[Zawgyi]

ဥေရာပမွာ ဘာစီလုိနာ အႏုိင္မရဖူးေသးတဲ့ ၿပိဳင္ဘက္အသင္းမ်ား

ဘာစီလုိနာဆုိတာက ေဘာလုံးသမုိင္းတစ္ေလွ်ာက္ အေကာင္းဆုံးစာရင္း၀င္ အသင္းတစ္သင္း။ ၂၁ ရာစုအတြင္း ခ်န္ပီယံလိဂ္(၄)ႀကိမ္အထိ ရယူခဲ့ၿပီး အသငး္သမုိင္းတစ္ေလွ်ာက္ ခ်န္ပီယံလိဂ္ဖလားကုိ (၅)ႀကိမ္အထိ ဆြတ္ခူးခဲ့တယ္။ ဒါေပမ့ဲ ဘယ္ေလာက္ပဲ ႀကီးက်ယ္ခမ္းနားတဲ့အသင္းျဖစ္ပါေစ၊ အားနည္းခ်က္ကေတာ့ ရွိစၿမဲပဲ။ ဥေရာပမွာ ဘာစီလုိနာ မႏုိင္ဖူးတဲ့အသင္းေတြရွိတယ္ဆုိရင္ ပရိသတ္ေတြ အံ့အားသင့္သြားမလား။ ဥပမာ Slovan Bratislava ၊ ေဆာ္ေပၚလုိအသင္းေတြနဲ႔ ဘာစီလုိနာ တစ္ႀကိမ္သာ ဆုံေတြ႕ခဲ့ၿပီး အဲဒီပဲြေတြမွာ ဘာစီလုိနာ ႐ႈံးနိမ့္ခဲ့တယ္။ အဲဒီလုိပဲ ဥေရာပမွာ ဘာစီလုိနာအသင္း အႏုိင္မရဖူးေသးတဲ့ ၿပိဳင္ဘက္ေတြ ရွိခဲ့တယ္။ အဲဒီအသင္းေတြက ဘယ္အသငး္ေတြလဲဆုိတာ ၾကည့္လုိက္ရေအာင္ . . .

CSKA ေမာ္စကုိ (2 games – 1 draw, 1 win for CSKA)

cska-moscow-vs-barcelona-1992-93

cska-moscow-vs-barcelona-1992-93

ဘာစီလုိနာအသင္းဟာ ၁၉၉၂-၉၃ ဥေရာပဖလား(ခ်န္ပီယံလိဂ္) ဒုတိယအဆင့္မွာ CSKA ေမာ္စကုိနဲ႔ ဆုံေတြ႕ခဲ့ၿပီး အိမ္ကြင္းမွာ (၂-၃)ဂုိးနဲ႔ ႐ႈံး၊ အေ၀းကြင္းမွာ (၁)ဂုိးစီ သေရက်ခဲ့တယ္။ အဲဒီေနာက္ပုိင္း ဒီႏွစ္သင္း မဆုံေတြ႕ေတာ့ဘဲ အခုအခ်ိန္ျပန္ေတြ႕ရင္ေတာ့ ဒီမွတ္တမ္းဆုိးကုိ ဘာစီလုိနာ ခ်ိဳးျဖတ္ဖုိ႔ အခြင့္အေရးရွိပါလိမ့္မယ္။

ေနာ္တင္ဟမ္ေဖာ္ရက္စ္ (2 games, 1 draw, 1 win for Forest)

