အရည္အေသြးျမင္႔ ဖက္ရွင္ပစၥည္းကုမၸဏီ Coach အေနနဲ႔ ျပိဳင္ဘက္ကုမၸဏီ Kate Spade ကိုအေမရိကန္ေဒၚလာ ၂.၄ ဘီလီယံနဲ႔ ဝယ္ယူလိုက္ႏိုင္ျပီလို႔သိရပါတယ္။ ဒီလိုကုမၸဏီႏွစ္ခုေပါင္းစည္းျပီး အရည္အေသြးျမင္႔ လူ႔အသံုးအေဆာင္ဖက္ရွင္ပစၥည္းထုတ္လုပ္မႈနဲ႔ပတ္သက္တဲ႔ရပ္ဝန္းမွာ ထိပ္ဆံုးကဦးေဆာင္ႏိုင္ဖို႔ ဖန္တီးသြားမယ္လို႔ Coach, Inc. ကေဖာ္ျပခဲ႔ပါတယ္။ အဓိကအားျဖင္႔ အမ်ိဳးသမီးလက္ကိုင္အိတ္ထုတ္လုပ္တဲ႔ေနရာ ၊ ျဖန္႔ခ်ိမႈ ၊ တင္ပို႔ေရာင္းခ်ႏိုင္မႈ ၊ အေသးစိတ္စီမံခန္႔ခြဲမႈအပိုင္းေတြကို ပိုမိုတိုးတက္ေအာင္ လုပ္ေဆာင္သြားမယ္လို႔ဆိုပါတယ္။

ျပီးခဲ႔တဲ႔ႏွစ္ ဒီဇင္ဘာ ၂၇ အထိ Coach ရဲ႕ရွယ္ယာတစ္ခုခ်င္းတန္ဖိုးဟာ Kate Spade ထက္ ၂၇.၅ % ပိုမ်ားတယ္လို႔သိရပါတယ္။

“Kate Spade ဟာလည္း နာမည္ေကာင္းနဲ႔ရပ္တည္ေနႏိုင္တဲ႔ ကုမၸဏီတစ္ခုပါ။ နာမည္ကိုလည္းေကာင္းေကာင္းထိုးေဖာက္ႏိုင္ျပီးသား ။ အထူးသျဖင္႔ဒိဘက္ေခတ္ပိုင္းမွာေပါ႔”လို႔ Coach ရဲ႕ CEO Victor Luis ကေျပာခဲ႔ပါတယ္။ ဒီေပါင္းစည္းမႈကေန သံုးႏွစ္အတြင္းအျမတ္ေငြ အေမရိကန္ေဒၚလာ ၅၀ မီလ်ံ ထိရရွိႏိုင္ဖို႔ ေမွ်ာ္မွန္းတဲ႔အေၾကာင္းလည္း သိရပါတယ္။ ဒီလိုအျမတ္ေငြျမင္႔တက္လာတာမွန္ေပမယ္႔ ေစ်းသက္သာရာရွာတဲ႔ အိတ္ခ်စ္သူေတြအတြက္ေတာ႔ သတင္းဆိုးျဖစ္ႏိုင္ပါတယ္။ Coach အေနနဲ႔ ပရိုမိုးရွင္းေတြ ေစ်းႏႈန္းေလ်ွာ႔ျပီးေရာင္းခ်ျခင္းေတြျပဳလုပ္ေလ႔မရွိေပမယ္႔ Kate Spade ကေတာ႔ အြန္လိုင္းကေနေရာ လက္ကားေရာင္းခ်မႈအေနနဲ႔ေရာ အမ်ားၾကီးျပဳလုပ္တာကိုေတြ႔ရပါတယ္။

Kate Spade ကျပီးခဲ႔တဲ႔ႏွစ္ ႏိုဝင္ဘာလကတည္းက ကုမၸဏီကိုေရာင္းခ်ဖို႔ မေရာင္းခ်ဖို႔ဆိုတာနဲ႔ပတ္သက္ျပီး ဖိအားေတြရွိေနခဲ႔ပါတယ္။ သူတို႔အေနနဲ႔ အျမတ္ရေအာင္မလုပ္ႏိုင္ေတာ႔တဲ႔အတြက္ အခုလိုဆံုးျဖတ္လိုက္ရတာျဖစ္တယ္လို႔ Caerus ရဲ႕ Founder Ward Davis ကေျပာခဲ႔ပါတယ္။

Coach အေနနဲ႔ ၂၀၁၃ ခုနစ္မွာ ေရာင္းအားအျမင္႔ဆံုးအေျခအေနကို ရရွိခဲ႔ေပမယ္႔ ၂၀၁၄ ၊ ၂၀၁၅ ခုနစ္မွာေတြမွာေတာ႔ အေရာင္းထိုးက်ခဲ႔ပါတယ္။ Coach ဟာ ျပီးခဲ႔တဲ႔ႏွစ္ ေမလကတည္းကအေျပာင္းအလဲေတြလုပ္ေနခဲ႔တာေတြ႔ရျပီး နာမည္ၾကီးဖိနပ္ကုမၸဏီ Stuart Weitzman ကိုလည္း အေမရိကန္ေဒၚလာ ၅၇၄ မီလီယံေပးျပီး ဝယ္ခဲ႔ပါေသးတယ္။

သံုးႏွစ္ၾကာ ရွယ္ယာတန္ဖိုးက်ေနခဲ႔တဲ႔ Kate Spade အတြက္ေတာ႔ ေရႊေရာင္ေန႔ရက္ေတြေရာက္လာေတာ႔မယ္လို႔ေမွ်ာ္မွန္းရပါတယ္။

