[ZawGyi]

ကိုရီးယားကားမၾကည္႔ဘူးဆိုတဲ႔သူေတြကို မိတ္ဆက္ေပးသင္႔တဲ႔ ဇာတ္ကား ၅ ကား

ကိုရီးယားေတြမၾကည္႔ဖူးဘူး ေကာင္းမယ္မထင္ဘူးလုိ႔ ေျပာတဲ႔သူငယ္ခ်င္းေတြရွိတယ္ဆုိရင္ကိုယ္က ကိုရီးယားဇာတ္ကားေတြမိုက္ေၾကာင္း ဇာတ္အိမ္ခိုင္ေၾကာင္း အႏုပညာရသေျမာက္ေၾကာင္း ညႊန္းမယ္ဆုိပါစို႔။ ဘယ္ဇာတ္ကားေတြ ညႊန္းရင္ေကာင္းမလဲ ေဝခြဲရခက္ေနတာမ်ိဳးရွိလာပါလိမ္႔မယ္။ ကိုယ္ကေတာ႔ ကိုရီးယားဇာတ္ကားေတြမိုက္တယ္ဟ ဆုိျပီးေၾကြခဲ႔ရတဲ႔ ရုပ္ရွင္ကားေတြရွိပါတယ္။ သူတုိ႔အေနနဲ႔လည္း ကိုရီးယားရုပ္ရွင္ဆိုတာဒီလိုပါလို႔ ခ်ျပရဲေလာက္တဲ႔ဇာတ္ကားေတြရွိပါတယ္။(တခ်ိဳ႕ကားေတြကေတာ႔ ႏိုင္ငံျခားဇာတ္ကားကို ျပန္ရိုက္တာပါပါတယ္)။ အဲဒါေတြကဘယ္ကားေတြမ်ားလဲ အားလံုးအၾကိဳက္တူေနႏိုင္မလား ၾကည္႕ၾကည္႕ပါဦး။

The way home

The way home ဆိုတဲ႔ဇာတ္ကားေလးက မင္းသားရိုေဆာင္ဟို အသက္ ၇ ႏွစ္အရြယ္က ရိုက္ခဲ႔တဲ႔ကားေလး။ ခုဆို သူေတာင္ လူပ်ိဳၾကီးျဖစ္လို႔ ေခါင္းေဆာင္မင္းသားတစ္လက္အေနနဲ႔ ဇာတ္လမ္းတြဲေတြရိုက္ေနပါျပီ။ ဒါေၾကာင္႔ The way home ကေတာ္ေတာ္ေလး ၾကာခဲ
႔ပါျပီ။ ေတာမွာေနတဲ႔ အဘြားဆီကို ေရာက္လာတဲ႔ ျမိဳ႕သားေကာင္ကေလး။ အသက္ၾကီးျပီး တေရြ႕ေရြ႕သြားေနရေပမယ္႔ ေသြးသားရင္းေျမးေလးအေပၚ ခ်စ္တဲ႔အဘြားရဲ႕အခ်စ္ေတြ။ တကယ္႔ကို ေမတၱာဘြဲ႔စစ္စစ္ဇာတ္လမ္းေလးပါ။ ဒီကားေလး ၾကည္႕ျပီး မ်က္ရည္မဝဲရ
ဘူးဆုိရင္ ၾကိဳက္သလိုေျပာ။ အိမ္က အဘြားကိုေျပးဖက္ခ်င္ေလာက္ေအာင္ ျဖစ္သြားေစမယ္႔ ရုပ္ရွင္ကားေလးတစ္ကားပါ။ ကိုရီးယားရုပ္ရွင္ရယ္လို႔ ႏိုင္ငံတကာကို မိတ္ဆက္တဲ႔အခ်ိန္မ်ိဳးေတြတိုင္းမွာ ဒီဇာတ္ကားေလးက မပါမျဖစ္ပဲလုိ႔ ဆိုထားၾကပါတယ္။

