော်လေးပေါ်ပြူလာဖြစ်ပါတယ်။ CHU HI နဲ့ SHO CHU လိုမျိုး အချိုရည်နဲ့ ဆန်အရက်ရောတဲ့ အအေးမျိုးတွေ အများကြီးအရောင်းသွက်လာချိန်မှာ ကိုကာကိုလာကလည်း Trend နဲ့အညီလိုက်ပါပြောင်းလဲဖို့ဆုံးဖြတ်လိုက်ပုံရပါတယ်။

Alcopop အအေးတွေဟာအယ်လ်ကိုဟော ၃.၈ ရာခိုင်နှုန်းပါဝင်ပြီး ပြီးခဲ့တဲ့ ၅ နှစ်အတွင်း အမျိုးသမီးတွေကြားမှာခေတ်စားလာခဲ့တာဖြစ်ပါတယ်။ ကိုကာကိုလာ(ဂျပန်)ရဲ့ ဥက္ကဌဖြစ်သူ Garduno က “တစ်ခါမှတော့ အယ်လ်ကိုဟောပါဝင်တဲ့အချိုရည်တွေကို မထုတ်ခဲ့ဖူးဘူး။ မစမ်းသပ်ခဲ့ဖူးဘူး။ အခုပြောင်းလဲချက်ကတော့ ကျွန်တော်တို့ရဲ့မူလကုန်ပစ္စည်းကနေ နောက်ထပ်ဘယ်လိုဈေးကွက်ချဲ့ထွင်ပြီး ရှေ့ဆက်သွားမလဲဆိုတဲ့အပေါ် ကောင်းမွန်တဲ့ဥပမာတစ်ခုဖြစ်စေမှာပါ” လို့ပြောခဲ့ပါတယ်။

Acer Swift 3

Acer Swift 3

Acer Swift 3 အကြောင်း အသေးစိတ်ကြည့်ရန်

ကိုကာကိုလာကို အရက်ရောပြီးရောင်းမယ်ဆိုပေမယ့် တစ်ကမ္ဘာလုံးကိုတော့ မဖြန့်သေးပါဘူး။ ဂျပန်နိုင်ငံမှာပဲ ရောင်းချသွားမှာဖြစ်ပါတယ်။
ဒီဘက်နှစ်ပိုင်းတွေမှာတော့ ကိုကာကိုလာလို Soft Drink တွေဟာ သကြားပါဝင်မှုများတယ်၊ ကျန်းမာရေးနဲ့ မညီညွတ်ဘူး၊ ဝိတ်တက်စေတယ်ဆိုတဲ့ အချက်တွေနဲ့ လူငယ်တွေကအများကြီးရှောင်ရှားလာကြပါတယ်။ နောက်တစ်ချက်က Soft Drink တွေပေးဆောင်ရတဲ့ Sugar Tax ကိုလည်းသူတို့တွေပေးဆောင်ရဦးမှာပါ။ ဒါပေမဲ့ ကိုကာကိုလာအနေနဲ့တော့ သကြားပါဝင်မှုနှုန်းကိုလျှော့ချပြီး အရသာပြောင်းလဲဖို့မရှိဘူးလို့ ဆိုပါတယ်။ “ကိုကာကိုလာရဲ့ နဂိုအရသာကိုပဲ လူတွေကသဘောကျတာကြောင့် အရသာပိုင်းကိုပြောင်းလဲဖြစ်မှာ မဟုတ်ပါဘူး” လို့ ပြောထားတာဖြစ်ပါတယ်။

ဒီနှစ်အတွင်းမှာတော့ကိုကာကိုလာ ကုမ္ပဏီအနေနဲ့ လက်ဖက်ရည်အအေး Fuzetea ၊ ကော်ဖီအေး Honest Coffee နဲ့ Smoothie အအေး AdeZ တို့ကို UK မှာ စတင်မိတ်ဆက်ခဲ့ပါသေးတယ်။

ကျန်းမာတဲ့လူနေမှုဘဝပုံစံကိုသတိထားတည်ဆောက်လာကြတဲ့ လူတွေများလာတာနဲ့အမျှ Soft Drink တွေဟာတဖြည်းဖြည်းနဲ့ ရောင်းအားကျဆင်းလာပါတယ်။ ကိုကာကိုလာအနေနဲ့လည်း၂၀၁၂ ကနေ ၂၀၁၇ ထိ ၅ နှစ်တာအတွင်း ၃.၂ ရာခိုင်နှုန်း ရောင်းအားကျဆင်းခဲ့တယ်လို့ သိရပါတယ်။

အရက်ပါတဲ့ကိုကာကိုလာထွက်ရှိခြင်းဟာ ကိုကာကိုလာအတွက်ပထမဆုံးအကြိမ်ပြောင်းလဲမှုဖြစ်ပြီးတော့ ဒီအအေးကိုသောက်ချင်ရင် ဂျပန်ကတော့မှာသောက်ရပါလိမ့်မယ်။

Acer Swift 3

Acer Swift 3

Acer Swift 3 အကြောင်း အသေးစိတ်ကြည့်ရန်

www.akhayar.com