Nottingham-Forest-vs-barcelona

Nottingham-Forest-vs-barcelona

အခု အဂၤလန္လိဂ္ခ်န္ပီယံရွစ္မွာ ႐ုန္းကန္ေနရတဲ့ ေနာ္တင္ဟမ္ေဖာ္ရက္စ္အသင္းဟာ တစ္ခ်ိန္က ဥေရာပမွာ ႀကီးစုိးခဲ့ဖူးတဲ့ အသင္းတစ္သင္းဆုိရင္ ပရိသတ္ေတြ အံ့ၾသသြားပါလိမ့္မယ္။ ဥေရာပဖလား (ခ်န္ပီယံလိဂ္)ကုိ ၁၉၇၈-၇၉ ၊ ၁၉၇၉-၈၀ (၂)ရာသီဆက္ ရယူခဲ့ၿပီး လီဗာပူးလ္ေနာက္ပုိင္း ဥေရာပဖလားကုိ (၂)ႀကိမ္ဆက္ ရယူခဲ့တဲ့ ဒုတိယအဂၤလန္အသင္းအျဖစ္ မွတ္တမ္း၀င္ခဲ့တယ္။ ဘာစီလုိနာအသင္းဟာ ၁၉၈၀ ဥေရာပစူပါဖလားပဲြအျဖစ္ ေနာ္တင္ဟမ္ေဖာ္ရက္စ္နဲ႔ ဆုံေတြ႕ခဲ့ၿပီး အိမ္ကြင္းမွာ (၁)ဂုိးစီသေရ၊ အေ၀းကြင္းမွာ (၁-၀)ဂုိးနဲ႔ ႐ႈံးနိမ့္ခဲ့တယ္။ ေနာ္တင္ဟမ္ေဖာ္ရက္စ္က အခုအခ်ိန္မွာ ခ်န္ပီယံလိဂ္ ၀င္ဖုိ႔ ေနေနသာသာ၊ ပရီးမီးယားလိဂ္ေတာင္ တန္းမတက္တာ ၾကာၿပီျဖစ္လုိ႔ ဒီမွတ္တမ္းဆုိးကုိ ဘာစီလုိနာ ရင္နာနာနဲ႔ပဲ ဆုပ္ကုိင္ထားရဦးမွာပါ။

ဒန္ဒီးယူႏုိက္တက္ (2 games, 2 wins for Dundee Utd)

Dundee-United-vs-barcelona

Dundee-United-vs-barcelona

တစ္ခ်ိန္က ဆဲလ္တစ္အသင္းနဲ႔အတူ ဥေရာပမွာ ေျခစြာခဲ့တဲ့ စေကာ့တလန္ကလပ္ ဒန္ဒီးယူႏုိက္တက္အသငး္ကလည္း ဘာစီလုိနာ မႏုိင္ဖူးေသးတဲ့အသင္းတစ္သင္းပါပဲ။ ပိုဆုိးတာက သူတို႔နဲ႔ (၄)ႀကိမ္အထိ ဆုံေတြ႕ခဲ့ၿပီး သေရေတာင္ မရွိဘဲ ပဲြတိုင္း ႐ႈံးနိမ့္ခဲ့တယ္။ ၁၉၆၆-၆၇ UEFA (ယူ႐ုိပါလိဂ္) ဒုတိယအဆင့္မွာ ဆုံေတြ႕ခဲ့တဲ့ ဒန္ဒီးအသင္းက အိမ္ကြင္း (၂-၀)ဂုိး၊ အေ၀းကြင္း (၁-၂)ဂုိးေတြနဲ႔ အႏုိင္ရခဲ့တယ္။ ၁၉၈၆-၈၇ ရာသီ UEFA ကြာတားဖုိင္နယ္မွာ ထပ္ေတြ႕ေတာ့လည္း ဒန္ဒီးက (၁-၀)၊ (၁-၂)ဂုိးေတြနဲ႔ အႏုိင္ရခဲ့ျပန္တယ္။

အသင္းတစ္သင္းဆုိတာ ဘယ္ေလာက္ပဲ ႀကီးက်ယ္ခမ္းနားေနပါေစ၊ သူတို႔ဟာ Unbeatable Team မဟုတ္ဘူးဆုိတာ ဒါက သက္ေသပါပဲ။ ဒါေၾကာင့္ Akhayar Sports ပရိသတ္ေတြ ဗဟုသုတရဖုိ႔ ဒီ Article ကုိ ေဖာ္ျပလိုက္တာပဲျဖစ္ပါေတာ့တယ္ . . .