အိတ္ခ်စ္သူမမေတြအတြက္ေတာ႔ လိုခ်င္စရာဖန္တီးမႈေတြအမ်ားၾကီးေၾကာင္႔ ပို္က္ဆံေတြပိုကုန္လာေတာ႔မယ္ထင္ပါတယ္။

Ref#money.cnn.com

Photo Credit#Barron’s

ဂ်ဴဂ်ဴး(အခရာ)

www.akhayar.com

Unicode

အရည်အသွေးမြင့် ဖက်ရှင်ပစ္စည်းကုမ္ပဏီ Coach အနေနဲ့ ပြိုင်ဘက်ကုမ္ပဏီ Kate Spade ကိုအမေရိကန်ဒေါ်လာ ၂.၄ ဘီလီယံနဲ့ ဝယ်ယူလိုက်နိုင်ပြီလို့သိရပါတယ်။ ဒီလိုကုမ္ပဏီနှစ်ခုပေါင်းစည်းပြီး အရည်အသွေးမြင့် လူ့အသုံးအဆောင်ဖက်ရှင်ပစ္စည်းထုတ်လုပ်မှုနဲ့ပတ်သက်တဲ့ရပ်ဝန်းမှာ ထိပ်ဆုံးကဦးဆောင်နိုင်ဖို့ ဖန်တီးသွားမယ်လို့ Coach, Inc. ကဖော်ပြခဲ့ပါတယ်။ အဓိကအားဖြင့် အမျိုးသမီးလက်ကိုင်အိတ်ထုတ်လုပ်တဲ့နေရာ ၊ ဖြန့်ချိမှု ၊ တင်ပို့ရောင်းချနိုင်မှု ၊ အသေးစိတ်စီမံခန့်ခွဲမှုအပိုင်းတွေကို ပိုမိုတိုးတက်အောင် လုပ်ဆောင်သွားမယ်လို့ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၂၇ အထိ Coach ရဲ့ရှယ်ယာတစ်ခုချင်းတန်ဖိုးဟာ Kate Spade ထက် ၂၇.၅ % ပိုများတယ်လို့သိရပါတယ်။
“Kate Spade ဟာလည်း နာမည်ကောင်းနဲ့ရပ်တည်နေနိုင်တဲ့ ကုမ္ပဏီတစ်ခုပါ။ နာမည်ကိုလည်းကောင်းကောင်းထိုးဖောက်နိုင်ပြီးသား ။ အထူးသဖြင့်ဒိဘက်ခေတ်ပိုင်းမှာပေါ့”လို့ Coach ရဲ့ CEO Victor Luis ကပြောခဲ့ပါတယ်။ ဒီပေါင်းစည်းမှုကနေ သုံးနှစ်အတွင်းအမြတ်ငွေ အမေရိကန်ဒေါ်လာ ၅၀ မီလျံ ထိရရှိနိုင်ဖို့ မျှော်မှန်းတဲ့အကြောင်းလည်း သိရပါတယ်။ ဒီလိုအမြတ်ငွေမြင့်တက်လာတာမှန်ပေမယ့် ဈေးသက်သာရာရှာတဲ့ အိတ်ချစ်သူတွေအတွက်တော့ သတင်းဆိုးဖြစ်နိုင်ပါတယ်။ Coach အနေနဲ့ ပရိုမိုးရှင်းတွေ ဈေးနှုန်းလျှော့ပြီးရောင်းချခြင်းတွေပြုလုပ်လေ့မရှိပေမယ့် Kate Spade ကတော့ အွန်လိုင်းကနေရော လက်ကားရောင်းချမှုအနေနဲ့ရော အများကြီးပြုလုပ်တာကိုတွေ့ရပါတယ်။
Kate Spade ကပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကတည်းက ကုမ္ပဏီကိုရောင်းချဖို့ မရောင်းချဖို့ဆိုတာနဲ့ပတ်သက်ပြီး ဖိအားတွေရှိနေခဲ့ပါတယ်။ သူတို့အနေနဲ့ အမြတ်ရအောင်မလုပ်နိုင်တော့တဲ့အတွက် အခုလိုဆုံးဖြတ်လိုက်ရတာဖြစ်တယ်လို့ Caerus ရဲ့ Founder Ward Davis ကပြောခဲ့ပါတယ်။
Coach အနေနဲ့ ၂၀၁၃ ခုနစ်မှာ ရောင်းအားအမြင့်ဆုံးအခြေအနေကို ရရှိခဲ့ပေမယ့် ၂၀၁၄ ၊ ၂၀၁၅ ခုနစ်မှာတွေမှာတော့ အရောင်းထိုးကျခဲ့ပါတယ်။ Coach ဟာ ပြီးခဲ့တဲ့နှစ် မေလကတည်းကအပြောင်းအလဲတွေလုပ်နေခဲ့တာတွေ့ရပြီး နာမည်ကြီးဖိနပ်ကုမ္ပဏီ Stuart Weitzman ကိုလည်း အမေရိကန်ဒေါ်လာ ၅၇၄ မီလီယံပေးပြီး ဝယ်ခဲ့ပါသေးတယ်။
သုံးနှစ်ကြာ ရှယ်ယာတန်ဖိုးကျနေခဲ့တဲ့ Kate Spade အတွက်တော့ ရွှေရောင်နေ့ရက်တွေရောက်လာတော့မယ်လို့မျှော်မှန်းရပါတယ်။
အိတ်ချစ်သူမမတွေအတွက်တော့ လိုချင်စရာဖန်တီးမှုတွေအများကြီးကြောင့် ပိုက်ဆံတွေပိုကုန်လာတော့မယ်ထင်ပါတယ်။
Ref#money.cnn.com
ဂျူဂျူး(အခရာ)