[Zawgyi]
Clinique De Skin
Clinique De Skin
Clinique De Skin
Clinique De Skin
Clinique De Skin
Clinique De Skin
H.H(Akhayar)
www.akhayar.com
[Unicode]
အလှအပချစ်သူတွေအတွက် နေရာသစ်လေးတွေ့လို့ လက်တို့ပေးလိုက်ပြီနော်
အမျိူးသမီးတိုင်းလိုလိုက ပြီးပြည့်စုံတဲ့ မျက်နှာအလှအပနဲ့ အချိုးအစားကျနတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ချင်ကြတာ သဘာဝပါပဲ။ အဲလိုလှချင်ပချင်ကြတဲ့ အမျိုးသမီးတွေက ကိုယ်မျက်နှာကို နဂိုရှိရင်းစွဲလှတာထက် ပိုလှဖို့၊ အရွယ်တင်နုပျိုနေစေဖို့နဲ့ သွယ်လျလှပတဲ့ မျက်နှာလေးတွေရရှိပိုင်ဆိုင်ဖို့အတွက် ဒီနေ့ခေတ်မှာ အလှအပနဲ့ အရေပြားဆေးကုခန်းတွေကို ပိုအားကိုးလာကြပါတယ်။ အဲလိုအားကိုးလာကြတဲ့နဲ့အမျှ အရေးပြားဆေးကုခန်းတွေကလည်း သူထက်ငါအပြိုင် နေရာစုံမှာ ထွက်ပေါ်လို့လာပါတယ်။ အဲလိုမျိုးစုံထွက်ပေါ်လာတဲ့အထဲမှာမှ မျက်နှာအသားအရေနဲ့ ပက်သက်တဲ့ ဝန်ဆောင်မှုတွေနဲ့ ခန္ဓာကိုယ်အချိုးအစား ကျစ်လျစ်သွယ်လျလှပဖို့အတွက် အဆီချတာတွေပါ တစ်ပါတည်း ပြုလုပ်လို့ရတဲ့ ဆေးခန်းကောင်းလေးတစ်ခုဖြစ်တဲ့ Clinique De Skin Dermatology & Laser Clinic ဆိုင်ခွဲသစ်ဖွင့်လှစ်လိုက်တာကို အခရာပရိသတ်ကြီးမသိမရှိလေအောင် လက်တို့ပေးလိုက်ချင်ပါတယ်။
Clinique De Skin
Clinique De Skin
Clinique De Skin Dermatology & Laser Clinic နဲ့ပတ်သက်ပြီး ယုံကြည်စိတ်ချရမှုကို ပြောရမယ်ဆိုရင်တော့ အရည်အသွေးကောင်းတဲ့ ထုတ်ကုန်တွေနဲ့ ဆရာဝန်တွေဆီက ထောက်ခံချက်ရရှိထားတဲ့ အာမခံချက်ထုတ်ကုန်တွေကိုသာ သုံးပြီး ကုသပေးတာဖြစ်လို့ ခြောက်နှစ်တိုင်တိုင်ရပ်တည်နိုင်ခဲ့ပြီး ဒီခြောက်နှစ်အတွင်းမှာပဲ ဆိုင်ခွဲသုံးဆိုင်ဖွင့်လှစ်နိုင်တဲ့အထိ Customer တွေဆီကနေ ယုံကြည်အားကိုးမှုကို ရရှိပိုင်ဆိုင်ထားပါတယ်။
Clinique De Skin
Clinique De Skin