My sassy girl

ကိုရီးယားရုပ္ရွင္ေတြ ျမန္မာျပည္ကိုလႊမ္းမိုးခါစ အခ်ိန္မွာၾကည္႔ရတဲ႔ဇာတ္ကားေလး။ တကယ္ကို ခ်စ္စရာလည္းေကာင္း ရယ္လည္းရယ္ရတဲ႔ဇာတ္ကားပါ။ ဂ်န္ဂ်ီဟြန္းရဲ႕ငယ္ရြယ္ႏုပ်ိဳစဥ္က အလွနဲ႔ ကြက္တိက်တဲ႔သရုပ္ေဆာင္ခ်က္ေတြ၊ ရုပ္မေခ်ာေပမဲ႔ ခင္မင္ႏွစ္လိုဖြယ္ ေကာင္းတဲ႔ ခ်ာေတးဟြန္း ရဲ႕သရုပ္ေဆာင္ခ်က္ေတြနဲ႔ အတြဲညီညီေပါင္းစပ္ထားတဲ႔ဇာတ္ကားေလးပါ။ ဆယ္ေက်ာ္သက္ေကာင္မေလးေတြ ေၾကြတဲ႔ရုပ္ရွင္ကားပါပဲ။ ဘယ္အခ်ိန္ျပန္ၾကည္႕ၾကည္႔ ရိုးႏိုင္တဲ႔ဇာတ္လမ္းမုိ႔ ဒီရုပ္ရွင္ကားကိုလည္း မိတ္ဆက္ေပးသင္႔ပါတယ္။

The man from nowhere

ဒီရုပ္ရွင္ကားကေတာ႔ ထယ္ေစာက္လုိ႔ အမ်ားသိၾကတဲ႔ ဝန္ဘင္းရဲ႕ဇာတ္ကားေကာင္းတစ္ခုေပါ႔။ ဘဝကိုခက္ခဲၾကမ္းတမ္းစြာျဖတ္သန္းျပီး အထီးက်န္ဆန္ေနရတဲ႔လူတစ္ေယာက္နဲ႔ ဥာဏ္ေကာင္းျပီးအျမဲတမ္းခြန္အားအျပည္႔ရွိေနတဲ႔ ကေလးမေလးတစ္ေယာက္ ဘဝတစ္ေကြ႔မွာေတြ႔ဆံုခြင္႔ရခဲ႔ပါတယ္။ သူတုိ႔ႏွစ္ေယာက္ရဲ႕ သံေယာဇဥ္နက္ရိႈင္းမႈအတိုင္းအတာကို ေကာင္မေလးျပန္ေပးဆြဲခံရခ်ိန္မွာ ေတြ႔ျမင္ရမွာျဖစ္ပါတယ္။ အက္ရွင္နဲ႔စြန္႔စားခန္း ၾကိဳက္သူေတြေရာ ေမတၱာဘြဲ႕ၾကိဳက္သူေတြေရာ မျဖစ္မေနၾကည္႔သင္႔တဲ႔ဇာတ္ကားပါ။

A Werewolf Boy

ေဆာင္ဂၽြန္ကီနဲ႔ပတ္ဘုိေရာင္(ဘံုဘံု) ေလးတို႔ကို တဝၾကီး အားေပးခြင္႔ရခဲ႔တဲ႔ဇာတ္ကားပါ။ ဒ႑ာရီလာ သမန္းဝံပုေလြနဲ႔ လူသားတို႔ရဲ႕ခ်စ္ျခင္းေမတၱာကို လွလွပပေလး ပံုေဖာ္သြားပါတယ္။ ေပ်ာ္စရာလည္းပါ ပူေဆြးဝမ္းနည္းမႈေတြလည္းေပးတဲ႔ဇာတ္ကားေကာင္းတ
စ္ကားပါ။ ေဆာင္ဂၽြန္ကီနဲ႔ ပတ္ဘိုေရာင္တုိ႔ကလည္း သူ႔ ကာရိုက္တာအလိုက္ အျပည္႔အဝပီျပင္ေအာင္ သရုပ္ေဆာင္သြားႏိုင္ပါတယ္။ Heart ထိသြားေစမယ္႔ရုပ္ရွင္ကားေလးပါ။

