[Zawgyi]



Dempsey

Dempsey


Ref: BBC Sport
Photo: USA Today , MTM
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

ဘောလုံးကစားသမားဘဝကို နှုတ်ဆက်ခဲ့တဲ့ ဒမ်ဆေး Dempsey

ဖူလ်ဟမ် ၊ စပါးအသင်းတွေရဲ့ ကစားသမားဟောင်း ဒမ်ဆေး Dempsey ဟာ အသက်(၃၅)နှစ်အရွယ်မှာကစားသမားဘဝကနေ အနားယူခဲ့ပါပြီ။ ဒမ်ဆေး Dempsey ဟာ သူ့ရဲ့ကစားသမားဘဝကို New England Revolution ၊ ဖူလ်ဟမ် ၊ စပါး ၊ Seattle Sounders အသင်းတွေမှာ ဖြတ်သန်းခဲ့သူပါ။ဒမ်ဆေး Dempsey ဟာ ပရီးမီးယားလိဂ်မှာသွင်းဂိုး(၇၂)ဂိုးသွင်းယူခဲ့ပြီး ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ပထမဆုံးဟက်ထရစ်သွင်းယူနိုင်ခဲ့တဲ့ အမေရိကန်ကစားသမားအဖြစ်လည်းမှတ်တမ်းဝင်ခဲ့ပါတယ်။

Dempsey

Dempsey

နိုင်ငံအသင်းဖြစ်တဲ့ အမေရိကန်အသင်းအတွက် ဒမ်ဆေး Dempsey ဟာ ၂၀၀၄ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အထိကစားခဲ့ပြီး သွင်းဂိုး(၅၇)ဂိုးသွင်းယူခဲ့သလို အမေရိကန်အသင်းသမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံး ကစားသမားအဖြစ် ဒိုနိုဗန် Donovan နဲ့အတူရပ်တည်နေပါတယ်။ ဒမ်ဆေး Dempsey က ” ကျွန်တော့် ရဲ့ကစားသမားဘဝတစ်လျှောက်လုံး အားပေးခဲ့ကြတဲ့ ပရိသတ်တွေကို ကျေးဇူးတင်ပါတယ် ” လို့ပြောကြားခဲ့ပါတယ်။

Ref: BBC Sport
Photo: USA Today , MTM
Ko Kyue(Akhayar)
www.akhayar.com