ဒီ Clinique De Skin Dermatology & Laser Clinic ရဲ့ Service ပိုင်းကို ပြောရမယ်ဆိုရင်လည်း Clinic ကို လာရတဲ့ ခံစားချက်မျိုးမဖြစ်စေဖို့အတွက် သက်တောင့်သက်သာရှိစေဖို့အတွက် နေရာထိုင်ခင်းတွေသာမက ကားပါကင်တွေကိုပါ သေသေချာချာလေး စေတနာထားပြီး Service ပိုင်းကို စီစဉ်ပေးထားတာကိုလည်း တွေ့ရပါတယ်။ ဒီလို Service ပိုင်းကို အရမ်းကောင်းအောင်ကြိုးစားပေးထားလို့ ဈေးနှုန်းအရမ်းကြီးနေမလားဆိုပြီး ဈေးနှုန်းကို ကြည့်ကြည့်လိုက်တော့လို့ လူတိုင်းတတ်နိုင်တဲ့ ဈေးနှုန်းလေးတွေပဲ သတ်မှတ်ပေးထားတာကိုပဲ တွေ့ရပါတယ်။
Clinique De Skin မှာရရှိနိုင်တဲ့ Treatment တွေကို လေ့လာကြည့်လိုက်တဲ့အခါမှာလည်း ခေါင်းအစ ခြေအဆုံး Treatment တွေ စုံစုံလင်လင်ရရှိတာကို တွေ့ရပါတယ်။ မျက်နှာပိုင်းနဲ့ပတ်သက်ရင် ဝက်ခြံ၊တင်းတိမ်၊မှဲ့ခြောက်တွေ ပျောက်အောင်ပြုလုပ်တာကအစ မျက်နှာအသားအရေတင်းရင်းစေဖို့ Botox ထိုးတာမျိုးနဲ့ V-Shaped မျက်နှာလေးရရှိပိုင်ဆိုင်ဖို့အတွက် ULTRA V Lift တွေပြုလုပ်တာမျိုးအထိပါ ရရှိနိုင်ပါတယ်။ ခန္ဓာကိုယ်ပိုင်းနဲ့ ပတ်သက်ရင်တော့ အဆီချတာမျိူး၊ စက်နဲ့ခြေတာမျိုးတွေ ပြုလုပ်လို့ရသလို ဆံပင်ပိုင်းဆိုရင်တော့ ဆံပင်ကျွတ်တာတွေနဲ့ ဆံပင်ပြန်ပေါက်ဖို့ ဆံပင်စိုက်တာမျိုးတွေ ပြုလုပ်လို့ရပါတယ်။ ပွေး၊ ဝဲ၊ ညှင်း၊ အရေးပြားဓာတ်မတည့်တွေကိုလည်း ကုသလို့ရသလို ဝက်ခြံကြောင့် ကျန်ခဲ့တဲ့ အမာရွတ်တွေ၊ ချိုင့်ခွက်တွေကိုလည်း လေဆာနဲ့ပစ်ကာ ကုသပေးတဲ့အတွက် တစ်နေရာတည်းမှာပဲ ကိုယ်လိုအပ်ချက်နဲ့ကိုက်ညီတာကို ရွေးချယ်ပြီး အချိန်ကုန်သက်သာစွာနဲ့ ပြုလုပ်လို့ရပါတယ်။
Clinique De Skin
Clinique De Skin
နောက်ဆုံးနဲ့ အရေးကြီးဆုံးအချက်ကတော့ နားလည်တတ်ကျွမ်းတဲ့ အရေပြားအထူးကုဆရာဝန်တွေရဲ့ စမ်းသပ်စစ်ဆေးမှု၊ ကုသမှုတွေနဲ့ ဆွေးနွေးတိုင်ပင်မှုတွေ ရရှိနိုင်တာကြောင့် အလှအပရေးရာအတွက်ဆို Clinique De Skin Dermatology & Laser Clinic မှာပြုလုပ်ဖို့ အကြံပြုချင်ပါတယ်။ Clinique De Skin Dermatology ရဲ့ တတိယမြောက်ဆိုင်ခွဲသစ်ကိုလည်း မကြာသေးခင်ကမှ အမှတ် ၂၈၄(က)၊ ဝေဇယန္တာလမ်း (ပြည်သာယာလမ်း နှင့် ရတနာလမ်းကြား – အောင်ရတနာဆေးရုံအနီး) မှာ ထပ်မံဖွင့်လှစ်ထားတာမို့ အရေပြားနဲ့ပက်သတ်ကဲ့ အလှအပပြသာနာများကို ယုံကြည်စိတ်ချစွာ ဖြေရှင်းနိုင်ဖို့အတွက် ဆိုင်ခွဲသစ်ရဲ့လိပ်စာကို သတင်းကောင်းပါးပေးလိုက်ရပါတယ်။
H.H(Akhayar)
www.akhayar.com