[Zawgyi]

ရန်ကုန်မြို့မှာ ထူးထူးဆန်းဆန်းသင်တန်းလေးတွေ တက်ကြရအောင်

ဒီတစ်ပတ်အတွက် ရန်ကုန်ထဲမှာ လူတွေစိတ်ဝင်စားမယ့်နေရာလေးတွေကို ရှာဖွေပေးရမယ်ဆိုရင်တော့ Zabu, Learning & Co-working Spaces လေးပဲဖြစ်ပါတယ်နော်။ ဘာဖြစ်လို့ ဒီနေရာလေးကို ရွေးချယ်ပေးရတာလဲဆိုတော့ သူ့ရဲ့ စိတ်ဝင်စားစရာ သင်တန်းလေးတွေကြောင့်ပါ။ ဘယ်လိုသင်တန်းလေးတွေလဲဆိုတာ ကြည့်ရအောင်နော်။

Zabu, Learning & Co-working Spaces လေးကတော့ လုပ်ငန်းရှင်တွေအတွက် ရုံးခန်းနေရာငှားရမ်းပေးတဲ့နေရာတစ်နေရာတည်းပဲ မဟုတ်ပါဘူး။ လုပ်ငန်းရှင်မဟုတ်တဲ့ လူငယ်တွေနဲ့ စိတ်ဝင်စားတဲ့သူတွေအတွက်လည်း ထူးထူးဆန်းဆန်းသင်တန်းလေးတွေဖွင့်ပေးပါသေးတယ်။ တခြားနေရာမှာ သင်လို့မရတဲ့ သင်တန်းလေးတွေဖြစ်လို့ တော်ကြာတက်ချင်ရက်နဲ့ မသိဖြစ်မနေရအောင် ပြောပြပေးချင်ပါတယ်။

Resin & Jewelry Making Class

ဒီသင်တန်းလေးကတော့ ပန်းကလေးတွေကို မညှိုးနွမ်းဘဲ ထာဝရသိမ်းဆည်းထားလို့ရအောင် လက်ဝတ်ရတနာလေးတွေထဲထည့်ပြီး အလှပုံလေးတွေ၊ နောက်ပြီး ကျောက်မျက်ရတနာလေးတွေကို လက်ဝတ်ရတနာလေးတွေအဖြစ် ဒီဇိုင်းဖော်ပြင်ဆင်ရပုံလေးတွေကို သင်လို့ရတဲ့သင်တန်းလေးပါ။ ဒီသင်တန်းလေးမှာ ဆွဲကြိုး၊ နားကပ်၊ လက်ကောက်၊ ဖုန်းကာဗာနဲ့ သော့ချိတ်လေးတွေအဖြစ် ပြန်လည်ဒီဇိုင်းဖော်ပြုလုပ်တတ်ချင်တဲ့သူတွေအတွက်ကတော့ အရမ်းစိတ်ဝင်စားစရာကောင်းတဲ့ အစီအစဉ်လေးပါပဲ။

Dream Catcher Making Class

နောက်သင်တန်းတစ်ခုကတော့ မိန်းကလေးအကြိုက်ပါပဲ။ မိန်းကလေးတွေအားလုံးလိုလိုဟာ Dream Catcher လေးတွေဆို အရမ်းကိုကြိုက်နှစ်သက်ကြပါတယ်နော်။ ဒါပေမယ့် ဘယ်လိုလုပ်ရလဲဆိုတာတော့ မသိကြပါဘူး။ ဒီသင်တန်းလေးတက်ပြီးရင် ကိုယ့်ရဲ့ စိတ်ကူးထဲက Dream Catcher လေးကို ကိုယ်ကြိုက်တဲ့အရောင်၊ ကိုယ်ကြိုက်တဲ့ပုံစံအတိုင်း ပြုလုပ်လို့ရပါပြီ။

Felt Toy Sewing Class

ဒီသင်တန်းလေးကတော့ အခြေခံအပ်ချုပ်ပညာရပ်ကို သင်ကြားပေးနေတာပါ။ ဒီအတိုင်း အပ်ချုပ်တာမဟုတ်ဘူးနော်။ အရုပ်ကလေးတွေ ဘယ်လိုထိုးရမလဲဆိုတာပါ တခါတည်း သင်လို့ရတာဆိုတော့ ပျော်စရာကြီးပါ။ အရုပ်ကလေးဆွဲ၊ အရုပ်ကလေးတွေလုပ်ရတာကို ၀ါသနာပါတဲ့ ကောင်မလေးတွေအတွက်တော့ ပျော်စရာကောင်းမှာပါနော်။

ဒါ့အပြင် တခြားသင်တန်းတွေအဖြစ်လည်း အင်္ဂလိပ်စာသင်တန်းတွေ၊ Burmese Language Survival Class တွေ၊ Employability Skills Development Course တွေ၊ Accounting & IFRS Class တွေလည်း ဖွင့်လှစ်သင်ကြားပေးနေပါတယ်။ တက္ကသိုလ်ဝန်ထမ်းအောင်မြင်ပြီး အားလပ်ရက်ရနေတဲ့လူငယ်တွေပဲဖြစ်ဖြစ်၊ ကိုယ်ပိုင်အိမ်တွင်းစီးပွားရေးလေးတွေကို လုပ်ချင်တဲ့သူတွေပဲဖြစ်ဖြစ်၊ ၀ါသနာပါလို့တတ်ထားချင်တဲ့သူတွေပဲဖြစ်ဖြစ် သွားပြီးတက်ရောက်သင့်လို့ လက်တို့လိုက်ပါရစေ။ စိတ်ဝင်စားတဲ့သူတွေကတော့ Zabu, Learning & Co-working Spaces Facebook Page မှာ စုံစမ်းနိုင်ပါတယ်နော်။

Photo Credit _ Zabu, Learning & Co-working Spaces

Moethaesay (Akhayar)