Train to Busan

ဒီရုပ္ရွင္ကားကေတာ႔ ဒီမွာလည္း ရံုတင္ျပသခဲ႔တာမုိ႔ အားလံုးလည္းသိၾကမွာပါ။ တခ်ိဳ႕ေတြဆို ႏွစ္ေခါက္ သံုးေခါက္ေတာင္ၾကည္႔ၾကတာရွိေသး။ အာရွတစ္လႊားတင္မက တစ္ကမၻာလံုးမွာနာမည္ရခဲ႔တဲ႔ဇာတ္ကားျဖစ္ပါတယ္။ ကန္းစ္ရုပ္ရွင္ပြဲေတာ္မွာေတာင္ တခမ္းတနားထုတ္ေဖာ္ခ်ီးက်ဴးခံရတဲ႔ရုပ္ရွင္ကားပါ။ ကပ္ေရာဂါဆုိးၾကီး ကင္းလြတ္ရာ ဘူဆန္သို႔အသြား၊ ရထားေပၚမွာ Zombie အျဖစ္ေျပာင္းလဲသြားၾကတဲ႔သူေတြ၊ သမီးအတြက္ အသက္ေပးကာကြယ္သြားတဲ႔ဖခင္တစ္ေယာက္ ဒီဇာတ္ကားက ဇာတ္လမ္းေကာင္းသလို သူတုိ႔ရဲ႕တိုးတက္လာတဲ႔ နည္းပညာကိုလည္းခ်ျပသြားတာျဖစ္ပါတယ္။

ကဲ…ဒီရုပ္ရွင္ကားေတြကို အရင္မိတ္ဆက္ေပးလိုက္ပါဦး။ ေနာက္ထပ္ ကိုယ္သေဘာက်တဲ႔ရုပ္ရွင္ကားေတြရွိရင္လည္းအျမင္ခ်င္းဖလွယ္ရေအာင္ ေျပာျပခဲ႔ပါဦးေနာ္။

ခ်င္းဂူေလး(Akhayar)

www.akhayar.com

[Unicode]

ကိုရီးယားကားမကြည့်ဘူးဆိုတဲ့သူတွေကို မိတ်ဆက်ပေးသင့်တဲ့ ဇာတ်ကား ၅ ကား

ကိုရီးယားတွေမကြည့်ဖူးဘူး ကောင်းမယ်မထင်ဘူးလို့ ပြောတဲ့သူငယ်ချင်းတွေရှိတယ်ဆိုရင်ကိုယ်က ကိုရီးယားဇာတ်ကားတွေမိုက်ကြောင်း ဇာတ်အိမ်ခိုင်ကြောင်း အနုပညာရသမြောက်ကြောင်း ညွှန်းမယ်ဆိုပါစို့။ ဘယ်ဇာတ်ကားတွေ ညွှန်းရင်ကောင်းမလဲ ဝေခွဲရခက်နေတာမျိုးရှိလာပါလိမ့်မယ်။ ကိုယ်ကတော့ ကိုရီးယားဇာတ်ကားတွေမိုက်တယ်ဟ ဆိုပြီးကြွေခဲ့ရတဲ့ ရုပ်ရှင်ကားတွေရှိပါတယ်။ သူတို့အနေနဲ့လည်း ကိုရီးယားရုပ်ရှင်ဆိုတာဒီလိုပါလို့ ချပြရဲလောက်တဲ့ဇာတ်ကားတွေရှိပါတယ်။(တချို့ကားတွေကတော့ နိုင်ငံခြားဇာတ်ကားကို ပြန်ရိုက်တာပါပါတယ်)။ အဲဒါတွေကဘယ်ကားတွေများလဲ အားလုံးအကြိုက်တူနေနိုင်မလား ကြည့်ကြည့်ပါဦး။