REF:sportskeeda
Photo:Futbolgrad,Pinterest,Evening Telegraph,Getty Images
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ဥရောပမှာ ဘာစီလိုနာ အနိုင်မရဖူးသေးတဲ့ ပြိုင်ဘက်အသင်းများ

ဘာစီလိုနာဆိုတာက ဘောလုံးသမိုင်းတစ်လျှောက် အကောင်းဆုံးစာရင်းဝင် အသင်းတစ်သင်း။ ၂၁ ရာစုအတွင်း ချန်ပီယံလိဂ်(၄)ကြိမ်အထိ ရယူခဲ့ပြီး အသင်းသမိုင်းတစ်လျှောက် ချန်ပီယံလိဂ်ဖလားကို (၅)ကြိမ်အထိ ဆွတ်ခူးခဲ့တယ်။ ဒါပေမဲ့ ဘယ်လောက်ပဲ ကြီးကျယ်ခမ်းနားတဲ့အသင်းဖြစ်ပါစေ၊ အားနည်းချက်ကတော့ ရှိစမြဲပဲ။ ဥရောပမှာ ဘာစီလိုနာ မနိုင်ဖူးတဲ့အသင်းတွေရှိတယ်ဆိုရင် ပရိသတ်တွေ အံ့အားသင့်သွားမလား။ ဥပမာ Slovan Bratislava ၊ ဆော်ပေါ်လိုအသင်းတွေနဲ့ ဘာစီလိုနာ တစ်ကြိမ်သာ ဆုံတွေ့ခဲ့ပြီး အဲဒီပွဲတွေမှာ ဘာစီလိုနာ ရှုံးနိမ့်ခဲ့တယ်။ အဲဒီလိုပဲ ဥရောပမှာ ဘာစီလိုနာအသင်း အနိုင်မရဖူးသေးတဲ့ ပြိုင်ဘက်တွေ ရှိခဲ့တယ်။ အဲဒီအသင်းတွေက ဘယ်အသင်းတွေလဲဆိုတာ ကြည့်လိုက်ရအောင် . . .

CSKA မော်စကို (2 games – 1 draw, 1 win for CSKA)

cska-moscow-vs-barcelona-1992-93

cska-moscow-vs-barcelona-1992-93

ဘာစီလိုနာအသင်းဟာ ၁၉၉၂-၉၃ ဥရောပဖလား(ချန်ပီယံလိဂ်) ဒုတိယအဆင့်မှာ CSKA မော်စကိုနဲ့ ဆုံတွေ့ခဲ့ပြီး အိမ်ကွင်းမှာ (၂-၃)ဂိုးနဲ့ ရှုံး၊ အဝေးကွင်းမှာ (၁)ဂိုးစီ သရေကျခဲ့တယ်။ အဲဒီနောက်ပိုင်း ဒီနှစ်သင်း မဆုံတွေ့တော့ဘဲ အခုအချိန်ပြန်တွေ့ရင်တော့ ဒီမှတ်တမ်းဆိုးကို ဘာစီလိုနာ ချိုးဖြတ်ဖို့ အခွင့်အရေးရှိပါလိမ့်မယ်။

နော်တင်ဟမ်ဖော်ရက်စ် (2 games, 1 draw, 1 win for Forest)