The way home

The way home ဆိုတဲ့ဇာတ်ကားလေးက မင်းသားရိုဆောင်ဟို အသက် ၇ နှစ်အရွယ်က ရိုက်ခဲ့တဲ့ကားလေး။ ခုဆို သူတောင် လူပျိုကြီးဖြစ်လို့ ခေါင်းဆောင်မင်းသားတစ်လက်အနေနဲ့ ဇာတ်လမ်းတွဲတွေရိုက်နေပါပြီ။ ဒါကြောင့် The way home ကတော်တော်လေး ကြာခဲ
့ပါပြီ။ တောမှာနေတဲ့ အဘွားဆီကို ရောက်လာတဲ့ မြို့သားကောင်ကလေး။ အသက်ကြီးပြီး တရွေ့ရွေ့သွားနေရပေမယ့် သွေးသားရင်းမြေးလေးအပေါ် ချစ်တဲ့အဘွားရဲ့အချစ်တွေ။ တကယ့်ကို မေတ္တာဘွဲ့စစ်စစ်ဇာတ်လမ်းလေးပါ။ ဒီကားလေး ကြည့်ပြီး မျက်ရည်မဝဲရ
ဘူးဆိုရင် ကြိုက်သလိုပြော။ အိမ်က အဘွားကိုပြေးဖက်ချင်လောက်အောင် ဖြစ်သွားစေမယ့် ရုပ်ရှင်ကားလေးတစ်ကားပါ။ ကိုရီးယားရုပ်ရှင်ရယ်လို့ နိုင်ငံတကာကို မိတ်ဆက်တဲ့အချိန်မျိုးတွေတိုင်းမှာ ဒီဇာတ်ကားလေးက မပါမဖြစ်ပဲလို့ ဆိုထားကြပါတယ်။

My sassy girl

ကိုရီးယားရုပ်ရှင်တွေ မြန်မာပြည်ကိုလွှမ်းမိုးခါစ အချိန်မှာကြည့်ရတဲ့ဇာတ်ကားလေး။ တကယ်ကို ချစ်စရာလည်းကောင်း ရယ်လည်းရယ်ရတဲ့ဇာတ်ကားပါ။ ဂျန်ဂျီဟွန်းရဲ့ငယ်ရွယ်နုပျိုစဉ်က အလှနဲ့ ကွက်တိကျတဲ့သရုပ်ဆောင်ချက်တွေ၊ ရုပ်မချောပေမဲ့ ခင်မင်နှစ်လိုဖွယ် ကောင်းတဲ့ ချာတေးဟွန်း ရဲ့သရုပ်ဆောင်ချက်တွေနဲ့ အတွဲညီညီပေါင်းစပ်ထားတဲ့ဇာတ်ကားလေးပါ။ ဆယ်ကျော်သက်ကောင်မလေးတွေ ကြွေတဲ့ရုပ်ရှင်ကားပါပဲ။ ဘယ်အချိန်ပြန်ကြည့်ကြည့် ရိုးနိုင်တဲ့ဇာတ်လမ်းမို့ ဒီရုပ်ရှင်ကားကိုလည်း မိတ်ဆက်ပေးသင့်ပါတယ်။

The man from nowhere

ဒီရုပ်ရှင်ကားကတော့ ထယ်စောက်လို့ အများသိကြတဲ့ ဝန်ဘင်းရဲ့ဇာတ်ကားကောင်းတစ်ခုပေါ့။ ဘဝကိုခက်ခဲကြမ်းတမ်းစွာဖြတ်သန်းပြီး အထီးကျန်ဆန်နေရတဲ့လူတစ်ယောက်နဲ့ ဉာဏ်ကောင်းပြီးအမြဲတမ်းခွန်အားအပြည့်ရှိနေတဲ့ ကလေးမလေးတစ်ယောက် ဘဝတစ်
ကွေ့မှာတွေ့ဆုံခွင့်ရခဲ့ပါတယ်။ သူတို့နှစ်ယောက်ရဲ့ သံယောဇဉ်နက်ရှိုင်းမှုအတိုင်းအတာကို ကောင်မလေးပြန်ပေးဆွဲခံရချိန်မှာ တွေ့မြင်ရမှာဖြစ်ပါတယ်။ အက်ရှင်နဲ့စွန့်စားခန်း ကြိုက်သူတွေရော မေတ္တာဘွဲ့ကြိုက်သူတွေရော မဖြစ်မနေကြည့်သင့်တဲ့ဇာတ်ကားပါ။

A Werewolf Boy

ဆောင်ဂျွန်ကီနဲ့ပတ်ဘိုရောင်(ဘုံဘုံ) လေးတို့ကို တဝကြီး အားပေးခွင့်ရခဲ့တဲ့ဇာတ်ကားပါ။ ဒဏ္ဍာရီလာ သမန်းဝံပုလွေနဲ့ လူသားတို့ရဲ့ချစ်ခြင်းမေတ္တာကို လှလှပပလေး ပုံဖော်သွားပါတယ်။ ပျော်စရာလည်းပါ ပူဆွေးဝမ်းနည်းမှုတွေလည်းပေးတဲ့ဇာတ်ကားကောင်းတ
စ်ကားပါ။ ဆောင်ဂျွန်ကီနဲ့ ပတ်ဘိုရောင်တို့ကလည်း သူ့ ကာရိုက်တာအလိုက် အပြည့်အဝပီပြင်အောင် သရုပ်ဆောင်သွားနိုင်ပါတယ်။ Heart ထိသွားစေမယ့်ရုပ်ရှင်ကားလေးပါ။

Train to Busan

ဒီရုပ်ရှင်ကားကတော့ ဒီမှာလည်း ရုံတင်ပြသခဲ့တာမို့ အားလုံးလည်းသိကြမှာပါ။ တချို့တွေဆို နှစ်ခေါက် သုံးခေါက်တောင်ကြည့်ကြတာရှိသေး။ အာရှတစ်လွှားတင်မက တစ်ကမ္ဘာလုံးမှာနာမည်ရခဲ့တဲ့ဇာတ်ကားဖြစ်ပါတယ်။ ကန်းစ်ရုပ်ရှင်ပွဲတော်မှာတောင် တခမ်းတနားထုတ်ဖော်ချီးကျူးခံရတဲ့ရုပ်ရှင်ကားပါ။ ကပ်ရောဂါဆိုးကြီး ကင်းလွတ်ရာ ဘူဆန်သို့အသွား၊ ရထားပေါ်မှာ Zombie အဖြစ်ပြောင်းလဲသွားကြတဲ့သူတွေ၊ သမီးအတွက် အသက်ပေးကာကွယ်သွားတဲ့ဖခင်တစ်ယောက် ဒီဇာတ်ကားက ဇာတ်လမ်းကောင်းသလို သူတို့ရဲ့တိုးတက်လာတဲ့ နည်းပညာကိုလည်းချပြသွားတာဖြစ်ပါတယ်။

ကဲ…ဒီရုပ်ရှင်ကားတွေကို အရင်မိတ်ဆက်ပေးလိုက်ပါဦး။ နောက်ထပ် ကိုယ်သဘောကျတဲ့ရုပ်ရှင်ကားတွေရှိရင်လည်းအမြင်ချင်းဖလှယ်ရအောင် ပြောပြခဲ့ပါဦးနော်။

ချင်းဂူလေး(Akhayar)

www.akhayar.com