Nottingham-Forest-vs-barcelona

Nottingham-Forest-vs-barcelona

အခု အင်္ဂလန်လိဂ်ချန်ပီယံရှစ်မှာ ရုန်းကန်နေရတဲ့ နော်တင်ဟမ်ဖော်ရက်စ်အသင်းဟာ တစ်ချိန်က ဥရောပမှာ ကြီးစိုးခဲ့ဖူးတဲ့ အသင်းတစ်သင်းဆိုရင် ပရိသတ်တွေ အံ့သြသွားပါလိမ့်မယ်။ ဥရောပဖလား (ချန်ပီယံလိဂ်)ကို ၁၉၇၈-၇၉ ၊ ၁၉၇၉-၈၀ (၂)ရာသီဆက် ရယူခဲ့ပြီး လီဗာပူးလ်နောက်ပိုင်း ဥရောပဖလားကို (၂)ကြိမ်ဆက် ရယူခဲ့တဲ့ ဒုတိယအင်္ဂလန်အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့တယ်။ ဘာစီလိုနာအသင်းဟာ ၁၉၈၀ ဥရောပစူပါဖလားပွဲအဖြစ် နော်တင်ဟမ်ဖော်ရက်စ်နဲ့ ဆုံတွေ့ခဲ့ပြီး အိမ်ကွင်းမှာ (၁)ဂိုးစီသရေ၊ အဝေးကွင်းမှာ (၁-ဝ)ဂိုးနဲ့ ရှုံးနိမ့်ခဲ့တယ်။ နော်တင်ဟမ်ဖော်ရက်စ်က အခုအချိန်မှာ ချန်ပီယံလိဂ် ဝင်ဖို့ နေနေသာသာ၊ ပရီးမီးယားလိဂ်တောင် တန်းမတက်တာ ကြာပြီဖြစ်လို့ ဒီမှတ်တမ်းဆိုးကို ဘာစီလိုနာ ရင်နာနာနဲ့ပဲ ဆုပ်ကိုင်ထားရဦးမှာပါ။

ဒန်ဒီးယူနိုက်တက် (2 games, 2 wins for Dundee Utd)

Dundee-United-vs-barcelona

Dundee-United-vs-barcelona

တစ်ချိန်က ဆဲလ်တစ်အသင်းနဲ့အတူ ဥရောပမှာ ခြေစွာခဲ့တဲ့ စကော့တလန်ကလပ် ဒန်ဒီးယူနိုက်တက်အသင်းကလည်း ဘာစီလိုနာ မနိုင်ဖူးသေးတဲ့အသင်းတစ်သင်းပါပဲ။ ပိုဆိုးတာက သူတို့နဲ့ (၄)ကြိမ်အထိ ဆုံတွေ့ခဲ့ပြီး သရေတောင် မရှိဘဲ ပွဲတိုင်း ရှုံးနိမ့်ခဲ့တယ်။ ၁၉၆၆-၆၇ UEFA (ယူရိုပါလိဂ်) ဒုတိယအဆင့်မှာ ဆုံတွေ့ခဲ့တဲ့ ဒန်ဒီးအသင်းက အိမ်ကွင်း (၂-ဝ)ဂိုး၊ အဝေးကွင်း (၁-၂)ဂိုးတွေနဲ့ အနိုင်ရခဲ့တယ်။ ၁၉၈၆-၈၇ ရာသီ UEFA ကွာတားဖိုင်နယ်မှာ ထပ်တွေ့တော့လည်း ဒန်ဒီးက (၁-ဝ)၊ (၁-၂)ဂိုးတွေနဲ့ အနိုင်ရခဲ့ပြန်တယ်။

အသင်းတစ်သင်းဆိုတာ ဘယ်လောက်ပဲ ကြီးကျယ်ခမ်းနားနေပါစေ၊ သူတို့ဟာ Unbeatable Team မဟုတ်ဘူးဆိုတာ ဒါက သက်သေပါပဲ။ ဒါကြောင့် Akhayar Sports ပရိသတ်တွေ ဗဟုသုတရဖို့ ဒီ Article ကို ဖော်ပြလိုက်တာပဲဖြစ်ပါတော့တယ် . . .

REF:sportskeeda
Photo:Futbolgrad,Pinterest,Evening Telegraph,Getty Images
Naing Linn(Akhayar)
www.akhayar.com